#မြန်မာပြည် အေးချမ်းတည်ငြိမ်တိုးတက်စေမည့်နည်းလမ်း

မြန်မာပြည် အေးချမ်းတည်ငြိမ်တိုးတက်စေမည့်နည်းလမ်း ================================

12105883_525189724296316_7136530997191889787_n မြန်မာပြည်သည် ရေခဲပြင်နှင့်လည်းကောင်း၊ သဲကန္တာရနှင့်လည်းကောင်း ဝေးကွာသောနေရာ တွင် တည်ရှိပြီး ပူနွေးစွပ်စိုသောရာသီဥတု ရှိသည်။ မိုးရေကိုလုံလောက်စွာရရှိ၍ အပင်မျိုးစုံဖြစ်ထွန်းသော ရာသီဥတုလည်းရှိသည်။ မြေသြဇာကောင်းမွန်ပြီး သီးနှံမျိုးစုံကိုစိုက်ပျိုးနိုင်သော အနိမ့်ပိုင်းလယ်မြေ ကုန်းမြေ ပြန့် နှင့် အမြင့်ပိုင်းတောင်ပေါ်ဆင်ခြေလျှောမြေမျိုးစုံ ရှိသည်။ သဘာဝသယံဇာတတွင် သစ်တော ဝါးတော လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်သောတောင်ကျစမ်းရေ နှင့် မြစ်ချေုာင်းများစွာ ရှိသည်။ တွင်းထွက်ပစ္စည်းများ ဖြစ်သော ရွှေ၊ ငွေ၊ ကြေးနီ၊ ခဲအမျိုးမျိုး၊ တန်ဘိုးမြင့်ကျောက်မျက်ရတနာများဖြစ်သော ပတ္တမြား၊ နီလာ၊ ကျောက်စိမ်း၊ သဘာဝလောင်စာဖြစ်သော ရေနံ၊ ဓါတ်ငွေ့နှင့် ကျောက်မီးသွေး စသည်တို့လည်း များစွာ ရှိပါသည်။ နိုင်ငံတကာနှင့်ကူးသန်းရောင်းဝယ်ရန် ပင်လယ်ပြင်နှင့်ထိစပ်နေသောကမ်းရိုးတန်း ရှည်လျှားစွာ ရှိပြီး ထိုပင်လယ်ပြင်တွင် ငါး၊ ပုဇွန်တို့လည်း အလွန်ပေါများသည်။ နိုင်ငံအကျယ်အဝန်းဧရိယာစတုရန်းမိုင် နှစ်သိန်းခြောက်သောင်းကျော်တွင် လူဦးရေသန်းငါးဆယ်ကျော်သာရှိသဖြင့် နယ်မြေနှင့်လူဦးရေသည် ကျပ် တည်းသောအခြေအနေလည်း မဟုတ်။ ထိုသို့သောပကတိတည်ရှိမှုအနေအထားမျိုးတွင် ပုံမှန်အခြေအနေ သာဆိုလျှင် ချမ်းသာကြွယ်ဝသောနိုင်ငံတခု ဖြစ်နေမည်မှာသေချာသည်။ သို့သော် မြန်မာပြည်သည် ဖွံ့ဖြိုးမှု နိမ့်ကျဆုံး (LDC) စာရင်းဝင်နိုင်ငံ တနိုင်ငံ ဖြစ်နေရသည်။ အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများ (အာဆီ ယံအဖွဲ့)အကြားတွင် တချိန်ကလူနေမှုအဆင့် အမြင့်မားဆုံး၊ တိုးတက်ချမ်းသာဆုံးနိုင်ငံတနိုင်ငံ ဖြစ်ခဲ့သော် လည်း ယခုအခါအာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဆင်းရဲကျပ်တည်းဆုံးနိုင်ငံ ဖြစ်နေရသည်။ အဘယ် ကြောင့် ဤသို့ဖြစ်ရှိလာရသနည်း။ သုံးသပ်ဝေဖန်ဆန်းစစ်ရန် လွန်စွာလိုအပ်နေပါသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ များပြားသော လူဦးရေ၊ စုစည်းနေထိုင်ရာနယ်မြေနှင့် Continue reading “#မြန်မာပြည် အေးချမ်းတည်ငြိမ်တိုးတက်စေမည့်နည်းလမ်း”

#BURMA #SUMMIT #Ethnic #Armed #Organizations (SD) #MYANMAR #PEACE #CENTER

JULY 21, 2015, Yangon, Myanmar – The Ethnic Armed Organizations’ Senior Delegation (SD) for the nationwide ceasefire negotiation announced today that the following SD members are now in Yangon for conclusive negotiations with the government representatives at the Myanmar Peace Center to begin on July 22, 2015:

11051744_495076590640963_4256677136529631423_n

#UNFC #ပထမအကြိမ်ကွန်ဂရက် #F.U.A ၏ အထမအကြိမ်အစည်းအဝေးကို ၂၈.၁၁.၂၀၁၄ မှ ၂၉.၁၁.၂၀၁၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး

မြန်မာတပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသည့် စစ်ဆင်မှုများ ရန်လိုမှုများကို ချွင်းချက်မရှိ ရပ်ဆိုင်းရန် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် (F.U.A) စစ်ဦးစီးအဖွဲ့ အစည်းအဝေးမှ တောင်းဆို
=======================================

UNFC ပထမအကြိမ်ကွန်ဂရက် F.U.A ၏ အထမအကြိမ်အစည်းအဝေးကို ၂၈.၁၁.၂၀၁၄ မှ ၂၉.၁၁.၂၀၁၄ ရက်နေ့အထိ ကျင်းပခဲ့ပြီး UNFC ၏ကာကွယ်ရေးတာဝန်ခံ ၊ ဒုတာဝန်ခံတို့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အဖွဲ့အစည်းအသီးသီး၏ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ် (၁၁) ဦး အကြံပေးနှင့် လေ့လာသူအပါအဝင် စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့သည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ချုပ်ဆိုနိုင်ရန် ကြိုးပမ်းဆောင်ရွက်မှုများသည် တစုံတရာ နီးစပ်မှုရှိလာခဲ့သော်လည်း စက်တင်ဘာလ ညှိနှိုင်းပွဲတွင် တပ်မတော်သားကိုယ်စားလှယ်ကြီးများက နောက်ကြောင်းပြန်အဆိုပြုချက်များ အတင်းအကြပ်တင်သွင်းလာခြင်း၊ ကာကွယ်ရေးဦးစီးချုပ်၏ မူ(၆)ချက်ကို အခိုင်အမာထပ်မံတင်ပြလာခြင်း …

မန်ကိန်း

10371992_742383745815296_4449995160595872972_n

10801573_900596283298693_9011122570911262672_n

#update #25/11 #STATEMENTS #ဒီကနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ #ကချင်လွတ်လပ်ရေး #တပ်မတော်ဌာနချုပ်ရှိရာ…

Joint Statement of UWSP, NDAA, SSPP

1384380_746804432066425_741894910821670326_n10402605_746804452066423_6471807253385804870_n

10268590_746804512066417_6640741642576114732_n

 

ကိုးကန့် တပ်မတော် ( MNDAA ) ကြေညာချက်ထုတ်ပြန်

10703831_746804878733047_6077723384124100365_n

အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော တအောင်းတပ်မတော် ( TNLA ) မှ မျိုးချစ်ဗိုလ်လောင်း များ ။

မဟာမိတ် မျိုးချစ်ဗိုလ်လောင်းများ ကောင်းရာ သုဂတိ လားပါစေ ။

10390034_746805642066304_1618178792510449778_n

ကျဆုံးခဲ့ပြီးတဲ့ ကေအိုင်အို ဗိုလ်သင်တန်းကျောင်းကဗိုလ်လောင်း ၂၃ ဦးကိုရည်စူးပြီး ဘာသာပေါင်းစုံဆုတောင်းပွဲကိုယနေ့ ညနေ က မဟာ ဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့ကြပါတယ်။
Photo ကြည်နူး

10262168_733119670090029_1045973771907160606_n

ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းအား စစ်အစိုးရ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျဆုံးသွားသော ဗိုလ်လောင်းများနဲ့ပတ်သက်၍
ရခိုင်ပြည်လွတ်မြောက်ရီးပါတီ(ALP)မှ ပီးပို့သောဝမ်းနည်းကြောင်းသဝဏ်လွှာ

1395358_898374853515423_3251444333776769609_n

၁၉၊၁၁၊၂၀၁၄ ရက်နေ့ မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာ ကောက်ကျစ်စဉ်းလဲစွာ ကချင်လွတ်မြောက်ရေးတပ်မတော် ဗိုလ်သင်တန်းကျောင်းအား ၁၀၅မမ ဟော်ဝစ်ဇာ လက်နက်ကြီးဖြင့် ရုတ်တရက်အလစ်ငိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားကြရရှာသော ရခိုင့်တပ်မတော်မှ တိုင်းရင်းသား သွေးချင်းညီအစ်ကို ဗိုလ်လောင်းကျောင်းသားများ
photos: ရက္ခိုင့်တပ်မတော် – သတင်းနှင့် ပြန်ကြားရေးဌာန

Yan Linn Soe, a 21 year-old cadet from the Arakan Army, fell as the Burma Army attacked the Kachin Independence Army’s Military Academy on 19.11.2014 with 105mm howitzer.

 

Ye Win Htun, a 23 year-old cadet from the Arakan Army,
Ye Win Htun, a 23 year-old cadet from the Arakan Army,

10687032_732342060192419_1547781911859803024_n

Khaing Htun, a 21 year-old cadet from the Arakan Army
Khaing Htun, a 21 year-old cadet from the Arakan Army
Kyaw Khant, a 21 year-old cadet from the Arakan Army,
Kyaw Khant, a 21 year-old cadet from the Arakan Army,
Thein Than Naing, a 23 year-old cadet from the Arakan Army
Thein Than Naing, a 23 year-old cadet from the Arakan Army
Ko Saw Tin, a 23 year-old cadet from the Arakan Army,
Ko Saw Tin, a 23 year-old cadet from the Arakan Army,
Htet Htet Aung, a 24 year-old cadet from the Arakan Army,
Htet Htet Aung, a 24 year-old cadet from the Arakan Army,
Aung Aung Than, a 23 year-old cadet from the Arakan Army,
Aung Aung Than, a 23 year-old cadet from the Arakan Army,

photo: ရက္ခိုင့်တပ်မတော် – သတင်းနှင့် ပြန်ကြားရေးဌာန

 

 

KIA ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် ထုတ်ပြန်ကြေညာချက်

10655223_714654741958085_9206280765296251703_o

ကြေညာချက်အမှတ် ၁၃/ ၁၁/ ၂၀၁၄

10440840_1014785651870169_6831827489703485727_n1512813_1014785861870148_8571052323910306596_n

ကချင်ပြည်နယ်လိုင်ဇာမြို့က စစ်သင်တန်းကျောင်းမှာ အစိုးရတပ်ရဲ့လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ တိုင်းရင်းသားဗိုလ်လောင်း ၂၃ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ အစိုးရတပ်ရဲ့ အပြုသဘောမဆောင်သောလုပ်ရပ်ကိုကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူလူငယ်ကျောင်းသားများနဲ့ တက်ကြွလှုပ်ရှားသူများစုပေါင်းကာ ဒီနေ့မနက်မှာ ပန်းခွေချလှုပ်ရှားမှုတခုပြုလုပ်ခဲ့ပါတယ်။
အနက်ရောင် အဝတ်အစားများဝတ်ဆင်ထားပြီး ပန်းပွင့်များကိုင်ဆောင်ထားတဲ့ တက်ကြွလှုပ်ရှားသူများဟာ မြေနီကုန်းလမ်းဆုံအနီးမှာ လူစုကြပြီး မြန်မာ့ငြိမ်းချမ်းရေးပြည်လည်ထူထောင်ရေးဗဟိုဌာန (MPC) ရှေ့မှာ ပန်းခွေချ ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းများပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ cr.Moe Thway

10428277_10205316535184058_8785036371139098400_o10270465_10205316536104081_2628250718907315846_n

၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့  နေ့ လည် (၁၂း၃၅) တွင် အစိုးရစစ်တပ် မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စစ်ရေးပြလေ့ကျင့်နေစဉ် ကျဆုံးသွားရသော ရက္ခိုင့်တပ်မတော် ဗိုလ်လောင်းများ ။

တော်လှန်ရေး စစ်သည်တော်များအား ဦးညွတ်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ် ။ ကောင်းရာ သုဂတိလားပါစေ ။

10690182_745169445563257_1168194049740289119_n

 

1966773_746132535466948_1554123674330435220_n

 

1461021_796590810401157_9074181651597048243_n10365810_797606786966226_4817845136940815711_n

10393754_797606823632889_5062298897334674241_n

 

အစိုးရတပ်များ လိုင်ဇာ အနီး သို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်
ယနေ့ မနက်အစောပိုင်း (၄း၁၅) နာရီ အချိန်ခန့်  လိုင်ဇာအနီး ဖွန်ပြန်ဘွမ် တွင် စခန်းချနေသော အစိုးရတပ် ခလရ (၅၆) တပ် မှ ကန်တော့ဘွမ် ၊ ဘွမ်တောင်ဘွမ် တစ်ဖက်ခြမ်း လိုင်ဇာမြို့ နှင့် အနီးဆုံးနေရာ များသို့  (၁၂၀) မမ လက်နက်ကြီးဖြင့် (၂)ကြိမ် တိုင်တိုင် ပစ်ခတ်ခဲ့ပါတယ် ။
အလားတူ ယနေ့ မနက် (၄း၂၀)နာရီခန့် က ဗမာအစိုးရတပ် ခမရ ( ၃၈၉)တပ်ရင်း စခန်းချနေသော ခယာဘွမ် ဘက်မှ လိုင်ဇာ အနီးရှိ စစ်ပြေး ဒုက္ခသည်စခန်း မှ ကျောင်းသားများ အား စာသင်ကြားပေးနေသော စာသင်ကျောင်းအများစု ထားရှိရာ အလမ်ဘွမ် အနီးသို့  (၁၂၀)မမ လက်နက်ကြီး (၂)ကြိမ်တိုင်တိုင် ရှေ့ ဆင့် နောက်ဆင့် ပစ်ခတ်ခဲ့ပါတယ်။ ယခုအခါ စာသင်ကြားနေသော ကျောင်းသားအများစု စိုးရိမ်ထိတ်လန့် ကာ စာသင်ကြားရန် စိတ် အနှောင့်အယှက် ဖြစ်နေရကြောင်း သိရပါတယ်။
ဆက်လက်ပြီး ယနေ့ မနက်ပိုင်း တစ်ချိန်ထဲတွင် ဒေါ့ဖုန်းယန် အနီးရှိ လွိုင်ဂျော်ဘွမ်တွင် စခန်း ချနေသော ဗမာအစိုးရတပ် ခမရ (၃၂၀) တပ်မှ လိုင်ဇာ နှင့် ဒေါ့ဖုန်းယန် အကြားရှိ ကေအိုင်အေ ရှေ့ တန်းပို့ စ် ရှိရာများသို့  မှန်းဆကာ (၆၀)မမ အပါအ၀င် လက်နက်ငယ်များဖြင့် ပရမ်းပတာ အကြောင်းမဲ့ လိုက်လံပစ်ခတ်နေကာ ရန်စသည့် သဘော ဖြစ်နေကြောင်း ကေအိုင်အေ ဘက်မှ သုံးသပ်ပြောကြားပါတယ်။
Ref: Knet

10434138_745735952173273_6524947836294250407_n

MOI Webportal Myanmar
လမ်းဖောက်လုပ်နေသည့် စစ်သည်နှင့် မြေထိုးယာဉ်အား ကေအိုင်အေ အဖွဲ့က လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်မှုကြောင့် လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ သဖြင့် ထိခိုက် ဒဏ်ရာရမှုများ ရှိကြောင်း သိရှိရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် နိုဝင်ဘာ ၂၀
တပ်မတော် အနေဖြင့် ပုံမှန် လုပ်ငန်းစဉ် ဖြစ်သော လုံခြုံရေးတာဝန်များ လဲလှယ် ခြင်း၊ ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင်ဖောက်လုပ်ခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အခါ အားလျော်စွာ ကြိုတင် အသိအပေးခြင်း၊ ပုံမှန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့သည် ဇွန် ၁ ရက်၊ စက်တင်ဘာ ၁၃ ရက်နှင့် ၂၆ ရက်၊ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ လွယ်ရင်း ကျေးရွာအနီးရှိ တပ်မတော် စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၆ ရက်တွင်လည်း ကချင်ပြည်နယ် မန်စီမြို့နယ် ပလောင်ဒိန်ဆာ ကျေးရွာအနီး နယ်မြေ လုံခြုံရေးအတွက် ပုံမှန်တာဝန် လဲလှယ်ရန် တပ်မတော် စစ်ကြောင်း ချီတက်နေစဉ် လမ်းဘေး တောင်ကုန်းမှ အသင့် စောင့်ဆိုင်းနေသော ကေအိုင်အေ အဖွဲ့တစ်ဖွဲ့က စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည်လေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မြစ်ကြီးနားမြို့ရှိ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ တစ်ဆင့် ကေအိုင်အေ အဖွဲ့ထံ သတိပေး အကြောင်း ကြား ခဲ့သော်လည်း နိုဝင်ဘာ ၁၇ ရက်တွင် ဆက်လက် ထွက်ခွာစဉ် အဆိုပါ စစ်ကြောင်း မဂျီဂွမ် ကျေးရွာအနီး အရောက် အင်အား ၈၀ ခန့်ရှိ ကေအိုင်အေ အဖွဲ့က အရပ်မျက်နှာ အသီးသီးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သည် တစ်ဦး ထပ်မံ ဒဏ်ရာရခဲ့သည်။
သို့ဖြစ်ရာ မိမိဘက်မှ စတင်ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားစေရန် အဆင့်ဆင့် ထိန်းသိမ်း ကြပ်မတ် လုပ်ဆောင်၍ ထာဝရ ငြိမ်းချမ်းမှု ရရှိစေရေး၊ ဒေသခံပြည်သူ များ လုံခြုံစိတ်ချစွာ သွားလာ နိုင်စေရေးနှင့် အထက်ပါ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရေးတို့ အတွက် လက်အောက်ခံ တပ်ဖွဲ့ဝင်များသို့ ထိန်းသိမ်း ကြပ်မတ်နိုင်ရန် ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ တစ်ဆင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) ထံ နိုဝင်ဘာ ၁၈ ရက်တွင် ထပ်မံ အကြောင်း ကြားခဲ့သည့်အပြင် နယ်မြေခံ လှုပ်ရှား စစ်ကြောင်းကလည်း နယ်မြေ အတွင်း ပုံမှန်ရိက္ခာ တင်ပို့ရန် လမ်းကြောင်း ဖောက်လုပ် နေမှုအပေါ် နှောင့်ယှက် ပစ်ခတ်မှု မပြုရေးနှင့် နှောင့်ယှက် လာပါက လိုအပ်သလို တန်ပြန် အရေးယူ ဆောင်ရွက် သွားမည်ဟု အသိပေး အကြောင်း ကြားခဲ့ကြောင်း သိရှိရသည်။
သို့သော် ကေအိုင်အေ အဖွဲ့ အနေဖြင့် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့် တွင် တပ်မတော်မှ ပုံမှန် ပြုလုပ် ဆောင်ရွက်မှု ဖြစ်သည့် ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်း အတွက် ဆမားလမ်းခွဲ – ဂဂမ်လမ်းပိုင်း လမ်းဖောက် လုပ်နေသော စစ်သည်နှင့် မြေထိုးယာဉ်အား လက်နက်ကြီးများဖြင့် ထပ်မံ လာရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး လိုက်ပါနေသော တပ်မတော်စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ရကြောင်း သိရှိရသည်။
တပ်မတော် အနေဖြင့် ဒေသခံ ပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာနိုင်ရေး အတွက် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်း၊ လုံခြုံရေး တာဝန် လဲလှယ်မှု ဆောင်ရွက်ခြင်းနှင့် လမ်းပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား နှောင့်ယှက်မှုများ မလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ် သတိ ပေးခဲ့သော်လည်း ကေအိုင်အေ အဖွဲ့အနေဖြင့် လက်အောက် အဖွဲ့များအား ထိန်းသိမ်း ကြပ်မတ်မှုမရှိဘဲ ဒေသအတွင်း စစ်ရှိန် မြင့်မား စေသော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင် လာသဖြင့် အဆိုပါဖြစ်စဉ်နှင့် တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန် သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ၍ ထိခိုက်ဒ ဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
တပ်မတော် အနေဖြင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နေမှုကို အာမခံနိုင်မည့် နိုင်ငံရေး သဘော တူညီချက်များ ထွက်ပေါ် လာစေရေး၊ ဒေသ အတွင်း စစ်ရှိန် လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးတို့ အတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့နှင့် ပူးပေါင်း ဆောင်ရွက် လျက် ရှိကြောင်း၊ တစ်ဖက်ကလည်း တပ်မတော် အနေဖြင့် တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ် အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်ခြင်းနှင့် အထောက်အကူ လမ်း ဖောက်လုပ်ခြင်းများကို ပုံမှန်ဆောင်ရွက် လျက်ရှိရာ ကေအိုင်အေ အဖွဲ့အနေဖြင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် စစ်ကြောင်း များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်သော စစ်သည်၊ ၀န်ထမ်းများအား နှောင့်ယှက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိစေရေး သတိပေး အကြောင်း ကြားထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

 

လိုင်ဇာမြို့တွင် ကျဆုံးခဲ့ပြီးသော မျိုးချစ်ရဲဘော်များအတွက်အောက်မေ့ဖွယ်ဆုတောင်းပွဲ အခမ်းအနားပြုလုပ်

10806440_795946050465633_5406454082645753070_n10402694_795945857132319_8787202690457186456_n10690279_795945997132305_7207951733106852221_n

နိုဝင်ဘာ ၂၀ ရက်နေ့ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွါး Continue reading “#update #25/11 #STATEMENTS #ဒီကနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ #ကချင်လွတ်လပ်ရေး #တပ်မတော်ဌာနချုပ်ရှိရာ…”

#UNFC #အဖွဲ့ဝင်အဖြစ်မှ မနုတ်ထွက်သေးဘဲ #ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု #KNU #ဆုံးဖြတ် “

CR. ကရင်အမျိုးသား- မီဒီယာ
(UNFC) အဖွဲ့ဝင်အဖြစ်မှ မနုတ်ထွက်သေးဘဲ ညှိနှိုင်းမှုများပြုလုပ်သွားမည်ဟု KNU ဆုံးဖြတ် ”

အောက်တိုဘာ – ၂၈ – ၂၀၁၄

သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)

ယနေ့ဆက်လက်ပြုလုပ်သည့် KNU အရေးပေါ်ဗဟိုကော်မတီအစည်းအဝေးတွင် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) မှ အဖွဲ့ဝင်အဖြစ်အပြီးသတ် နုတ်ထွက်ခြင်းမရှိသေးဘဲ အမြင်မတူညီမှုများနှင့်သဘောထားကွဲလွဲမှုများကို (UNFC) တာဝန်ရှိသူများနှင့် KNU တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန် အစည်းအဝေးက ယနေ့တွင်ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဘားအံခရိုင်လေးဝါးစခန်းတွင် ယခုလ ၂၃ ရက်နေ့က စတင်ပြု လုပ်ခဲ့သည့် အရေးပေါ်ဗဟိုကော်မတီ အစည်းအဝေးကို မနက်ဖြန်တွင် ဆက်လက်ပြုလုပ်မည်ဟုလည်း သတင်းရရှိသည်။

အစည်းအဝေးသို့ KNU ဗဟိုကော်မတီဝင် ၅၀ ဦးရှိသည့်အနက် ရာနှုန်းပြည့်နီးပါး တက်ရောက်ခဲ့ကြသည်။

ပုံစာ – ဘားအံခရိုင်လေးဝါးစခန်းတွင်ပြုလုပ်နေသည့် ကေအင်န်ယူ

1901849_557826041029446_3190957783851351825_n

#Burma #UNFC #Statement # UNFC #မှ ကြေညာချက် ထုတ်ပြန်

UNFC Statement
ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ ကရင်ပြည်နယ် တို့ တွင် ဖြစ်ပွားနေသော တိုက်ပွဲများ နှင့် ပါတ်သက်ပြီး UNFC မှ ကြေညာချက် ထုတ်ပြန်

10329091_725428120870723_7639763152284917467_n1395217_725428684204000_2278133018913808155_n

#BURMA #MYANMAR : ကေအိုင်အိုနှင့် အစိုးရ အချက် ၅ ချက် ဆွေးနွေးသဘောတူ

မြစ်ကြီးနား မဂျွယ်ခန်းမ မှာ ယနေ့ တွေ့ ဆုံဆွေးနွေးနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နှင့် KIO ကိုယ်စားလှယ် အဖွဲ့တို့ ပူးတွဲကြေညာချက် ထုတ်ပြန် cr. jadeland

ကေအိုင်အိုနှင့် အစိုးရ အချက် ၅ ချက် ဆွေးနွေးသဘောတူ
ကေအိုင်အိုနှင့် အစိုးရ အချက် ၅ ချက် ဆွေးနွေးသဘောတူ

မြစ်ကြီးနား ဆွေးနွေးပွဲ (၂)ရက်ကျင်းပရန် စီစဉ်ထားသော်လည်း ပထမ ရက်မှာပင် ပြီးဆုံး သွားပြီဖြစ်သည် ။

10313851_643230245757178_1587014375587498160_n10314483_643230345757168_5314591540598382595_n

 

Next UNFC meeting delayed until January

KNG NEWS

The next round of meetings of the United Nationalities Federation Council (UNFC), the alliance of Burma’s armed ethnic groups, won’t happen until January 2014. Originally the meeting was supposed to take place in December in territory controlled by the Karen National Union (KNU).

UNFC joint secretary Colonel Khun Okka was quoted by the Daily Eleven newspaper on Thursday as saying the meeting had been delayed and would be held from January 5th to 15th.

A previous meeting involving groups who were part of the UNFC and several other armed groups not part of the UNFC took place in late October at the Kachin Independence Organizaton’s (KIO) Laiza headquarters. The Laiza conference which involved representatives of 17 of Burma’s armed ethnic groups ended with a statement that all but one of the groups attending jointly signed. The declaration outlined the various groups willingness to have a national ceasefire under certain conditions. The Shan State Army (SSA) delegation did not agree to the Laiza declaration for reasons that remain unclear.

The armed rebel groups are also expected to meet with the government’s negotiating team in Karen state shortly after the meeting in the KNU area. This meeting was also originally expected to happen in December but has been postponed till January.

United Nationalities Federal Council
United Nationalities Federal Council

MYANMAR BURMA: UNFC-Ceasefire breakthrough still possible in Hpa-an

EMG – A national ceasefire agreement is still far from being concluded due to the government’s draft accord containing unacceptable provisions for ethnic armed groups.

NCCT meeting second day on November 27 in Chiang Mai
NCCT meeting second day on November 27 in Chiang Mai

Naing Han Tha, the secretary of United Nationalities Federation Council (UNFC), said there were still different views between the government and armed groups over a nationwide ceasefire accord.

“We will meet again in Hpa-an. How can they (government) compromise? How can we compromise? We can guess the solution could be sought during the Hpa-an meeting. We cannot tell now,” said Naing Han Tha.

Naing Han Tha, who also leads the National Ceasefire Coordination Team (NCCT), hinted that progress could be achieved through a series of meetings and by maintaining the already-discussed peace processes.

He added that during a meeting with the NCCT held earlier this month in Myitkyina, Kachin State, the government shared its draft ceasefire accord with armed groups. However, it was difficult to move forward as the draft contained provisions which went beyond the points discussed in the regional and union-level peace talks.

He insisted that coordination would continue.

The Hpa-an meeting is scheduled to take place in mid-December between the Union Peacemaking Work Committee and NCCT which was formed with the ethnic armed groups after the Laiza conference in Kachin State.

The meeting will follow the second conference of the ethnic armed groups due to take place in early December in area under the Karen National Union (KNU).

NCCT members are preparing to submit their own draft ceasefire draft plan containing the position of ethnic armed groups after discussing the 11-point common agreement reached after a meeting of the UNFC held recently in Chiang Mai, Thailand.

UNFC အဖွဲ့ ရန်ကုန်မှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ

UNFC အဖွဲ့ ရန်ကုန်မှ တဆင့် တာချီလိတ်သို့ ရောက်ရှိလာပြီး ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာ

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ ( United Nationalities Federal Council ) မှ ခေါင်းဆောင်များသည်  ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ညီနောင်တိုင်းရင်းသားပါတီများ ဖယ်ဒရေးရှင်းအဖွဲ့အပါအ၀င် အချို့သော နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံမှ တဆင့် တာချီလိတ်မြို့သို့ နိုဝင်ဘာလ ၂၃ရက်နေ့က ရောက်ရှိလာခဲ့ပြီး ထိုမှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာသွားရာ ယနေ့ နိုဝင်ဘာလ ၂၆ရက်နေ့ မွန်းလွဲ ၂နာရီခွဲ အချိန်ခန့်က တာချီလိတ်မြို့သို့  ပြန်လည်ရောက်ရှိ လာခဲ့ကြသည်။

အဆိုပါအဖွဲ့မှ ရောက်ရှိလာမှုကို တာချီလိတ်မြို့ရှိ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့မှ တာချီလိတ်လေဆိပ်သို့ သွားရောက် ကြိုဆို၍ လေဆိပ်မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှတဆင့် ချင်းလိုင်းခရိုင် မဲ့ကျန်းမြို့အထိ လိုက်လံပို့ဆောင်ပေးမှာ ဖြစ်ကြောင်း သိရှိရသည်။

ဓါတ်ပုံ။    ။ စည်သူမောင်

http://www.tachileik.net/2013/11/United-Nationalities-Federal-Council.html

 United Nationalities Federal Council
United Nationalities Federal Council1474442_666313993390444_1945199204_n