ရှမ်းပြည်တိုက်ပ 10.12.2014
****************************
တအောင်းဒေသ၊ အမှတ်(၄) ဗျူဟာ နယ်မြေ တွင် (၁၀.၁၂.၂၀၁၄)ယနေ့ နံနက် (၀၅း၀၀)နာရီမှ ယခုအချိန်ထိ တအောင်းတပ်မတော်တပ်ရင်း (၉၁၉)နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်အပြင်းအထန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
တအောင်း တပ်မတော်မှ နယ်မြေစိုးမိုးရေး ကွင်းဆင်းဆောင်ရွက်စဉ် မြန်မာ့တပ်မတော်မှ လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပါးရခြင်း ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
#####
မန်တုံမြို့နယ်တွင် TNLA တပ်မတော်နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်
ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၄ ခု
ယနေ့ညနေပိုင်း ၁၆း၀၅ မှ ၁၆း၄၅ အချိန်တွင် တအာင်းဒေသ၊ မန်တုံမြို့နယ် နမ့်ပါကျိုင်ရွားအနီးတွင် TNLA တအာင်း တပ်မတော် တပ်ရင်း (၃၆၇)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ဒီဇင်ဘာလ ၁၀ ရက်နေ့ တာမိုးညဲမြို့နယ်ခွဲ နံနက် ၅း၀၀ မှ ၁၇း၀၀ အထိ တစ်ကြိမ်နှင့် မန်တုံမြို့နယ် ၁၆း၀၅ မှ ၁၆း၄၅ တွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်။
နံနက်ပိုင်း TNLA, KIA, MNDAA တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့တို့နှင့် ဖြစ်ပွားသော တိုက်ပွဲသည် ညနေ ၁၇း၀၀ နာရီအချိန်တွင် ပြီးဆုံးခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
#####
တာမိုးညဲတွင် TNLA, KIA, MNDAA တိုင်းရင်းသားပူးပေါင်းတပ်တို့နှင့် မြန်မာစစ်တပ် တိုက်ပွဲပြင်းထန်
ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၄ ခု
တာမိုးညဲမြို့နယ်၊ ဆိုင်းခေါင်နှင့် ဟိုပုံကျေးရွာအကြား အမှတ်(၄) ဗျူ ဟာ နယ်မြေတွင် နံနက် ၀၅း၀၀နာရီမှ စပြီးယခု သတင်းရေးသားသည့် နေ့လည်ပိုင်း ၁၅း၃၀ အချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။
တိုက်ပွဲတွင် တအာင်းတပ်မတော် အမှတ်(၄)ဗျူဟာ ကွပ်ကဲမှုအောက်ရှိ တအာင်းတပ်မတော်တပ်ရင်း (၉၁၉) ဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် KIA နှင့် MNDAA တပ်ဖွဲ့တို့လည်းပါဝင်သည်။
တိုက်ပွဲအတွင်းထိခိုက်မှု မသိရသေးပါ၊ ဆက်လက်ပြီး သတင်းနောက်ဆက်တွဲ တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA