Prisoners released from Oe Boe Prison in Mandalay.-မန်း အိုးဘိုထောင်မှ လွတ်မြောက်မှု မြင်ကွင်းများ photos by CJMyanmar

photocredit by  CJ Myanmar

Happy Day!!!

ရွှေဝါရောင် (၅) နှစ်ပြည့်
နှစ်ပတ်လည်အခမ်းအနား အခမ်းအနား
ဖိတ်ကြားလွှာ
၂၀၀၇ ခုနှစ်၊စက်တင်ဘာလ၊၂၇ ရက်နေ့မြန်မာနိုင်ငံရှိသံဃာတော်များအနေဖြင့်ပတ္တနိက္ကုဇ္ဇနကံဆောင် မေတ္တာပို့ စီတန်းလှည့်လည်၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သည့် ရွေဝါရောင်တော်လှန်ရေး အရေးအခင်းကြီး သည်ယခုဆိုလျှင် (၅) နှစ်တင်း တင်းပြည့်ခဲ့ပြီဖြစ်သော်လည်းယခုအချိန်အထိ လက် ရှိအစိုးရသည် ဘာသာရေး ဖိနှိပ်ချုပ် ချယ်ခွဲခြားမှုများကိုဆက်လက်လုပ်ဆောင်နေဆဲပင်ဖြစ်သည်။ ရွေဝါရောင်တော်လှန်ရေးကာလကကျ ဆုံးခဲ့ကြ သောရဟန်းရှင်၊လူ ပြည်သူတို့ကိုဂုဏ်ပြုသောအားဖြင့် ကျွန်ုပ်တို့ မလေးရှားနိုင်ငံရောက်ရဟန်းရှင် လူ ပြည်သူတို့မှလည်း ၅ နှစ်ပြည့် ရွှေဝါရောင်နှစ်ပတ်လည် အခမ်းအနားကို အောက်ဖေါ်ပြပါ အစီအစဉ် အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် မလေးရှားရောက် ရွှေမြန်မာညီအကို မောင်နှမများတက်ရောက်နိုင်ပါကြောင်း လေးစားစွာ ဖြင့်ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့်အချိန်= နံက် ၁၀-၃၀ အချိန်တွင် သံဃာတော်အရှင်သူမြတ်များအားဆွမ်းကပ်မည်။

အခမ်းအနားစတင်မည့်အချိန်= ၁၂-မှ ၂နာရီထိ
နေ့ရက်= (၂၃-၉-၂၀၁၂ တနင်္ဂနွေနေ့)
ဆက်သွယ်ရန်
လိပ်စာ ။ ။ သာသနာ့အောင်စည်ကျောင်းတိုက်
ဖုန်း။ ။ ဦးသြဘာသ – ၀၁၄၃၀၁၂၄၂၉ ၊ ၀၁၆၉၈၅၄၄၈၉ ၊ ၀၃၈၉၆၁၁၃၉၇
ဦးဇာဂရ – ၀၁၂၂၀၈၂၀၇၇
ဆရာမြတ်ကိုကို – ၀၁၀၂၅၅၆၀၅၀
ကိုကျော်ကိုကိုကျော် – ၀၁၄၂၂၃၀၁၂၉

Statement of Ethnic Nationalities Conference-September 16_ 2012

Burma’s ethnic armed groups have agreed their own Six-Point Peace standard plan for peace negotiations in order to challenge government attempts to push minorities into Parliament.More than 100 ethnic leaders and civil society representativ

es attended a three-day “ethnic conference” in Chiang Mai, northern Thailand, from Friday to discuss how to implement peace in Burma which enshrines rights for minorities. A statement released after the close of the ethnic conference on Sunday said, “We do not believe that the peace plans from the government can implement peace in the country. Therefore, we formulated our own proposal which can build real peace. “To have peace and unity in Burma, it is the duty for all people to work together. Their agreed plan has six points: to host a meeting with civil society and all ethnic armed groups; a meeting between all ethnic armed groups and government representatives monitored by the international community; referendums in each ethnic state to ratify agreements reached; a meeting with all ethnic people to talk about peace; tripartite dialogue between the government, democracy activists and ethnic people; and implementation of agreements reached. Ethnic leaders say their plan would also prevent the Burmese government choosing their own candidates for regional posts as they would have to negotiate with minority groups first. -irrawaddy news

Political Prisoners List whose whereabouts are currently under verification- and verified

Releasing more – 514 prisoners- don’t know exactly how many political prisoners will release yet 🙂

နိုင်ငံတော်သမ္မတကြီးက နောက်ထပ် အကျဉ်းသား ၅၁၄ ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့မှ လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ကြောင်း မြန်မာ့အသံနဲ့ရုပ်မြင်သံကြားက အခုပဲအထူးသတင်းအဖြစ် ကြားဖြတ်ကြေညာခဲ့ပါတယ်။

by BDC

NLD CENTRAL: အမျိုးသားပြန်လည်သင့်မြတ်ရေးဆုအား သမ္မတဦးသိန်းစိန်နှင့် အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့အားပေးအပ်ရန် ဦးဥာဏ်ဝင်းနှင့်ဆွေးနွေး

ဟားဗတ်တက္ကသိုလ်(Schlor)များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Tran Nhan Tong Academy မှကိုယ်စားလှယ် Mr.Dam Duc Anh

သည် ၁၀.၉.၂၀၁၂ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုညီလာခံကျင်းပရေးကော်မရှင်အတွင်းရေးမှူး ဦးဥာဏ်ဝင်းအား လာရောက်တွေ့ဆုံပြီး Tran Nhan Tong Reconciliation
prize,2012အား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပေးအပ်မည့်အကြောင်း လာရောက်ဆွေးနွေးခဲ့သည်။

Mr.Dam Duc Anh က ယခုပေးအပ်မည့်ဆုသည် နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုနှင့် ကွာခြားကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းလုပ်၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးအား အဆိုပါဆုကို ပေးအပ်ရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ရှင်းပြခဲ့သည်။

Tran Nhan Tong Reconciliationဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ(၂၁)ရက်၊၂၀၁၂တွင် အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ အမှတ် ၂၀, Quincy လမ်းရှိ Harvard Faculty Clubတွင်ကျင်းပမည်ဖြစ်သည်။

Tran Nhan Tong Academy၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတွင်းနှင့်နိုင်ငံများကြား စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လူမှုဘ၀တိုးတက်မြင့်မားရေးနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်စေရေးဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါဆုကို လက်ခံမည်၊ လက်မခံမည်ကို အတည်မပြုသေးပါ။