Day: March 17, 2012
မတ်လ ၁၇ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)kic news
မတ်လ ၁၇ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူ အထူးဒေသတစ်နေရာတွင် ယမန်နေ့အစောပိုင်းက နယ်ခြားစောင့်တပ် (BGF)အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ BGF ဘက်က တပ်ခွဲမှူးတစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယမန်နေ့ မနက် ၄နာရီခန့်တွင် မြိုင်ကြီးငူအထူးဒေသရှိ ရင်းပိုင်းတံတား(ယော်ပိုတို)နေရာတွင် BGF တပ်ရင်း(၁၀၁၁)တပ်ရင်းမှ တပ်ခွဲမှူး ဗိုလ်ကြီးတင်ညွှန့် စီးနင်းလာသည့် ကားတစ်စီးကို BGF တပ်ရင်း(၁၀၁၂)မှ တပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု BGF နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။
၎င်းက “၁၆ရက်နေ့ မနက် ၄နာရီခွဲလောက်မှာ ဗိုလ်တင်ညွှန့်နဲ့ သူ့ညီ နှစ်ယောက် မြိုင်ကြီးငူကနေ ရေတံခွန်ကို သွားဖို့ ရင်းပိုင်းတံတားအ ရောက်မှာ (၁၀၁၂)တပ်ရင်းက ဗိုလ်ဒေါဘိုးရဲ့လူတွေ စနိုက်ပါနဲ့ ပစ်ထည့်လိုက်တော့ ဗိုလ်တင်ညွှန့် ပွဲချင်းပြီးပဲ သေသွားတယ်။ သူ့ညီ ဒရိုင်ဘာကတော့ ဘာမှ မဖြစ်ဘူး”ဟု ပြောသည်။
၁၀၁၂တပ်ဖွဲ့ဝင်များ ယခုလို ပစ်ခတ်ရခြင်းမှာ ဗိုလ်တင်ညွန့်မှ ဒီကေဘီအေ ၉၀၅၏ ကားကို စီးနင်းလာသည့်ကားသည့်အတွက်ကြောင့် မှားယွင်းပစ်ခတ်မိခြင်း ဖြစ်နိုင်သည်ဟု မြ၀တီရှိ ဒီကေဘီအေ ဆက်ဆံရေးရုံးမှ ဗိုလ်ကြီးတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သူက “ကားက ကျနော်တို့ ၉၀၅က တပ်ရင်းမှူးကားပေါ့နော်။ အဲဒီကားကို ဗိုလ်တင်ညွှန့်ညီက ပြင်ပေးဖို့ ယူလာတာ။ အဲဒီကားနဲ့ သူ (ဗိုလ် တင်ညွှန့်)က ကားကြုံအဖြစ် စီးလာတာ။ အဲဒါကို DKBA ထင်လို့ သူတို့ (၁၀၁၂) ပစ်လိုက်တာထင်တယ်”ဟု ပြောသည်။
၎င်းပစ်ခတ်မှုနှင့်စပ်လျဉ်း၍ KNLA တပ်မဟာ (၇)မှ ရုံးထိုင်မှူး ဗိုလ်မှူးအယ်ဆဲဆဲက “စည်းကမ်းလည်းမရှိ၊ ပေါ်လစီလည်းမရှိ တစ်ဗိုလ် တစ်မင်း၊ ကိုယ့်မင်းကိုယ့်ချင်းပုံစံနဲ့ နေတဲ့ပုံစံဆိုတော့ အချင်းချင်း မကျေမနပ်ဖြစ်လို့ ပစ်ခတ်တာလည်း ဖြစ်နိုင်ပါတယ်။ ကျနော်တို့အနေနဲ့ ကတော့ ဘာမှ မပြောတတ်ပါဘူး”ဟု ပြောသည်။
ယခု အခင်းဖြစ်ပွားရာ နေရာတွင် DKBA နှင့် KNLA တပ်ဖွဲ့ဝင်များ လှုပ်ရှားမှုမရှိဘဲ BGF (၁၀၁၁)နှင့် (၁၀၁၂)တပ်ဖွဲ့ဝင်များသာ အခြေချ လှုပ်ရှားရာ နေရာဖြစ်သည်ဟု နယ်မြေခံများ၏ ပြောပြချက်အရ သိရသည်။ နယ်ခြားစောင့်တပ် (၁၀၁၁)တပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်မှူး စိုးနိုင်ဖြစ်ပြီး (၁၀၁၂)တပ်ရင်း၏ တပ်ရင်းမှူးမှာ ဗိုလ်မှူးအောင်လင်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် မြိုင်ကြီးအထူးဒေသ၌ BGF တပ်ဖွဲ့ဝင်များမှ ဗိုလ်မှူးစောဘိ ဦးစီးသည့် DKBA တပ်ဖွဲ့ဝင်များ၏ လက်နက် ၂၀ကျော် သိမ်းဆည်းခဲ့ရာမှ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ဖူးသော်လည်း BGF တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုမှာ တနှစ်ကျော်အကြာတွင် ပထမဦးဆုံး ဖြစ်သည်။
Ceasefire promise broken, KNU leader Padoh Mahn Nyein Maung sentence to life
The sentencing of Karen National Union leader, Padoh Mahn Nyein Maung, to a life sentence has the potential to derail government peace talks. KNU officials claim they were given assurances by government representatives that Mahn Nyein Maung would be freed as part of the ceasefire discussions.
The Karen National Union leader Padoh Mahn Nyein Maung was sentenced to life plus three years on March 13th at a court inside Burma notorious Insein Prison.
Speaking to Karen News, Padoh Mahn Nyein Maung’s lawyer, U Kyi Myint said his client was sentenced under Article 17/1 and 122/1 by the acting judge, U Hla Win at 12 pm on March 13.
“Article 17/1 is three years and 122/1 is life. They combined the sentences. He was sentenced at about 12 pm by U Hla Win, judge of court in Northern Insein district.”
The KNU had been led to believe at the recent ceasefire talks that the government would release Padoh Mahn Nyein Maung as an act of goodwill towards building trust in the current peace process. Now many observers are concerned the jailing and the severity of Padoh Mahn Nyein Maung sentence and as his lawyer, U Kyi Myint, points out that it will have a negative impact on the peace building process.
“The government claims they are trying to build peace and they have signed preliminary agreement with the KNU. During this peace building time, the government by harshly sentencing a senior leader of the KNU – I think there will be consequences that will hurt the peace process.”
U Kyi Myint says Padoh Mahn Nyein Maung still has the right to appeal within 60 days.
Naw Wah, Mahn Nyein Maung’s wife, told Karen News that the news of the severe sentence given to her husband had deeply saddened her.
“I am upset. He (Mahn Nyein Maung) is not young now. I want him to be freed. I also want the KNU and the government to discuss his release when they hold their talks. If they can get him released, our family will be very happy.” Continue reading “Ceasefire promise broken, KNU leader Padoh Mahn Nyein Maung sentence to life”
Karen fighters and Burma Army soldiers killed over ceasefire breech

Despite a ceasefire agreement being agreed to by Karen National Union and the Burma government on January 12th fighting between both sides continues. The latest incident happened when government troops refused to stop sending military supplies through KNU held territory to their Burma Army bases.
Soldiers from both sides were killed and wounded in the clash. The KNU confirmed to Karen News that fighters from the Karen National Liberation Army, Brigade 5 area attacked Burma Army soldiers from Division 66 in the Khay Pu village area after the Burma army soldiers crossed over the line marking the KNU designated area on March 4. The Burma army was sending army rations and supplies to its frontline soldiers. Last week, on March 9th, the Burma Army retaliated by attacking the KNU.
Major Saw Kler Doh, an office manager with the Karen National Liberation Army in Brigade 5, told Karen News.
“One Burma Army soldier was killed in the March 4 fighting, on March 9, one of our soldier’s was killed and one injured by the Burma Army.”
The KNLA, Brigade 5 released a notice to the Burma Army, after the preliminary ceasefire agreement, warning them not to cross over the 200 metre designated boundary line on the main road.
The KNU have accused the Burma Army of sending munitions with army rations from their Busar Khee camp at Taungoo to their Koh Taw camp in Papun Township.
The Burma Army’s Light Infantry Battalion 108 and Infantry Battalion 80 under Division 80 is active in the Papun area, Karen News could not confirmed the Burma Army Battalion involved in the current fighting.
The KNLA’s Brigade 5 monthly report, record that there were four clashes between the Karen fighters and Burma Army soldiers in the Papun area since the preliminary ceasefire agreement.
Despite the preliminary ceasefire agreement between the Burma government and the Karen National Union earlier this month the Burma Army continues to send military supplies and reinforcements to its troops in KNU controlled areas.
On 1st March, President Thein Sein’s celebrated the first year anniversary of his government by speaking on state controlled television about his government’s achievements. He talked about walking the country towards a sustainable peace, that his government did not have a ‘tricky strategy’ and he wanted to build trust and engagement with ethnic groups. Two months after the preliminary ceasefire talks with ethnic armed opposition groups fighting is still ongoing in Shan, Karen and Kachin States.
karen news
BGF မှ ဒီကေဘီအေ ကလို့ထူးလားပိုင်ကားကိုပစ်ခတ်
ယနေ့မနက် (၄) ခန့်တွင် အမှတ် (၁၀၁၂) အစိုးရနယ်ခြားစောင့်တပ်(BGF)က မြိုင်ကြီးငူအနီးရှိ ရင်းပိုင်တံတားထိပ်၌ ဒီကေဘီအေ ကလို့ထူးလားပိုင် ကားတစီးကို ပစ်ခတ်ရာ တဦးသေဆုံးပြီး တဦးပျောက်ဆုံးနေသည်ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး လုံ့လုံကဆိုပါသည်။
“ ဒီလိုပါဗျ။ သေဆုံးသူက BGF (၁၀၁၁) က ဗိုလ်တင်ညွန့်ဖြစ်တယ်။ သူကကားကြုံ စီးလာတာဖြစ်တယ်။ သူတ ပည့်တယောက် ပျောက်နေတယ်။ ကားကတော့ ဒီကေဘီအေ ကလို့ထူးလားပိုင် ကားပါဗျ။ မောင်းသူက အရပ်သား ဗိုလ်တင်ညွန့်ရဲ့ ညီလေး ဖြစ်နေတယ်။ ကျနော်တို့ စဉ်းစားနေရတာက ဒီကားဟာ ကျနော်တို့ ဒီကေဘီအေ ကလို့ထူးလား တပ် မှူးတဦးဖြစ်တဲ့ ကန်ညီနောင် ဗိုလ်မှူးမောင်လေးရဲ့ ကားဆိုတော့ သူကို့ရည်ရွယ်ပြီး ပစ်လိုက်တာလား စဉ်းစားစရာဖြစ်နေ တယ်။” လို့ ဆိုပါသည်။
ယခုပစ်ခတ်မှုတွင် BGF (၁၀၁၂) မှ ဒုရင်းမှူး ဗိုလ်မှူး သောဘိုး၏ လက်ချက်ဖြစ်ဖွယ်ရှိသည်ဟု ဒီကေဘီအေဖက်က ယူဆ နေပါသည်။ ဤကဲ့သို့ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက် ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ဒီကေဘီအေ ကလို့ထူး ဘောတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင်လက် နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။
![]() |
ဒီကေဘီအေနှင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ဆွေးနွေး (ဓါတ်ပုံ DKBA) |
ယင်းသဘောတူညီချက်နံပါတ် (၇)တွင် တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရခိုင်မြဲစေရန်အလို့ငှာ ပြသနာတ စုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက်ဖြင့် မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေ ရှင်းသွားရန် သဘောတူသည်ဟု ပါရှိခဲ့ပါသည်။
လက်ရှိပြသနာ၌လည်း ဒီကေဘီအေ ကလို့ထူးလား တပ်မှူးဗိုလ်မှူး ကန်ညီနောင် မောင်လေးကို တမင်ပစ်ခတ်ခြင်း ဟုတ် မဟုတ်၊ ဒီကေဘီအေဖက်က စုံစမ်းနေပါသည်။ ဤကဲ့သို့ ပြသနာမျိုး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းကလည်း မြ၀တီမြို့နယ် ရွှေကုက္ကိုရွာ၌ အခြေချနေသော BGF ၁၀၁၉ တပ်ရင်းမှတပ်စုမှူး ဗိုလ်တင်ညွှန့်နှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူး လား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်းလို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံ ရေးအရ ပြန်မလှည့် လိုတော့သဖြင့် ဖြေရှင်းနေချိန်တွင် ဒီကေဘီအေအပေါ် BGF က သံသယဖြစ်ခဲ့ဘူးပါသည်။
ဤသို့ကြောင့် အစိုးရ BGF တပ်ဖွဲ့တို့သည်၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၉) ရက်နေ့က မြိုင်ကြီးငူရှိ DKBA တပ်ဖွဲ့ထံမှ လက် နက် (၃၂) လက်နဲ့ အီကွစ်မင်း (၁၅) စုံကို သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ဖေဖေါ်ဝါရီ (၂၄) ရက်၌ ပြန်လည်ပေးအပ်ခဲ့ရ ပါသည်။ ဤကဲ့သို့သော နှစ်ဖက် ဆက်ဆံရေး အခြေအနေကြောင့် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် မြိုင်ကြီးငူဒေသ လက် နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ကို နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က လက်မှတ်ထိုးစေခဲ့ခြင်းဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့ မေတ္တာရပ်ခံ သဘောထားဖော်ထုတ်မှုဖြစ်ပွား
အမျိုသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့တွင် ယမန်နေ့ နံနက် ၁၁ နာရီ ကျော်ခန့်က မအူ ပင်မြို့ခံ လူငယ် ၄၀ နီးပါးက မေတ္တာရပ်ခံ သဘောထားဖော်ထုတ် တောင်းဆိုမှု တစ်ခုပြုလုပ်ခဲ့ ကြ ကြောင်းသိရသည်။ မအူပင် မြို့ခံပြည်သူ အများ၏ ဆန္ဒသဘောထားအား ကိုယ်စားပြု၍ ယင်းလူငယ် ၄၀ ခန့်သည် မအူပင်မြို့မှ ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ရှေ့သို့ ကားသုံးစီးဖြင့် လာရောက် ခဲ့ခြင်းဖြစ်ပြီး မိမိတို့ မေတ္တာ ရပ်ခံလိုသည့် ကိစ္စရပ် ကိုပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေတ္တာရပ်ခံတောင်း ဆိုသည့် အဓိကအကြောင်းရင်းမှာဒေါ်အောင်ဆန်း စုကြည်အား မအူပင်မြို့သို့ လာရောက် စေလို ခြင်း ကိစ္စ ရပ် ဖြစ် ကြောင်းသိရသည်။ “ အမေ့အနေနဲ့ အခုအချိန်မှာ ခရီးတွေထွက်ရလို့ ပင်ပန်းနေတယ်ဆိုတာသိပါတယ်သို့ပင် သို့ငြားသော်လည်း ကျွန်တော်တို့မအူပင်မြို့သူမြို့သားတွေက အမေ့ကိုခဏလောက်ဖြစ်ဖြစ် လာစေချင်တယ်။ ကျွန် တော် တို့လူငယ်တွေကလည်း အမေ့ကိုကြိုချင်ကြတယ်။ ဒါကြောင့် ကျွန်တော်တို့ အမေ့ကိုလာပြီး မေတ္တာရပ်ခံ တာပါ ” ဟုဒေါ် အောင်ဆန်းစုကြည်နေအိမ်ခြံရှေ့ လာရောက်ခဲ့သည့် မအူပင်မြို့ခံလူငယ်တစ်ဦးဖြစ်သည့် ကို စည်သူ ကပြောသည်။
![]() |
AsianFame Media Group ဓါတ်ပုံ- အင်တာနက် |
ဒေသတွင်း အခြေအနေများကြောင့် ဒေါ်အောင်ဆန်းစုကြည်အား မအူပင်မြို့သို့အောင်နိုင်ရေး ခရီးစဉ် လာရောက်စေ လို ခြင်းဖြစ်ကြောင်း သိရသည် ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအနီးကပ်တာဝန်ယူ ထားသည့် ကိုကျော်ဆန်းအား ပေါ်ပြူလာနယူးစ်ဂျာနယ်မှ မေးမြန်းကြည့်ရာ လောလောဆယ်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ ခရီးစဉ် ပြည့်နေသောကြောင့် မအူပင်သို့ သွားရောက်ရန်မှာမဖြစ်နိုင်သေးကြောင်း ပြောကြားခဲ့သည်။
ယင်းကိစ္စရပ်အားပြေလည်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဖြေရှင်းလျှက်ရှိကြောင်းသိရသည်။
You must be logged in to post a comment.