ဒယ်နီယယ်ပီဒါဆင်
တနင်္လာနေ့၊ ဧပြီလ 20 2009 16:27 – မြန်မာစံတော်ချိန်
မဲဆောက် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာ နယ်စပ်ပေါ် ခွ၍ နေကြသော ကရင်ရွာသား ၂၀၀၀ ကျော်မှာ အသက်ရှင် ရပ်တည်နေထိုင်ရေးအတွက် အလွန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
သူတို့သည် စစ်ဖြစ်ပွားနေသော ဇုံအတွင်း ပိတ်မိနေကြပြီး၊ စားနပ်ရိက္ခာ ရှားပါးမှုအပြင် ကောက်ချင်သလို ကောက်နေသော အခွန်အကောက်များနှင့် ဆိုးရွားလာနေသော ကျန်းမာရေး အခြေအနေတို့နှင့် ရင်ဆိုင် ကြုံတွေ့နေကြရခြင်း ဖြစ်သည်။
ကောဆာ၊ ကလောဂေါ၊ ကောပိုးပိုးနှင့် ပေါဘူးလှတာ ကျေးရွာ ၄ ရွာမှာ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သော မဲဆောက်၏ တောင်ဘက်တွင်ရှိပြီး အုန်းဖျံမဲ ဒုက္ခသည်စခန်းနှင့် ထိုင်းနယ်စပ်မြို့ အုန်းဖန်အကြား တည်ရှိကာ လူဦးရေ ၂၁၁၁ ဦး ရှိသည်။
continue http://www.mizzimaburmese.com/news/inside-burma/2778-2009-04-20-10-10-22.html