နယ်စပ်မှာ
တရုပ် လက်နက်ကြီးတပ်ဖွဲ့ 
ခန့် မှန်းနေရာ
ကိုးကန့် အဖွဲ့ က
လောက်ကိုင်နဲ့  ချင်းရွှေဟော်
ဆက်သွယ် ထောက်ပံရေး လမ်းကြောင်း ဖြတ်တောက်ဖို့ 
အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပါတယ် ။
အရပ်သား ကားများ ကြက်ခြေနီများ မကျန်
ပစ်ခတ်တိုက်ခိုက် ခဲ့ပါတယ် ။
မြန်မာ့ တပ်မတော်က မြင့်မားတဲ့ တောင်တန်းတွေပေါ်က
ခြေကုတ်ယူထားတဲ့ ကိုးကန့် အင်အား ၁၀၀၀ ခန့် ကို
ခြေလျှင် ခြေမြန် တပ်ရင်းတွေနဲ့  မရှင်းလင်းနိုင်လို့ 
လေကြောင်း စစ်ကူ တောက်ရှောက် ယူခဲ့ရပါတယ် ။
ကိုးကန့်  တပ်များ ကို လက်နက် ရိက္ခာ ထောက်ပံ့မှုကို
ပင်ဆန်းတောင်ကြားမှာ ရှိနေတဲ့ Dashuijing ကျေးရွာဖြစ်နိုင်ပါတယ် ။
အခု နောက်ဆုံး တက်လာတဲ့ ဗီဒီယို အရ
မြန်မာဘက်က ထပ်မံတိုက်ခိုက်လျှင် လက်တုံ့ပြန်မည်ဟု
တရုတ်စစ်ကော်မရှင် သတိပေး
===================
တရုတ်ပိုင်နက်အတွင်း မြန်မာဘက်မှ ထပ်မံတိုက်ခိုက်မှုများ ထပ်မံပြုလုပ်ပါက
“ရည်ရွယ်ချက်နှင့် ပိုင်းဖြတ်မှု ရှိရှိ” လက်တုံ့ပြန်ရလိမ့်မည်ဟု
တရုတ်နိုင်ငံရေးတွင် ဩဇာကြီးသော
စစ်ကော်မရှင်က ထုတ်ဖော်ပြောကြားလိုက်သည်။
ယင်းသို့ပြောဆိုချက်မှာ လူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိသွားသော
မြန်မာ့တပ်မတော် လေ မှ တရုတ်နိုင်ငံအတွင်း ဗုံးကြဲချမှုကို
နေပြည်တော်သမ္မတရုံးမှ ငြင်းဆိုပြီး ကိုးကန့်သူပုန်များ၏
လက်ချက်ဖြစ်နိုင်ကြောင်း ပြောကြားအပြီး ဖြစ်ပေါ်လာခြင်းဖြစ်သည်။
၁၄ – ၃ -၂၀၁၅ ——————– မြန်မာတပ်မတော်နဲ့ကိုးကန့်သောင်းကျန်းသူ အင်အားစုတို့အကြား တိုက်ပွဲကာလအတွင်းမှာ မြန်မာ့တိုက်လေယာဉ်ကပစ်တဲ့ ဗုံးဒဏ်ကြောင့် တရုတ်နိုင်ငံသားလေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာ ရရှိခဲ့ပြီးတဲ့နောက်ပိုင်း မြန်မာ နဲ့ တရုတ် နယ်စပ်ကို တရုတ်ဖက်က ဝေဟင်ပိုင်နက် အနီးကပ်စောင့်ကြည့် ဖို့ အတွက်ဆိုပြီး တိုက်ခိုက်ရေးလေယာဉ်များ ပို့ထားပြီးဖြစ်ကြောင်းကို ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ် …… ဒါအပြင်နယ်စပ်မြို့တစ်နေရာမှာလည်း ၁၆ ၃ ၂၀၁၅ ရက်မှာ စစ်ရေးလေ့ကျင့်မဲ့ အစီအစဉ် ရှိကြောင်းကိုလည်း တရုတ်ဝက်ဆိုက်ဒ်တခုမှာ ဖော်ပြ ထားတာကိုလည်း တွေ့ရပါတယ် ………
(နယ်စပ်တွင်ရောက်ရှိနေသောတရုတ်တပ်ဖွဲ့ဝင်များ) ကိုးကန့်ဒေသတိုက်ပွဲတွင် တပ်မတော်(လေ)မှကြဲချသောဗုံး တရုတ်နိုင်ငံဘက်ကျရောက်ပြီး လေးဦးသေဆုံးခဲ့၍ ကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် တရုတ်တောင်းဆို ကိုးကန့်ဒေသတိုက်ပွဲတွင် တပ်မတော်(လေ)မှ ကြဲချလိုက်သည့်ဗုံး တရုတ်နိုင်ငံတွင်းသို့ ကျရောက်ပေါက်ကွဲခြင်းကြောင့် တရုတ်နိုင်ငံသားလေးဦး သေဆုံးသည့်ဖြစ်စဉ်ကို အသေးစိတ်စုံစမ်းစစ်ဆေးရန်နှင့် ကျူးလွန်သူများကို ဖော်ထုတ်အရေးယူပေးရန် တရုတ်အစိုးရက မြန်မာအစိုးရထံ တောင်းဆိုလိုက် သည်။ သောကြာနေ့က တရုတ်ပိုက်နက်အတွင်း မြန်မာတိုက်လေယာဉ်မှ ကြဲချသည်ဆိုသော ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် တရုတ်လေတပ်မှ တိုက်လေ ယာဉ်များကို နှစ်နိုင်ငံနယ်စပ်တွင် ကင်းလှည့်ပျံဝဲခြင်းများ စတင်လုပ်ဆောင်နေကြောင်း တရုတ်တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားကြောင်း Pepole Daily China သတင်းဌာနက ဖော်ပြထားသည်။ မတ်လ ၁၃ ရက် တရုတ်စံတော်ချိန် ညနေ ၄ နာရီ ၄၀ မိနစ်က နှစ်နိုင်ငံနယ်စပ်အနီး တပ်စွဲထားသည့် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့သို့ ဦးတည်ကြဲချ လိုက်သည့် မြန်မာ့တိုက်လေယာဉ်မှ ဗုံးအချို့မှာ တရုတ်နိုင်ငံ၊ လင်စန်းမြို့ရှိ ကြံစိုက်ခင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် တရုတ်နိုင်ငံသား လယ်သမားလေးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရကြောင်း တရုတ်သတင်းမီဒီယာများက ဖော်ပြထားသည်။ ကိုးကန့်တိုက်ပွဲအတွင်း တရုတ်နိုင်ငံဘက်ခြမ်းသို့ ဗုံးကျရောက်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ပြီး တရုတ်အစိုးရက ယခုဖြစ်စဉ်အပေါ် မြန်မာအစိုးရအား အပြစ်တင်ကြောင်းနှင့် တာဝန်ရှိသူကို အပြစ်ပေးရန် မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းအား တရုတ်နိုင်ငံခြားရေးဝန်ကြီး လီဇောင်မင်က ချက်ချင်းဆင့်ခေါ်သတိပေးခဲ့သည်။ မြန်မာသံအမတ်ကြီး၏ သတင်းပေးပို့ချက်အရ ယနေ့ (မတ် ၁၄ ရက်)တွင် နေပြည်တော်၌ ယင်းကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံခြားရေးဒုဝန်ကြီး ဦးသန့်ကျော်က ပြောသည်။