#ယူနီဖောင်းမ၀တ်၊ လက်နက်မကိုင်ရန် ကရင်လက်နက်ကိုင် #၂ဖွဲ့ကို အစိုးရတပ် သတိပေး KIC NEWS

Untitled-1-300x187

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း

မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA Peace Council)နှင့် ကလို့ထူးဘောကရင်အစည်းအရုံး(KKO)တို့အနေဖြင့် ယူနီဖောင်းဝတ်စုံနှင့်တကွ လက်နက်များကိုင်ဆောင် ကာ သွားလာခြင်းမပြုရန် မြ၀တီမြို့အခြေစိုက် အစိုးရစစ်တပ်က စက်တင်ဘာလ ၁၄ရက်နေ့တွင် တားမြစ်သတိပေးခဲ့သည်။

မြ၀တီမြို့ရှိ အစိုးရစစ်တပ် ရှေ့တန်းအမှတ်(၂၇၅) ခြေလျင်တပ်ရင်းက ၎င်းတားမြစ်သတိပေးစာကို KNU/KNLA PC နှင့် KKO အဖွဲ့များထံ အဓိကထားကာ ရည်ရွယ်၍ ပေးပို့ခြင်းဖြစ်ပြီး လက်ရှိ ယင်းစာကို သက်ဆိုင်ရာ ဆက်ဆံရေးရုံးများသို့ ပေးပို့ထားပြီး ဖြစ်ကြောင်း သိရသည်။

KNU/KNLA PC ၏ နယ်စပ်လုံခြုံရေး အထူးဗျူဟာမှူး ဗိုလ်မှူးကြီးတိုက်ဂါးက “သူတို့က ကျနော်တို့ကို စာပို့တာ ဟုတ်တယ်။ အဲ လိုအဖွဲ့အစည်းတွေအပေါ်မှာ ကန့်သတ်တားမြစ်တာကို လက်မခံနိုင်ဘူး။ သူတို့ တားမြစ်သလို (အစိုးရ)စစ်တပ်တွေ မြို့ထဲမှာ လက်နက်နဲ့ ယူနီဖောင်းနဲ့ မမြင်ချင်ဘူး။ ဒီကိစ္စကို တုံ့ပြန်တဲ့အနေနဲ့ ကျနော်တို့အဖွဲ့လည်း ကြေညာချက်စာ ထုတ်ပြန်သွားမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အပစ်အခတ်ရပ်စဲထားသည့် အဆိုပါ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် စက်တင်ဘာလ ၁၄ရက်နေ့မှစ၍ မြို့တွင်းသွား လာရာတွင် ယူနီဖောင်းနှင့် လက်နက်ကိုင်ဆောင်သွားလာခြင်းမပြုရန် အပြင်းအထန် တားမြစ်ထားပြီး သွားလာမည်ဆိုပါက သက်ဆိုင်ရာ ဆက်ဆံရေးရုံးမှတဆင့် ရှေ့တန်းရုံး(မြ၀တီ)သို့ အသိပေးပြီးမှသာ သွားလာရမည်ဟု တားမြစ်စာထဲတွင် ဖော်ပြပါ ရှိသည်။

ထို့အပြင် ဖော်ပြပါ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအနေဖြင့် အစိုးရဌာနများ၏ ဥပဒေနှင့်အညီ လုပ်ဆောင်မှုများကို ၀င်ရောက်စွက် ဖက်ခြင်း မပြုရန်နှင့် သဘောတူညီထားသည့် ငြိမ်းချမ်းရေးမူဝါဒများအတိုင်း လိုက်နာဆောင်ရွက်ရန်တို့ကိုပါ ယင်းသတိပေးစာ ထဲတွင် ထည့်သွင်းဖော်ပြထားသည်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT) အဖွဲ့ဝင်လည်းဖြစ်၊ KKO အတွင်းရေးမှူး ဗိုလ်မှူးစောလုံ့လုံက “ကျနော်တို့အနေနဲ့ အစိုးရနဲ့ ပြည်ထောင်စုအဆင့် သဘောတူညီချက်တွေမှာ ယူနီဖောင်းကိစ္စတို့၊ လက်နက်ကိစ္စတို့က အဲလို အသေးစိတ် မပါဘူးဗျ။ အဲဒါကြောင့် လာမဲ့ စက်တင်ဘာ ၂၂ရက်နေ့ ရန်ကုန်မှာလုပ်မယ့် NCCT နဲ့ UPWC ဆွေးနွေးမှုမှာ ဒီလို တပ်ပိုင်းဆိုင်ရာ အသေးစိတ်ကိစ္စတွေကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါတားမြစ်သတိပေးစာနှင့် ပတ်သက်၍ ညင်သာစွာ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပြီး ထိုသို့ မဟုတ်ပါက ထိပ်တိုက်ရင်ဆိုင် မှုများမှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကိုပါ ထိခိုက်လာနိုင်ကာ မလိုလားအပ်သည့် ကိစ္စရပ်များဖြစ်ပေါ်လာနိုင်ကြောင်း ဗိုလ် မှူးစောလုံ့လုံက ဆက်လက် ပြောဆိုသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ KNU/KNLA PC ၊ KKO လက်အောက်ခံ ဒီမိုကရေစီ အကျိုးပြုကရင့်တပ်မတော်(DKBA) စသည့် ကရင်လက်နက်ကိုင်တပ်ဖွဲ့များက သက်ဆိုင်ရာအဖွဲ့အလိုက် ဆက်ဆံရေးရုံးများ ထားရှိကာ လှုပ်ရှားသွားလာလျှက်ရှိသည်။http://www.kicnews.org/2014/09/ယူနီဖောင်းမ၀တ်၊-လက်နက်မ/

#myanmar #တိုင်းရင်းသားပြည်သူတရပ်လုံးမျှော်လင့်နေတဲ့ #UPWC-#NCCT

တိုင်းရင်းသားပြည်သူတရပ်လုံးမျှော်လင့်နေတဲ့UPWC-NCCT တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ရန်မူကြမ်းဆွေးနွေးပွဲကို မြန်မာ့ငြိမ်းချမ်းရေစင်တာ၌ နံနက် ၉း၁၅ တွင်စတင်ပါတယ်။ CR.Nyo Ohn Myint
936660_10152675375908594_1538606130734741920_n1795691_10152675375843594_3839976084040478923_n10620643_10152675375793594_2209093757224961585_n10386310_10152675375763594_1302250100981021821_n10491269_10152675375998594_5631901405011721186_n10592772_10152675376058594_3124550770516147774_n

BURMA MYANMAR : UPWC-JCCT Nationwide Ceasefire Talks Joint Press Statement (unofficial translation)

 

1912050_10152326355248594_970219194_n1975232_10152326355123594_1883630538_n

credit nyo ohn myint 1. On March 9-10, 2014, members of the Union Peace Making Work Committee, Tatmadaw representatives, Hluttaw members, and representatives of the ethnic armed groups’ Nationwide Ceasefire Coordination Team (NCCT) held cordial discussions at the Myanmar Peace Center.

2. Both sides agreed to jointly draft a single text of the nationwide ceasefire agreement. To facilitate this effort, the two sides agreed to establish a Joint Nationwide Ceasefire Drafting Work Group composed of an equal number of members from both sides.

3. The two sides agreed to meet for further discussions during the last week of March 2014. There was also agreement to invite other ethnic armed groups to the next nationwide ceasefire coordination meeting.

4. The two sides agreed to prepare a draft of the nationwide ceasefire agreement with the following seven (7) sections: Continue reading “BURMA MYANMAR : UPWC-JCCT Nationwide Ceasefire Talks Joint Press Statement (unofficial translation)”

UPWC NCCT အစည်းအဝေးအောင်မြင်စွာပြီးဆုံး

1002159_10152240328343594_1156575924_n63548_10152240137738594_2093988062_n1545120_10152240096748594_1027153592_n

 

NCCT အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ရန် ၀န်ကြီး ဦးအောင်မင်း
================================
အဖွဲ့ ဇင်းမယ် ရောက်ရှိ
=============
28 January 2014( by ရွှေဟင်္သာ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူချော ရရှိရေး အတွက် ကြိုတင် ညှိနှိုင်း ရန် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာ့ငြိမ်း ချမ်းရေး စင်တာမှ အရာ ရှိများ သည် ယနေ့ မွန်းလွဲ ပိုင်းတွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့သို့ ရောက်ရှိလာခဲ့ သည်ဟု အဖွဲ့ဝင်တဦး ဖြစ်သူ ဦးညို အုန်းမြင့်က ဆိုပါသည်။ “ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အတွက် ကြိုတင်ပြင်ဆင်တဲ့ ညှိနှိုင်း အစည်း အဝေး ကျင်းပ ဖို့ပါဘဲ။ အ သေးစိပ် တော့ မပြောနိုင် သေးပါဘူး။ ကျနော်တို့ အဖွဲ့မှာ (၈)ဦးလောက် ပါလာတယ်။ နက်ဖြန် ဇန္နာဝါရီ (၂၉)ရက်နေ့ မှာ တွေ့ဖို့ တော့ ပြော ထားပါတယ်။ ဇင်းမယ်မှာဘဲ” ဟု ဆိုပါသည်။ ၀န်ကြီးနှင့် အဖွဲ့သည် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) နှင့် တွေ့ဆုံ ကြမည် ဖြစ်သည်။ (NCCT) သည် ပြီးခဲ့ သည့် ဇန္နာဝါရီလ (၂၅) ရက်နေ့တွင် ပြီးဆုံး သွားသည့် လောခီးလာ ညီလာခံ မှ ဆုံးဖြတ် ထားသော မူ (၁၁)ချက်ကို အခြေခံပြီး တင်ပြသွား မည်ဟု (NC C T) အဖွဲ့ဝင် တဦးဖြစ်သူ ခွန်ဥက္ကာ မှ ဆိုပါသည်။ ၀န်ကြီးနှင့် အဖွဲ့သည် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် အတွက် မူချောတရပ် ရရှိရန် လာရောက် ညှိနှိုင်း ကြခြင်း ဖြစ်ပြီး (NCCT) သည် လာမည့် ဖေဖေါ်ဝါရီ တတိယ ပါတ်တွင် ကျင်းပမည့် ဖါးအံ ဆွေးနွေးပွဲ မတိုင်ခင် အကြို တွေ့ဆုံခြင်း ဖြစ်ပါသည်။ အစိုးရ ငြိမ်းချမ်း ရေး အရာရှိ တဦးကမူ လာမည့် ဖေဖေါ်ဝါရီ ဆွေးနွေးပွဲ မတိုင်ခင် မူချောတရပ် ညှိနှိုင်း နိုင်ခဲ့ပါက မတ်လတွင် တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို နေပြည်တော် တွင် ကျင်းပရန် ရှိသည်ဟု မျှော်မှန်း ထားကြောင်း ဆိုပါသည်။ အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း နှင့်အတူ ဒုတိယ ရှေ့နေချုပ် ဦးထွန်း ထွန်းဦး၊ ဦးတင်မောင်သန်း၊ ဒေါက်တာ မင်းဇော်ဦး၊ ဒေါက်တာ ဆလိုင်းငွန်း ကျွန်းလျံ၊ ဦးလှ မောင်ရွှေ၊ ဦးညို အုန်းမြင့်၊ ဦးအောင်နိုင်ဦး တို့ လည်း ပါလာခဲ့ပါသည်။ (NCCT) ဖက်မှ ကိုယ်စား လှယ်များမှာ ယခင်ဖွဲ့စည်း ထားသည့် ကိုယ်စားလှယ် များသာ တက်ရောက်ကြ လိမ့်မည် ဖြစ်ပါသည်။ (NCCT)သည် လောခီးလာ ညီလာခံ ၏ မူဘောင် အတိုင်းသာ ရပ်တည် သွားမည် ဖြစ်သဖြင့် ပြေလည်မှု သည် အစိုးရကိုယ် စားလှယ်များ ပေါ်တွင်သာ မူတည် တော့ကြောင်း ခွန်ဥက္ကာမှ ဆိုပါသည်။

ဗိုလ်ချုပ်ခွန်မုန်း(မ်) ဦးဆောင်သော RCSS ငြိမ်းချမ်းရေးကော်မတီနှင့်ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သော UPWCသည် ချင်းမိုင်ခရိုင်တွင်ယနေ့ ညနေပိုင်း၌တွေ့ဆုံ့ဆွေးနွေးနေပါသည်။

ဗိုလ်ချုပ်ခွန်မုန်း(မ်) ဦးဆောင်သော RCSS ငြိမ်းချမ်းရေးကော်မတီနှင့်ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းဦးဆောင်သော UPWCသည် ချင်းမိုင်ခရိုင်တွင်ယနေ့ ညနေပိုင်း၌တွေ့ဆုံ့ဆွေးနွေးနေပါသည်။

1510717_10152174599018594_853421096_n

 

1511249_10152174598823594_1751137326_n

 

PHOTO CREDIT Nyo Ohn Myint
PHOTO CREDIT Nyo Ohn Myint

Ethnic armed leaders’ meeting to play key role for Myanmar peace—Kachin SP

emg

KIA FROMTLINE

An ethnic armed leaders’ meeting on the nationwide ceasefire agreement, to be held in Laiza at the headquarters of Kachin Independence Organization (KIO), will play a key role in addressing internal armed conflicts that have lasted more than half a century, said La Maing Gun Ja, an official with the Kachin State Peace Group.

The ethnic armed leaders’ meeting will be held in Laiza from October 30 – November 1. The KIO has arranged to leave for Myitkyina on November 2 and will meet the Union Peacemaking Work Committee (UPWC) on November 3, said an official from the Myanmar Peace Center.

“Whether ethnic armed groups attend or sign the nationwide ceasefire deal, the signing ceremony will be on the agenda. How many ethnic groups attend the ceremony has yet to be determined. But all ethnic groups have been invited to be part of the ceremony,” said La Maing Gun Ja.

The UPWC earlier arranged to hold the nationwide ceasefire together with all ethnic armed groups in July, but it failed to negotiate with them. As a result, the nationwide ceasefire deal signing had to be postponed until October. As this month has progressed, both sides are still negotiating the nationwide ceasefire. Therefore, the signing ceremony has been postponed until November.

“We should have a better idea of whether or not the ethnic armed groups will attend the nationwide ceasefire deal signing ceremony soon after the meeting to be held in Laiza. The nationwide ceasefire deal so far looks like it’s in good condition. The Laiza meeting will be of great importance for the Myanmar peace process,” said La Maing Gun Ja.

The Laiza meeting of top ethnic leaders will fulfill a requirement to push the government’s ongoing political dialogue, said a UPWC official.

UNFC နှင့် အစိုးရကိုယ်စားလှယ်တို့ တွေ့ဆုံကြဆွေးနွေးကြမည်

imna mon news

Wednesday, July 10th, 2013

ခတ္တာနန်း – ပြည်တောင်စုအစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ နည်းပညာ အထောက်အကူပြု အဖွဲ့ (Techical Team) နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နည်းပညာ အထောက်အကူပြု အဖွဲ့တို့ ယခုလ ၁၃ ရက်နေ့တွင် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးနိုင်ရေးအတွက် အကြိုတွေ့ဆုံဆွေးနွေးရန်ရှိကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာက “ အဓိက ဒီမှာဆွေးနွေးဖြစ်မှာကတော့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့နေရာမှာရော နိုင်ငံရေးဆွေးနွေးတဲ့အခါမှာပါ ငြိမ်းချမ်းရေးဆွေးနွေမှုလမ်းပြမြေပုံကို နှစ်ဖက်နားလည်သဘောတူကြဖို့ အတွက်ကို ဆွေးနွေးသွားမှာပါ၊ အရေးကြီးတာက အမြင်မတူကြဘူးဆိုရင် ရေရှည်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟူ ပြောသည်။

 

Union-Peace-Making-Central-Committee-Working-Comittee-Burmese-
Union-Peace-Making-Central-Committee-Working-Comittee-Burmese-

နိုင်ငံရေးဆိုင်ရာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးပွဲအတွင်း ပြည်တွင်းပြည်ပမှ စောင့်ကြည့်လေ့လာသူများ၊ ကြားဝင်ပုဂ္ဂိုလ်များနှင့်၊ ဆွေးနွေးပွဲလုပ်မည့် အစီအစဉ်များကို ယခုအကြိုဆွေးနွေးပွဲတွင် ထည့်သွင်းညှိနှိုင်းသွားမည်ဖြစ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

ယင်းအကြိုဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာမူ (၈)ချက် နှင့် UNFC ၏ ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် ( ၆ ) ချက် တို့ကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ဟံသာက “ ကျနော်တို့အနေနဲ့ လက်နက်စွန့်ပြီး ရွေးကောက်ပွဲ ဝင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး၊ အစိုးရက တိုင်းရင်းသားလက်နက်ကိုင်တွေကို လက်နက်စွန့်ပြီး သာမန်ပြည်သူလူထုတွေလို နေစေချင်တယ်၊ ကျနော်တို့က သူတို့ချမှတ်တဲ့စည်းမျဉ်းဥပဒေတွေကို လက်မခံနိုင်တဲ့အတွက် အခုလို တော်လှန်နေရတာပါ၊ ဒါကြောင့် နှစ်ဖက်နားလည်မှုရဖို့အတွက် နည်းလမ်းရှာသွားကြမှာပါ” ဟု ပြောသည်။

ပြည်ထောင်စုအစိုးရ၏ ငြိမ်းချမ်းရေးဆိုင်ရာမူဘောင်များထဲမှ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်ကိစ္စနှင့် ပတ်သက်၍ မိမိတို့ UNFC အနေနှင့် လက်မခံနိုင်ကြောင်း၊ လွှတ်တော်ပြင်ပ၌သာ ပြဿနာကို ဖြေရှင်းလိုကြောင်း၊ ပါတီထူထောင်၍ ရွေးကောက်ပွဲဝင်ရန်အတွက်လည်း လုပ်ဆောင်မည်မဟုတ်ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

မြန်မာစာနယ်ဇင်သမဂ္ဂ ဒု-ဥက္ကဌ ဦးဇင်လင်းက “ ပြည်ထောင်စုအစိုးရရဲ့ ငြိမ်းချမ်းရေးဆိုင်ရာမူ နဲ့ UNFC ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလမ်းပြမြေပုံက အချက်တွေဟာ အရမ်းကို ကွာဟချက်တွေများနေတယ်၊ ဒါကို ညှိဖို့ ဆိုတာ အချိန်အတော်လေးကို ယူရပါမယ်” ဟု ပြောသည်။

ပြည်ထောင်စုအစိုးရ၏မူဘောင်များအနက် လက်နက်စွန့်လွှတ်၍ ပါတီထူထောင်ရေးကိစ္စ၊ ရွေးကောက်ပွဲဝင်ရေးကိစ္စ၊ ဖွဲ့စည်းပုံကိုလွှတ်တော်အတွင်းပြင်ဆင်ရေးကိစ္စများ ပါဝင်ပြီး၊ UNFC ၏ လမ်းပြမြေပုံတွင် တိုင်းရင်းသားအားလုံးပါဝင်၍ လူမှုအခြေပြု CBO အဖွဲ့များ၊ အမျိုးသမီးအဖွဲ့များနှင့် လူငယ်အဖွဲ့များအားလုံး ပါဝင်သည့် ညီလာခံတရပ်လုပ်ဆောင်ရန်နှင့်၊ လွှတ်တော်ပြင်ပတွင်သာ အခြေခံဥပဒေဖွဲ့စည်းပုံ ပြန်လည်ပြင်ဆင်ရေးများပါဝင်ကြောင်းဖြစ်သည့်အတွက် ယင်းလမ်းပြမြေပုံ ၂ ခုအတွက် သဘောတူညီမှုရရှိရန် ခက်ခဲကြောင်း ဦဇင်လင်းက သုံးသပ်သည်။

ယခုအကြိုတွေ့ဆုံမှုတွင် UNFC ၏ နည်းပညာအထောက်အကူပြူအဖွဲ့ကို ဗဒိုမန်းမန်းမှ ဦးဆောင်မည် ဖြစ်ကြောင်း၊ ပြည်ထောင်စုအစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC ၏ နည်းပညာအထောက်အကူအပြုအဖွဲ့အား ဦးလှမောင်ရွှေမှ ဦးဆောင်ပြီး အဖွဲ့တစ်ဖွဲ့တွင် ခြောက်ဦးခန့် ပါဝင်မည်ဖြစ်ပြီး ယခုလ ၁၃ ရက်နေ့တွင် ထိုင်းနိုင်ငံတစ်နေရာ၌ တွေ့ဆုံကြမည် ဖြစ်ကြောင်း သိရသည်။