Rakhine Straight View (RSV) စစ်တွေဆေးရုံရောက်သေနပ်ပစ်ခံရသူ november 8.2012

Rakhine Straight Views
******အရေးပေါ်သတင်း******

ယနေ့ ညနေ ၅ နာရီခန့်က ပေါက်တောမြို့နယ် စိုးမဲကျီရွာမှ ရွာမှမလှန်းမကမ်း မြစ်ပြင်တွင်ငါးရှာနေ သော သားဖ နှစ်ဦးအား ဘင်္ဂလီ များစီးနင်းလာသော စက်လှေ တစ်စီးမှ တူမီးသေနပ်ဖြင့်ပစ်ခတ်ခဲ့သဖြင့်သားဖ နှစ်ဦး စလုံးမှာ ဒဏ်ရာရရှိပြီး ယနေ့ည ၉း၃၀ နာရီနှင့် ၁၀ နာရီ ၀န်ကျင်တွင် စစ်တွေပြည်သူ့ဆေးရုံသို့ရောက်ရှိမည်ဖြစ်ောကာင်းသိရှိရပါသည်။
သားဖြစ်သူတွင် မျက်နှာ၌ ဒဏ်ရာရရှိပြီ

း ဖခင်ဖြစ် သူမှာ ၀မ်းဗု
ိက်၊လက်၊ ခြေများတွင်ဒဏ်ရာရရှိခဲ့ခြင်းဖြစ် ကြောင်းနှင့် ဦးလပြည့်ဦး၊ အသက် ၄၄ နှစ်ဖြစ်ကြောင်း သိရပါသည်။
မြစ်ကမ်းတစ်လျှောက်ကျေးရွာများတွင်လုံခြုံရေးများချ ထားသည်ဆိုသော် လည်း ယခုကဲ့သို့ ဖြစ်ရခြင်းသည် လွန်စွာ ထူးခြားမှုတစ်ခုဖြစ်ကြောင်း နှင့် ပစ်ခတ်သွားသူများမှာ မည်သူ မည်ဝါဖြစ်သည်ကို မဖမ်းဆီးနိုင်ဘဲ ဘင်္ဂလီများ ဟု သာသိရှိရသေးကြောင်းလည်းသိရသည်။
Rakhine Straight Viewsယခုကဲ့သို့ ရခိုင်များအား တူးမီးသေနပ်များဖြင့် ပစ်ခတ်ခဲ့ခြင်းသည် နယ်မြေ လုံခြုံရေးကို များစွာ ထိခိုက်နိုင်ကြောင်းနှင့် လက်ရှိတယ် ပေါက်တောမြို့ နယ်အတွင်း ဘင်္ဂလီများအား စစ်ဆေးနေခြင်းကြောင့် ထိုသို့ ရန်ပြု တိုက်ခိုက်ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။
Rakhine Straight Views
၈-၁၁-၂၀၁၂ရက် ညဥ့် ၈း၄၂ နာရီ ပေါက်တောမြို့အထူးသတင်း
——————————————–
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ၊ အနောက်ဖရုံကာကျွန်း ၊ ဆံတော်ရှင်ဘုရားအနီးရှိ ရမျှိုင်ချိုင်အနီးတွင်
စိုးမဲကျီကျေးရွာနေ ဦးလပြည့်ဦး (ဘ)ဦးအောက်လူ နှင့် (၈)နှစ်အရွယ်သားငယ်နှင့်အတူငါးဖမ်းနေစဉ် ဘင်္ဂလီကုလားများမှ တူမီးလက်နက်များဖြင့် ပစ်ခတ်သဖြင့် ဒဏ်ရာ အပြင်းအထန်းရရှိခဲ့မှုကြောင်း ယခုအခါ စစ်တွေမြို့ ပြည်သူ့
ဆေးရုံးသို့ ယူဆောင်လာလျှက်ရှိကြောင်းကို သိရှိရပါသည်။ ဒဏ်ရာမှာ ပြင်ထန်းသောအကြောင်း သွေးလိုအပ်ချက်များရှိသည်ဟု စက်လှေပေါ်မှ ရခိုင်လူမှုအဖွဲ့အစည်းများသို့ လှမ်းအကြောင်းကြားလာကြောင်း သိရှိရပါသည်။ ယခုအခါ စစ်တွေမြို့ ပြည်သူ့ ဆေးရုံးပေါ်တွင် ရခိုင်လူမှုအဖွဲ့အစည်းများမှ လိုအပ်သည်များကို ကူးညီရန်အတွက် အဆင့်သင့်ရောက်ရှိနေကြောင်းကို သိရှိရပါသည်။
Rakhine Straight Views
ဆံတော်ရှင်စေတီအနီးဘင်္ဂလီများပစ်ခတ်မှုကြောင့် ဒါဏ်ရာရရှိသူ စစ်တွေဆေးရုံသို့ရောက်ပြီ Continue reading “Rakhine Straight View (RSV) စစ်တွေဆေးရုံရောက်သေနပ်ပစ်ခံရသူ november 8.2012”

ရော်နယ်အောင်နိုင်၏ အင်တာဗျူးမှ အလွဲများ October 6.2012 ABSDF_AN

ABSDFအဖွဲ့လက်နက်ကိုင်အဖွဲ့အစည်းအား ၁၉၈၈ခုနှစ်လူထုအုံကြွမှုဖြစ်ပွားပြီးနောက် နယ်စပ်သို့ ရောက်ရှိလာကြသည့် တိုင်းရင်းသားပေါင်းစုံပါ ၀င်သည့် ကျောင်းသားလူငယ်များဖြင့် ၄င်းနှစ်နိုဝင်ဘာလ(၁)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မကဒတ (မြောက်ပိုင်း) ဒေသတွင် ဖြစ်ပွားခဲ့သော သွေးထွက်သံယိုဖြစ်မှုအပါအ၀င်ကိစ္စရပ်များ စုံစမ်း ဖော်ထုတ်မှုကို ၂၀၁၃ ခုနှစ် မေလတွင်အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့ကတာဝန်ပေးအပ် ထားသည့် အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ အမှန်တရားဖော်ထုတ်မည့် လုပ်ငန်းစဉ်အချိန်မီအောင်မြင်စွာအကောင်အထည်   ဖော်နိုင်ရန် မြန်မာနိုင်ငံနှင့်   နိုင်ငံတကာတွင်နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူ များနှင့်အမှန်တရားနှင့်တရားမျှတ မှုကို မြတ်နိုးသူများကိုလည်းပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)အဖွဲ့အနေဖြင့်လူပြောများနေသည့် ၁၉၉၀၀န်းကျင်ကာလက အကြောင်းအရာများကိုစုံစမ်းဖော်ထုတ်ပြီး တရားမျှတမှုစွာ အမှန်တရား ပေါ်ထွန်းရေးအတွက်အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို မတ်လ(၇)ရက်နေ့ ကကြေညာချက်ထုတ်ပြန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလုပ်ငန်းအဖွဲ့အား ၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ဖွဲ့စည်းရန်စတင်ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း ‘အမှန်တရားဖော် ထုတ်ဖို့အတွက်အဖွဲ့အတွင်းမှာလည်း လွန်ခဲ့တဲ့တစ်လလောက်က တည်းက ပြင်ဆင်နေတယ်လို့ သိရတယ်၊ ‘ဟု ABSDF၏ အတွင်းရေးမှူးဟောင်းတစ်ဦးဖြစ်သည့် ဦးရော်နယ်အောင်နိုင်နှင့်တွေ့ဆုံမေးမြန်းဖြစ်ခဲ့သည်။

အေးချမ်းဟိန် (ACH)။    ။ ဖေ့ဘွတ်စာမျက်နှာတွေပေါ်မှာတွေ့နေရတာနဲ့ပတ်သက်လို့ မီဒီယာတွေကိုအစ်ကို့အနေနဲ့ အင်တာဗျူးပေးတာမျိုး မတွေ့ရဘူးနော်၊ နောက်ဖေ့ဘွတ်မှာလည်းဘာဖြစ်လို့ပြန်မပြောတာလဲခင်ဗျ။

ရော်နယ်အောင်နိုင်(AN)။    ။ မီဒီယာတွေက မမေးလို့ ပါ။ ဖေ့ဘွတ်မှာတော့ ဒီအကြောင်းပြန်မပြောတော့ဘူး၊ ဘာဖြစ်လို့လည်းဆိုတော့ ပြန်ပြောရင့် ရပ်တော့မှာမဟုတ်ဘူး၊ မနေ့ကတောင် RFAကလား၊ VOAကလားမသိဘူး မေးသေးတယ်၊

ACH ။    ။ ၁၉၉၀၀န်းကျင်ဖြစ်က အကို ABSDF အထွေထွေအတွင်းရေးမှူး ဘ၀တုန်းကဖြစ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့ ပြန်ပြောပြပါလင်းခင်ဗျ။

AN။    ။ အဲ့ဒီပြသာနာက ၁၉၉၁၊ေ၉၉၂ တုန်းကဖြစ်တာ၊ ကျွန်တော်က အဲ့တုန်းကABSDFမှာ အထွေထွေအတွင်းရေးမှူးတာဝန်ယူတဲ့အချိန်မှာ ကျွန်တော်တို့ဘက်မှာသူသျိုဝင်တယ်လို့ ယူဆနိုင်တဲ့အတွက် အဲ့ဒါကိုဖော်ထုတ်ပေးတယ်၊ယုံကြည်ရတဲ့သူတွေ အဖွဲ့အစည်းတွေနဲ့အပြစ်ပေးခဲ့တယ်၊အဖွဲ့အစည်းတွေရဲ့လုပ်ထုံးလုပ်နည်းအရ တစ်ဘက်မှာ ပြောစရာရှိတာကတော့စစ်ကြောရေးပဲ၊ ဘယ်သူမှလည်း စစ်ကြောရေးသင်တန်း တတ်ထားတာမဟုတ်ဘူး၊အဲ့ဒီလိုအခြေအနေတွေရှိတယ်၊ အဲ့ဒီတုန်းက ကျွန်တော်တို့ကလည်းအထူးသဖြင့်သတိတော့ထားပါတယ်၊

အထက်မှာ အဖွဲ့အစည်းတွေရဲ့ လုပ်ထုံးလုပ်နည်းလို့ သုံးထားပါတယ်ဗျာ… အဖွဲ့အစည်းဆိုတိုင်း ဒါမျိုးပဲလား အထင်မှားကုန်ပါ့မယ်…။ Continue reading “ရော်နယ်အောင်နိုင်၏ အင်တာဗျူးမှ အလွဲများ October 6.2012 ABSDF_AN”

Alert :Canadian Friends Of Burma(CFOB) in Crisis with Rohingya Issue:CFOB ကိုရိုဟင်ဂျာများဘက်လိုက်ဖို့ဖိအားပေးခံနေရခြင်းEnglsih/Burmese

CFOB ကိုရိုဟင်ဂျာများဘက်လိုက်ဖို့ဖိအားပေးခံနေရခြင်း

မှ

တင်မောင်ထူး – အမှူဆောင်ညွန်ကြားရေးမှူး၊ CFOB

လပေါင်းများစွာစဉ်းစားပြီး နောက်ကျွန်တော်ဟာ CFOB (Canadian Freinds of Burma) အဖွဲ့ရဲ့ကွန်ယက်ထဲမှာဖြစ်နေတဲ့ပြသနာကိုဖွင့်ဟဖို့ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ CFOB အဖွဲ့ဟာ၁၉၉၀ခုနှစ်ထဲကမြန်မာပြည်လူ့အခွင့်အရေးရရှိရေးအတွက်လှုပ်ရှားဆောင်ရွက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ယခုအခါမှာကျွန်တော်တို့အဖွဲ့ဟာအထူးသဖြင့်လက်ရှိရခိုင်ပြည်မှာဖြစ်နေတဲ့ပြည်တွင်းနေရခိုင်ဗုဒ္ဓဘာသာများနဲ့ရိုဟင်ဂျာလို့ခေါ်တွင်ထားတဲ့ရိုဟင်ဂျာမူစလင်များအကြားပဋိပက္ခတွေမှာရိုဟင်ဂျာမူစလင် များဖက်ကနေလိုက်ဖို့အပြင်းအထန်ဖိအားပေးခံရပါတယ်၊ ဘယ်လောက်ထိဖိအားပေးခံရသလဲဆိုရင်ဖြင့် CFOB ဟာ ကနေဒါ အဖွဲ့အစည်းများစုပေါင်းထားတဲ့ကော်မတီဖြစ်တဲ့ Canadain NGOs Committee on Burma (CNC) ကနေဖိအားပေးထုတ်ပယ်ခံ ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

အထူးသဖြင့် CNC ရဲ့အဓိကအသင်းဝင်အဖွဲ့ဖြစ်တဲ့ အိုတဝါမှာအခြေစိုက်တဲ့ Inter Pares လို့ခေါ်တဲ့အဖွဲ့ဟာအမြဲတမ်းဆိုသလို CFOB ကိုရိုဟင်ဂျာမွတ်စလင်အဖွဲ့တွေကိုထောက်ခံခိုင်းပါတယ်။မထောက်ခံလို့ဘက်မလိုက်လို့ငွေကြေးထောက်ပံ့မှူတွေကိုရပ်တန့်ပြီးတခြားအဖွဲ့အစည်းတွေဆီကထောက်ပံ့ကြေးတွေပါမရအောင်၊ရပ်တန့်အောင်ပါလိုက်လံပိတ်ပင်ခဲ့ပါတယ်။

သိသာထင်ရှားစေတာကတော့ကျွန်တော်တို့ရဲ့မြန်မာပြည်အရေးလုပ်ဆောင်ပေးနေတာကိုပါရပ်ဆိုင်းသွားစေချင်တဲ့ရည်ရွယ်ချက်ပါရှိတယ်။
တကယ်တော့ CFOBဟာလွပ်လပ်သောအဖွဲ့အစည်းအဖြစ်ရပ်တည်နေတာဖြစ်ပြီးမည်သည့်လက်အောက်ခံမှမဟုတ်ပါ၊ CFOBဟာလူတိုင်းအတွက်အခြေခံလူ့အခွင့်အရေးရရှိအောင်လုပ်ကိုင်ပေးနေပြီးယခုဖြစ်ပွါးခဲ့သောရခိုင်ပြည်အရေးတွင်လည်းတဘက်ဖက်တွင်ရပ်တည်နေသည်ဟုမမြင်စေလိုပါ။
ဤသည်ကို Inter pares မှနားမလည်ပဲအတင်းပင်ဘက်လိုက်ခိုင်းခြင်းဖြစ်ပါတယ်။ကျွန်တော်တို့အနေဖြင့်လွပ်လပ်သောအဖွဲ့အစည်းရဲ့ရုံးတွင်းဆိုင်ရာပေါ်လဆီအပေါ်ဝင်ရောက်စွက်ဖက်နေသည်ဟုခံစားနားလည်မိပါသည်။

တဖက်မှာလည်းကျွန်တော်တို့သိထားသော Inter Paresအဖွဲ့ဟာCIDAလို့ခေါ်တဲ့အဖွဲ့အစည်းကနေတဆင့်ရရှိထားတဲ့ကနေဒီယန်းများရဲ့အခွန်ဆောင်ထားတဲ့ငွေကြေးတွေကိုရိုဟင်ဂျာအဖွဲ့အစည်းတွေရဲ့မီဒီယာတွေနှင့်
သူတို့၏အကျိုးဆောင်နေသောအဖွဲ့အစည်းများဖြစ်တဲ့ Kaladen Press နဲ့ Arakan Projects တို့ကို CIDA ကနေတဆင့်ရတဲ့ထောက်ပံ့ငွေကြေးတွေရဲ့ ငါးရာခိုင်နှုန်း ကိုနှစ်စဉ် ထောက်ပံ့နေတာကိုနေတာတွေ့ရပါတယ်။
ဒီKaladen Press နဲ့ Arakan Projects အဖွဲ့အစည်းတွေဟာတကယ်တော့မှားယွင်းနေတဲ့သတင်းတွေ၊အပိုချဲ့ကားထားတဲ့သတင်းတွေကိုနိုင်ငံတကာစာမျက်နာတွေကိုဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။
ဒီလိုမမှန်မကန်လုပ်ဆောင်နေတဲ့ကမ်ပိန်းမျိုး (Campaigns) ကို CFOB ကိုလဲပူးပေါင်းလုပ်ဆောင်အောင်သိမ်းသွင်းနေတာဖြစ်ပါတယ်။ဒီလိုမျိုးကိုကျွန်တော်တို့ဘယ်လိုနည်းနဲ့မှလက်မခံနိုင်ပါဘူး။ Continue reading “Alert :Canadian Friends Of Burma(CFOB) in Crisis with Rohingya Issue:CFOB ကိုရိုဟင်ဂျာများဘက်လိုက်ဖို့ဖိအားပေးခံနေရခြင်းEnglsih/Burmese”

Burma_USA: Dear Mr. President, The 88 Generation Students would like to extend our deepest condolences to the people and Government of the United States in the wake of the damages and losses caused by the Sandy mega storm.

Dear Mr. President,
The 88 Generation Students would like to extend our deepest condolences to the people and Government of the United States in the wake of the damages and losses caused by the Sandy mega storm.
2012 အောက်တိုဘာလ(၃၀)ရက်က အမေရိကန်ပြည်ထောင်စု၏နေရာအချို့၌ ဝင်ရောက်မွှေနှောက်ခဲ့သည့် စန္ဒီဟာရီကိန်းမုန်တိုင်းကြောင့် သေဆုံးခဲ့သူများနှင့်ပျက်ဆီးဆုံးရှုံးမှုများအတွက် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှသမ္မတဘားရက်အိုဘားမားထံဝမ်းနည်းကြောင်းသဝဏ်လွှာကို နိုဝင်ဘာလ၊(၆)ရက် က ရန်ကုန်မြို့အမေရိကန်သံရုံးမှတဆင့်ပေးပို့ခဲ့သည်။