ငြိမ်းချမ်းရေး အမြန်ရချင်ရင် ကချင်ပြည်နယ်တပ်စွဲထားတဲ့ စစ်တပ်များ အမြန်ထွက်ပေးပါ
11 April 2014 post by Kachinwave News
မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရနှင့် ဦးမင်းအောင်လှိုင်အစိုးရ အစိုးရနှစ်ခုရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။
ဒါမဟုတ် သူတို့ ဘာတွေအပေး အယူလုပ်ထားကြလည်းတော့ သူတို့မှလွဲပြီး ဘယ်သူမှ သိနိုင်မည် မဟုတ်။
ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေတယ်။ မင်းအောင်လှိုင်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေက သူ့မယားခိုး ယူထားပေးတဲ့ အတိုင်း ရှိသမျှလက်နက်အင်အား လူအင်းအားသုံးပြီး တိုက်နေသည်။
ဧပြီ ၁၀ ရက်နေ့မှ စပြီး ယခုအချိန်ထိ ကချင်ပြည်နယ် မန်ဝင်းကြီးအနီးတွင် မင်းအောင်လှိုင်အစိုးရမှ တပ်မ (၆၆) အောက် တပ်ရင်း (၁၀) ခုခန့်မှ စစ်သားများ အင်အား တစ်ထောင် (၁၀၀၀) ၀န်းကျင်ခန့် နှင် ကေအိုင်အေ တပ်မဟာ(၃) အောက်မှ တပ်ရင်းများနှင့် တိုက်ပွဲ ပြင်းထန်လျှက်ရှိသည်။ အစိုးရတပ်များမှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျှက်ရှိသည်။
‘သူတို့ ပုံစံအတိုင်းဆို တိုက်ပွဲ ပြင်းထန်အုံးမယ်ထင်တယ်။’ဟု ကေအိုင်အေအရာရှိ တစ်ဦးမှဆိုသည်။
မန်စီမြို့နယ် မန်ဝင်းကြီးကျေးရွာတစ်ဝှိက်မှ နောင်စွမ်း၊ ပန်ခမ်း၊ နောင်မွန်းအစရှိသည့် ကျေးရွာ ၁၁ ရွာမှ ဒေသခံ ရှမ်းလူမျိုးများနှင့် လဂတ်ယန် စစ်ဘေးဒုက္ခသည် စခန်းမှ စစ်ဘေးဒုက္ခသည် ၂၀၀၀ ခန့် မန်းဝင်ကြီးနှင့် တရုတ်ပြည်သို့  ထွက်ပြေးနေကြရသည်။
ထိုနားအ၀ိုက်ရှိ စစ်ဘေးဒုက္ခသည် စခန်းအချို့အတွက်လည်း စိုးရိမ်စရာဖြစ်နေသည်။ ထိုစစ်ဘေးဒုက္ခသည်များသည် ၂၀၁၃ နိုဝင်ဘာ လတုန်းက နမ်းလင်းပါ မှ အစိုးရတပ်များ ၀င်လာသည့်အတွက် ထွက်ပြေးလာရသည့် စစ်ဘေးဒုက္ခသည်များဖြစ်ပြီး အခုလည်း ဒုက္ခသည် ဘ၀များ ထပ်ဆင့် ဒုက္ခသည်ဘ၀သို့ ရောက်ရှိခဲ့သူများဖြစ်သည်။
“ထွက်ပြေးတဲ့ ဒုက္ခသည်တွေနဲ့ ရွာသားတွေက ဘာပစ္စည်းမှ ပါမလာဘူး လူလွတ်ရုံ ပဲ ထွက်ပြေးလာကြတယ်။”ဟု မန်ဝင်းကြီးမှ ဒေသခံတစ်ဦးမှဆိုသည်။
ငြိမ်းချမ်းရေးဖော်ဖော်ဆောင်ရေးမှာ စစ်တပ်က ပါဝင်မှုအားနည်းကြောင်း ကုလအထူးကိုယ်စားလှယ် Mr.Nambiar လည်း ဧပြီ(၃) ရက်နေ့ ကေအိုင်အေ ဗဟိုနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။
ပါဝင်မှုအားနည်းနေတာ မဟုတ်ဘူး ပါဝင်မှုကို မရှိတာလို့ပဲ ကျွန်တော်ထင်တယ်။
ကချင်ပြည်နယ်အနံ့ မင်းအောင်လှိုင်အစိုးရမှ ထိုစစ်ဆင်လျှက်ရှိပြီး ပြည်နယ်အနံ့ တိုက်ပွဲမကြာခင် ပြန်လည်ပြင်ထန်းလာတော့မည်ကို ဒေသခံများမှ စိုးရိမ်နေကြသည်။ တနိုင်းပယင်းမှော်လည်း မင်းအောင်လှိုင်အစိုးရ သိမ်းဖို့ ပြင်ဆင်နေပြီ။
ဖားကန့်လမ်းတစ်လျှောက်၊ မြစ်ကြီးနား -ဆွမ်ပရာဘွမ် -ပူတာအို လမ်းတစ်လျှောက်၊ နေရာတကာကချင်ပြည်နယ် ပြည်သူများ အမုန်းဆုံး မမြင်ချင်ဆုံး စစ်သားများကို မြင်နေရသည်။ နေရာ အနံ့ လမ်း တောက်လျှောက် သူတောင်းစားပမာ တောင်းစားနေကြသည်။
ဖားကန့်ကျောက်တူးသမားများကိုလည်း စစ်တပ်မှ လိုက်ဖမ်းပြီး ဖမ်းမိသူများအား ငွေတောင်းစားနေတယ်။ ဖမ်းမိသည့် ကျောက်တူးသမားများထံ ပါသမျှပစ္စည်းတွေ အကုန်ယူကြတယ်။
ကချင်ပြည်နယ်သား ကျွန်တော်တစ်ဦးအနေ့ “စစ်တပ်က ကချင်ပြည်နယ်ကို ဘာဖြစ်စေချင်လဲ။ အစိုးရ ကချင်ပြည်နယ်ကို ဘယ်လိုသဘောထားလဲ။ စစ်တပ်ဖြစ်တဲ့ဟာကို ရှင်းရှင်းလင်းလင်းပြောပါ။ ခင်ဗျားတို့ဖြစ်ချင်တာပြောရင် ကျွန်တော်တို့ လုပ်သင့်တာ လုပ်ရမယ်။” ဆိုသည့်စကားတွေကိုပဲ မေးချင် ပြောချင်နေမိတယ်။
စစ်တိုက်နေပြီး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စမှန်း ဘယ်သူကိုပဲ မေးမေး အားလုံး သိတဲ့ အဖြေပါ။
ကျွန်တော်ထင်တယ် ကချင်ပြည်နယ်နဲ့ ငြိမ်းချမ်းရေး အမှန်တယ် ရချင်ရင် ထိုးစစ်ဆင်၊ ပြည်သူတွေကို နှိပ်စက်၊ မိန်းမတွေကို မုဒိန်းကျင့် ၊ မရှိသူများမှ ငွေတွေ တောင်းစားနေပြီး ဆွေးနွေးနေမည့်အစား ကချင်ပြည်နယ်မှာ ရှိတဲ့ စစ်တပ်တွေ အကုန်လုံး အမြန်ဆုံးထွက်သွားပါ။
ကျွန်တော်လည်း ခင်ဗျားတို့ စစ်တပ် ကချင်ပြည်နယ်မှာမှ အမြန်ဆုံးထွက်သွားနိုင်ဖို့ ဆုတောင်းနေမယ်။