Day: March 30, 2013
U YE HTUT ပည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ဒီနေရာမှာလဲ ဖတ်နိုင်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထဲရေး၀န်ကြီးဌာန
သတင်းထုတ်ပြန်ချက်(၁/၂၀၁၃)
၂၀၁၃ခုနှစ်၊ မတ်လ ၂၉ ရက်နေ့
၁၃၇၄ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက်
U YE HTUT REJECT UN QUINTANA မန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်း BURMESE /ENGLISH
U YE HTUT FACEBOOK မန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ မစ္စတာ ကင်တားနားက မတ်လ ၂၈ ရက်နေ့ မှာ လတ်တလောဖြစ်ပေါ် ခဲ့တဲ့ ပဋိပက္ခများနဲ့ပတ်သက်ပြီး ဝေဖန်ပြောကြားခဲ့တာကို ကုလသမဂ္ဂ သတင်းများအရ သိရှိရပါတယ်။
မစ္စတာကင်တားနားက နိုင်ငံတော်အဖွဲ့ အစည်းအချို့ ( some sections of the State) ဟာ အကြမ်းဖက်မှုများမှာ တိုက်ရိုက်ပါဝင်နေတယ်၊ အကြမ်းဖက်သူတွေကို ကူညီအားပေးနေတယ်လို့ စွတ်စွဲပြောကြားခဲ့တာ ကိုတွေ့ရပါတယ်။
ကျွန်တော့်အနေနဲ့ ကွင်တားနားရဲ့ အကြမ်းဖက်ဆူပူမှုများ နိုင်ငံတော်အဖွဲ့အစည်းတွေပါဝင်နေတယ်၊ ကူညီအားပေးနေတယ်လို့ ပြောကြားချက်များကို လုံးဝငြင်းပယ်ပါတယ်။
မစ္စတာကင်တားနားအနေနဲ့ မြေပြင်အခြေအနေများကို မှန်မှန်ကန်ကန်လေ့လာမှု မရှိဘဲ တစ်ဆင့်ကြားသတင်းများကိုသာ အခြေပြုပြောကြား နေခြင်းဟာ အခြေအနေကို ထိန်းသိမ်းနိုင်အောင်ဝိုင်းဝန်းကြိုးပမ်းဆာင်ရွက်နေတဲ့ အစိုးရ၊ လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများ၊ သာသာရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများရဲ့ လုပ်ဆောင်ချက်များကို မျက်ကွယ်ပြုရာရောက်တဲ့ အတွက် ၀မ်းနည်းစရာဖြစ်ပါတယ်။
Deputy Information Minister Ye Htut said Saturday on his Facebook page that he strongly rejected the comments by U.N. Special Rapporteur on Human Rights in Myanmar Tomas Ojea Quintana. He said the criticism did not take into account efforts by the authorities to restore order together with religious and civil society groups.

SRI LANKA: Buddhists attacked a warehouse belonging to a Muslim-
88 Generation student Ko Htay Kywe welcomes to SF Bay Area Burmese
http://www.moemaka.blogspot.de/2013/03/ko-htay-kywe-welcomes-to-sf-bay-area.html
မတ် ၂၈၊ ညနေခင်းက ဆန်ဖရန်စစ္စကိုမြို့တော်လေဆိပ်သို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ရောက်ရှိလာသည်ကို ဒေသခံ မြန်မာ့အရေးလှုပ်ရှားသူများနှင့် San Francisco Burmese Community Organizers & Friends မိတ်ဆွေတို့ကို ၀ိုင်းဝန်းကြိုဆိုခဲ့ကြသည်ကို တွေ့ရစဉ်။ ဒေသခံ မိတ်ဆွေများက ကိုဌေးကြွယ်ကို ညနေစာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြသည်။ မတ်လ ၂၉ ၊ ညနေခင်းတွင် ဖရီးမောင့်မြို့ Centerville ရိပိသာတွင် ဘေးဧရိယာမြန်မာတို့နှင့် တွေ့ဆုံကြမည်ဖြစ်သည်။ လက်ရှိ မြန်မာပြည်တွင် ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အမြန်ဆုံး ငြိမ်းအေးပြီး မြန်မာပြည်သားများ ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ရေး၊ တည်ဆောက်ရေးအတွက် မြန်မာတိုင်းရင်းသားတို့ စုပေါင်း ဆုတောင်းပြီး ဆန္ဒပြုကြမည် ဖြစ်သည်။
Ko Htay Kywe meeting with San Francisco (Bay Ara ) Burmese community
photos jason Hu,
You must be logged in to post a comment.