PRESIDENT U THEIN SEIN SEND ARMY TO HELP Meiktala, Mahlaing, Wintwin, Thazi Area

President  U Thein Sein gave  order to    the  Army   to  help in Meitala , Thazi , Wintwin , Mahlaing Area,only during  state of emergency .

မိတ္ထီလာ မြို့နယ် ၄ ခုကို သမ္မတအမိန့်နဲ့ အရေးပေါ်အခြေအနေ ကြေညာလိုက်ပြီ
(ဒေသ စံတော်ချိန် ညနေ ၄း၃၀)

မိတ္ထီလာ အရေးပေါ်အခြေအနေထုတ်ပြန်ကြေညာလိုက်ခြင်း
================

နိုင်ငံတော်သမ္မတရုံး
ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်အမှတ် (၁/၂၀၁၃)
(၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက်)
———————

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ
-မိတ္ထီလာမြို့နယ်
-ဝမ်းတွင်းမြို့နယ်
-မလှိုင်မြို့နယ် နှင့်
-သာစည်မြို့နယ်များအတွင်း

ယနေ့မှစ၍ အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

တာဝန်ထမ်းဆောင်ရာတွင် ထိရောက်မှု ရှိစေရန် တပ်မတော်၏ အကူအညီကို ရယူဆောင်ရွက်ရမည်။

ပုံ
သိန်းစိန်      State of emergency in
Meiktala, Mahlaing, Wintwin, Thazi Area only.

Source http://www.president-office.gov.mm/briefing-room/news/2013/03/22/id-2903ဓာတ်ပုံ-သမ္မတရုံးဝဘ်ဆိုက် —

ကော်ပီကိုကူးယူထားခဲ့ပါတယ်။

22.3.2013

 မိထ္ထီလာဒေသပဋိပက္ခတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က မိထ္ထီလာအပါအ၀င် မြို့နယ် ၄ မြို့နယ်ကို အရေးပေါ်အခြေအနေ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးပြီး ထုတ်ပြန်တဲ့ အရေးပေါ်အခြေအနေ ကြေညာချက်မှာ ဒီပဋိပက္ခတွေထဲ ဆူပူအကြမ်းဖက်မှုတွေကြောင့် မတ်လ ၂၀ ရက်နေ့က စတင်ပြီး ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ဆောင်ရွက်ခဲ့ပေမယ့် ဆူပူအကြမ်းဖက်မှုတွေ ပိုမိုများပြားကျယ်ပြန့် လာပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မဆောင်ရွက်နိုင်တော့ တာကြောင့် ပြည်သူတွေရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးတွေကို အမြန်ဆုံး ပြန်လည် ဖော်ဆောင်ပေးနိုင်စေဖို့ အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) ကြီးပါ ပြဌာန်းချက်အရ မန္တလေးတိုင်း ဒေသကြီး၊ မိထ္ထီလာခရိုင်ထဲက မိထ္ထီလာမြို့နယ်၊ ၀မ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နဲ့ သာစည်မြို့နယ်တွေကို အရေးပေါ် အခြေအနေ ကြေညာလိုက်တာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၃ ပုဒ်မခွဲ က ကြီးပါ ပြဌာန်းချက်အရ တာဝန်ထမ်းဆောင်ရာမှာ ထိရောက်မှုရှိစေဖို့ တပ်မတော်ရဲ့ အကူအညီကို ရယူဆောင်ရွက်ဖို့ လည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။ ဒီအမိန့်ဟာ နောက်ထပ် အမိန့် တစ်စုံတရာ မထုတ်ပြန်ခင်အထိ အတည်ဖြစ်ပြီး ဥပဒေကဲ့သို့ အာဏာတည်ရမယ်လို့ လည်း ဖော်ပြထားပါတယ်။
72308_354510507993353_472786299_n

602665_4746767751270_1102132238_n-1

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s