
.နိုင်ငံအတွင်းမှာ ဖြစ်ပျက်နေသော တိုင်းရင်းသားရေးရာ ကိစ္စများမှာ တိုင်းရင်းသားအချင်းချင်း ဖြေရှင်းရမည့် ကိစ္စသာဖြစ်ကြောင်း၊ တရားမ၀င် ၀င်ရောက်လာသူများနှင့် ပတ်သက်၍ ဖြေရှင်းရသည့် ပြဿနာသည် နိုင်ငံတိုင်းတွင် ရှိနေကြောင်း၊ နိုင်ငံသား ဖြစ်လာသည့်သူများကို နိုင်ငံသားအခွင့်အရေး တန်းတူညီမှ
ျပေ
းရန် ကြိုးပမ်းရမည်ဖြစ်သလို နိုင်ငံသားဖြစ်မှုကိုလည်း စစ်ဆေးရမည်ဖြစ်ကြောင်း၊ လူနည်းစု၊ လူများစုဆိုသည့် နေရာ၌ နိုင်ငံသားကိုသာ ဦးစားပေးစဉ်းစားသည် ဆိုသည်မှာ နိုင်ငံတိုင်း၏ ကမ္ဘာ့နိယာမ တရားပင် ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
“လူ့အခွင့်အရေးရှုထောင့်က ပြောမယ်ဆိုရင် တကယ်လို့ နိုင်ငံနယ်နိမိတ်နဲ့ ပြောမယ်ဆိုရင် နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာရှိတဲ့ နိုင်ငံသားအများစုရဲ့ ဆန္ဒပေါ့။ လူ ၁၀၀ မှာ ၆၀ က အများစုဆန္ဒဖြစ်လို့ လိုက်နာရမယ်ဆိုရင်တောင်မှ အနည်းစုဖြစ်တဲ့ ၄၀ ကို အကာအကွယ်ပေးရမယ်ဆိုတာသည် မဲဆန္ဒပေးပိုင်ခွင့်ရှိသော နိုင်ငံသားများဆိုပြီး အကန့်အသတ်ရှိတယ်။ ဥပမာဆို အမေရိကန်မှာဆိုရင် Green Card ရထားရုံနဲ့ မဲပေးလို့မရဘူး။ စင်ကာပူမှာ PR ရထားတဲ့သူတွေ မဲပေးလို့မရဘူး။ လူနည်းစု လူများစုဆိုတဲ့ နေရာမှာ နိုင်ငံသားကိုပဲ ဦးစားပေး စဉ်းစားတယ်ဆိုတာ နိုင်ငံတိုင်းရဲ့ ကမ္ဘာ့နိယာမပဲ။ ဒါကိုတော့ ခွဲခွဲခြားခြား နားလည်ဖို့လိုတယ်” ဟု ဦးကိုကိုကြီးက ပြောကြားခဲ့သည်။
ဖွန်လတုန်းကလည်း ရခိုင်အရေးနှင့် ပတ်သက်ပြီး ကိုကိုကြီးက ခုလို ဆော်သြခဲ့ပါသေးတယ်။
ကိုကိုကြီး ပြောပြသော ယနေ့ ရခိုင်ပြည်နယ်အရေးသည်
မြန်မာနိုင်ငံရဲ့  ထိပ်တန်းအရေးကြီးတဲ့ နိုင်ငံ့အရေးဖြစ်တယ်…၊
အလွန်အရေးကြီးတဲ့ အချိန်အခါ အခြေအနေသို့ လည်း
ရောက်ရှိနေပြီဖြစ်တယ်…၊
ဒီအရေးသည်… အမျိုးသားအရေး
ဒီအရေးသည်… အနာဂါတ်မြန်မာနိုင်ငံရဲ့  တည်ငြိမ်မှု့ ကို
ငြိမ်းခြောက်လာမဲ့ နိုင်ငံနှင့် လူမျိုးအတွက် အန္တရာယ်အရေးဖြစ်တယ်။
ဒါကြောင့် ပြည်တွင်း ပြည်ပ မြန်မာနိုင်ငံသားများအားလုံး ညီညွတ်ကြရ
တော့မည်….၊
တိုင်းပြည်သစ္စာဖေါက်၊ လူမျိုးသစ္စာဖေါက်များရန်မှ ကာကွယ်ကြရတော့မည်..။
ပြည်တွင်း ပြည်ပ ကြောချင်းကပ်ပြီး ရင်ဆိုင်ကြတော့မည်….၊
အို… အမျိုးသားအပေါင်းတို့ ….
ဒီအရေးကို … လေ့လှူမရှု ကြနှင့်….
ဒီအရေးကို … မျက်ကွယ်မပြုကြပါနှင့်…
သစ္စာဖေါက်သူတွေကို… သစ္စာရှိသူများမှ စုပေါင်းတိုက်ခိုက်ခြင်းနှင့်
ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအရေးကို ကာကွယ်ကြပါ….၊
နိုင်ရာနေရာမှ ပူးပေါင်းပါဝင် လုပ်ဆောင်ကြပါ…။
ကိုကိုကြီးပြောပြသော ယနေ့ ရခိုင်ပြည်နယ်အကြောင်း
အောက်မှာလင့်ပေးထားပါတယ်… နားထောင်ကြပါ..။
အများနားထောင် သိရှိနိုင်စေရန်အတွက်လည်း
ထပ်ဆင့် ဖြန့် ဝေ ပေးကြပါ…။
ရခိုင်မြီ နှင့် ရခိုင်ပြည်သူ တပ်လုံးကို လေးစားလျှက် – အာရ်ကန်သိန်း (ဖရခိုင်မြီ)
Aarakan Thein မှ=တဆင့် ကူးယူ ဖော်ပြ ပေးပါသည်။။။
You must be logged in to post a comment.