TSUNAMI WARNING CANCELLATION …
THE TSUNAMI WARNING AND/OR WATCH ISSUED BY THE PACIFIC TSUNAMI
WARNING CENTER IS NOW CANCELLED FOR
INDONESIA / PHILIPPINES / BELAU
http://ptwc.weather.gov/ptwc/?region=1&id=pacific.TSUPAC.2012.08.31.1454
TSUNAMI WARNING CANCELLATION …
THE TSUNAMI WARNING AND/OR WATCH ISSUED BY THE PACIFIC TSUNAMI
WARNING CENTER IS NOW CANCELLED FOR
INDONESIA / PHILIPPINES / BELAU
http://ptwc.weather.gov/ptwc/?region=1&id=pacific.TSUPAC.2012.08.31.1454
ABSDF (မြောက်ပိုင်း) ကချင်ဒေသတွင် ထောက်လှမ်းရေးဟု သံသယဖြစ်ကာ စစ်ဆေးရင်း စစ်ကြောရေးဒဏ်ကြောင့် သေဆုံးသွားသူ မ.က.ဒ.တ (မပ) ဗဟိုကော်မတီဝင် ဦးစိန်၏ သမီးဖြစ်သူ မစန်းစန်းအေးမှ မြောက်ဥက္ကလာပ ရဲစခန်းသို့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် သတင်းပေးတိုင်ချက်ဖွင့်ခဲ့ပါသည်။ မြောက်ဥက္ကလာပ ရဲစခန်းမှ ပ ၈၆၉/၁၂၊ ပုဒ်မ (၃၀၂) လူသတ်မှုဖြင့် အမှုဖွင့် လက်ခံခဲ့ပါသည်။ ဖခင်ဖြစ်သူမှာ ဦးစိန်မှာ ABSDF (မြောက်ပိုင်း) ကချင်ဒေသ သင်တန်းအမှတ်စဉ် (၅) တွင် သင်တန်းသားများ ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းနှင့် ဗဟိုကော်မတီဖြစ်မြောက်ရေးအတွက် ဦးဆောင်ခဲ့သူ ဟူသည့် စွပ်စွဲချက်များဖြင့် ပါဂျောင်ဒေသ လိုင်ဇာစခန်းတွင် မတရား ဖမ်းဆီး နှိပ်စက်ခံခဲ့ရမှုကြောင့် သေဆုံးခဲ့ရသည်ဟု မြောက်ပိုင်းပြန်ရဲဘော်များမှ သိရှိရသဖြင့် အခုလို တရားစွဲဆိုရခြင်းဖြစ်ကြောင်း၊ အမှန်တရားအတွက် ဖော်ထုတ်နိုင်မည်ဟု ယုံကြည်သည့်အကြောင်း ဘားမားဗီဂျေမီဒီယာအား ပြောကြားလိုက်ပါသည်။
ABSDF massacre case reopen in Myanmar
တရားစွဲ ဆိုမှု ရှိ လာလျှင် မြောက်ပိုင်း ကိစ္စ အတွက် အဓိက တာဝန် ရှိသည့်
မိုးသီးဇွန် နှင့် နိုင်အောင် ကို ဖမ်းဆီး စစ်မေး မှု များ ပြု မည် ဟု ခိုင်လုံ တိကျ
သည့် သတင်း ရပ် ကွက် မှ FNG က သိရှိရသည်။
ပြည်ပမှ မကြာခင်က ပြန်လည်ဝင်ရောက်လာသည့် ရှေ့ နေ စေကျာ်ကျော်မင်း ယနေ့ ဖမ်းဆီးထောင်ချခံရ သည်။
(1) U Aung Myo Tint (USA), (2) Dr. Aye Min (USA), (3) U Htun AungKyaw (USA), (4) U Ko Ko Lay (USA), (5) U Ko Ko Aung (Japan), (6) U Moe Thee Zun (USA), (7) UMu Thur (USA), (8) U Shwe Sin Htin (USA), (9) U THet Htun, (10) U Yin Aye (USA) and (11) U ZawMin (USA). A
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ကျော်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး၊ အေဘီအက်စ်ဒီအက်ဖ် (မြောက်ပိုင်း) စခန်းအကျဉ်းထောင်၌ မတရားစွပ်စွဲ၍ ညှဉ်းပန်းနှိပ်စက်ခြင်း ခံခဲ့ရသူများက လူသတ်တရားခံအား တရားစွဲဆိုမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကိစ္စတွင် ကိုယ်တိုင် ဖြတ်သန်းပါဝင်ခဲ့သူတချို့က မြန်မာ အင်ဒီပဲန်ဒင့်သို့ ပြောသည်။
၁၉၉၂ခုနှစ်က ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်၊ ပါဂျောင်ဒေသရှိ အေဘီအက်စ်ဒီအက်ဖ်(မြောက်ပိုင်း) စခန်းတွင်ဖြစ်ပွားခဲ့သော ပြည်ထောင် စုနေ့ အစုလိုက် အပြုံလိုက် လူသတ်ပွဲ ကြီး၏ တရားခံကို ထိုစဉ်ကထွက် ပြေး လွတ်မြောက်လာသူများထဲမှ ကျန်ရစ်သူတချို့နှင့် ယင်းတို့၏ မိသားစုဝင်များက တရားစွဲဆိုခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ထိုစဉ်က ကိုယ်တိုင်ဖြတ်သန်းပါဝင်ခဲ့ သူ တစ်ဦးဖြစ်သူ ကိုညီညီက သြဂုတ် ၂၆ ရက် မြန်မာအင်ဒီပဲန်ဒင့်နှင့် တွေ့ဆုံစဉ် ယခုလိုပြောသည်။
““အကျဉ်းသားတွေကို ဆီးသွား ခိုင်းပြီး ကိုယ်သွားထားတဲ့ ဆီးကိုပြန် သောက်ခိုင်းတာတွေ၊ နံနှိမ်တာတွေ၊ ဆဲဆိုတာတွေ၊ ဘာမဟုတ်တဲ့ပြစ်ချက် ကလေးတွေနဲ့ ရိုက်နှက်ပြီးတော့မှ သေတဲ့အထိ အပြစ်ပေးတာတွေ၊ ဘာ စည်းမျဉ်း ဘာဥပဒေမှမရှိဘူး၊ သူတို့ လူတစ်ယောက်က ရိုက်လိုက်လို့ သေ သွားလို့ရှိရင် ဒီကောင်တွေ သေအေး တာပဲဒီလိုပြောတာ။ ဒီနေရာမှာရပ်နေ ဆိုလှုပ်လို့မရတော့ဘူး။ နောက်ဆုံး အဆင့် ညအိပ်ရာဝင်တဲ့အခါမှာတောင် လက်ကြိုးတုပ် ခြေထောက်ကြိုးတုပ် ပြီးတာတောင် တောင်ဘက် မြောက် ဘက်မလှည့်ရဘူး။ စကားပြောမှာစိုး လို့ဆိုပြီးပါးစပ်ထဲမှာ ၀ါးခြမ်းပြားကို ထောက်ထားတာ””ဟု ညှဉ်းပန်းနှိပ် စက်ခံရသည့် အဖြစ်အပျက်များနှင့် ပတ်သက်၍ ယင်းကပြောသည်။
““ရုပ်ပိုင်းညှဉ်းပန်းနှိပ်စက်မှုက တော့ ကမ်းကုန်ပါတယ်။ စိတ်ပိုင်း နှိပ်စက်မှုကလည်းပြင်းပါတယ်။ ဘယ် လောက်တောင်ပြင်းလဲဆိုရင် ညဘက် အိပ်နေတုန်း စစ်ဖိနပ်သံကြားရင်ကို အလိုလိုလန့်နိုးတာ။ စိတ်ဒဏ်ရာတွေ ရခဲ့တာပေါ့ဗျာ၊ တော်တော်များများ ကတော့ စိတ်ဒဏ်ရာတွေ ကျန်နေဦး မှာပါ။ အဲဒီအချိန်မှာ သေလိုက်လို့ရ တယ်။ မသေခဲ့တာဘာလို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အားတင်း ပြီးတော့ ငါတို့ တစ်ချိန်ချိန်မှာ ဒါကို ပြန်ဖော်ထုတ်ရမယ်ဆိုပြီး အားတင်း ခဲ့ရတာ””ဟု အသက်ရှင်ရန် ကြိုးစား ခဲ့ရသည့် အကြောင်းများနှင့်ပတ်သက် ၍ ကိုညီညီကဆိုသည်။
ဆက်လက်၍ ကိုညီညီကပြော ရာတွင် ယင်းတို့စခန်းတွင်းရှိစဉ်အခါ က ဗဟိုကော်မတီခေါင်းဆောင်ပိုင်းမှ တောခိုကျောင်းသားများအား စစ်တပ် သူလျှိုထောက်လှမ်းရေးဟုစွပ်စွဲ၍ ဖမ်းဆီးနှိပ်စက်ခြင်းများ၊ ညှဉ်းပန်း သတ်ဖြတ်မှုများပြုလုပ်ရာတွင် အမျိုး မျိုးသော နည်းလမ်းပေါင်းစုံဖြင့် လူသား မဆန်သော အပြုအမူများဖြင့် ပြုကျင့်ခဲ့သည်ဟုပြောသည်။ ထိုသို့ ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ဦးဆောင်သူမှာ ထိုစဉ်က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးမှဥက္ကဋ္ဌဖြစ်သူ ဒေါက်တာနိုင် အောင် ကိုယ်တိုင်ပါဝင်ကြောင်း အတိ အလင်းပြောသည်။
““အဲဒီအချိန် တပ်ထဲမှာ ဒေါက်တာနိုင်အောင် ရှိသေးတယ်။ စခန်းထဲမှာရှိနေတယ်၊ သူကိုယ်တိုင် တောင် ကျွန်တော့်ကို ကိုညီခင်ဗျားက ထောက်လှမ်းရေးကဆိုတာ ကျွန်တော် မယုံဘူးလို့ အစ်အောက်ပြီး မေးသေး တယ်။ ကျွန်တော်က ဟုတ်ပါတယ်၊ ကျွန်တော်ထောက်လှမ်းရေးဟုတ်ပါ တယ်လို့ ပြောလိုက်သေးတယ်။ ဘာလို့ လဲဆိုတော့ အဲဒီအချိန်မှာ ထောက် လှမ်းရေး မဟုတ်ပါဘူးလို့ ပြောမိလို့ ဒေါက်တာနိုင်အောင်က ကိုသိန်းထွန်း ကိုလည်း ရိုက်ပြီးပြီ။ နောက်တစ်ခါ ထောက်လှမ်းရေး မဟုတ်ပါဘူးလို့ အမှန်အတိုင်းပြောလို့ ရဲဘော်ဇော်ကြီး ခေါင်းဖြတ်ခံရပြီးပြီ။ အဲဒီတော့ ထောက်လှမ်းရေးလို့ ၀န်ခံပြီးသားလူ တွေဟာ ထောက်လှမ်းရေးမဟုတ်ပါ ဘူးလို့ ထပ်ပြောတာ အင်မတန်အပြစ် ကြီးတယ်။ အဲဒီအချိန်မှာရော်နယ် အောင်နိုင်လည်းအတူရှိနေတယ်””ဟု ဒေါက်တာနိုင်အောင်နှင့် ပတ်သက် သည့် အပိုင်းအားပြောသည်။
ဆက်လက်၍ ယင်းက ယခုလို ဆက်ပြောပါသေးသည်။ ““ကျွန်တော် တို့က မျက်စိမှိတ်ခံထားရတဲ့အခါ ကျတော့ ကျွန်တော်ကိုယ်တိုင်တော့ မမြင်ဘူး။ ဒါပေမယ့်အဲဒီမတိုင်ခင် မသတ်ခင်ကတည်းက တပ်ထဲရောက် နေတယ်ဆိုတာက ကိုသိန်းထွန်းကို သတ်တဲ့ကိစ္စ၊ ကျော်စွာဝင်းမောင်ကို မိုးသီးဇွန်ထောက်လှမ်းရေးကလား ဆိုပြီးစစ်တဲ့ကိစ္စ၊ နောက်တစ်ခါ အဲဒီ အချိန်မှာပဲ ရုပ်ရှင်မင်းသား ဦးဇော်ခင် ရဲ့သားဝဏ္ဏဇော်က နိုင်အောင်ကိုမြင် ခဲ့တဲ့ ကိစ္စတွေရှိထားတယ်။ နောက် တစ်ခါ ကိုမောင်မောင်ကနေပြီးတော့မှ ကျော်ကျော်နဲ့စကားပြောတဲ့အချိန်မှာ ကျော်ကျော်က သူ နိုင်အောင်နဲ့အတူတူ တောင်ပိုင်းကတက်လာတဲ့အကြောင်း၊ ဥက္ကဋ္ဌကြီး နိုင်အောင်ရှိတဲ့အကြောင်း ပြောတယ်။ အဲဒီအချက်တွေအရ နိုင် အောင်ရှိကြောင်း ကျွန်တော်သိရ တယ်”” ဟု ထိုစဉ်က လူသတ်မှုတွင် ဒေါက်တာနိုင်အောင်ရှိခဲ့သည့် အ ကြောင်းကို ပြောသည်။
ယင်းတို့အနေဖြင့် မည်သို့ပင် ဆိုစေကာမူ ပြည်ထောင်စုနေ့လူသတ် တရားခံအစစ်အမှန်မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦးမှ ဥက္ကဋ္ဌဒေါက်တာနိုင် အောင်သာလျှင်ဖြစ်ကြောင်း အတိ အလင်းပြောသည်။ သို့ပါသောကြောင့် ယခုကိစ္စနှင့်ပတ်သက်၍ ဒေါက်တာ နိုင်အောင်အပေါ်ထားရှိသည့် ယင်း တို့၏ သဘောထားအား ယခုလို ဖြည့် စွက်ပြောပါသေးသည်။
““တကယ်တော့သူဟာလူသတ် တရားခံရာဇ၀တ်ကောင် တစ်ယောက် ပါပဲ။ နာဇီပါတီရဲ့လုပ်ရပ်တွေအားလုံး ကို အဒေါ့ဟစ်တလာက တာဝန်ခံရ သလို မြောက်ပိုင်းရဲ့လုပ်ရပ်တွေ အား လုံးကိုလည်း နိုင်အောင်သာ တာဝန်ခံ ရမှာဖြစ်တယ်လို့ ကျွန်တော်တို့အား လုံးက တညီတညွတ်တည်း လက် သင့်ခံကြတယ်။ နာဇီပါတီရဲ့ရက်စက် မှုတွေ၊ သတ်ဖြတ်မှုတွေအားလုံးက သူကိုယ်တိုင်သတ်တာမဟုတ်ပါဘူး၊ သူကအမိန့်ပေးတဲ့ အလုပ်ကလေးပဲ လုပ်တာ။ နိုင်အောင်က သူကိုယ်တိုင် သေနတ်ကိုင်ပြီးမသတ်လို့၊ ဓါးကိုင်ပြီး မသတ်လို့ အပြစ်မရှိပါဘူးလို့ ပြောတဲ့ စကားက တာဝန်မဲ့ပြီး၊ သူရဲဘော ကြောင်တဲ့စကားပါ။ သူက သူ မသတ်ဘူးပြောတာ၊ ရှင်းရဲတယ်တို့ မြန်မာပြည်ပြန်ဝင်လာမယ်တို့ အွန်လိုင်း ပေါ်မှာ ပြောနေတာ၊ သေချာတာက သူ့အနေနဲ့ ခေါင်းရှောင်ပြီးတော့ သူပဲ မလုပ်သလိုလိုပြောနေတယ်”” ဟု ကိုညီညီက ဆိုသည်။
ဒေါက်တာနိုင်အောင်ပြည်တွင်း ၀င်မည့်ကိစ္စတွင် နိုင်ငံတော်ပိုင်းက ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ကိုညီညီကပြောရာတွင် ““နိုင်ငံတော် အစိုးရကတော့ ပေးမှာပဲလေ။ အခု အစိုးရက ကြေးကြော်ထားသလို အားလုံးကို တညီတညွတ်ထဲတစ်ပြေး ညီဆက်ဆံမယ်ဆိုတော့ သူ့ကို တရား မစွဲသေးသ၍ သူကအပြစ်မရှိဘူးလို့ ယူဆထားလို့ရတယ်။ ၀င်လာပေါ့ဗျာ ၀င်လာပြီးအိမ်တွေဘာတွေ ၀ယ်ပြီး နေပေါ့ဗျာ၊ ဒီမှာ နီးနီးနားနားနေတော့ ဖမ်းရတာလွယ်တာပေါ့။ နို့မို့ဆို အင်တာပိုလိုက်ဖမ်းနေရမယ်၊ တစ်ခု တော့ရှိတာက ရာဇ၀တ်ဘေးဆိုတာ ပြေးလို့မလွတ်ပါဘူး။ လွတ်မယ်ထင် လို့ရှိရင် ဒါဟာသက်သက်မဲ့ စိတ်ကူး ယဉ်တာမျိုးပဲဖြစ်မှာပါ””ဟု ဆိုသည်။
လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် ကျော် ၁၉၈၈ လူထုအုံကြမှုအပြီး ယုံကြည်ချက်ကြောင့် တောခိုခဲ့ကြ သည့်နိုင်ငံရေးကျောင်းသားလူငယ်လေး များအား ဒေါက်တာနိုင်အောင်၊ ရော်နယ် အောင်နိုင်၊ မျိုးဝင်း၊ သံချောင်း၊ လှဆိုင်းတို့နှင့် အပေါင်းပါများဖြစ် ကြသော သန်းဇော်၊ ဇော်ဇော်မင်း၊ ကျော်ထင်ဦး၊ သက်လင်း၊ ဖိုးနှောင်း တို့က လုပ်ဖော်ကိုင်ဖက်ကျောင်းသား လူငယ်အချင်းချင်းအပေါ် ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခဲ့သည်ဟု ထိုစဉ်က အသက်မသေဘဲ လွတ်မြောက်လာ သူများ၏ ပြောပြချက်အရသိရသည်။ ယခုအခါတွင် နိုင်ငံတော် သမ္မတ ကြီးက သဘောထားအမြင်မတူသည့် အတွက် ပြည်ပကို ရောက်ရှိနေကြသည့် သူများသာမက လက်နက်စွဲကိုင် တော်လှန်ရေး လုပ်ခဲ့သူများကိုပါ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်း များတွင် လက်တွဲပါဝင်နိုင်ရန် ပြည် တွင်းသို့ပြန်လာနိုင်ကြောင်း ဖိတ်ခေါ် ထားသည်။
ထိုသို့ပြည်တွင်းသို့ ပြန်လည်ဝင် ရောက်ခွင့်ပြုထားသည့်အတွက် ထို စဉ်က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများဒီမိုကရက်တစ် တပ်ဦးမှ ခေါင်းဆောင်ပိုင်းတချို့လည်း ပြည် တွင်းသို့ ပြန်လည်ဝင်ရောက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် ထိုကိစ္စနှင့်ပတ်သက်၍ ထိုစဉ်က ညှဉ်းပန်း နှိပ်စက်သတ်ဖြတ်ခံခဲ့ရ သူများအနက်မှ အသက်မသေဘဲ ထွက်ပြေးလွတ်မြောက်လာသူတချို့ နှင့်အသတ်ခံခဲ့ရသည့် မိသားစုအသိုင်း အ၀ိုင်းတချို့မှ ကျေနပ်မှုမရှိသည့် အတွက် အထက်ပါအမှုကျူးလွန်ခဲ့ သူများကို လူသတ်တရားခံအဖြစ် သတ်မှတ်ကာ တရားစွဲဆိုမှုများပြု လုပ်သွားမည်ဟု သတင်းရရှိပါသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မတရား စွပ်စွဲခံရကာ ညှဉ်းပန်းနှိပ်စက်ခံရင်း သေဆုံးသွားသော ဦးစိန်အတွက် ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်နေ သမီးဖြစ်သူ မစိမ့်စိမ့်သူမှ ယင်း၏ ဖခင် သေဆုံးမှုနှင့်ပတ်သက်၍ သက် ဆိုင်ရာမြို့နယ်ရဲစခန်း၌ ယခုနှစ် သြဂုတ် ၂၀ ရက်တွင် (ပမ-၈၆၉/ ၁၂)ဖြင့် အမှုဖွင့် တိုင်ကြားထား ကြောင်း သိရသည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍လည်း မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက် တစ် တပ်ဦး (မြောက်ပိုင်း)ကျောင်း သား ရဲဘော်ဟောင်းများက ထောက် ခံကြိုဆိုကြောင်း သဘောထားထုတ် ပြန် ကြေညာထားသည်။
ထိုစဉ်က ယုံကြည်ချက်ကြောင့် တောတွင်းဝင်ရောက်ခဲ့သည့် ကျောင်း သားဟောင်းတစ်ဦးဖြစ်ပြီး အင်္ဂလန် နိုင်ငံတွင် သွားရောက်နေထိုင်နေသူ မြန်မာနိုင်ငံသား အနုပညာရှင်ပန်းချီ ထိန်လင်းကလည်း မြန်မာနိုင်ငံသို့ ခေတ္တအလည်လာစဉ် မြန်မာအင်ဒီပဲန် ဒင့်နှင့်တွေ့ဆုံ၍ ယင်း၏သဘော ထားအား ယခုလိုပြောသည်။
““ပြည်ထောင်စုနေ့မှာ သတ်တာ လည်း ဟုတ်တယ်။ အစုလိုက် အပြုံ လိုက် သတ်တာလည်း ဟုတ်တယ်။ ခေါင်းဖြတ်သတ်တာလည်း ဟုတ် တယ်။ သတ်တဲ့အချိန်တုန်းက ကိုမျိုး ၀င်းရှိတယ်။ ရောနယ်အောင်နိုင်က ဥက္ကဋ္ဌတာဝန်ယူထားတယ်။ တောင်ပိုင်း ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်လည်းရှိ တယ်။ သူတို့ရဲ့သဘောတူညီမှုနဲ့ လုပ် တယ်လို့လည်း နောက်ပိုင်းမှာသိရ တယ်။ ဒါကတော့ သူတို့ရှင်းရမယ့် ကိစ္စပါ။ ကျွန်တော့်အနေနဲ့တော့ မြောက်ပိုင်းကိစ္စကြောင့် ပြည်ဝင်ခွင့် မပေးသင့်ပါဘူးဆိုတဲ့ သဘောထားမျိုး တော့မရှိပါဘူး။ ၀င်ချင်တယ်မ၀င်ချင် ဘူးဆိုတာကတော့ သူ့ရဲ့အခွင့်အရေး ပါ။ ၀င်ခွင့်ပေးတာ မပေးတာ၊ တရားစွဲ ရေးမစွဲရေးဆိုတာကတော့ တာဝန်ရှိ သူတွေရဲ့အလုပ်ပေါ့။ ပထမအချက်က တော့ အမှုမှန်အတိုင်း တရားသဖြင့် ရှင်းရှင်းလင်းလင်းပေါ်လာရင် ကောင်း မယ်””ဟုပန်းချီထိန်လင်းကပြောသည်။
ထို့နောက် တရားခံဟု သတ် မှတ်ခြင်းခံထားရသူများနှင့်ပတ်သက် ၍ တရားစွဲဆိုခြင်းများ ပြုလုပ်ရန် ပြင်ဆင်နေမှုအပေါ် ယင်း၏သဘော ထားအား ပြောရာတွင် ““မိသားစုဝင် တချို့ရဲစခန်းမှာ စပြီးတော့အမှုဖွင့် ထားတယ်လို့ကြားပါတယ်။ တရားရုံး က လက်ခံလားလက်မခံလားတော့ မသိသေးဘူး။ ကျန်တဲ့ ရဲဘော်တွေဆီ ကလည်းသတင်းရထားတယ်။ တရား စွဲတဲ့ကိစ္စနဲ့ ပတ်သက်လို့ရှိရင်တော့ အဲဒါသူ့အခွင့်အရေးပဲလေ။ သူ့ကို မေးကြည့်ဖူးပါတယ်။ ဘာပြောစရာရှိ လဲလို့။ သူကပြောတာတော့ သမီး တစ်ယောက်လုပ်ရမယ့် အလုပ်ကို လုပ်လိုက်တာပါလို့ သူကပြောပါ တယ်။ တချို့မိသားစုတွေမှာလည်း အခုထက်ထိ စိတ်ဒဏ်ရာတွေရှိနေ သေးတယ်”” ဟု မစိမ့်စိမ့်သူက အမှု ဖွင့်ထားခြင်းနှင့်ပတ်သက်၍ ပန်းချီထိန် လင်းကကိုယ်စားရှင်းလင်းပြောပြသည်။
ယင်းအနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များ၏ စိတ်ဒဏ်ရာရရှိနေမှု များအပေါ်တွင်လည်း လွန်စွာစိတ်မ ကောင်းဖြစ်ရပါကြောင်း၊ ကိုယ်တိုင် ဖြတ်သန်းပါဝင်ခဲ့ရသူတစ်ယောက်အနေ ဖြင့် တရားစွဲဆိုသူများဘက်မှ မားမား မတ်မတ်ရပ်တည်သွားမည်ဖြစ်ကြောင်း၊ တရားစီရင်မှုအပိုင်းများကိုလည်း မှန်မှန်ကန်ကန်ထိထိရောက်ရောက် လုပ်ဆောင်စေလိုပါကြောင်း ဖြည့်စွက် ပြောပါသေးသည်။
ဆက်လက်၍ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး(မြန်မာပြည်မြောက်ပိုင်း) ဗဟိုကော်မတီဝင် ထိုစဉ်ကကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ခဲ့ရသူ ကိုညီညီကျော် နှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ယင်းက ယခု လိုပြောသည်။ ““ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့ သမိုင်းစဉ်မှာ လူတ ချို့ ပြည်တွင်းကို ပြန်ဝင်လာခြင်းဟာ ထူးခြားပြောင်းလဲမယ့်ကိစ္စတော့မဟုတ် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်း မှာရှိနေခြင်း၊ ပြည်ပမှာရှိနေခြင်းဟာ ပြဿနာမဟုတ်လို့ဘဲ။ ကျွန်တော်တို့ ဘယ်သူ့ကိုပဲဖြစ်ဖြစ်။ ရင်မဆိုင်ရဲစရာ အကြောင်းဘာမှမရှိပါဘူး။ ရင်ဆိုင် တယ်ဆိုတာ တွေ့ခြင်းမတွေ့ခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး၊ ရှင်းရှင်း ပြောရရင် သမိုင်းမှန်ကို ပြောင်းလဲ စေမယ့် တွေ့ဆုံခြင်းမျိုးဟာ လက်ခံ စရာအကြောင်းမရှိဘူး”” ဟု တရားခံ ဟုသတ်မှတ်ခြင်းခံရသူများ ပြည်တွင်း သို့ဝင်လာရန် ပြင်ဆင်နေခြင်းနှင့် ပတ်သက်၍ ယင်း၏သဘောထားကို ပြောသည်။
နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ ခဲ့ပြီဖြစ်သည့် မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ ပြည်ထောင်စုနေ့အစုလိုက်အပြုံလိုက် လူသတ်ပွဲကြီးနှင့်ပတ်သက်သည့် ဖြစ်ရပ်အမှန်အား မန္တလေးမြို့ အခြေ စိုက်စာရေးဆရာမောင်မောင်ရွှေ (ရွှေကရ၀ိတ်)က“ကျွန်တော် သိသော ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်” စာအုပ်တွင် သမိုင်းဆိုင်ရာအချက် အလက်များဖြင့် ရေးသားထုတ်ဝေခဲ့ သည်။ ယခုလည်း အဆိုပါ လူသတ် ပွဲကြီး၏ တရားခံအစစ်အမှန်အား တရားစွဲဆိုရန်နှင့် သမိုင်းဖြစ်ရပ်မှန် အား တင်ပြလိုသည့် ရည်ရွယ်ချက်ဖြင့် ရေးသားပြုစုထားသည့် စာရေးဆရာ ဆမားညီညီ၏ “၀ံပုလွေများထံမှလွတ် မြောက်ခြင်း”သမိုင်းဖြစ်ရပ်မှန်စာအုပ် အား စက်တင်ဘာလ ဒုတိယအပတ်မှ စတင်၍ ထုတ်ဝေနိုင်ရန်စီစဉ်နေ ကြောင်း အဆိုပါ စာရေးဆရာက မြန်မာအင်ဒီပဲန်ဒင့်သို့ ပြောသည်။
၁၉၉၂ ခုနှစ် မေ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သော ABSDF ဥက္ကဋ္ဌ ဒေါက်တာနိုင်အောင်၏ သတင်းစာ ထုတ်ပြန်ချက်(အင်္ဂလိပ်ဘာသာ)တွင် ယင်းအနေဖြင့် သူလျှို ၁၅ ဦးအား ကွပ်မျက်ခဲ့သည့်ကိစ္စနှင့် ပတ်သက် ၍ မှန်ကန်မှုရှိခြင်းအား ထပ်မံ အငြင်း မပွားလိုတော့ကြောင်း၊ ယင်းကိစ္စအား ဗဟိုကော်မတီက ဆုံးဖြတ်ရာတွင် ယင်းအနေဖြင့် ပါဝင်ခဲ့ခြင်းမရှိခဲ့သော် လည်း ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ဗဟို ကော်မတီကိုယ်စား တာဝန်ရှိသည်ဟု ဆိုပါကြောင်း၊ နိုင်ငံတကာ အသိုင်း အ၀ိုင်းအားလည်း ကျန်ရှိနေသေးသည့် ထိန်းသိမ်းခံ သူလျှိုများအရေးနှင့် ပတ်သက်ပြီး အပြုသဘောဆောင် သော ဖြေရှင်းနည်းများဖြင့် ဖြေရှင်း သွားနိုင်ရန် ဆောင်ရွက်သွားသင့်သည် ကို သိပါသည်ဟု ရှင်းပြလိုကြောင်း စသည်ဖြင့် ရေးသားဖော်ပြလက်မှတ်ရေး ထိုးထားပါသည်။
MEDIA ADVISORY: Burmese-Canadians to protest against dissemination of misinformation on communal conflict in Burma TORONTO, August 29, 2012 – Members of Burmese community will gather this Saturday (September 1st, 2012) in Toronto to protest against misinformation on recent communal conflict in Western Burma. The rally will be calling to reflect the actual events taken place in Burma and present stories on both sides of the conflict, with a direct request to media in particular to carefully examine information, materials and stories distributed by some interest groups. Members of Burmese community are shocked by false allegations, fake pictures and insulting slogans in recent pro-Rohingya protests in Toronto, for such careless, random and inconsiderate attempts willy-nilly tarnish the image of Burmese community in general and Buddhist Burmese community in particular. DETAILS Burmese community members will initially gather at One Young Street (in front of the Toronto Star building) and will march to the Queen’s Park. Date: Saturday, September 1st, 2012 Time: 1:00pm – 4:00pm Location: One Young Street and a march to Queen’s Park at 2pm, Toronto, Canada
source Ye Yint Nge
Once again, Burma Army has given an ultimatum to Shan State Progress Party / Shan State Army (SSPP/SSA) to leave the base stationed southeast of Wan Hai Headquarters, reported an SSA/SSPP official.
“Government army has ordered another Shan base to withdraw. They are also restricting all kinds of movements from our men. This absolutely violates articles in the peace agreements,” said spokesperson Maj Sai La.
panglong org
You must be logged in to post a comment.