ရန်ကုန်တက္ကသိုလ်နှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အဆို အနိုင်ရ
ဒီနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် တင်သွင်းတဲ့ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အရေးကြီး အဆိုကို ချက်ချင်းဆွေးနွေး၊ ချက်ချင်း မဲခွဲဆုံးဖြတ်ရာမှာ မဲအပြတ်သတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။
အဆိုကတော့ “ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်အား ပြုပြင်မွမ်းမံပြီး သင်ထောက်ကူပစ္စည်းများနှင့် ဘာသာရပ်ဆိုင်ရာ ပစ္စည်းများဖြင့် အဆင်
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုကို ကချင်ပြည်နယ် အမတ် ဒေါ်ဒွဲဘူ အပါအ၀င် ရန်ကုန်တက္ကသိုလ် တက်ရောက်ခဲ့သူ အမတ်တချို့က ထောက်ခံ ဆွေးနွေးခဲ့ကြပါတယ်။
ပညာရေးဝန်ကြီးဌာန ၀န်ကြီးက “မြန်မာနိုင်ငံမှာ တက္ကသိုလ် ၁၆၀ ကျော် ရှိကြောင်း၊ ရန်ကုန်တက္ကသိုလ် တခုတည်းကို အဆင့်မြှင့်တင်လို့ မဖြစ်ကြောင်း၊ ဒီကိစ္စ ပညာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့အတွက် သီးခြား အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ဖို့ မလိုသေးဘူး ထင်ကြောင်း၊ အဆိုကို မှတ်တမ်းအဖြစ်သာ ထားစေလိုကြောင်း” ပြန်လည် ပြောဆိုခဲ့ပါတယ်။
ပညာရေးဝန်ကြီးရဲ့ ဖြေရှင်းချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ပညာရေးစနစ် တခေတ် တခါတုန်းက အဆင့် မြင့်မားခဲ့ပြီး အနှစ် ၂၀ အတွင်း နိမ့်ကျသွားခဲ့ပုံ၊ တက္ကသိုလ် အားလုံး မဟုတ်ဘဲ လက်တွေ့ကျကျ ရန်ကုန်တက္ကသိုလ်ကို အဆင့်မြှင့်ဖို့ လိုအပ်ပုံ၊ အရာရာကို ဗဟိုက ချုပ်ကိုင်တာ လုပ်ဖို့မသင့်ပုံတွေ ပြောဆိုပြီး မဲခွဲဆုံးဖြတ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဆိုကို မဲခွဲဆုံးဖြတ်တဲ့အခါ ဆန္ဒမဲပေးခွင့်ရှိသူ ၃၇၆ ဦးရှိတဲ့ထဲက ထောက်ခံမဲ ၂၄၈ မဲ၊ ကန့်ကွက်မဲ ၆၄ မဲ နဲ့ ကြားနေမဲ ၉ မဲ ဖြင့် လွှတ်တော်က အတည်ပြု လက်ခံခဲ့တဲ့အတွက် မဲအပြတ်အသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဆို အနိုင်ရခဲ့ပါတယ်။
You must be logged in to post a comment.