မူဆယ် လမ်း ပြန် ဖွင့်
=================
ကွတ် ခိုင် ၊ မတ် ၂၀ ၊
ကွတ် ခိုင် -မူဆယ် လမ်း အပိုင်း တွင် မတ်လ ၁၉ ရက် ည ပိုင်းက မူဆယ်သူ Express အပါ အ၀င် ကား လေးစင်းကို အမည် မသိလက် နက် ကိုင် များ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ခြင်းကြောင့် ကွက်ခိုင် – မူဆယ် လမ်းကို ပိတ် ထားခဲ့ရာမှ ယနေ့ ညနေ ၃း၃၀ ခန်ု တွင် အဆိုပါလမ်းအပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ မှ မူဆယ်မြို့ သွားရောက်နေသည့် Oriental News သတင်းထောက် များကမတ်လ ၂၀ ရက် ညနေ ပိုင်း လမ်းခရီးတစ်နေရာ မှ သတင်းပေးပို့သည်။
´` သုံးနာရီ ခွဲ လောက် မှာ လမ်းပြန်ဖွင့် ပေးလိုက် တယ်။ တပ်က လုံခြုံရေးယူထားပေးတာကို လည်းတွေ့ရတယ်။ ကားတွေ များတော့ တစ်လှိမ့်ချင်းသွားနေရတယ်။ အဆင်းနဲ့ အတက် တစ် လှည့် ဆီ မောင်းနေရတယ်၊ ဒီည တော့ မူဆယ်ရောက် မယ် လို့ထင်တယ်´´ ဟု ၄င်းကပြောသည် ။
လမ်းခရီးအခြေအနေ ကောင်းမွန် ခြင်းမရှိသော် လည်း ရန်ကုန်-မူဆယ် ခရီးစဉ်ကို ပုံ မှန် အတိုင်း ပြေးဆွဲပေးမည်ဖြစ်ကြောင်းရန်ကုန်အခြေစိုက်ရွှေလီဦး ယာဉ် လိုင်းမှ ဂိတ် မှူး ဦး ကျော်လင်း က မတ်လ ၂၀ ရက်တွင် Oriental News သို့ပြောသည် ။
အောင် ခန့်မော် ၊ နောင်လေး ( Oriental News)
#######
BREAKING NEWS….
မူဆယ် လမ်း ပိတ်၊ ခရီးသည် တင်ကား များ ကို အမည်မသိ လက် နက် ကိုင် များ ဖမ်းဆီးခေါ်ဆောင်…
=================
ကွတ် ခိုင် ၊ မတ် ၂၀ ၊
ကွတ် ခိုင် -မူဆယ် လမ်း အပိုင်း တွင် မတ်လ ၁၉ ရက် ည ပိုင်းက မူဆယ်သူ Express အပါ အ၀င် ကား လေးစင်းကို အမည် မသိလက် နက် ကိုင် များ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည် ဟု မူဆယ် ဒေသခံ တစ်ဦးကပြောကြောင်း ကွတ် ခိုင်မြို့ တွင် ရောက်ရှိ နေသည့် Oriental News သတင်းထောက်က မတ်လ ၂၀ ၇က် နေ့ နေ့ လယ် ၂း၃၀ တွင် သတင်းပေးပို့သည်။
´´ကွက် ခိုင် အထွက် မူဆယ် သွား တဲ့ လမ်း ကို ပိတ် ထားတယ်။ ကွတ် ခိုင်က နေ မူဆယ် ကိုသွား လို့ မရ သလို၊ မူဆယ်က နေ ကွတ် ခိုင် ကို လည်း ကားတွေ လာ လို့ မရ ဘူး ။ အခု ကျနော် တို့ ကွက် ခိုင် မြို့ကို ပြန် လှည့် လာ တယ် ။ အခု ကျနော် တို့ ကွက် ခိုင်မြို့ ပေါ် ပြန်ရောက်နေပြီ ´´ ဟု ၄င်းက ပြောသည် ။
လားရှိုးမြို့ ရှိ Oriental News သတင်းထောက်ကလည်း
´´ ညကတည်းက ( မတ် လ ၁၉ ရက်) ခရီးသည်တင်ကားတွေကို အမည် မသိလက် နက် ကိုင်တွေက ပြန်ပေးဆွဲ သွားတယ် ။ ကား ရော လူတွေပါ ခေါ်သွားတယ်။ ကားတွေကို တော် ထဲမောင်းခေါ် သွား တယ် လို့ ယူဆရ ကြောင်း ဒေသခံတစ်ဦးကပြောတယ် ။ နောက် က လိုက် လာ လို့ မ၇အောင် လမ်းပေါ် မှာ ကုန် ကား တစ်စင်းကို ကန့် လန့် ၇ပ် ထားပြီး သော့ခတ်ထားခဲ့ တယ် လို့လည်း အဲဒီဒေသခံကပဲ ပြော တယ်။ ညကလည်း တိုက် ပွဲ တွေ ဖြစ် တယ် လို့ ဒေသ ခံတွေက ပြောကြတယ် ´´ ဟု မတ်လ ၂၀ ၇က် နေ့ လယ် ၂း၀၀ နာ၇ီတွင် သတင်းပေးပို့ သည် ..။
အောင် ခန့်မော် ၊ မာန်ဟုန်ချီ ( Oriental News)
(ထပ်မံ ပေးပို့ လာမည့် သတင်းများကိုအချိန် နှင့် တပြေးညီ ဆက်လက်ဖော်ပြပေးမည့်ဖြစ်ပါသည် – အယ်ဒီတာ Oriental News)