UNITED NATIONALITIES ALLIANCE (UNA) STATEMENT 19.NOVEMBER -ENGLISH

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု UNA ကြေညာချက်ထုတ်ပြန်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – တိုင်းရင်းသားပါတီ ၇ ပါတီ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

SNLD ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က “အဓိက အချက်နှစ်ချက်ပေါ့နော် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့နဲ့ စီးပွားရေးရုပ်သိမ်းတာ စောသေးတယ်ဆိုတဲ့ ဒီနှစ်ခုကို အဓိကထားပြီးတော့ ကျနော်တို့ ဒီထုတ်ပြန်ချက်ကိုထုတ်လိုက်တာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အစပြုရုံသာရှိ၍ ပြီးပြည့်စုံရန် မရှိသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ထဲကျန်ရှိနေသေးကြောင်းနှင့် မြန်မာပြည်အပေါ် သတ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုအကုန်လုံးနီးပါး ရုပ်သိမ်းခြင်းသည် အချိန်စောလွန်းနေသေးသည်ဟု ၎င်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

http://burmese.monnews.org/?p=5862