Day: March 21, 2012
အာဏာပိုင်၏ ပိတ်ပင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အခက်ခဲဖြစ်နိုင် Burma Today

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ မဲဆွယ်မှု ခရီးစဉ်အဖြစ် မတ်လ ၂၄ ရက်နဲ့ ၂၅ ရက်နေ့များတွင် မြိတ်ကျွန်းစုကျေးရွာများသို့ သွားရောက်ရန်၊ ထိုကျေးရွာများတွင် လူထုနဲ့ တွေ့ဆုံကာ ဟောပြောပွဲများ ပြုလုပ်ရန် စီစဉ်နေစဉ် ရှပ်ပြေးယာဉ်ပိုင်ရှင်များအား အာဏာပိုင်များက ဖိအားပေးကာ ပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အသုံးပြုမယ်ဆိုရင် ရှပ်ပြေးယာဉ်များကို အခမဲ့ သုံးစွဲခွင့်ပေးမယ့် ရှပ်ပြေးယာဉ်ပိုင်ရှင်များ ရှိကြောင်း၊ အာဏာပိုင်များက ပိတ်ပင်ထားတဲ့အတွက် လောလောမှာ အခက်အခဲ ရှိနေကြောင်း၊ ငှားရမ်း အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင်ဘွယ်ရှိတဲ့ ကိစ္စများ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ဦးဉာဏ်ဝင်းက ရှင်းပြပါတယ်။ Continue reading “အာဏာပိုင်၏ ပိတ်ပင်မှုကြောင့် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အခက်ခဲဖြစ်နိုင် Burma Today”
Burma: Mongla to be reopened for tourists from Thailand
Mongla is roughly 240 km from Maesai. Tourism to Mongla, also known as Burma’s Las Vegas, was closed following tensions generated by Naypyitaw’s demand that all ceasefire groups become Burma Army-run Border Guard Forces (BGFs) in 2009.
The group signed a new ceasefire agreement on 7 September, after Naypyitaw guaranteed that the matter would not be pursued further.The Thai tourist industry had expected that the city would be reopened for tourism, after the signing, but the issue came to a standstill after the Burmese side demanded that tourists must use Burmese vehicles to travel inside Burma.
“The stalemate was broken at the meeting between Sai Leun, leader of Mongla, and President Thein Sein in Kengtung on 10 April,” confided a source. Continue reading “Burma: Mongla to be reopened for tourists from Thailand”
14th clash fought between BA, SSA
A Burma Army column scouring areas along the Mekong ran into a Shan State Army (SSA) South patrol on Sunday, 18 March, resulting in a 40 minute shootout, according to SSA sources.

The fight at Loi Lan Fa Khio, located southeast of Mongyawng and northwest of Kenglarb, began around 07:00. “Villagers say 1 lieutenant, 1 sergeant and 1 private were among the fatal casualties on the Burma Army side,” said Lt-Col Gawn Zeun, Commander of the SSA 1st Military Region that covers most of Shan State East. “Fortunately, we came out of it unscathed.”
Since the signing of the ceasefire agreement on 2 December 2011, the two sides have already fought 14 times. “One Burma Army officer, asked by villagers why there is still fighting despite the agreement, told them it was only between the Thein Sein government and the SSA, and not between the Burma Army and the SSA,” said a local who asked anonymity.
The SSA meanwhile says another meeting will be necessary to resolve the current difficulties. Naypyitaw however would be hard put to find sufficient time for it, during the period leading to the by-elections, its chief negotiator U Aung Min had informed the SSA chief Lt-Gen Yawdserk during their brief meeting on 5 February in Chiangmai.
On the brighter side, the SSA has established 6 liaison offices in Shan State’s major towns including Taunggyi, Kholam and Kengtung. Its officers have also been allowed to hold public meetings in Burma Army-controlled Mongton township, opposite Chiangmai.
Bai Xuoqian, head of the Kokang Self-Administered, Zone, shot by an unhappy Border Guard Force (BGF) fighter in Kongyan township
21 March 2012
Bai Xuoqian, head of the Kokang Self-Administered, Zone, shot by an unhappy Border Guard Force (BGF) fighter in Kongyan township. The incident took place before the Chinese New Year which fell on 8 February, according to the source. Two bodyguards, 1 soldier and a woman were killed. Among the wounded was his deputy Liu A Bao. No further details. (SHAN)
—————-
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အုပ်ချုပ်ရေးမှူး ပိုင်ဆုံချိန် နှင့်အဖွဲ့ နယ်မြေမြောက်ဘက်ခြမ်းသို့ ခရီးထွက်စဉ် ၎င်းအားမကျေနပ်သည့် နယ်ခြားစောင့်တပ်ရဲဘော်တဦး၏ ပစ်ခတ်မှုကြောင့် ၄ ဦးထက် မနည်း သေဆုံး ကြောင်း ဒေသတွင်းသတင်းရပ်ကွက် က ပြောပါသည်။
ပိုင်ဆုံချိန်
“ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး ပယ်စောက်ချိန် (ပိုင်ဆုံချိန်) ကိုပစ်တာ၊ ဒု အုပ်ချုပ် ရေးမှူး လျိုအားပေါင် ဒဏ်ရာရတယ် ” – ဟု ဒေသအတွင်း နေထိုင်သူတဦးက ပြောပါသည်။
တရုတ်နှစ်သစ်ကူးမတိုင်မှီ ကုန်းကြမ်းမြို့နယ်ဘက် ခရီးထွက်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အုပ် ချုပ်ရေးမှူး ပိုင်ဆုံချိန်အား နယ်ခြားစောင့်တပ်ရဲဘော်တဦးကပစ်ခတ်ကြောင်း၊ ပိုင်ဆုံချိန် အားထိ မှန်ခြင်းမရှိ သော်လည်း ဒုအုပ်ချုပ်ရေးမှူး အား ထိမှန်ဒဏ်ရာရသွားကြောင်း မျက်မြင်သက် သေများကပြောသည်။
ဖေဖော်ဝါရီလ ဒုတိယပတ်ကဖြစ်ပွါးသော အဆိုပါပစ်ခတ်မှုကြောင့် ပိုင်ဆုံချိန်၏ အနီးကပ်လုံခြုံ ရေး တပ်ဖွဲ့ဝင်နှစ်ယောက်၊ ဒေသခံအမျိုးသမီးတစ် ယောက်နှင့် စစ်သားတယောက် သေဆုံးသည်ဟု ဆိုသည်။
“ဘာမကျေနပ်လို့ အဲဒီလိုလုပ်ရတာလဲမသိဘူး၊ နောက်ပြီး အဲဒီတရားခံ နယ်ခြားစောင့်တပ်သား လေး ကို ဘာလုပ်လိုက်လဲ ဆိုတာလဲ မသိရတော့ဘူး” – ဟု တရုတ်နယ်စပ်ရောက် ဒေသခံတဦးက ပြောပါ သည်။
ပိုင်ဆုံချိန်သည် မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး အထင်ကရ ကိုးကန့်ခေါင်းဆောင်ဟောင်း ဖုန်ကြားရှင်း အား ၂၀၀၉ ခုနှစ်က ဖယ်ရှားခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲတွင် ပိုင်ဆုံချိန် သည် ပြည်ထောင်စုကြံ့ခိုင် ရေးပါတီမှ နေ၍ အမှတ် (၁) မဲဆန္ဒနယ် လောက်ကိုင်မြို့မှ ပြိုင်ဘက်မရှိ ပြည်နယ်လွှတ်တော် အမတ် ဖြစ်လာသည်။
NLD-poster-destroy-in-Myaungmya-KIC News
မတ်လ ၂၀ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြောင်းမြမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မဲအောင်နိုင်ရေးအဖွဲ့ဝင်လူငယ်များကိုကျေးရွာအုပ်ချုပ် ရေးမှူးက ညစ်ညမ်းစွာ ဆဲဆိုမှုများ ပြုလုပ်ခဲ့သဖြင့် သက်ဆိုင်ရာဌာနများသို့ တိုင်ကြားထားကြောင်း သိရသည်။
ယခုလ (၁၅)ရက်နေ့တွင် NLD မဲအောင်နိုင်ရေးအဖွဲ့အနေဖြင့် ဧရာဝတီတိုင်း-မြောင်းမြမြို့နယ်၊ ရှမ်းရေကျော်ကျေးရွာတွင် မဲဆွယ်စည်းရုံး ရေး ပြုလုပ်နေစဉ် ၎င်းကျေးရွာက အုပ်ချုပ်ရေးမှူး အပါအ၀င် အပေါင်းအပါ ငါးဦးနှင့် ခွန်းကြီးခွန်းငယ် ဖြစ်ခဲ့သည်။
နောက်တစ်ရက်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးက ရှမ်းရေကျော်ကျေးရွာရှိ NLD၏ ရွေးကောက်ပွဲအောင်နိုင်ရေး အစည်းအဝေး အဆောက် အဦးအပြင်မှ လာရောက်ဆဲဆိုခဲ့သည်ဟု မြောင်းမြမြို့နယ် NLD မဲအောင်နိုင်ရေးအဖွဲ့ဝင် ဦးဝင်းရွှေက ပြောသည်။
“ဆဲတာဗျာ၊ ညစ်ညစ်ညမ်းညမ်းကို ဆဲတာ။ မင်းတို့က (—–)ပါတီ၊ မင်းတို့လုပ်လို့ ဘာဖြစ်လာမှာလဲ။ ငါတို့ကို ဘာပေးမလဲ။ ပေးရင် ငါတို့ လဲဝင်မယ် အဲ့ဒါမျိုးတွေ ပြောတယ်ဗျာ”ဟု ၎င်းက ပြောသည်။
ထို့အပြင် ကျေးရွာအတွင်း၌ စိုက်ထူထားသော အမျိုးသားဒီမိုကရေစီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း မန်းဂျော်နီတို့၏ မဲဆွယ်စည်းရုံးရေး ပိုစတာများကို ဓားဖြင့် လှီးကာ ဖျက်ဆီးမှုများလည်း ရှိကြောင်း ဦးဝင်းရွှေက ဆက် ပြောသည်။
ထိုအကြောင်းအရာများနှင့် ပတ်သက်၍ မြောင်းမြခရိုင် ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်နှင့် ရဲစခန်းသို့ တိုင် ကြားထားခဲ့ရာ ယနေ့အထိ အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။
တိုင်ကြားခဲ့မှုများနှင့် ပတ်သက်၍ ဧရာဝတီတိုင်းရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားစာရောက်ရှိခြင်း ရှိ၊မရှိ ကေအိုင်စီက ဆက်သွယ် မေးမြန်းခဲ့ရာ “ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကျနော်တို့ မသိရသေးဘူး”ဟု တိုင်းကော်မရှင် ဥက္ကဌ ဦးမျိုးထွန်းက ပြောသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြောင်းမြမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်သည် (၂၀၁၀)ခုနှစ်၊ ရွေးကော်ပွဲတွင် အနိုင်ရရရှိခဲ့ သည့် လက်ရှိ အားကစားဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ လစ်လပ်မဲဆန္ဒနယ် ဖြစ်သည်။
ထိုမဲဆန္ဒနယ်တွင် ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်း၏သားဖြစ်သူ ACE ကုမ္ပဏီအကြီးအကဲ၊ နေပြည်တော် ယူနိုက်တက်ဘောလုံးအသင်း ပိုင်ရှင်တစ်ဦးဖြစ်သူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဒေါက်တာဖြိုးကိုကိုတင့်ဆန်း အပါအ၀င် NLDက မန်းဂျော်နီနှင့် အမျိုး သားဒီမိုကရေစီ အင်အားစုပါတီက ဦးအောင်မျိုးလှိုင်တို့ ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
မြောင်းမြမဲဆန္ဒနယ်တွင် မဲရုံပေါင်း (၂၇၇)ရုံရှိပြီး မဲပေးနိုင်သူဦးရေ တစ်သိန်းရှစ်သောင်းကျော်ရှိသည်။ ထိုမဲဆန္ဒရှင်များအနက်မှ ထက် ၀က်ခန့်မှာ ကရင်လူမျိုးများ ဖြစ်သည်။
KIC news
You must be logged in to post a comment.