Bai Xuoqian, head of the Kokang Self-Administered, Zone, shot by an unhappy Border Guard Force (BGF) fighter in Kongyan township

21 March 2012


Bai Xuoqian, head of the Kokang Self-Administered, Zone, shot by an unhappy Border Guard Force (BGF) fighter in Kongyan township. The incident took place before the Chinese New Year which fell on 8 February, according to the source. Two bodyguards, 1 soldier and a woman were killed. Among the wounded was his deputy Liu A Bao. No further details. (SHAN)

—————-

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ပိုင်ဆုံချိန် နှင့်အဖွဲ့ နယ်မြေမြောက်ဘက်ခြမ်းသို့ ခရီးထွက်စဉ် ၎င်းအားမကျေနပ်သည့် နယ်ခြားစောင့်တပ်ရဲဘော်တဦး၏ ပစ်ခတ်မှုကြောင့် ၄ ဦးထက် မနည်း သေဆုံး ကြောင်း ဒေသတွင်းသတင်းရပ်ကွက် က ပြောပါသည်။

 

ပိုင်ဆုံချိန်

“ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး ပယ်စောက်ချိန် (ပိုင်ဆုံချိန်) ကိုပစ်တာ၊ ဒု အုပ်ချုပ် ရေးမှူး လျိုအားပေါင် ဒဏ်ရာရတယ် ” – ဟု ဒေသအတွင်း နေထိုင်သူတဦးက ပြောပါသည်။

 
တရုတ်နှစ်သစ်ကူးမတိုင်မှီ ကုန်းကြမ်းမြို့နယ်ဘက် ခရီးထွက်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အုပ် ချုပ်ရေးမှူး ပိုင်ဆုံချိန်အား နယ်ခြားစောင့်တပ်ရဲဘော်တဦးကပစ်ခတ်ကြောင်း၊ ပိုင်ဆုံချိန် အားထိ မှန်ခြင်းမရှိ သော်လည်း ဒုအုပ်ချုပ်ရေးမှူး အား ထိမှန်ဒဏ်ရာရသွားကြောင်း မျက်မြင်သက် သေများကပြောသည်။
ဖေဖော်ဝါရီလ ဒုတိယပတ်ကဖြစ်ပွါးသော အဆိုပါပစ်ခတ်မှုကြောင့် ပိုင်ဆုံချိန်၏ အနီးကပ်လုံခြုံ ရေး တပ်ဖွဲ့ဝင်နှစ်ယောက်၊ ဒေသခံအမျိုးသမီးတစ် ယောက်နှင့် စစ်သားတယောက် သေဆုံးသည်ဟု ဆိုသည်။
“ဘာမကျေနပ်လို့ အဲဒီလိုလုပ်ရတာလဲမသိဘူး၊ နောက်ပြီး အဲဒီတရားခံ နယ်ခြားစောင့်တပ်သား လေး ကို ဘာလုပ်လိုက်လဲ ဆိုတာလဲ မသိရတော့ဘူး” – ဟု တရုတ်နယ်စပ်ရောက် ဒေသခံတဦးက ပြောပါ သည်။
ပိုင်ဆုံချိန်သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး အထင်ကရ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်း အား ၂၀၀၉ ခုနှစ်က ဖယ်ရှားခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပိုင်ဆုံချိန် သည် ပြည်ထောင်စုကြံ့ခိုင် ရေးပါတီမှ နေ၍ အမှတ် (၁) မဲဆန္ဒနယ် လောက်ကိုင်မြို့မှ ပြိုင်ဘက်မရှိ ပြည်နယ်လွှတ်တော် အမတ် ဖြစ်လာသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s