KNU/KNLA- PC တပ်ဖွဲ့ဝင်များ အချင်းချင်း ပစ်ခတ်ခဲ့မှု

သြဂုတ်လ (၁၃) ရက်နေ့၌ ကရင် ပြည်နယ် ဘားအံမြို့နယ် သံလွင်မြစ် အနောက်ဘက် ခြမ်းရှိ မြိုင်ကလေး အပိုင်း ဘုရင်ဂျီ ကျေးရွာ အနီး နို့ခလိ ရွာ၌ ဖြစ်ပွား ခဲ့သည့် KNU/KNLA- PC တပ်ဖွဲ့ဝင်များ အချင်းချင်း ပစ်ခတ်ခဲ့မှု

photo credit phophtaw news

993986_649961945016287_930332564_n1170742_649961978349617_113855678_n1175575_649962021682946_735686556_n1176364_649961995016282_251126098_n

 

 

KIA တပ်ရင်း (၂၃) ပွိုင့် (၇၇၁) ၌ တိုက်ပွဲပြင်းထန်

အဲာပိုန် ဇန်နာဝါရီလ (၁၆) ရက်နေ့
23324_549445651734584_65219927_n

KIA တပ်ရင်း (၂၃) ဖြစ်သော ပွိုင့် (၇၇၁) စခန်းမှ အစိုးရတပ်များသည် ၄င်းစခန်းပတ်ဝန်းကျင်ကို ရှင်းလင်းရန် မနေ့ကထိုး စစ်ဆင်ခဲ့ရာ အကျအဆုံးများစွာရှိခဲ့သည်ဟုကျောင်းသားတပ်မတော် ဒုတိယစစ်ရေးတာဝန်ခံ ဗိုလ်မှူးကိုပေါက်က ဆိုပါ သည်။

“ ခါ့ရာဘွမ် ကို သူတို့ စစ်ထိုးဆင်နေတာ ၅ ရက်ရှိပြီး။ မနေ့က မနက် ၇ နာရီခွဲမှာဆိုရင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်တယ်။ လေယာဉ်နဲ့ လာပစ်တယ်။ ၂ နာရီခွဲမှာ တကြိမ်၊ ၃ နာရီ မိနစ် ၄၀ အချိန်မှာ တကြိမ် လေယာဉ် ၂ စင်းနဲ့ လာပစ်ခဲ့တယ်။ ဒီနေ့လဲ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ၂ နာရီ ၁၅ မိနစ်မှာ လေယာဉ်နဲ့ လာပစ်ပြန်တယ်။” ဟုဆိုပါသည်။

အကျအဆုံးများစွာရှိသော်လည်း ယနေ့ မနက် ၇ နာရီခန့်တွင် ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ပြန်ပါသည်။ အစိုးရ၏ ထိုးစစ် ဆင်တပ်ဖွဲ့များအား KIA နှင့် ကျောင်းသားတပ်မတော်တို့က ဖြတ်တောက်တိုက်ခိုက်သဖြင့် အစိုးရတပ်ဖွဲ့များရှေ့မ တိုးနိုင် သေးဟုဆိုပါသည်။ ဤသို့ကြောင့် တိုက်လေယာဉ် ၂စင်း၂ နာရီ ၁၅ မိနစ်အချိန်တွင် လာရောက် ဗုံးကျဲခြင်း ၊ စက်သေ နတ်ဖြင့် လိုက်လံပစ်ခတ်ခြင်းနှင့် မြေပြင်ပစ် ဒုံးများ အသုံးပြု ပစ်ခတ် တိုက်ခိုက်လာခဲ့သည်။

ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာသည် လိုင်ဇာ၏ အနောက်ဘက်၌ ရှိပြီး ၅ မိုင်ခန့် အကွာတွင် ရှိပါသည်။ ဤနေရာသည် KIA တပ်ရင်း (၂၃) နှင့် (၂၄) အတွက် အဓိကကျသည့် အရှေ့ကာကင်းစခန်း တခုလည်းဖြစ်နေပါသည်။ လိုင်ဇာကိုစိုးမိုးနိုင် ရန် ဤနေရာရရှိရေးသည် အစိုးရတပ်ဖွဲ့များအတွက် လွန်စွာအရေးကြီးပါသည်။ ဤ သို့ကြောင့် (၁၇) ရက်တိုင်တိုင် မြေ ပြင်နှင့် ဝေဟင်ကို အသုံးချပြီး စစ်ဆင်နေခြင်းဖြစ်ပါသည်။

“ လာပစ်တဲ့ လေယာဉ်က ၆ စင်း ၊ တခါလာတာ ၂ စင်းတွဲ ၊ ၃ ခေါက် လာပစ်သွားတယ်ဗျ။ စက်သေနတ်နဲ့လဲပစ်တယ်။ နောက်ပြီး ဗုံကျဲချတယ်။ မြေပြင်ပစ် ဒုံးတွေနဲ့လဲ ပစ်တယ်။ အပြင်းအထန်ပါဘဲ။ အခု ၅ နာရီခွဲမှာ ဒီ ဘွမ်ရီဘွမ် ၇၇၁ ဘက် မှာလဲ ပစ်ခတ်နေတုန်း ။” ဟု ဗိုလ်မှူးက ဆိုပါသည်။

အစိုးရပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်ကမူ ယခုရက်ပိုင်းအတွင်း ဖြစ်ပွားနေသော စစ်ပွဲများသည် လဂျား ယန်စခန်း ပတ်ဝန်းကျင်ရှိ တောင်ကုန်းများကို ရှင်းလင်းသိမ်းပိုက်ခြင်းသာဖြစ်ပြီး လိုင်ဇာကို ထိုးစစ်ဆင်နေခြင်း မဟုတ် ကြောင်း ဇန်န၀ါရီလ ၁၆ ရက်နေ့ထုတ် 7Days News ဂျာနယ် အင်တာဗျူးတွင် ပြောကြားခဲ့ပါသည်။

KIA သည် ဘွမ်ရီဘွမ် ပွိုင့် ၇၇၁စခန်းကို လက်လွှတ်ထားရသော်လည်း စခန်းပတ်ပတ်လည်ကို ၀ိုင်းရံထားခြင်းဖြစ်ပါသည်။ ဤသို့ကြောင့် ဘွမ်ရီဘွမ်စခန်းရှိ အစိုးရတပ်များ ထွက်ပေါက်မရှိသဖြင့် ပိတ်မိနေသည်မှာ (၃) ပတ်ခန့်ရှိနေပြီးဖြစ်သည်။ တ ချိန်ထဲ၌ ၄င်းအနီးရှိ KIA တပ်ရင်း (၂၄) ကိုပါ အစိုးရတပ်ဖွဲ့များက ကြည်းလေနှစ်မျိုးစလုံး ပြင်းထန်စွာ စစ်ဆင်ခဲ့သော်လည်း
အကျအဆုံးများစွာနှင့် စစ်ဆင်ရေးရပ်တန့်ကို ရပ်ထားရပါသည်။

ဤအခြေအနေမှ KIA တပ်များသည် ပြီးခဲ့သည့်အပတ်ကစပြိး လဂျားယန်စစ်မျက်နှာကို တန်ပြန်စစ်ဆင်ခဲ့ရာ အစိုးရလေ ကြောင်းမှ အကူအညီပေးခဲ့ရသဖြင့် ရဟတ်ယာဉ်တစင်း ပစ်ချခြင်းခံရခြင်းဖြစ်ပါသည်။ ဤအခြေအနေကြောင့် အစိုးရတပ် များသည် တန်ပြန်စစ်ဆင်သဖြင့် ယခုကဲ့သို့ တိုက်ပွဲများထပ်မံပြင်းထန်လာပြန်ပါသည်။

ဤအပတ်ထပ်မံစစ်ဆင်ရေးတွင် အစိုးရလက်နက်ကြီးတပ်ဖွဲ့သည် လိုင်ဇာကို ဦးတည်ပြိး တိုက်ခိုက်လာခဲ့ပါသည်။ အရပ် သားများထိခိုက် သေဆုံးမှုများဖြစ်လာသည့်အတွက် တရုတ်အစိုးရကပါ ကချင်စစ်ပြေးဒုက္ခသည်များကို တရုတ်နိုင်ငံဖက်၌ နေရာချလာခဲ့ရခြင်းဖြစ်ပါသည်။

အစိုးရ၏ (၇) မိုင် (၀ါ) လိုင်ဇာစစ်ဆင်ရေးသည် မြောက်ပိုင်းတိုင်းတိုင်းမှူး၏ ဒီဇင်ဘာ (၂၅) ရက်နေ့ ရာဇာသံပြီးနောက်ပိုင်း အထူးစစ်ဆင်ရေးဖြင့် တိုက်ခိုက်လာခဲ့သော်လည်း ယနေ့အထိရှေ့တိုးနိုင်ခြင်း မရှိသေးသလို ထိခိုက်သေဆုံးမှုများစွာနှင့် စစ်ကူအခက်အခဲနှင့်ပါ ရင်ဆိုင်နေရသည်ဟုဆိုပါသည်။

ကရင်လက်နက်ကိုင် ချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ကြရန် တိုက်တွန်း

KNU_flagဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ကရင် ဘာသာရေး ခေါင်းဆောင်များက ဦးစီးပြီး ကရင် လက်နက်ကိုင် အဖွဲ့အချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ရန် ဂတိဂ၀တ် တောင်းသည့် ဆွေးနွေးပွဲ တရပ်ကို ယမာန်နေ့၌ ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ်ရှိ ကေအန်ယူ တပ်မဟာ (၇)နယ်မြေတွင် ကျင်းပခဲ့ပါသည်။

ယင်းဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူအဖွဲ့)၊ ကလို့ထူးဘောအဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော) အဖွဲ့တို့ ပါဝင်ပြီး မလေးရှားနှင့် သြစ တြေလျားရောက် ကရင်အဖွဲ့၊ ဒုက္ခသည်စခန်းနှင့် စိတ်ဝင်စား သူများအင်အား (၇၀) ခန့် တက်ရောက် ခဲ့ပါသည်။

“ အဓိကကတော့ ကရင် လက်နက်ကိုင် အဖွဲ့အချင်းချင်း ပြန်လည် မပစ်ခတ်ကြဖို့ ဘာသာရေး ခေါင်းဆောင်တွေက ဂတိဂ၀တ် တောင်းတဲ့ပွဲပါ။ အဲဒီ အဆိုကိုလည်း ဘယ်အဖွဲ့ကမှ မငြင်းခဲ့ပါဘူး။ လက်ခံကြပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးတာ တို့ ဘာတို့တော့ မရှိပါဘူး။ အခုတက်ရောက်လာတဲ့ ခေါင်းဆောင်တွေက အလယ်အလတ် ခေါင်းဆောင်တွေဘဲဆိုတော့ နောက်ပွဲတွေမှာဘဲ လက်မှတ်ထိုးနိုင်မဲ့အဆင့် ရောက်မယ် ။ အခုပွဲက ပဏာမပွဲလို့ပြောလို့ရပါတယ်”ဟု အစည်းအဝေးကို တက်ရောက်ခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးစောလုံ့လုံက ဆိုပါသည်။

ပါဝင် ဦးဆောင်ကြသော ကရင်လက်နက်ကိုင် အဖွဲ့အစည်း များမှာ ကေအန်ယူမှ အတွင်းရေးမှူး (၁) ပဒိုစောလှငွေ၊ ကလို့ ထူးဘောမှ ဗိုလ်မှူးလုံ့လုံ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီမှ စစ်ထောက် ချုပ် စောယဉ်နု၊ BGF မှရွှေက္ကိုကွပ်ကဲရေး အကြံပေး အဖွဲ့ အုပ်ချုပ်ရေးမှူး ဦးကျော်ညွန့် နှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့မှ ဗိုလ်မှူး ဖါးသတားတို့ ဦးဆောင်ပြီး တက်ရောက်ခဲ့ပါသည်။

KNU_flag_02lokဤဆွေးနွေးပွဲသည်၊ ကရင်လက်နက်ကိုင် အဖွဲ့အချင်းချင်း ပထမဆုံး အကြိမ် တွေ့ဆုံဆွေးနွေးပွဲဖြစ်ပြီး ဦးသုဇနအပါဝင်က ရင်ဗုဒ္ဓဘာသာ ဆရာတော်များနှင့် ကရင်ခရစ်ယာန် ဆရာတော်များက ဦးစီးကျင်းပသည့် ပထမဆုံး အကြိမ်ကရင် လက်နက် ကိုင်အဖွဲ့တွေ့ဆုံပွဲဖြစ်ပါသည်။

ကရင်လက်နက်ကိုင် အဖွဲ့မှ အဆင့်မြင့်ခေါင်းဆောင်များ ပါဝင်သော ဆွေးနွေးပွဲကို ထပ်မံကျင်းပ ဦးမည်ဟု သိရပါသည်။ ထိုဆွေးနွေးပွဲ၌ ကရင်လက်နက်ကိုင်အချင်း ပြန်လည် ပစ်ခတ်မှုမဖြစ်ရေး သဘောတူညီချက်ရရန် ကြိုးစားကြမည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများက မူအရသဘောတူကြပါသည်။

ကေအန်ယူသည် ပင်မအဖွဲ့အစည်းဖြစ်ပြီး ကျန်သည့်အဖွဲ့များသည်၊ ကေအန်ယူမှ ခွဲထွက်ခဲ့ကြသော အဖွဲ့များဖြစ်ပါသည်။ ဒီကေဘီအေ အဖွဲ့သည် (၁၉၉၄) ခုနှစ်တွင်လည်းကောင်း၊ ဟောင်သရောအဖွဲ့သည် (၁၉၉၆) ခုနှစ်တွင် လည်းကောင်း ကရင် ငြိမ်းချမ်းရေးကောင်စီသည်၊ (၂၀၀၇) ခုနှစ်တွင်လည်း ကောင်း၊ အသီးသီး ခွဲထွက်ခဲ့ကြပါသည်။

http://www.phophtaw.org/burmese/

ဂိတ်ကြေးကို သုံးပုံတပုံ လျှော့ခThree Pagoda pass

ကရင်ပြည်နယ်၊ ကြာအင်း ဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နှင့် ချောင်းဆုံ ရွာကြားရှိ ဂိတ်ကြေး များကို သုံးပုံတပုံ လျှော့ချ ခဲ့သည်ဟု မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပါသည်။ ထို့ပြင် အရှည် (၉) မိုင် ရှိသည့် လမ်းတွင် ဂိတ် (၈) နေရာ ထားရှိ ရာက အခု (၃) နေရာသာ ထားရှိမည် ဖြစ်သည်။

Three

“ဂိတ်နေရာကတော့ လျှော့ပေမဲ့ ကောက်တဲ့ အဖွဲ့ကတော့ အဲဒီ (၈) ဖွဲ့ အတိုင်းပါဘဲ နေရာတွေကို စုလိုက်တာဘဲ ကွာပါတယ်။
ဒါပေမဲ့ ဂိတ်ကြေး ကတော့ အရင်က ဆိုရင် ဘုရားသုံးဆူနဲ့ ချောင်းဆုံဟာ ကုန်တင်ကား တစီးကို ကျပ်(၂၅၀၀၀၀) ကျပါတယ်။ ဒါပေမဲ့ အခုတော့ (၁၅၀၀၀၀) ဘဲ ပေးရတော့တယ်“ဟု စီးပွားရေး သမားတဦးက ပြောပါသည်။

ဘုရားသုံးဆူမြို့နယ်တွင်းရှိ ဂိတ်များ လျှော့ချရေး ညှိနှိုင်း အစည်းအဝေးကို မေလ (၂၃) ရက်နေ့ နံနက် (၉) နာရီ အချိန် တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူးမြို့ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ပြုလုပ်သွား ပါ သည်။ အဆိုပါ ညှိနှိုင်း အစည်းအဝေးသို့ ဘုရားသုံးဆူ မြို့တွင်းရှိ အာဏာပိုင် အဖွဲ့ပေါင်းစုံ၊ စီးပွားရေး သမားများ၊ လိုင်ကား သမားများ၊ ကရင်ငြိမ်းချမ်းရေး အဖွဲ့ ပေါင်းစုံနှင့် မွန်ပြည်သစ် ပါတီမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်ဟု အစည်း အဝေး တက်ရောက်သူက ဆိုပါသည်။

Three_02စီးပွါးရေး သမား ကုန်သည်များက ဤကဲ့သို့ ဂိတ်ကြေးများ လွန်းသည့်အတွက် စီးပွားရေး တွက်ချေ မကိုက်လာရာကနေ ဘုရားသုံးဆူ ဌာနဆိုင်ရာသို့ တင်ပြ လာသောကြောင့် ယခုကဲ့သို့ ညှိနှိုင်း အစည်းအဝေး ပြုလုပ်ပေးရသည်ဟုလဲ ဆိုပါသည်။

ထိုဂိတ်များသည် အရှေ့တောင်တိုင်း တိုင်းမှုး၏ ညွှန်ကြားချက်အရ ရုပ်သိမ်းရခြင်း ဖြစ်ပါသည်။ ဤကဲ့သို့ မလျှော့ချပါက စီးပွားရေးအရ ထိခိုက်နေရပြီး ကုန်သွယ်မှုပါ နစ်နာခဲ့ရပါသည်။ ဘုရားသုံးဆူ နယ်စပ်သည်၊  ထိုင်းမြန်မာ နှစ်နိုင်ငံ တရားဝင် ကုန်သွယ်ရေး လမ်းကြောင်း မဟုတ်သော်လည်း နားလည်မှုဖြင့် ကုန် သွယ်နေကြပြီး  ပြည်ပ ပို့ကုန်ထက် ပြည်တွင်း သွင်းကုန်က ပိုများပါသည်။

http://phophtaw.org/burmese/index.php/news.html

တပ်ကြပ်ကျော်ဆန်း ခေါင်းဆောင်သော KIA အဖွဲ့ လက်နက်ခ

K_11ကချင် လွတ်မြောက်ရေး တပ်မတော် (KIO) တပ်မဟာ (၅) လက်အောက်ခံမှ တပ်ကြပ် ကျော်ဆန်း ခေါင်းဆောင်သော တပ် ဖွဲ့ဝင် ၃၅ ယောက်သည် မြစ်ကြီးနား မြို့နယ် တာလောကြီး နယ်မြေရှိ တပ်မတော် စခန်းသို့ ဧပြီ ၁၆ ရက် နေ့က လက်နက်ကြီး လက်နက်ငယ် မျိုးစုံဖြင့် လက်နက်ချ ခဲ့သည်ဟု (FNG) သတင်းအရ သိရှိ ရပါသည်။

အလားတူ ယမန်နေ့ ဧပြီလ (၁၇) ရက်နေ့တွင်လည်း KIAတပ်ဖွဲ့ဝင် (၂) ဦးသည် မြစ်ကြီးနားမြို့ တပ်စခန်းသို့ လည်းကောင်း၊ ည နေပိုင်းတွင် တပ်ဖွဲ့ဝင် (၅) ဦးသည် တာလောကြီး တပ်စခန်းသို့ လည်းကောင်း ထပ်မံ ၀င်ရောက် လာခဲ့ပြီး စုစုပေါင်း တပ်ဖွဲ့ဝင် ၄၂ ဦး လက်နက် ချခဲ့ကြကြောင်း သတင်းက ဆိုပါသည်။

K_017ရှေ့တန်း စခန်းတနေရာ (ဓါတ်ပုံ KIA)

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်မှာ ၂၀၁၁ ဇွန်မှစ၍ တပ်မတော် စစ်ကြောင်းတစ်ကြောင်းမှ ကချင်အရာရှိ ၊စစ်သည် ၃ဦး အား အကြောင်းမဲ့ ဖမ်းဆီးခဲ့ရာမှ စတင်ဖြစ်ပေါ်လာသည့် KIA နှင့် မြန်မာ စစ်တပ်ကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် တ ဖြည်းဖြည်းအ ရှိန်မြင့် လာခဲ့ကြပါသည်။

တိုက်ပွဲများကြောင့် အပြစ်မဲ့တဲ့ပြည်သူများ၊  ဒုက္ခသည်များ ဖြစ်ခဲ့ကြသည်ဟု KIO ဖက်က ပြောဆိုခဲ့သလို မြန်မာစစ်တပ်မှ အရာရှိ တစ်ဦးကလည်း ဒုက္ခသည်များသည် KIO မိသားစုဝင်များ သာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
K_047KIA ၏မြေပုံ စစ်ဆင်ရေး သင်တန်းပြကွက် တခု (ဓါတ်ပုံ – KIA)

ယခုဖြစ်ပွားနေသော တိုက်ပွဲတွင် မြန်မာ စစ်တပ်၏ ပိတ်ဆို့ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားနေသလို KIA၏ ခံစစ်အားကောင်းမှု ကြောင့်လည်းကောင်း၊ နယ်မြေ စိုးမိုးရေး ကျွမ်းကျင်မှုတွေကြောင့် လည်းကောင်း နှစ်ဖက်စလုံး ထိခိုက်မှု များပြား သည်ဟု ဆို ပါသည်။

အစိုးရနှင့် KIO တို့သည်၊ အပစ်အခတ် ရပ်စဲရေးအတွက် အကြိမ်ကြိမ် ဆွေးနွေးခဲ့ပါသည်။ တိုက်ပွဲများသည်၊ နိုင်ငံရေးပြသနာ ၏နောက်ဆက်တွဲဖြစ်သည်၊ နိုင်ငံရေး အရ ဆွေးနွေးမှု ပြေလည်ပါက အပစ်အခတ် ရပ်စဲရေးသည်လည်း ရပ်တန့်မည်ဟု KIO ဖက်မှ ရပ်တည်သလို၊ အပစ်ရပ်ပြီးမှ နိုင်ငံရေးအရ ဆက်ဆွေးနွေးလို့ ရမည်ဟု အစိုးရ ဖက်က သဘောထား ခဲ့သည့်အတွက် အခုချိန်ထိ မပြေလည်ခြင်း ဖြစ်ပေသည်။

Source: http://freedomnewsgroup.com/2012/04/18/kia-defect/

ကြားဖြတ် ရွေးကောက်ပွဲတွင် သတင်းထောက်၏ ၀တ္တရားများ

Media_law_02မီဒီယာ သမားများသည် အောက်ပါ ဥပဒေ ပုဒ်မ များကိုလည်း ကြိုတင်လေ့လာ သိရှိထားပြီး တိကျစွာ သတိပြု လိုက်နာကြရန် လိုအပ်သည်။

(က) ပုဒ်မ ၆၀။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင် တစ်ဦးဦးအား နှောက်ယှက်ခြင်း။
(ခ) ပုဒ်မ ၆၁။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦး တစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း။
(ဂ) ပုဒ်မ ၆၃။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှူး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ ၀င်ရောက်ခြင်း။
(ဃ) ပုဒ်မ ၆၄။ ရွေးကောက်ပွဲပြစ်မှုများကို မဟုတ်မမှန် စွပ်စွဲတိုင်တန်းခြင်း တို့ပါဝင်သည်။ Continue reading “ကြားဖြတ် ရွေးကောက်ပွဲတွင် သတင်းထောက်၏ ၀တ္တရားများ”

ABSDF ၏ ဒုတိယ အကြိမ် ပဏာမ ဆွေးနွေးပဲ

13မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) ကိုယ်စားလှယ် အဖွဲ့သည် ၊ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့မှ တာဝန်ပေးထားသော ကိုယ်စားလှယ်နှင့် သတ်မှတ်ထားသော ခရီးစဉ်ကိစ္စကို ပဏာ မဆွေးနွေးပြီး ယနေ့ မွန်းလွဲပိုင်းတွင် မဲဆောက်မြို့သို့ ပြန်လည် ရောက်ရှိ ခဲ့ပါသည်။ မတ်လ (၈) ရက်နေ့က ထွက်ခွာသွားသော ကိုယ်စားလှယ် အဖွဲ့တွင် ဦးမြင့်ဦး တွဲဖက် အတွင်းရေးမှူး (၁) က ဦးဆောင်ပြီး ကိုယ်စားလှယ် (၆) ဦး ပါပါသည်။ ဆွေးနွေးချက်မှားမှာ-

– ဖေဖေါ်ဝါရီလ (၉) ရက်နေ့က ယာယီ သဘောတူထားသည့် တွေ့ဆုံဆွေးနွေးရန် သတ်မှတ်ထားရက်ကို အတည် ပြုကြောင်း ဆွေးနွေးခဲ့ပါသည်။

– မြန်မာဒေသ အသီးသီးမှာ ရှိနေသော ဆွေးနွေးပွဲ တက်ရောက်မည့် ကိုယ်စားလှယ်များ၏ ခရီးစဉ်ကို ညှိနှိုင်းခဲ့သော ခရီးစဉ်ဖြစ်ပါသည်။

အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် ABSDF တို့သည် လာမည့် ဧပြီလဆန်းပိုင်းတွင် နိုင်ငံရေးအရ တွေ့ဆုံဆွေး နွေးရန် ရန်ကုန်မြို့တွင် ချိန်းဆိုထားပါသည်။ ဤနေရာသို့ ကချင်ပြည်နယ်၊ စစ်ကိုင်းဖက်၌ ရှိနေသော ABSDF ကိုယ်စား လှယ်များ၏ ခရီးစဉ်ကို ညှိနှိုင်းခဲ့ခြင်းဖြစ်ပါသည်။

“အခုသွားရောက်ခဲ့တာကတော့ ကျနော်တို့ အဖွဲ့က ကျနော်တို့နဲ့ ဆက်သွယ်ဖို့  ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး အဖွဲ့က တာဝန်ပေးထားတဲ့ ဆက်သွယ်ရေး ကိုယ်စားလှယ် သီရိပျံချီ ဦးစောခင်စိုး ပြည်နယ် ဗိုလ်မှူးကြီးဟောင်း ပေါ့ဗျာ  သူနဲ့ သွားတွေ့တာပါ။ အဓိကကတော့ ရှေ့ဆက်နိုင်ငံရေး ဆွေးနွေးပွဲအတွက် ပြင်ဆင်တဲ့ခရီးစဉ်ပါ ။ ဒီအထဲမှာ နှစ်ဖက်ကိုယ်စား လှယ်တွေ ဆွေးနွေးရမဲ့ အချက်အချို့ကိုလည်း ဆွေးနွေးခဲ့ပါတယ်။ အချိန်စောသေးလို့ ထုတ်မပြောသေးပါဘူး။” ABSDF ဒုဥက္ကဌ ဖြစ်သူ ဦးမျိုးဝင်းက ပြောပါသည်။

DSC_0037

ABSDF ကိုယ်စားလှယ်မျာ

ထို့အပြင် နှစ်ဖက်ဆွေးနွေးပွဲ ယနေ့ဖြစ်ပေါ်နေသော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြသနာတွေကို ဖြေရှင်းဖို့ အဓိက ဆွေးနွေးသွား မည်ဟု ဦးမျိုးဝင်းက ဆိုပါသည်။

ABSDF သည်၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၉)ရက်နေ့ကလည်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ပထမအကြိမ် ပဏာမတွေ့ဆုံခဲ့ပါ သည်။ အဆိုပါဆွေးနွေးပွဲ၌ အောက်ပါအချက် (၃) ချက် အတိုင်း ပဏာမ သဘောတူ ထားပါသည်။

၁။ နှစ်ဖက် ကိုယ်စားလှယ်များ အနေဖြင့် ယခုတွေ့ဆုံမှုအား ပဏာမ တွေ့ဆုံဆွေးနွေးပွဲဟု သတ်မှတ်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက် သွားနိုင်ရေးအတွက် ငြိမ်းချမ်းရေး စားပွဲတွင် တန်းတူညီတူ  တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်ကို ဆက်လက်ပြုလုပ်သွားကြမည် ဖြစ်ပါသည်။

၂။ ဆက်လက် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကို ပြည်သူတရပ်လုံးသိရှိစေရန် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ABSDF သည်၊ အစိုးရနှင့် တွေ့ဆုံဆွေးနွေးကို အဖွဲ့တခုလုံး၏ သဘော ဆန္ဒဖြင့် ဆုံးဖြတ်ခဲ့သည်ဟု ဆိုပါသည်။ သို့သော် အပစ်အခတ် ရပ်စဲရေးကို အစိုးရ လက်ခံသော်လည်း တပ်နေရာချထားရေးမှာ အစိုးရက အကြပ်ကိုင်မည့် အခြေအနေရှိနေ သည်ဟု န်ာစပ်ရှိ စစ်ရေး အကဲခတ်များက သုံးသပ်နေကြပါသည်။

http://www.phophtaw.org/burmese/index.php/news.html

ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် တချို့ (ဓါတ်ပုံ – PNO)

PO_01ပအိုဝ်း အမျိုးသားနေ့သည်၊ တပေါင်းလပြည့် ဖြစ်ပါသည်။ ယခုနှစ် ပအိုဝ်း အမျိုးသားနေ့ အခမ်းအနားကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်၏ လွတ်မြောက် နယ်မြေ တစ်နေရာဖြစ်သော ရှမ်းပြည်နယ် ဟိုမုန်းမြို့နယ်ခွဲ နယ်စပ်ရှိ လေဗွာ စခန်းတွင် ကျင်းပပြုလုပ် ခဲ့ပါသည်။ အခမ်းအနား အစီစဉ်များမှာ နံနက်စောစောပိုင်း အချိန်တွင်  ဘုန်းကြီးကျောင်းကို ပဒေသာ ပင်များ အိုးစည် ဗုံမောင်းများနှင့် သွားရောက် ကတော့ ခဲ့ကြပြီး သံဃာ့ ဒါနဆွမ်း ဆက်ကပ် ခဲ့ကြပါသည်။ အခမ်းအနားကို မနက် ဝ၈းဝဝ နာရီ၌ စတင်ခဲ့ပြီး မနက် ဝ၉း၃ဝ တွင် ပြီးဆုံး ခဲ့ပါသည်။

အခမ်းအနား ဖွင့်လစ်ပြီးနောက် တက်ရောက်လာကြသော မဟာမိတ်ခေါင်းဆောင်များ PNLO ခေါင်းဆောင်များ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်သားများ ပအိုဝ်း မျိုးချစ်မောင်မယ် များနှင့် ကျေးရွာ ကိုယ်စားလှယ် များက ပအိုဝ်း အမျိုးသား အလံတော်နှင့် ပအိုဝ်းအာဇာနည်းများကို အလေးပြုခဲ့ကြပါသည်။

Po_02ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် တချို့ (ဓါတ်ပုံ – PNO)

PNLO ၏ ပအိုဝ်းအမျိုးသား ထုတ်ပြန်ကြေငြာချက်ကို အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း မှ ဖတ်ကြားပါသည်။ ထို့ နောက် PNLO ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် မဟာမိတ် ခေါင်းဆောင်များဖြစ်ကြသော WNO ဝအမျိုးသားအဖွဲ့မှ ဥက္ကဌ ဗိုလ်မှူးကြီး တာ့ပလွဲ၊ RCSS/SSA မှ ဗိုလ်မှူးကြီး စဝ်အောင်မြတ်၊ ကယန်းပြည်သစ် ပါတီမှ ဦးစိုင်းလုံ တို့မှ အသီးသီး အမှာ စကားများပြောကြားကြပါတယ်။ PNLO တွဲဖက် အတွင်းရေးမှူး (၁) ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန်မှာ ယနေ့ အခြေအနေများကို ရှင်းလင်းပြောကြား ပါသည်။

အဲဒီနောက် ပအိုဝ်းအမျိုးသားကျောင်းမှ ဆုရကျောင်းသူကျောင်းသားများကို မဟာမိတ်ခေါင်းဆောင်များနှင့် PNLO ဒု ဥက္ကဌ ဗိုလ်မှူးချုပ် ခွန်တိဆောင်တို့က အသီးသီး ဆုချီးမြင့်ပေးခဲ့ကြကြောင်း သိရပါသည်။

http://www.phophtaw.org/burmese/index.php/news.html

ကရင်အမျိုးသား အစည်းအရုံး (KNU)

ewကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ကရင်ဗုဒ္ဒ ဘာသာ တပ်မတော် တို့သည် အနာဂတ် ဆက်ဆံရေး နှင့် ပူးပေါင်း ဆောင်ရွက်ရေး တို့အတွက် ယမန်နေ့က မြ၀တီခရိုင် ဆုံဆည်းမြိုင် ကျေးရွာရှိ ဒီကေဘီအေ ဌာနချုပ်တွင် အမြင်ချင်း ဖလှယ် ခဲ့ကြပါသည်။

ထိုအမြင်ဖလှယ်မှုဆွေးနွေးပွဲတွင်၊ KNU ဖက်က ဆွေးနွေးသူများမှာ၊

၁။ ပဒိုလှငွေ (တွဲဖက်အထွေအထွေ အတွင်းရေးမှူး (၁) —- အဖွဲ့ခေါင်းဆောင်။
၂။ ဗိုလ်ချုပ်ဖလယ်ကို ———————- KNLA ဒုဦးစီးချုပ်။
၃။ ပဒိုအောင်မောင်အေး ——————- ဥက္ကဌ (ဖါအံခရိုင်)
၎။ ဗိုလ်မှူးကြီး နယ်ဒါးမြ ——————– အဖွဲ့ဝင်
၅။ ဒုဗိုလ်မှူးကြီး နယ်ဂေါ်မြ (မောင်တေးလေး)————— အဖွဲ့ဝင်
၆။ ဒုဗိုလ်မှူးကြီးဖေါလို —————-  အဖွဲ့ဝင်(၁၀၁ တပ်ရင်းမှူး)
၇။ ဗိုလ်မှူးလှဌေး       —————-  အဖွဲ့ဝင်

ဒီကေဘီအေဖက်မှ ကိုယ်စားလှယ်များမှာ

၁။ ဗိုလ်ချုပ် စောလားဖွယ်————– အဖွဲ့ခေါင်းဆောင်
၂။ ဗိုလ်မှူး လုံ့လုံ———————— အဖွဲ့ဝင်
၃။ ဗိုလ်မှူး ဆန်းအောင် ————— အဖွဲ့ဝင်
၎။ ဗိုလ်မှူးဟောင်း ရောဘတ်စံ————– အမေရိကန်နိုင်ငံ
၅။ ဗိုလ်မှူးဟောင်းကနဲနီ ————- ကေအန်ယူ ကိုယ်စားလှယ် သြစတြေးလျားနိုင်ငံ
၆။ ဗိုလ်မှူးဟောင်း မောသို —————– နော်ဝေးနိုင်ငံတို့လည်း ပါဝင်ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးကြသည့်အချက်များမှာ-

(၁) အပစ်အခတ် ရပ်စဲရေး အခြေအနေကို အပြန်အလှန်ရှင်းပြခြင်း။
(၂) နိုင်ငံရေးအရ အစိုးရနှင့်ဆွေးနွေးသည့်အခါ ရပ်တည်ချက်တူညီရေး၊
(၃) အတိတ်က သင်ခန်းစာကို ယူပြီး အချင်းချင်း ပစ်ခတ်မှု မဖြစ်ရေးနှင့် မိတ်ဖက်ပဋ္ဋိပက္ခဖြင့်ဖြေရှင်းရေး။
(၄) တဖက်နှင့် တဖက်အမြင်မမှားရန်။
(၅) ကေအန်ယူ ဦးဆောင်မှုဖြင့် နိုင်ငံရေးအရလှုပ်ရှားရန်။
(၆) ကေအန်ယူနှင့် ပြန်လည်ပူးပေါင်းရေးကို တဖြည်းဖြည်း ဆွေးနွေးသွားရန် ၊ အမြင်ချင်းဖလှယ်ခဲ့ကြသည်ဟု
ဒီကေဘီအေဖက်မှ ဗိုလ်မှူးဆန်းအောင်နှင့် ကေအန်ယူဖက်က ပဒိုလှငွေတို့က ပြောပါသည်။

re“ KNU ရဲ့ လမ်းစဉ် မူဝါဒနဲ့ပတ်သက်လို့  တကြိမ်တခါမှ ငြင်းပယ်ခဲ့တာမျိုး မရှိပါဘူး။  ဖြစ်သမျှအကြောင်းကို အကောင်းလို့ဘဲ သဘော ထားပြီး၊ တစုံတရာ အခြေအနေထိ ရှေ့ဆက် အကောင်အထည် ဖေါ်သွားဦးမယ်။ အကြံဥာဏ် တွေကိုတော့ ကေအန်ယူဆီမှာဘဲ တောင်းယူရမှာပါ”ဟု  ဗိုလ်မှူးဆန်းအောင်က ပြောပါသည်။

ဆွေးနွေးပြီးသည့်အခါ ဆုံဆည်းမြိုင်တွင် ရှိသည့် ဒီကေဘီအေတို့၏ ဆေးသင်တန်းနှင့် ကုတင်(၅၀)ဆေးရုံ တည်ဆောက် နေမှုကို လေ့လာခဲ့ကြပါသည်။ ထို့အတူ ပြီးခဲ့သည့် မတ်လ(၆) ရက်နေ့ကလည်း ယခုဆွေးနွေးခဲ့သော ကေအန်ယူ အဖွဲ့ သည်၊ ဗိုလ်ချုပ်ဌေမောင် ဦးဆောင်သော ကရင်ငြိမ်းချမ်းရေးကောင်စီ၊မှ ဗိုလ်ချုပ်ဌေမောင်၊ ဗိုလ်မှူးကြီးရင်နု ၊ အယ်ဂေါ်ထူး တို့နှင့်လည်း ဆွေးနွေးခဲ့သည်ဟု ပဒိုစောလှငွေက ပြောပါသည်။

ဒီကေဘီအေနှင့် ကေအန်ယူတို့သည်၊ အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးပြုလုပ်ပြီးနောက်ပိုင်းတွင် ယခုဆွေးနွေးမှုသည်၊  ပထမဆုံးအကြိမ် အမြင်ချင်း ဖလှယ်ခဲ့ကြခြင်း ဖြစ်ပါသည်။ ဒီကေဘီအေသည်၊ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလတွင် ကေအန်ယူ ထံမှ ခွဲထွက်ပြီး၊ ၁၉၉၅ တွင် တပ်အသွင် ဖွဲ့စည်းခဲ့ပါသည်။ (၂၀၁၀)ခုနှစ်တွင် ဒီကေဘီအေ နှစ်ခြမ်းကွဲပြီး၊  BGF အစိုးရ နယ် ခြားစောင့်တပ်ဖွဲ့နှင့် ဗိုလ်ချုပ်စောလားဖွယ် ဦးဆောင်သော ဒီကေဘီအေ တပ်ဖွဲ့ ဖြစ်သွားခဲ့ပါသည်။

 http://www.phophtaw.org/burmese/

 

KNPP အပစ်အခတ် ရပ်စဲရေး သဘောတူ

Karenni_02အပစ်အခတ် ရပ်စဲရေးအတွက် ကရင်နီ တိုးတက်ရေး ပါတီ (KNPP) နှင့် အစိုးရ ငြိမ်းဖေါ်ဆောင်ရေး အဖွဲ့တို့သည်၊ ယနေ့ နံနက် (၉) နာရီခွဲတွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ ကန္ဓ၀တီ ခန်းမတွင် တွေဆုံဆွေးနွေး ခဲ့ပါသည်။ ယင်းအစည်းအဝေး၌ ပဏာမ သဘောတူညီချက် (၃) ချက်ဖြင့် အပစ်အခတ် ရပ်စဲလိုက်သည်ဟု KNPP ၏အတွင်းရေးမှူး (၂) ဖြစ်သူ ဦးအောင် ဆန်းမြင့်ကပြောပါသည်။

ယင်းသဘော တူညီချက်များမှာ (၁) အပစ်အခတ် ရပ်စဲရေး၊ (၂) နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးနှင့် (၃) နှစ်ဖက်တပ် များသွားလာရေး အတွက် ညှိနှိုင်းခြင်း တို့ဖြစ်ပါသည်။

KNPP သည်နိုင်ငံရေးအရ ဆွေးနွေးရန် တောင်းဆိုချက် (၂၀)ချက် တင်ပြခဲ့ပါသည်။ ဤအချက်များကို အစိုးရကိုယ်စား လှယ်ဖက်က မူအားဖြင့် သဘောတူခဲ့ပါသည်။ ထိုအချက်များထဲတွင် ရှေ့ဆက် နိုင်ငံရေး ဆွေးနွေးပွဲ၌ အာမခံချက်ရှိ စေရန်နှင့် ပြည်သူလူထု အတွက် အာမခံချက် ရှိစေရန် တောင်းဆိုထားပါသည်။

KNPP ဖက်မှ ဆွေးနွေးပွဲ ကိုယ်စားလှယ်များမှာ ခူဦးရယ် အတွင်ရေးမှူး (၁) အဖွဲ့ခေါင်းဆောင်၊ ဗိုလ်ချုပ်ဘီတူး( စစ်ဦးစီးချုပ်) ဗိုလ်မှူးကြီး ဖုန်းနိုင် (စစ်ရေးချုပ်)၊ ဆရာမ တယ်နီယာ (ဗဟိုကော်မီတီ)၊ ဆရာမ ဒေလီဖါ (ဗဟိုကော်မီတီ)၊ ရွှေမျိုးသန့် (ဗဟိုကော်မီတီ)၊ ဆရာမဖေါရီဖေါ (အရံဗဟိုကော်မီတီ) ၊ ညေးရယ်၊ ဗိုလ်မှူးကြီး၊ အယ်ဘွီး (တပ်ရင်းမှူး)၊ စောပျားရယ်၊ တပ်ရေးဗိုလ်ကြီး၊ စောဖါမူး (ခရိုင်အုပ်ချုပ်ရေးမှူး) တို့ဖြစ်ပါသည်။

Karenniကရင်နီ တိုးတက်ရေးပါတီနှင့် အစိုးရ တွေ့ဆုံ (ဓါတ်ပုံ – အင်တာနက်)

အစိုးရ ကိုယ်စားလှယ်များမှာ ရထားပို့ဆောင်ရေး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး၊ ဦးခင်မောင်စိုး (လျှပ်စစ်ဝန်ကြီး)၊ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီး၊) ဦးစိုးသိမ်း (စက်မှုဝန်ကြီး)၊ ဦးဥာဏ်ထွန်းအောင် (သယ်ယူပို့ဆောင်ရေး ၀န်ကြီး)၊ ဦးခင်မောင်ဦး(ကယားပြည်နယ်ဝန်ကြီးချုပ်) တို့ပါဝင်သည်။ ထို့အပြင် ဒေသစစ်ကွပ်ကဲရေးဌာနချုပ်မှ အကြီးအကဲ များ၊ဘာသာရေးခေါင်းဆောင်များနှင့် လူထုခေါင်းဆောင်များ ပါဝင်ပါသည်။

KNPP ကိုယ်စားလှယ်များသည်၊ မြို့ပေါ်ရှိ နိုင်ငံရေးပါတီများ၊ လူထုလူတန်းစားများနှင့် တွေ့ဆုံပြီးမှ ပြန်လာမည်ဖြစ်ပါသည်၊ ဤဆွေးနွေးပွဲသည်၊ KNPPနှင့် အစိုးရကြား ပထမအကြိမ် တွေ့ဆုံပွဲဖြစ်သော်လည်း၊ ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ဖေဖေါ်ဝါရီ လတွင် နှစ်ကြိမ်တိုင်ထိုင်းနိုင်ငံ၌ ပဏာမတွေ့ဆုံခဲ့ပါသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/1211-knpp—.html