Burma-Myanmar-President Obama-President U Thein Sein meeting

အမေရိကန်သမ္မတအိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာမီဒီယာသမားများ၏ ကျင့်ဝတ်သိက္ခာများစောင့်ထိန်းရန်လို (ထပ်ဆင့်လက်ဆင့်ကမ်း Share ပေးရန်)

မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီးရောက်ရှိလာမည့်အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်အတွင်း မြန်မာမီဒီယာများ၏ ကျင့်ဝတ်သိက္ခာပိုင်းစောင့်ထိန်းရန်လိုအပ်ကြောင်း လေ့လာသူများက ထောက်ပပြလိုက်သည်။ အစိုးရသစ်နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်များပေးလာတာနှင့်အတူ မီဒီယာသမား

များ၏ တစ်ကိုယ်ကောင်းဆန်ဆန် သတင်းရလိုမှုများကြောင့် ကာယကံရှင်ပုဂ္ဂိုလ်များ အဖွဲ့အစည
်းများနှင့် မသင့်တင့်မှုများဖြစ်ပေါ်ခဲ့ရဖူးသည်။ သို့သော် ယခုခရီးစဉ်မှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်ဖြစ်မည့်အပြင် မြန်မာလူမျိုးများ၏ ယဉ်ကျေးမှုဂုဏ်သိက္ခာပိုင်းကို ပြသနိုင်မည့် အခွင့်အရေးတစ်ရပ်ဖြစ်နေသောကြောင့် မိမိတို့၏ တစ်ကိုယ်ကောင်းဆန် အတ္တစိတ်ကြောင့် သူတစ်ပါးစိတ်အနှောင့်အယှက်ဖြစ်စေနိုင်သော အပြုအမူမျိုးမပြုလုပ်မိကြစေရန်နှင့် ဒီမိုကရေစီကျင့်သားရသော စည်းကမ်းရှိသည့် မီဒီယာသမားများဖြစ်ကြောင်း ဖော်ထုတ်ပြသကြရန် PDK မှ တိုက်တွန်းရေးသားလိုက်ပါသည်။News By: People Development for Knowledgeအေးချမ်းမွန်မှ Royal Hero Media တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From : Royal Hero Media

အမေရိကန်သမ္မတအိုဘားမား၏ သမိုင်းဝင်မြန်မာခရီးစဉ်တွင် အာရှ၏ နာမည်ကျော်တက္ကသိုလ်ဖြစ်ခဲ့ဘူးသော ရန်ကုန်တက္ကသိုလ်တွင် မိန့်ခွန်းပြောကြားမည်(ထပ်မံလက်ဆင့်ကမ်း Share ပေးပါရန်)

မြန်မာနိုင်ငံသို့ သမိုင်းဝင် အလည်အပတ်ခရီးလာရောက်ရန်ရှိသော အမေရိကန်သမ္မတအိုဘားမား၏ ခရီးစဉ်အတွင်း မိန့်ခွန်းပြောကြားမည့် အစီအစဉ်ပါဝင်မည်ဖြစ်ရာ မိန့်ခွန်းပြောကြားမည့် နေရာကို သမိုင်းဝင်ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်အားရွေးချယ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါအခမ်းအနားသို့ ကန့်သတ်ထားသော ဧည့်သည်အရေအတွက်သာ ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ယခုအခါ ရန်ကုန်တက္ကသိုလ်ဝင်းကို ပြုပြင်မွန်းမံမှုများပြုလုပ်နေပြီး လုံခြုံရေးများချထားကြောင်း PDK မှ သတင်းရရှိသည်။

News By: People Development for Knowledge

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s