88 students kick off Shan State trip-video

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ လားရှိုးမြို့ လူထုတွေ့ဆုံပွဲ —————————————————– ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၏ ရှမ်းပြည်နယ်၊ မြောက်ပိုင်း လူထုတွေ့ဆုံဆွေးနွေးပွဲခရီးစဉ်အဖြစ် ယမန်နေ့ညက ရန်ကုန်မြို့မှထွက်ခွာခဲ့ကြရာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ ယနေ့၊ မေလ ၅ ရက်၊ ညနေ ၃း၃၀ နာရီတွင် ရောက်ရှိခဲ့ကြသည်။ လားရှိုးမြို့သို့ အ၀င်တွင် ဒေသခံတိုင်းရင်းသားများက အတီးအမှုတ်၊ အကအခုန်များဖြင့် သောင်းသောင်းဖြဖြ ၀မ်းပန်းတသာကြိုဆိုခဲ့ကြပြီး ညနေ ၄း၀၀ နာရီတွင် လားရှိုးမြို့၊ ရပ်ကွက် (၁၀) ရှိ တောရကျောင်းပရိယတ္တိစာသင်တိုက်တွင် လူထုတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြသည်။ အခမ်းအနားတွင် ကိုပြုံးချိုက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး မင်းဇေယျ၊ ကိုကိုကြီး၊ မင်းကိုနိုင်တို့က လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများနှင့် အရပ်ဖက်လူ့အဖွဲ့အစည်းတို့၏ အရေးပါမှုများကို ဆွေးနွေးပြောကြားခဲ့ကြပြီး လားရှိုးမြို့ ဒေသခံများ၏ အပြန်အလှန်မေးမြန်းဆွေးနွေးချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ကြသည်။ အခမ်းအနားကို အပြန်အလှန်ဆွေးနွေးချက်များအပြီး ညနေ ၆း၀၀ နာရီတွင် ရုပ်သိမ်းခဲ့သည်။

၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် တအာင်း ပလောင် လူငယ်များနှင့် တွေ့ဆုံပွဲ
————————————-
ရှမ်းပြည်နယ်၊ မြောက်ပိုင်း၊ လားရှိုးမြို့သို့ ရောက်ရှိနေကြသော ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းသည် ယနေ့ မေလ၊ ၆ ရက် (တနင်းလာနေ့)နံနက် ၉း ၀၀ နာရီက နမ့်စမ်ကျေးရွာသို့ သွားရောက်ခဲ့ကြပြီး နမ့်စမ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွင် ဒေသခံ တိုင်းရင်းသားများဖြစ်ကြသည့် တအာင်း ပလောင်လူငယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံကြရာတွင် မင်းကိုနိုင်၊ မင်းဇေယျ၊ ကိုကိုကြီး တို့က တိုင်းရင်းသားရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဒေသခံတိုင်းရင်းသားများ၏ ပြန်လည်မေးမြန်းချက်များထဲမှ ပညာရေးဆိုင်ရာ မေးမြန်းချက်ကို ရဲဝင်း က လည်းကောင်း၊ ကျန်းမာရေးဆိုင်ရာ မေးမြန်းချက်ကို မမာမာဦး က လည်းကောင်း၊ သိမ်းပိုက်ခံရသော လယ်မြေများကိစ္စနှင့် ပတ်သက်သောမေးမြန်းချက်ကို မျိုးသန့် က လည်းကောင်း ပြန်လည် ဆွေးနွေးဖြေကြားသွားခဲ့သည်။ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း နှင့် တအာင်း ပလောင် လူငယ်များ တွေ့ဆုံပွဲကို နံနက် ၁၁း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ကြပြီး ၈၈မျိုးဆက်တို့က နမ့်စမ်ကျေးရွာ ဘုန်းတော်ကြီးသင် စာသင်ကျောင်းအတွက် အလှူငွေ ကျပ် ငါးသောင်း နှင့် တအာင်းလူငယ်အကအဖွဲ့အား ကျပ်ငွေ ငါးသောင်း ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ဒေသခံ တအာင်း ပလောင် တိုင်းရင်းသားလူငယ်များက ရိုးရာအဆိုအကများနှင့် ပြန်လည် ဧည့်ခံခဲ့ကြသည်။

946109_375985095840417_364056181_n

164290_375750942530499_1225760953_n-1 164290_375750945863832_306779973_n21115_537467509624842_818366007_n

NAY MYO ZIN PEACEMISSION KACHIN -ရက်စက်ပါပေကွယ် VIDEOS

၂၀ ရက်နေ့ ညနေကနေ ၂၂ ရက်နေ့လည် အထိ လိုင်ဇာမြို့မှာ သွားရောက် လည်ပတ်ပြီး ဆေးတွေ လှူ ၊ စစ်ဘေးသင့် တိုင်းရင်းသားတွေကို တွေ့ဆုံ အားပေးစကားတွေပြောကြားပြီး ရန်ကုန်ဘက်ကို ပြန်အထွက် ၊ အလာတုန်းက အေးဆေး လျောလျောရှုရှု ဖြတ်သန်းလာခဲ့တဲ့ လမ်းပေါ်မှာ အခုလို အတားအဆီးတွေ မိုင်းတွေကို တွေ့ရပါတယ်။ ငြိမ်းချမ်းရေး ကြိုးပမ်းသူမိမိတို့ အပြန်ကို မြန်မာ တပ်မတော် စစ်ကြောင်း တခု အနီးနားက ကင်းစခန်း လေးတခု အရှေ့က ကြိုဆိုတဲ့ ဖြစ်စဉ်လေးကို ရင်ခုန်စွာနဲ့ပဲ အခုလို

Ko Min Ko Naing shows Solidarity, NO US Trip to receive Democracy Award

Ko Min Ko Naing ,88 Generation Student Leader was to be recognized by the National Endowment for Democracy as one of five Myanmar activists who have made significant contributions to the democracy movement .

He said that he was canceling an upcoming trip to the United States to receive a democracy award, to show solidarity with  fellow activists whose applications for passports have apparently been denied.

http://hosted.ap.org/dynamic/stories/A/AS_MYANMAR_US?SECTION=HOME&SITE=AP&TEMPLATE=DEFAULT

————

this is an important Issue to grant all 88 Generation Visas !!!!

Ko MIn Ko Naing   https://www.facebook.com/pages/မင်းကို%E1%82%8Fိုင်/259674314138913

you can see his poems and paintings