Than Tun Than
မောင်တော နှင့် ဘူးသီးတောင် မှ
ပြည်နယ်လွှတ်တော်အမတ် ၂ ယောက်
ဂျာဟင်းကီးရ် နှင့် ဘော်ရှီးအာမတ် တို့
အာဏာပိုင်တို့တွင် ချည်းကပ်ပြီး
လူမျိုးအမည် မူဆလင် ဟု ရေးသွင်းပေးရန် ကြိုးစားနေကြကြောင်း သိရှိရသည် ။
သူတို့၏ မိသားစု နှစ်ခုစလုံးက ရိုဟင်ဂျာုဟု ပြောကြသောကြောင့် မရာမများ သန်းခေါင်စာရင်းမကောက်ခဲ့ရဘဲ ပြန်ုလှည့်လာကြသည် ။ုမောင်တောမြို့
သန်းခေါင်စာရင်း အထူးသတင်း
စစ်တွေ ၊ ၀၄ ဧပြီလ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]
ရိုဟင်ဂျာ ဟု မိမိကိုယ်ကို ကြေငြာသူများအား ဆက်လက် မေးမြန်းခြင်းမပြုဘဲ သန်းခေါင်စာရင်းတွင် မှတ်တန်းတင်ခြင်းမပြုရန် သန်းခေါင်စာရင်းကောက်ခါစကာလက ကျင့်သုံးလုပ်ဆောင်ခဲ့သော်လည်း၊ ယနေ့မနက်ပိုင်းမှစ၍ ထိုသူများအား လူမျိုးစာတိုင်တွင် 914 ဟု မှတ်သားကာ ကျန်သော အချက်အလက်များအား အပြည့်အစုံ ဆက်လက်မှတ်တမ်းတင်ကြရန် စာရင်းကောက်များ နှင့် စာရင်းစစ် များအား ညွှန်ကြားထားကြောင်းသိရသည်။
ဤသည်မှာ ရိုဟင်ဂျာ ဟု မိမိကိုယ်ကို ကြေငြာသူများအား စာရင်းမကောက်ဘဲ ချန်ထားမည်ဖြစ်ကြောင်း အစိုးရဘက်မှ တရားဝင် ပြောဆိုမှုများထွက်လာပြီးနောက် ယင်းမူများ စတင်းယိမ်းယိုင်လာကြောင်း ပထမဦးဆုံး လက္ခဏာဖြစ်သည်။
ထိုကဲ့သို့ အပြည့်အစုံစာရင်းကောက်ယူပြီးနောက် လူမျိုးစာတိုင်တွင် 914 ရေးသွင်းပြီး ကွက်လပ်ဖြစ်နေသူများ၏ လူဦးရေကို ရိုဟင်ဂျာဦးရေ ဖြစ်သည် ဟု UNFPA မှ တစ်ဆင့် နိုင်ငံတကာ အသိုက်အ၀န်းမှ သိရှိမည်ဖြစ်ပြီး ယင်းတို့အတွက် ကိုယ်ဖိရင်ဖိ ကူညီမှုများကို စနစ်တကျ မည်ကဲ့သို့ လုပ်ဆောင်နိုင်မည်ကို နိုင်ငံတကာအဖွဲ့အစည်းများက ထိရောက်စွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ယနေ့မှစ၍ နိုင်ငံခြားသားပညာရှင်လေးဦး သန်းခေါင်စာရင်းကောက်အဖွဲ့များနှင့်အတူ လိုက်ပါကြည့်ရှုမည်ဆိုသော သတင်းထွက်လာပြီးနောက် စာရင်းကောက်များ နှင့် စာရင်းစစ်များအား ဤညွှန်ကြားချက်ကို အစိုးရက Continue reading “BURMA MYANMAR: စစ်တွေ ၊ ၀၄ ဧပြီလ ၂၀၁၄ ၊ Coral Arakan News”
You must be logged in to post a comment.