ငြိမ်းချမ်းရေး အမြန်ရချင်ရင် ကချင်ပြည်နယ်တပ်စွဲထားတဲ့ စစ်တပ်များ အမြန်ထွက်ပေးပါ
11 April 2014 post by Kachinwave News
မြန်မာနိုင်ငံမှာ ဦးသိန်းစိန် အစိုးရနှင့် ဦးမင်းအောင်လှိုင်အစိုးရ အစိုးရနှစ်ခုရှိတယ်လို့ ကျွန်တော် ယုံကြည်တယ်။
ဒါမဟုတ် သူတို့ ဘာတွေအပေး အယူလုပ်ထားကြလည်းတော့ သူတို့မှလွဲပြီး ဘယ်သူမှ သိနိုင်မည် မဟုတ်။
ဦးသိန်းစိန်အစိုးရက တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်နေတယ်။ မင်းအောင်လှိုင်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေက သူ့မယားခိုး ယူထားပေးတဲ့ အတိုင်း ရှိသမျှလက်နက်အင်အား လူအင်းအားသုံးပြီး တိုက်နေသည်။
ဧပြီ ၁၀ ရက်နေ့မှ စပြီး ယခုအချိန်ထိ ကချင်ပြည်နယ် မန်ဝင်းကြီးအနီးတွင် မင်းအောင်လှိုင်အစိုးရမှ တပ်မ (၆၆) အောက် တပ်ရင်း (၁၀) ခုခန့်မှ စစ်သားများ အင်အား တစ်ထောင် (၁၀၀၀) ၀န်းကျင်ခန့် နှင် ကေအိုင်အေ တပ်မဟာ(၃) အောက်မှ တပ်ရင်းများနှင့် တိုက်ပွဲ ပြင်းထန်လျှက်ရှိသည်။ အစိုးရတပ်များမှ လက်နက်ကြီးများ ဆက်တိုက် ပစ်ခတ်လျှက်ရှိသည်။
‘သူတို့ ပုံစံအတိုင်းဆို တိုက်ပွဲ ပြင်းထန်အုံးမယ်ထင်တယ်။’ဟု ကေအိုင်အေအရာရှိ တစ်ဦးမှဆိုသည်။
မန်စီမြို့နယ် မန်ဝင်းကြီးကျေးရွာတစ်ဝှိက်မှ နောင်စွမ်း၊ ပန်ခမ်း၊ နောင်မွန်းအစရှိသည့် ကျေးရွာ ၁၁ ရွာမှ ဒေသခံ ရှမ်းလူမျိုးများနှင့် လဂတ်ယန် စစ်ဘေးဒုက္ခသည် စခန်းမှ စစ်ဘေးဒုက္ခသည် ၂၀၀၀ ခန့် မန်းဝင်ကြီးနှင့် တရုတ်ပြည်သို့  ထွက်ပြေးနေကြရသည်။

ထိုနားအ၀ိုက်ရှိ စစ်ဘေးဒုက္ခသည် စခန်းအချို့အတွက်လည်း စိုးရိမ်စရာဖြစ်နေသည်။ ထိုစစ်ဘေးဒုက္ခသည်များသည် ၂၀၁၃ နိုဝင်ဘာ လတုန်းက နမ်းလင်းပါ မှ အစိုးရတပ်များ ၀င်လာသည့်အတွက် ထွက်ပြေးလာရသည့် စစ်ဘေးဒုက္ခသည်များဖြစ်ပြီး အခုလည်း ဒုက္ခသည် ဘ၀များ ထပ်ဆင့် ဒုက္ခသည်ဘ၀သို့ ရောက်ရှိခဲ့သူများဖြစ်သည်။
“ထွက်ပြေးတဲ့ ဒုက္ခသည်တွေနဲ့ ရွာသားတွေက ဘာပစ္စည်းမှ ပါမလာဘူး လူလွတ်ရုံ ပဲ ထွက်ပြေးလာကြတယ်။”ဟု မန်ဝင်းကြီးမှ ဒေသခံတစ်ဦးမှဆိုသည်။
ငြိမ်းချမ်းရေးဖော်ဖော်ဆောင်ရေးမှာ စစ်တပ်က ပါဝင်မှုအားနည်းကြောင်း ကုလအထူးကိုယ်စားလှယ် Mr.Nambiar လည်း ဧပြီ(၃) ရက်နေ့ ကေအိုင်အေ ဗဟိုနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့သည်။ Continue reading “BURMA MYANMAR : ငြိမ်းချမ်းရေး အမြန်ရချင်ရင် ကချင်ပြည်နယ်တပ်စွဲထားတဲ့ စစ်တပ်များ အမြန်ထွက်ပေးပါ” →
You must be logged in to post a comment.