နိုင်ငံတော် နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေး by Ko Ko Gyi (The 88 Generation Students)

https://www.facebook.com/pages/Ko-Ko-Gyi-The-88-Generation-Students/531873223505812 

 နိုင်ငံတော် နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေး

( ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁ ရက်၊ ညနေ ၃ နာရီတွင် တော်ဝင်နှင်းဆီ၌ ပြုလုပ်သော “ရှေ့နေများကွန်ယက်” ၏ ဥပဒေရေးရာဆွေးနွေးပွဲတွင် ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး ဖတ်ကြားသည်။ )

နိုင်ငံတော်ဟူသည့် စကားရပ်သည် သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားများတွင် အကြိမ်ရေ အများဆုံး သုံးစွဲသည့် ဝေါဟာရဖြစ်မည် ထင်သည်။ ရာစုနှစ်ဝက်ရှိသည့်တိုင် “နိုင်ငံသားများ” အနေဖြင့် အဓိပ္ပာယ် ဗလုံးဗထွေးဖြင့် ဖတ်ခဲ့၊ ကြည့်ခဲ့၊ ကြားခဲ့ရပြီး ဖြစ်သည်။

အမှန်စစ်စစ် “အစိုးရ” နှင့် “နိုင်ငံတော်”ကို လုံးထွေးသုံးစွဲခြင်းသာ ဖြစ်သည်။ နိုင်ငံတော် အကြည်ညိုပျက်အောင်လုပ်ခြင်း- ပုဒ်မ ၁၂၄ (က) ကို ကျင့်သုံးနိုင်ရန်အတွက်  “နိုင်ငံတော် ဆိုသည်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ” ဟူ၍ အဓိပ္ပာယ် ဖွင့်ဆိုသည်။ အဖွဲ့ပုံအခြေခံ ဥပဒေဆိုသည်မှာ နိုင်ငံသားများနှင့် အစိုးရကြား ရပိုင်ခွင့်၊ တာဝန်ဝတ္တရားများ၊ လုပ်ပိုင်ခွင့် အပ်နှင်းခြင်း၊ အရေးယူ ရုပ်သိမ်းခြင်းများကို သဘောတူချုပ်ဆိုသော ပဋိဉာဉ်စာချုပ်ပင် ဖြစ်သည်။

ပဋိဉာဉ်စာချုပ်တစ်ခု တရားဝင် ခိုင်မာမှု ရှိစေရန်မှာ ခြိမ်းခြောက်ခြင်း၊ ဖျားဆောင်သွေးဆောင်ခြင်း တစ်စုံတစ်ရာမပါပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာလျက်ရှိစဉ် မိမိဆန္ဒသဘောအလျောက် ချုပ်ဆိုသော စာချုပ်ဖြစ်ရန် လိုအပ်သည်။ ဤအချက်သည် စာချုပ်၏ ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဂုဏ်သိက္ခာဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လိုက်နာဖော်ဆောင်ရမည့် နိုင်ငံသားများနှင့် အစိုးရအဖွဲ့အစည်းအဆင့်ဆင့်၏ ဂုဏ်သိက္ခာဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပင်လျှင် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော် တစ်ဝန်းလုံး၌ တည်သည်”  ဟူ၍ နိုင်ငံတော် အခြေခံမူများ၊ အခန်း ၁၊ ပုဒ်မ (၄) တွင် အတိအလင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် နိုင်ငံတွင်းရှိ ဥပဒေအားလုံး၏ အမြင့်ဆုံး ဥပဒေပါ ပြဋ္ဌာန်းချက်အရ နိုင်ငံများသားထံမှ ဆင်းသက်ခြင်းမဟုတ်ဘဲ အချုပ်အခြာအာဏာကို ကျင့်သုံးခြင်းသည် တရားမဝင်ကြောင်း၊ နိုင်ငံတော်ဟူ၍ သတ်မှတ်ခေါ်ဝေါ်ခြင်း မပြုနိုင်ကြောင်း ထင်ရှားပေါ်လွင်ပြီး ဖြစ်သည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၂၁) နိုင်ငံတော် သစ္စာဖောက်ဖျက်မှု၊ ပုဒ်မ ၁၂၄ (က) နိုင်ငံတော် အကြည်ညိုပျက်စေမှု ဆိုင်ရာ ပြဋ္ဌာန်းချက်များအရလည်း “ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် တည်ထောင်ခန့်အပ်သော အစိုးရ” ဟူ၍ အတိအလင်း ဖွင့်ဆိုပြဌာန်းချက်အရ အခြားနည်းဖြင်း တည်ထောင်ဖွဲ့စည်းသော အစိုးရများကို နိုင်ငံတော်ဟူ၍ မသတ်မှတ်ကြောင်း သိသာထင်ရှားပြီးဖြစ်သည်။

နိုင်ငံရေး သိပ္ပံပညာရပ်အရ “နိုင်ငံတော်” ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင်လည်း နိုင်ငံတော်၏ အင်္ဂါရပ်များအဖြစ်

၁။ ပထဝီနယ်နိမိတ်

၂။ နိုင်ငံသား

၃။ အစိုးရ နှင့် Continue reading “နိုင်ငံတော် နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် တရားဥပဒေ စိုးမိုးရေး by Ko Ko Gyi (The 88 Generation Students)”