အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။
ယခင်အပိုင်းတွင် ဆွေးနွေးခဲ့သော အချက်များက ဒီမိုကရေစီကို ဖြစ်ပေါ်တိုးတက်အောင် ဆောင်ရွက်နေသည့် အာရှလူ့အဖွဲ့အစည်းများမှ စစ်တပ်များ၏ အခန်းကဏ္ဍကို နည်းလမ်း အမျိုးမျိုးနှင့် ကွဲပြားခြားနားသော ဒီဂရီ အတိုင်းအတာတို့အရ ပြန်လည်၍ ပုံသွင်းပေးခဲ့ပေ သည်။ တင်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း မဟာဗျူဟာ ပတ်ဝန်းကျင် (strategic environment) မှ အခြေခံကျသော အပြောင်းအလဲများသည် တကမ္ဘာလုံးမှ အစိုးရများ အနေဖြင့် စစ်တပ်၏ အခန်းကဏ္ဍကို ပြန်လည်၍ အဓိပ္ပါယ်ဖွင့်ဆိုရန် တွန်းအားပေးခဲ့ပေသည်။ ပြင်ပဆိုင်ရာ ခြိမ်း ခြောက်မှုများ မရှိတော့ခြင်းက ကြီးမားသောစစ်တပ်များနှင့် အရွယ်အစားကြီးသော ဘတ်ဂျက် လိုအပ်မှုများ မှန်ကန်ကြောင်း သက်သေပြခြင်းများကို လျော့ချ ဖြတ်တောက်ခဲ့သော်ငြားလည်း မဟာဗျူဟာ ပတ်ဝန်းကျင်အသစ်က စစ်ဘက်ဆိုင်ရာ ခေတ်မှီရေး (military modernization) အပါအ၀င်ဖြစ်သော တပ်ဖွဲ့များ ပြန်လည်ဖွဲ့စည်းမှု (force restructuring) လိုအပ်ချက်ကို ဖြစ်ပေါ်စေခဲ့ပေသည်။
စစ်အေးတိုက်ပွဲ ပြီးဆုံးမှုက တရုတ်နိုင်ငံတွင် တရုတ် – ရုရှားနယ်စပ် (Sino-Russian border) ပုံမှန်ဖြစ်စေခြင်း၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အား ပြန်လည် ဖွဲ့စည်းခြင်းအား စေ့ဆော်အားပေးခြင်းနှင့် တရုတ်လက်နက်များ ခေတ်မီအောင်ပြုလုပ်ရေး သဘာဝကို ပြောင်းလဲစေခဲ့ခြင်း စသည်တို့ကို ဖြစ်ပေါ်စေခဲ့ပေသည်။ တချိန်တုန်းက မဟာ အင်အားကြီး နိုင်ငံနှစ်ခုအကြား တည်ရှိခဲ့သော သြဇာအာဏာ (leverage) များ ပျောက်ဆုံး သွားပြီးနောက် တရုတ်သည် ၄င်းကိုယ်တိုင်အတွက် လွတ်လပ်သော အခန်းကဏ္ဍဖြင့် ရပ်တည်မှုကို အခိုင်အမာ ရယူခဲ့ပေသည်။ ယင်းမှာ အပြာရောင် ရေမျက်နှာပြင် ရေတပ်မတော် (Blue-water navy) အား တည်ဆောက်မှုများ ပြုလုပ်ခြင်းနှင့် ခေတ်မီ လေတပ်မတော်အား ဖန်တီး တည်ဆောက်ခြင်းတို့ဖြင့် အထက်ပါ အနေအထား ရယူမှုကို ဖြစ်ပေါ်စေခဲ့ပေသည်။ Continue reading “affect-on-civilian-military-relationship-part-2 by photayokeking”
You must be logged in to post a comment.