အပစ်ရပ်ရေးအပါအ၀င် အချက်သုံးချက်ကို KNPP နှင့် အစိုးရ သဘောတူလက်မှတ်ထိုး

AGREEMENT KNPP

———————————— 

 မတ် ၇၊ ၂၀၁၂ (YPI)

အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယ်စားလှယ်များနှင့် KNPP ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့လွိုင်ကော်မြို့ဆွေးနွေးပွဲတွင် သဘောတူညီမှုသုံးချက် လက်မှတ်ရေးထိုးခဲ့ပြီး  ငြိမ်းချမ်းရေးကို အမြန်ဆုံးအကောင်အထည်ဖော်သွားမှာဖြစ်ကြောင်း KNPP ကိုယ်စားလှယ်ခေါင်းဆောင် ခူဦးရယ်က သတင်းထောက်များကိုပြောသည်။

“ ပြည်နယ် အဆင့် ငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် သဘောတူညီချက်” ဟု ခေါင်းစဉ်တပ်ထားသည့် လက်မှတ်ရေးထိုးသည့်စာတွင်  တွေ့ဆုံဆွေးနွေးမှ နှစ်ဦးနှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုရပ်ဆိုင်းရန်၊ ဆက်ဆံရေးစခန်းကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ၌ (လက်နက်မပါ)ထားရှိရန်နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ်အဖွဲ့ တရားဝင်ဖွဲ့စည်းပေးရန်နှင့် ဆွေးနွေးမည့်နေ့ရက်၊ အချိန်နေတို့ကိုညှိနှိုင်းရန် တို့ကို ယနေ့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြသည်။

KNPP အတွင်းရေးမှူး(၁) ခူဦးရယ်က “ ဒါကတော့ စလုံရေစရသေးတာမို့ အတတ်မပြောနိုင်သေးဘူး။ နိုင်ငံရေးဆိုတာက ပြောင်းလဲနိုင်သေးတာကြောင့် စကားကိုအကုန်မပြောနိုင်သေးဘူး” ဟု ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး သတင်းထောက်များ မေးမြန်းချက်ကို  မှတ်ချက်ပေးဖြေဆိုသည်။

“သူတို့ကတော့(အစိုးရ) ငြိမ်းချမ်းရေးကို အမြန်ဆုံးလုပ်မယ်၊ သုံးလအတွင်း။ ဦးအောင်မင်းတို့က မတ်လကုန်ပြီး ဧပြီလဆန်းမှာ  အပြီးလုပ်ချင်တယ်လို့ပြောတယ်” ဟု ခူဦးရယ်ကဆက်ပြောသည်။

မတ်လ ၇ ရက်နေ့တွင် KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီနှင့် နိုင်ငံတော် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့တို့ ကယားပြည်နယ် လွိုင်ကော်မြို့တွင် ပြည်နယ်အဆင့် ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမ သဘောတူညီချက် လက်မှတ်ရေးထိုး ခဲ့ကြသည်။

KNPP ဘက်မှတင်ပြသော အချက် ၂၀ ပါစာတမ်းကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က နိုင်ငံတော်သမ္မတသို့တင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု အဆင့်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ်များနှင့် ကေအဲန်ပီပီအတွင်းရေးမှူး(၁) ခူဦးရယ်ဦးဆောင်သော ၁၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဆွေးနွေးပွဲကို ယနေ့ နံနက် ၉း၀၀ တွင်စတင်ခဲ့ပြီး ညနေ ၃း၄၅ တွင်ပြီးဆုံးသည်။

ယခုအကြိမ်တွေ့ဆုံမှုသည် တတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ၂၀၁၁ နိုဝင်ဘာ ၁၉ တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့၌ ပထမအကြိမ်၊ ၂၀၁၂  ဖေဖော်ဝါရီ ၆ ရက်တွင် ချင်းမိုင်မြို့၌ ဒုတိယအကြိမ် တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။                  ။

U Pyinya Zawta in Thailand on recent arrest of Ashin Gambira mp4

6.march 2012 Ashin Gambira had returned to Rangoon just yesterday. He came back from a trip to Kachin state and a visit at his family home in Meithila near Mandalay. He was staying at the house of his elder sister Khin Thu Htay in Eastern Dagong Township when a car with four police men arrived and took him. He was told the police needs to ask him some questions and he would be returned to his monastery tomorrow morning.

During the phone call, the car was near Sule Pagoda in downtown Rangoon. Three policemen were sitting around him in the back of the car while a fourth officer was driving.

audio file conversation police car     http://www.mediafire.com/?u1gxovzjsitvbnz

 

 

KNPP အပစ်အခတ် ရပ်စဲရေး သဘောတူ

Karenni_02အပစ်အခတ် ရပ်စဲရေးအတွက် ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရ ငြိမ်းဖေါ်ဆောင်ရေး အဖွဲ့တို့သည်၊ ယနေ့ နံနက် (၉) နာရီခွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဓ၀တီ ခန်းမတွင် တွေဆုံဆွေးနွေး ခဲ့ပါသည်။ ယင်းအစည်းအဝေး၌ ပဏာမ သဘောတူညီချက် (၃) ချက်ဖြင့် အပစ်အခတ် ရပ်စဲလိုက်သည်ဟု KNPP ၏အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင် ဆန်းမြင့်ကပြောပါသည်။

ယင်းသဘော တူညီချက်များမှာ (၁) အပစ်အခတ် ရပ်စဲရေး၊ (၂) နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် (၃) နှစ်ဖက်တပ် များသွားလာရေး အတွက် ညှိနှိုင်းခြင်း တို့ဖြစ်ပါသည်။

KNPP သည်နိုင်ငံရေးအရ ဆွေးနွေးရန် တောင်းဆိုချက် (၂၀)ချက် တင်ပြခဲ့ပါသည်။ ဤအချက်များကို အစိုးရကိုယ်စား လှယ်ဖက်က မူအားဖြင့် သဘောတူခဲ့ပါသည်။ ထိုအချက်များထဲတွင် ရှေ့ဆက် နိုင်ငံရေး ဆွေးနွေးပွဲ၌ အာမခံချက်ရှိ စေရန်နှင့် ပြည်သူလူထု အတွက် အာမခံချက် ရှိစေရန် တောင်းဆိုထားပါသည်။

KNPP ဖက်မှ ဆွေးနွေးပွဲ ကိုယ်စားလှယ်များမှာ ခူဦးရယ် အတွင်ရေးမှူး (၁) အဖွဲ့ခေါင်းဆောင်၊ ဗိုလ်ချုပ်ဘီတူး( စစ်ဦးစီးချုပ်) ဗိုလ်မှူးကြီး ဖုန်းနိုင် (စစ်ရေးချုပ်)၊ ဆရာမ တယ်နီယာ (ဗဟိုကော်မီတီ)၊ ဆရာမ ဒေလီဖါ (ဗဟိုကော်မီတီ)၊ ရွှေမျိုးသန့် (ဗဟိုကော်မီတီ)၊ ဆရာမဖေါရီဖေါ (အရံဗဟိုကော်မီတီ) ၊ ညေးရယ်၊ ဗိုလ်မှူးကြီး၊ အယ်ဘွီး (တပ်ရင်းမှူး)၊ စောပျားရယ်၊ တပ်ရေးဗိုလ်ကြီး၊ စောဖါမူး (ခရိုင်အုပ်ချုပ်ရေးမှူး) တို့ဖြစ်ပါသည်။

Karenniကရင်နီ တိုးတက်ရေးပါတီနှင့် အစိုးရ တွေ့ဆုံ (ဓါတ်ပုံ – အင်တာနက်)

အစိုးရ ကိုယ်စားလှယ်များမှာ ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး၊ ဦးခင်မောင်စိုး (လျှပ်စစ်ဝန်ကြီး)၊ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီး၊) ဦးစိုးသိမ်း (စက်မှုဝန်ကြီး)၊ ဦးဥာဏ်ထွန်းအောင် (သယ်ယူပို့ဆောင်ရေး ၀န်ကြီး)၊ ဦးခင်မောင်ဦး(ကယားပြည်နယ်ဝန်ကြီးချုပ်) တို့ပါဝင်သည်။ ထို့အပြင် ဒေသစစ်ကွပ်ကဲရေးဌာနချုပ်မှ အကြီးအကဲ များ၊ဘာသာရေးခေါင်းဆောင်များနှင့် လူထုခေါင်းဆောင်များ ပါဝင်ပါသည်။

KNPP ကိုယ်စားလှယ်များသည်၊ မြို့ပေါ်ရှိ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားများနှင့် တွေ့ဆုံပြီးမှ ပြန်လာမည်ဖြစ်ပါသည်၊ ဤဆွေးနွေးပွဲသည်၊ KNPPနှင့် အစိုးရကြား ပထမအကြိမ် တွေ့ဆုံပွဲဖြစ်သော်လည်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဖေဖေါ်ဝါရီ လတွင် နှစ်ကြိမ်တိုင်ထိုင်းနိုင်ငံ၌ ပဏာမတွေ့ဆုံခဲ့ပါသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/1211-knpp—.html

Burma observer:”Burma Army is only hoodwinking the rest of the world by withdrawing some troops..”

7 March 2012    U Aung Kyaw Zaw, Burma observer an the Sino-Burmese border, says the Burma Army is only hoodwinking the rest of the world by withdrawing some troops while redeploying fresh troops through the backdoor. There are more than 90 infantry BA battalions confronting the Kachin Independence Army (KIA), according to him. He is speaking on the eve of a new round of peace talks between the two sides. (SHAN)

Brig-Gen Way Lin, Deputy Commander, Triangle Region Command, was in Monghta sub-townhip, opposite Chiangmai’s Wiang Haeng district

6 March 2012   Brig-Gen Way Lin, Deputy Commander, Triangle Region Command, was in Monghta sub-townhip, opposite Chiangmai’s Wiang Haeng district, yesterday. He was meeting Shan State Army (SSA) representative to discuss relief and resettlement of IDPs, according SSA sources. SSA’s 3 phase plan is: Deployment of SSA positions in the area, resettlement of IDPs and opening civil administrative offices. (SHAN)

Welcome Karenni National Progressive Party (KNPP) delegation Arrives mp4

A 15- person Karenni National Progressive Party (KNPP) delegation leaves for Heho (Haiwo) for Tachilek. They are due to arrive in the capital of Kayah State, Loikaw this afternoon. The formal negotiations will be held tomorrow, according to KNPP sources. The delegation is led by Oo Reh and Bee Htoo.

——————–

—————————

KNPP Agreement