#TNLA #တအာင်းဒေသတိုက်ပွဲဆက်တိုက်ပြန်ဖြစ်လာ

Breaking news
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်
တအာင်းဒေသ၊ တပ်မဟာ (၁) နယ်မြေ၊ မန်တုံမြို့နယ်၊ ပန်ကန်းကျေးရွာ အနီးတွင် ယနေ့ နိုဝင်ဘာလ ၆ ရက် နေ့လည် ၁၀း၀၀ နာရီ အချိန်မှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၈၇၆) နှင့် မြန်မာ့တပ်မတော် တပ်မ(၉၉) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲ သတင်းအား ဆက်လက်တင်ပြသွားပါမည်။
ယခုလအတွင်း သုံးကြိမ်မြောက် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။

တအာင်းဒေသတိုက်ပွဲဆက်တိုက်ပြန်ဖြစ်လာ
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်
တအာင်းဒေသ၊ တပ်မဟာ (၁) နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ လုံကမ်ကျေးရွာနှင့် နမ့်ပုံကြားတွင် နိုဝင်ဘာလ ၄ ရက် နေ့လည် ၁၁း၃၀ နာရီ အချိန် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်ရင်း (၁၀၁) နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားသည့်တိုက်ပွဲသည် ညနေ ၁၄း၃၀ နာရီ အချိန်တွင် တိုက်ပွဲပြီးဆုံးသည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ
ထိခိုက်ကျဆုံးမှုရှိပြီး ထိခိုက်ကျဆုံးမှု အသေးစိတ်အား အတည်မပြုနိုင်သေးပါ။
တအာင်းတပ်( TNLA) လှုပ်ရှားစခန်းတစ်အား မြန်မာ့တပ်မတော်မှ နိုင်ဝင်ဘာ (၂) ရက်နေ့ တွင် စတင် တက်ရောက်တိုက်ခိုက်လာကာ ထိုနေ့တွင် ပန်ပူးလေး ကျေးရွာအနီးတွင် တိုက်ပွဲစတင်ဖြစ်ပွားပြီး မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုများသဖြင့် ပိန်းပွန်ကျေးရွာဖက်သို့ ဆုတ်ခွာသွားခဲ့သည်။
တအာင်းတပ်မတော်မှ ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားမည်ကိုစိုးရိမ်သဖြင့် လုံကမ်ဖက် တပ်ရွှေ့လာရာ မြန်မာ့တပ်မတော်မှ ဆက်လက်လိုက်လံ တိုက်ခိုက်ရာမှ နှစ်ဖက် ပြင်းထန်စွာ တိုက်ပွဲ ဖြစ်ပွားရခြင်းဖြစ်သည်။
မန်ပူးလေးကျေးရွာ အနီး တိုက်ပွဲဖြစ်ပွားသည့် နေရာသို့ လိုက်လံရှင်းလင်းခဲ့ရာ ရန်သူ့အလောင်း မြှုပ်နှံ့ထားသည့်နေရာ ၄ နေရာနှင့်ကျည်ဆံအချို့ တွေ့ရှိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

PSLF -TNLA News & Information Department

12189775_411813118943273_5492743132343696820_n12189894_411813112276607_4900142036685451126_n12193388_411813108943274_3700299494184915177_n

#PSLF/TNLA #တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော် တိုက်ပွဲပြန်လည်ဖြစ်ပွား

တအာင်းတပ်မတော်နှင့်မြန်မာ့တပ်မတော် တိုက်ပွဲပြန်လည်ဖြစ်ပွား
၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၉ ရက်
တအာင်းဒေသ၊ တပ်မဟာ(၅) နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ မန်ပုံကျေးရွာနှင့် ဟိုဖျက်ကျေးရွာကြားတွင်
ယနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ ယခု ၁၃း၃၀ နာရီတွင် တအာင်းတပ်မတော် တပ်ရင်း (၃၃၅)နှင့် မြန်မာ့တပ်မတော် တပ်မ (၉၉)တို့နှစ်ဖက်ရင်ဆိုင်တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
တိုက်ပွဲနောက်ဆက်တွဲသတင်းအား ဆက်လက်တင်ပြသွားပါမည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

PSLF -TNLA News & Information Department

TNLA

#တပ်မဟာ(၂) နယ်မြေ တိုက်ပွဲ #ပိုမိုပြင်းထန်

ဇွန်လ ၂၅ ရက် တစ်ရက်တည်း တအာင်းဒေသ တိုက်ပွဲ (၄) ကြိမ် ဖြစ်ပွား
၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်
တအာင်းဒေသ၊ တပ်မဟာ(၁) နယ်မြေ ၊ကွတ်ခိုင်မြို့နယ်၊ နားလိုင်ကျေးရွာအနီးတွင် ယနေ့ညနေ ၁၉း၁၀မှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၄၇၈) နှင့် မြန်မာ့တပ်မတော် တပ်မ(၇၇) တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက် ကျဆုံးမှု မသိရှိရသေးပါ။
ယနေ့ဇွန်လ ၂၅ ရက်နေ့ တစ်ရက်တည်းတွင် ၀၉း၂၅ နာရီမှ ၁၀း၃၀အထိ တစ်ကြိမ်၊ ၁၀း၄၅ မှ ၁၂း၂၀ အထိ တစ်ကြိမ်၊ ညနေ ၁၅း၁၀ မှ ၁၅း၃၀ အထိ တစ်ကြိမ် ယခု နားလိုင်ရွာအနီးတိုက်ပွဲသည် တအာင်းဒေသတွင်း (၄)ကြိမ်မြောက် တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်။
သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA

 

https://democracyforburma.wordpress.com/2015/06/24/pslftnla-သတင်း%E1%82%8F%E1%80%BDင့်-%E1%80%BBပန်%E1%81%BEကားရေ/

တပ်မဟာ(၂) နယ်မြေ တိုက်ပွဲ ပိုမိုပြင်းထန်
၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်
တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာနှင့် ပန်လောကျေးရွာကြားတွင် ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၀၉း၂၅ နာရီမှ ယခုအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၉၈၇)နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့ နှစ်ဖက်ရင်ဆိုင် တိုက်တွင် ၁၀း၀၅ နာရီအချိန်တွင် တိုက်ပွဲ ခေတ္တငြိမ်သက်ရာမှ ၁၀း၄၅ အချိန်တွင် တိုက်ပွဲ ပြန်လည်စတင်ပြီး ၁၂း၂၀ အချိန်တွင် တိုက်ပွဲပြန်လည်ငြိမ်သက်ကာ နှစ်ဖက်စောင့်ကြည့်သည့်အနေအထားတွင်ရှိနေသည်။
တအာင်းတပ်မတော် ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုရှိသည်။
သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA

TNLA

#PSLF/TNLA #သတင်းနှင့် ပြန်ကြားရေးဌာန ၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်

1897902_384629994994919_2984091955504866127_n

ယခုရက်ပိုင်း၊ တအာင်းဒေသအတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွား မြန်မာ့တပ်မတော်မှ လူနေအိမ်မီးရှို့ ရွာသားများခြိမ်းခြောက် မှုပြုလုပ်ခဲ့
၂၀၁၅ ခုနှစ် ဇွန်လ ၂၃ ရက်
တအာင်းဒေသ၊ တပ်မဟာ (၂) နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ကွင်းစလန်းကျေးရွာအနီးတွင် ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁၁း၃၀ မှ ၁၂း၀၀ နာရီအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း(၉၈၇)နှင့် မြန်မာ့တပ်မတော် တပ်မ (၇၇) တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
ယခုရက်ပိုင်း ဇွန်လ ၁၇ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားပြန်လည်ဖြစ်ပွားခဲ့သည်။
ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်း တအာင်းဒေသအတွင်း မြန်မာ့တပ်မတော်မှ စစ်အင်အား တစ်ထောင်ကျော် ထပ်မံအင်အားဖြည့်တင်းထားပြီး၊ အမြောက် လက်နက်ကြီးများလည်း တင်ဆောင်လာပြီး ရှေ့တန်းတပ်စခန်းအသီးသီးသို့ ပို့ဆောင်ထားသည်။
ဇွန်လ ၁၉ ရက်နေ့တွင်လည်း၊ ကွတ်ခိုင်မြို့နယ်၊ ကျရမ်းကျေးရွာ(တအာင်းရွာ) အတွင်း ၀င်ရောက်ကာ ရွာသားများအား ရွာအလယ်တွင် ခေါ်စုကာ မိမိကျေးရွာ ဧရိယာအတွင်း တိုက်ပွဲဖြစ်ပွားပါက ကျေးရွာသားအားလုံးသတ်ပစ်မည်၊ ရွာပါမီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ကာ ကျေးရွာလူထု အနီးဝန်းကျင်တွင် သေနတ်များ ပစ်ဖောက်ခြိမ်း ခြောက်ကာ ၄င်းနောက်တွင် လူနေအိမ် တစ်လုံးပါ မီးရှို့ ဖျက်ဆီးခဲ့သည်။
သတင်းနှင့် ပြန်ကြားရေးဌာန
PSLF/TNLA

TNLA

#19/2 #UPDATE #War News #ဓာတ်ပုံ.. #တရုတ်သတင်းမီဒီယာ လောက်ကိုင်မြို့တွင် #တိုက်ပွဲအခြေအနေပြင်းထန်

Kyaw Thu
နာရေးကူညီမှုအသင်း-ရန်ကုန်

11001784_1795264994032127_7770346905050870935_n11002494_1795265017365458_8453739084777514461_n

လောက်ကိုင်မှစစ်ဘေးတိမ်းရှောင်လာသည့် ပြည်သူတစ်ဦးယမန်နေ့ မန်လီရူးဝါးနှင့် လုံထန်အကြား ကိုးကန့်တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့်သေဆုံး 1922279_711427755622523_5490743769708975791_n-1 ကုန်ကြမ်းတွင် ပိတ်မိနေသည့် ကျောင်းဆရာမ ၂၀ ဦးကို ကယ်တင်နိုင်ရန် ဆောင်ရွက်လျက်ရှိ 10408158_711428902289075_7682897653428995388_n

MNDAA RED CROSS ATTACK

MNDAA RED CROSS ATTACK

10337693_1417886561843017_8718061633591768616_n10392309_1417886581843015_6746986179560971001_n Senior General Min Aung Hlaing ရှမ်းပြည်နယ် (ကိုးကန့်) ကိုယ် ပိုင် အုပ် ချုပ် ခွင့်ရ ဒေ သ တွင် အုပ် ချုပ် ရေး ဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို ဗိုလ်မှူးကြီး စောမြင့်ဦးအား လွှဲပြောင်းပေးအပ် … ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၁/ ၂၀၁၅) ၁၃၇၆ခုနှစ်၊ တပေါင်းလဆန်း(၁)ရက် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက် ၁။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) စစ်အုပ်ချုပ်ရေး ကြေညာချက်အမှတ်(၁)ကို ၁၃၇၆ခုနှစ်၊ တပို့တွဲလပြည်ကျော်(၁၄)ရက်၊ ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇)ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ်၊ ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦးအား စစ်အုပ်ချုပ်ရေးဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များကို လည်းကောင်း ကျင့်သုံးဆောင်ရွက်ရန် ထုတ်ပြန်ပြီးဖြစ်သည်။ ၂။ စစ်အုပ်ချုပ်ရေး ဒေသအတွင်းရှိ ဒေသအတွင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းတာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ ကွပ်ကဲမှုအရ ဆောင်ရွက်ရမည်။ ၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများ သတ်မှတ်၍ စစ်နယ်မြေ မှူးများကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင်သည်။ ၄။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ဒေသအတွင်း မိမိကိုယ်တိုင်သော် လည်းကောင်း၊ စစ်နယ်မြေမှူးများ ဖြင့်လည်းကောင်း၊ မိမိ တာဝန် လွှဲအပ်သော ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော် လည်းကောင်း၊ အောက်ပါ ကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်- (က) အုပ်ချုပ်ရေး ၁- လုံခြုံရေး ကိစ္စရပ်များ၊ ၂- လူမှုရေး ကိစ္စရပ်များ၊ ၃- ကုန်သွယ်ရေး ကိစ္စရပ်များ၊ ၄- သယ်ယူပို့ဆောင်ရေး ကိစ္စရပ်များ။ (ခ) တရားစီရင်ရေး ၁- တရားရုံးများဖြင့် ဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေး ကာလအတွင်း ပြစ်မှုဆိုင်ရာ မူခင်းများကို တည်ဆဲ ဥပဒေအရ ဖွဲ့စည်းထားသော တရားရုံးများဖြင့် ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့် ဖြစ်စေ စစ်ဆေးစီရင်နိုင်သည်။ ၂- စစ်ခုံရုံးဖြင့် စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှုဆိုင်ရာ မူခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင် နိုင်သည်။ ၃- ပြစ်ဒဏ်ချမှတ်ခြင်း။ တည်ဆဲ ဥပဒေများတွင် မည့်သို့ပင် ပါရှိစေကာမူ နောက်ဆက်တွဲ ဇယား(က)ပါ ပြစ်မှု တစ်ခုခုကို ကျူးလွန်သူ တစ်ဦးအား စစ်ခုံရုံးက ပြစ်မှု ထင်ရှား စီရင်ပါက အောက်ပါ ပြစ်ဒဏ် တစ်မျိုးမျိုးကို ချမှတ်ရမည်- (ကက) သေဒဏ်၊ (ခ ခ) နှစ်အကန့်အသတ်မရှိသော အလုပ်နှင့် ထောင်ဒဏ်၊ (ဂ ဂ) သုံးနှစ်အောက်မလျော့သော အလုပ်နှင့် ထောင်ဒဏ် သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်နှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။ ၄- အတည်ပြုခြင်း။ စစ်ခုရုံးများက ချမှတ်သော ဆုံဖြတ်ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ်မရှိသော ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်းသည် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၀၈၃၀ ဗိုလ်မှူးကြီး စောမြင့်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ အတည်ပြုချက် ရရှိမှသာ အတည်ဖြစ် သည်။ အတည်ပြုခြင်းနှင့် ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်- (ကက) ပြစ်မှုထင်ရှား စီရင်ခြင်းကို ပယ်ဖျက်ခြင်း၊ (ခ ခ) ပြစ်ဒဏ် လျော့ပေါ့စေခြင်း၊ Continue reading “#19/2 #UPDATE #War News #ဓာတ်ပုံ.. #တရုတ်သတင်းမီဒီယာ လောက်ကိုင်မြို့တွင် #တိုက်ပွဲအခြေအနေပြင်းထန်”

!! #TNLA #မြန်မာစစ်တပ်မှ #တအာင်းရွာသားတစ်ဦးအား #ဖမ်းဆီးနှိပ်စက်

မြန်မာစစ်တပ်မှ တအာင်းရွာသားတစ်ဦးအား ဖမ်းဆီးနှိပ်စက်
၅ ရက် ဖေဖော်ဝါရီလ ၂၀၁၄ ခု
ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မိုးကုတ်မြို့နယ်၊ ဆိုင်းလိန်ကျေးရွာနေ အဘ-ဦးဘစံ အမိ- ဒေါ်ခမ်းမှတ်တို့သား မိုင်းနေထွန်းအား နနံက် (၁၁)နာရီခန့်တွင် ဆိုင်းလိန်ရွာတွင် လာရောက်လှုပ်ရှားသည့် မြန်မာစစ်တပ်စစ်ကြောင်းမှ TNLA တအာင်းတပ်မတော်နှင့် စပ်ဆက်မှုရှိသူဟု စွပ်စွဲကာ
ဖမ်းဆီးရိုက်နှက် ညှင်းပန်းလျက်ရှိကြောင်း သိရသည်။ မိုင်းနေထွန်းသည် သာမာန် ကျေးရွာသား တစ်ဦးသာဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

###

February 5th Breaking News- မြန်မာစစ်တပ်မှ တအာင်းတပ်မတော်အား ထိုးစစ်ဆင်နေမှု အခြေအနေ
ယနေ့ ဖေဖော်ဝါရီလ ၅ ရက် နံနက် ၁၁း၀၀ နာရီခန့်တွင် မြန်မာစစ်တပ် လေတပ်မှ ဤရက်အတွင်း TNLAနှင့် တိုက်ပွဲဖြစ်ပွားရာ မိုးကုတ်မြို့အနီး အံဖွယ်ဝင်္ကဘာတောင် အနီးတွင်ဂျတ်လေယာဉ် (၁)စီး နှင့် မိုင်းငေါ့ ပါလိုင်ကျေးရွာအုပ်စု ၀န်းကျင်တွင် ဂျတ်လေယာဉ် (၁)စီး ဝေဟင်မှ
ပျံသန်းပြီး ပစ်မှတ်လေ့လာသွားခဲ့သည်။
ထို့အပြင် မိုးမိတ်အခြေစိုက် မြန်မာ့စစ်တပ်မှလည်း TNLAနှင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့ (၂) အဖွဲ့ စေလွှတ်လာပြီး အထူးတိုက်ခိုက်ရေးကွန်မန်ဒိုအဖွဲ့ တစ်ဖွဲ့မှာ မိုးကုတ်မြို့အနီး အံဖွယ်ဝင်္ကဘာတောင်ဝန်းကျင် ခြေရာဖျောက်သွားသည်။
တဖန် မိုင်းငေါ့ရှိ မြန်မာစစ်တပ်ဖွဲ့မှ ခွန်ခါရှိ တပ်ဖွဲ့နှင့် ပေါင်းစည်းကာ အင်အား (၃၀၀)ကျော်ခန့် စစ်ကြောင်းမှလည်း တိုက်ပွဲဖြစ်ပွားရာအနီး မင်းကုန်းရွာဘက်သို့ စစ်အင်အားထပ်မံစေလွှတ်တိုးမြှင့်ထားပြီး မိုးကုတ်အခြေစိုက် မြန်မာ့စစ်တပ်ဖွဲ့များလည်း အံဖွယ်ဝင်္ကဘာတောင်တို့ လာရောက်စုစည်းထားကြောင်း သိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

####

TNLA

TODAY Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး လေယာဉ်များသည် တိုက်ပွဲဖြစ်ပွါးရာနေရာဖြစ်သည့် ဆိုင်းလိန်ရွာနှင့် ရွှေညောင်ပင်ရွာ ၀န်းကျင်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၀၀နာရီချိန်တွင် ထပ်မံရောက်ရှိဝဲပျံ လျှက်ရှိသည်။ လေယာဉ်နှစ်စီးသည် တအာင်းတပ်မတော် TNLA တပ်စွဲထားသည့်တောင်ကုန်းနေရာအား ဗုံး(၂)လုံးကြဲသွားခဲ့သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်(၂)စီးသည် လားရှိုးမြို့မှ တိုက်ပွဲဖြစ်ပွါးရာဒေသဖြစ်သည့်မိုးကုတ်နှင့် မိုးမိတ်မြို့နယ်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၃၀နာရီချိန်တွင် ထပ်မံသွားရာက်သည်။
Update News; မြန်မာစစ်တပ်တိုက်ခိုက်ရေး ရဟတ်ယာဉ်(၂)စီးသည် လားရှိုးမြို့မှ တိုက်ပွဲဖြစ်ပွါးရာဒေသဖြစ်သည့်မိုးကုတ်နှင့် မိုးမိတ်မြို့နယ်သို့ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ နံနက် ၀၉း၃၀နာရီချိန်တွင် ထပ်မံသွားရာက်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
မိုးမိတ်မြို့နယ်၊ လွယ်ဆာကျေးရွာအနီး စစ်ရဟတ်ယာဉ်(၄)စီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားဒေသခံ များအား ထိခိုက်ကာ အတွင်းလူနာအဖြစ် အရေးပေါ်ဆေးရုံတင်ထားရ Continue reading “!! #TNLA #မြန်မာစစ်တပ်မှ #တအာင်းရွာသားတစ်ဦးအား #ဖမ်းဆီးနှိပ်စက်”

#တိုက်ပွဲ #Update #သတင်း #WAR #NEWS #TNLA #FIGHTING #BURMESE #ARMY #20/1/2015

JOINT STATEMENT MNDAA TNLA,AA,

တိုက်ပွဲ Update သတင်း
၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်
တအာင်းဒေသ၊ မိုးမိတ်မြို့နယ်၊ ညောင်ထောက်ကျေးရွာနှင့် ရောင်ပန်ကျေးရွာကြား ယနေ့ဇန်န၀ါရီလ ၂၀ ရက် နံနက်(၀၈း၄၅) နာရီမှ (၀၉း၃၀) နာရီအချိန်ထိ တအာင်းတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်တို့ ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဖက်မှ (၅)ဦး ကျဆုံးသည်။
သတင်နှင့်ပြန်ကြားရေးဌာန
PSLF/TNLA
Ta’arng Land HQ

TNLA

#PSLF #TNLA#ရှမ်းပြည်တိုက်ပ #10.12.2014

ရှမ်းပြည်တိုက်ပ 10.12.2014

PSLF/TNLA
****************************
တအောင်းဒေသ၊ အမှတ်(၄) ဗျူဟာ နယ်မြေ တွင် (၁၀.၁၂.၂၀၁၄)ယနေ့ နံနက် (၀၅း၀၀)နာရီမှ ယခုအချိန်ထိ တအောင်းတပ်မတော်တပ်ရင်း (၉၁၉)နှင့် မြန်မာ့တပ်မတော်တို့ နှစ်ဘက်အပြင်းအထန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။
တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်ကျဆုံးမှု မသိရှိရသေးပါ။
တအောင်း တပ်မတော်မှ နယ်မြေစိုးမိုးရေး ကွင်းဆင်းဆောင်ရွက်စဉ် မြန်မာ့တပ်မတော်မှ လိုက်လံ ပိတ်ဆို့ တိုက်ခိုက်နေခြင်းကြောင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပါးရခြင်း ဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

#####

မန်တုံမြို့နယ်တွင် TNLA တပ်မတော်နှင့် မြန်မာစစ်တပ် တိုက်ပွဲဖြစ်
ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၄ ခု

ယနေ့ညနေပိုင်း ၁၆း၀၅ မှ ၁၆း၄၅ အချိန်တွင် တအာင်းဒေသ၊ မန်တုံမြို့နယ် နမ့်ပါကျိုင်ရွားအနီးတွင် TNLA တအာင်း တပ်မတော် တပ်ရင်း (၃၆၇)နှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ တာမိုးညဲမြို့နယ်ခွဲ နံနက် ၅း၀၀ မှ ၁၇း၀၀ အထိ တစ်ကြိမ်နှင့် မန်တုံမြို့နယ် ၁၆း၀၅ မှ ၁၆း၄၅ တွင် တစ်ကြိမ် ဖြစ်ပွားခဲ့သည်။

နံနက်ပိုင်း TNLA, KIA, MNDAA တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့တို့နှင့် ဖြစ်ပွားသော တိုက်ပွဲသည် ညနေ ၁၇း၀၀ နာရီအချိန်တွင် ပြီးဆုံးခဲ့သည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

#####

တာမိုးညဲတွင် TNLA, KIA, MNDAA တိုင်းရင်းသားပူးပေါင်းတပ်တို့နှင့် မြန်မာစစ်တပ် တိုက်ပွဲပြင်းထန်
ဒီဇင်ဘာလ ၁၀ ရက် ၂၀၁၄ ခု
တာမိုးညဲမြို့နယ်၊ ဆိုင်းခေါင်နှင့် ဟိုပုံကျေးရွာအကြား အမှတ်(၄) ဗျူ ဟာ နယ်မြေတွင် နံနက် ၀၅း၀၀နာရီမှ စပြီးယခု သတင်းရေးသားသည့် နေ့လည်ပိုင်း ၁၅း၃၀ အချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲတွင် တအာင်းတပ်မတော် အမှတ်(၄)ဗျူဟာ ကွပ်ကဲမှုအောက်ရှိ တအာင်းတပ်မတော်တပ်ရင်း (၉၁၉) ဖြစ်ပြီး မဟာမိတ်တပ်ဖွဲ့ဝင်များဖြစ်သည့် KIA နှင့် MNDAA တပ်ဖွဲ့တို့လည်းပါဝင်သည်။

တိုက်ပွဲအတွင်းထိခိုက်မှု မသိရသေးပါ၊ ဆက်လက်ပြီး သတင်းနောက်ဆက်တွဲ တင်ပြသွားပါမည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

#နမ့်ခမ်းမြို့နယ် မိုင်းဝီးအခြေစိုက် မြန်မာတပ်ကို #TNLA #တပ်မတော်မှ ၀င်ရောက်ပစ်ခတ်

Pslf-Tnla

နမ့်ခမ်းမြို့နယ် မိုင်းဝီးအခြေစိုက် မြန်မာတပ်ကို TNLA တပ်မတော်မှ ၀င်ရောက်ပစ်ခတ်
အောက်တိုဘာလ ၂၈ ရက် ၂၀၁၄

နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာတွင် အခြေစိုက်လှုပ်ရှားသည့် မြန်မာစစ်တပ်အား TNLA တပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း (၄၇၈)မှ ယနေ့ နံနက် ၀၆း၁၅ မှ ၀၆း၄၅ အထိ မိနစ်သုံးဆယ်ကြာ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဝင်ရောက်ပစ်ခတ်ရာတွင် လက်နက်ငယ်များအပြင် လက်နက်ကြီး ၅ လုံးကျော်ဖြင့် ပစ်ခတ်ခဲ့ပြီး မြန်မာတပ်မှ ထိခိုက်မှုအခြေအနေကိုမူ အတိအကျ မသိရသေးကြောင်း TNLA တပ်ရင်းအရာရှိမှ တိုက်ပွဲအစီအရင်ခံသည်။

နမ့်ခမ်းမြို့နယ်အတွင်းရှိ ဖဒဲန်အုပ်စု၊ မန်လုံအုပ်စု၊ ကောင်းဝိုင်းအုပ်စုရှိ ရွာများအတွင်း မြန်မာစစ်တပ်မှ နေရာယူထား သည့်အပြင် ကျရာမ်းရွာဘက်သို့လည်း စစ်အင်အားများ ဖြည့်တင်းထားသည်။ မြန်မာစစ်တပ်တို့သည် TNLA တပ်ဖွဲ့များ ရှိမည်ဟုထင်သည့် တောထဲသို့ ပတ်စိပ်တိုက် ရှာဖွေလျက်ရှိကြောင်း ရွာသားများကိုလည်း ဖိနှိပ်အနိုင်ကျင့်မှုများ လုပ်နေသည်ကို တွေ့ရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

10710928_731561173590751_6222472229552090552_n

#နမ့်ဆန်တွင် #TNLA #တပ်မတော်နှင့် တပ်မ (၇၇)တိုက်ပွဲဖြစ် မြန်မာတပ်မှ အထိနာ နောက်ဆက်တွဲ သတင်း

Pslf-Tnla 21/10/2014

နမ့်ဆန်တွင် TNLA တပ်မတော်နှင့် တပ်မ (၇၇)တိုက်ပွဲဖြစ် မြန်မာတပ်မှ အထိနာ နောက်ဆက်တွဲ သတင်း
၂၁ ရက် အောက်တိုဘာလ ၂၀၁၄ ခုနှစ်
နမ့်ဆန်မြို့အနီး နမ်းခေးရွာတွင် ယနေ့ နံနက် ၀၅း၀၀ မှ ၀၅း၃၀ အထိ TNLA တပ်မဟာ (၂) လက်အောက်ခံ၊ တပ်ရင်း အမှတ် (၂၅၆)နှင့် မြန်မာစစ်တပ် တပ်မ (၇၇)လက်အောက်ခံ ခမရ (၁၀၆)တို့ တိုက်ပွဲဖြစ်ပွားရာမှာ
TNLA မှ ပစ်ခတ်လိုက်သော RPG ကြောင့် မြန်မာစစ်တပ်မှ ၂ ဦး ကျဆုံးပြီး ၂ ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ဒဏ်ရာရ မြန်မာစစ်သားကို စစ်တပ်စေခိုင်းမှုအရ နမ့်ခေးရွာမှ ထမ်းခေါ်ဆောင်သွားကြောင်းနှင့် ၉-နာရီကျော်အထိ နမ့်ဆန်ဆေးရုံကို မရောက်ရှိသေးကြောင်း သိရသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉ ၄၉၃၁၄၉၅၁၊ ၀၉ ၂၅၆၄၆၅၆၈၁၊ ၀၉ ၄၇၁၃၂၁၁၈၊ ၀၆၉၂ ၆၂၂၄၈၅၈

TNLA