Joint Statement of UWSP, NDAA, SSPP
ကိုးကန့် တပ်မတော် ( MNDAA ) ကြေညာချက်ထုတ်ပြန်
အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော တအောင်းတပ်မတော် ( TNLA ) မှ မျိုးချစ်ဗိုလ်လောင်း များ ။
မဟာမိတ် မျိုးချစ်ဗိုလ်လောင်းများ ကောင်းရာ သုဂတိ လားပါစေ ။
ကျဆုံးခဲ့ပြီးတဲ့ ကေအိုင်အို ဗိုလ်သင်တန်းကျောင်းကဗိုလ်လောင်း ၂၃ ဦးကိုရည်စူးပြီး ဘာသာပေါင်းစုံဆုတောင်းပွဲကိုယနေ့ ညနေ က မဟာ ဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့ကြပါတယ်။
Photo ကြည်နူး
ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းအား စစ်အစိုးရ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျဆုံးသွားသော ဗိုလ်လောင်းများနဲ့ပတ်သက်၍
ရခိုင်ပြည်လွတ်မြောက်ရီးပါတီ(ALP)မှ ပီးပို့သောဝမ်းနည်းကြောင်းသဝဏ်လွှာ
၁၉၊၁၁၊၂၀၁၄ ရက်နေ့ မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာ ကောက်ကျစ်စဉ်းလဲစွာ ကချင်လွတ်မြောက်ရေးတပ်မတော် ဗိုလ်သင်တန်းကျောင်းအား ၁၀၅မမ ဟော်ဝစ်ဇာ လက်နက်ကြီးဖြင့် ရုတ်တရက်အလစ်ငိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားကြရရှာသော ရခိုင့်တပ်မတော်မှ တိုင်းရင်းသား သွေးချင်းညီအစ်ကို ဗိုလ်လောင်းကျောင်းသားများ
photos: ရက္ခိုင့်တပ်မတော် – သတင်းနှင့် ပြန်ကြားရေးဌာန
Yan Linn Soe, a 21 year-old cadet from the Arakan Army, fell as the Burma Army attacked the Kachin Independence Army’s Military Academy on 19.11.2014 with 105mm howitzer.







photo: ရက္ခိုင့်တပ်မတော် – သတင်းနှင့် ပြန်ကြားရေးဌာန
KIA ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် ထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် ၁၃/ ၁၁/ ၂၀၁၄
ကချင်ပြည်နယ်လိုင်ဇာမြို့က စစ်သင်တန်းကျောင်းမှာ အစိုးရတပ်ရဲ့လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ တိုင်းရင်းသားဗိုလ်လောင်း ၂၃ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ အစိုးရတပ်ရဲ့ အပြုသဘောမဆောင်သောလုပ်ရပ်ကိုကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူလူငယ်ကျောင်းသားများနဲ့ တက်ကြွလှုပ်ရှားသူများစုပေါင်းကာ ဒီနေ့မနက်မှာ ပန်းခွေချလှုပ်ရှားမှုတခုပြုလုပ်ခဲ့ပါတယ်။
အနက်ရောင် အဝတ်အစားများဝတ်ဆင်ထားပြီး ပန်းပွင့်များကိုင်ဆောင်ထားတဲ့ တက်ကြွလှုပ်ရှားသူများဟာ မြေနီကုန်းလမ်းဆုံအနီးမှာ လူစုကြပြီး မြန်မာ့ငြိမ်းချမ်းရေးပြည်လည်ထူထောင်ရေးဗဟိုဌာန (MPC) ရှေ့မှာ ပန်းခွေချ ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းများပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ cr.Moe Thway
၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့  နေ့ လည် (၁၂း၃၅) တွင် အစိုးရစစ်တပ် မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စစ်ရေးပြလေ့ကျင့်နေစဉ် ကျဆုံးသွားရသော ရက္ခိုင့်တပ်မတော် ဗိုလ်လောင်းများ ။
တော်လှန်ရေး စစ်သည်တော်များအား ဦးညွတ်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ် ။ ကောင်းရာ သုဂတိလားပါစေ ။
အစိုးရတပ်များ လိုင်ဇာ အနီး သို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်
ယနေ့ မနက်အစောပိုင်း (၄း၁၅) နာရီ အချိန်ခန့်  လိုင်ဇာအနီး ဖွန်ပြန်ဘွမ် တွင် စခန်းချနေသော အစိုးရတပ် ခလရ (၅၆) တပ် မှ ကန်တော့ဘွမ် ၊ ဘွမ်တောင်ဘွမ် တစ်ဖက်ခြမ်း လိုင်ဇာမြို့ နှင့် အနီးဆုံးနေရာ များသို့  (၁၂၀) မမ လက်နက်ကြီးဖြင့် (၂)ကြိမ် တိုင်တိုင် ပစ်ခတ်ခဲ့ပါတယ် ။
အလားတူ ယနေ့ မနက် (၄း၂၀)နာရီခန့် က ဗမာအစိုးရတပ် ခမရ ( ၃၈၉)တပ်ရင်း စခန်းချနေသော ခယာဘွမ် ဘက်မှ လိုင်ဇာ အနီးရှိ စစ်ပြေး ဒုက္ခသည်စခန်း မှ ကျောင်းသားများ အား စာသင်ကြားပေးနေသော စာသင်ကျောင်းအများစု ထားရှိရာ အလမ်ဘွမ် အနီးသို့  (၁၂၀)မမ လက်နက်ကြီး (၂)ကြိမ်တိုင်တိုင် ရှေ့ ဆင့် နောက်ဆင့် ပစ်ခတ်ခဲ့ပါတယ်။ ယခုအခါ စာသင်ကြားနေသော ကျောင်းသားအများစု စိုးရိမ်ထိတ်လန့် ကာ စာသင်ကြားရန် စိတ် အနှောင့်အယှက် ဖြစ်နေရကြောင်း သိရပါတယ်။
ဆက်လက်ပြီး ယနေ့ မနက်ပိုင်း တစ်ချိန်ထဲတွင် ဒေါ့ဖုန်းယန် အနီးရှိ လွိုင်ဂျော်ဘွမ်တွင် စခန်း ချနေသော ဗမာအစိုးရတပ် ခမရ (၃၂၀) တပ်မှ လိုင်ဇာ နှင့် ဒေါ့ဖုန်းယန် အကြားရှိ ကေအိုင်အေ ရှေ့ တန်းပို့ စ် ရှိရာများသို့  မှန်းဆကာ (၆၀)မမ အပါအ၀င် လက်နက်ငယ်များဖြင့် ပရမ်းပတာ အကြောင်းမဲ့ လိုက်လံပစ်ခတ်နေကာ ရန်စသည့် သဘော ဖြစ်နေကြောင်း ကေအိုင်အေ ဘက်မှ သုံးသပ်ပြောကြားပါတယ်။
Ref: Knet
MOI Webportal Myanmar
လမ်းဖောက်လုပ်နေသည့် စစ်သည်နှင့် မြေထိုးယာဉ်အား ကေအိုင်အေ အဖွဲ့က လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်မှုကြောင့် လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ သဖြင့် ထိခိုက် ဒဏ်ရာရမှုများ ရှိကြောင်း သိရှိရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် နိုဝင်ဘာ ၂၀
တပ်မတော် အနေဖြင့် ပုံမှန် လုပ်ငန်းစဉ် ဖြစ်သော လုံခြုံရေးတာဝန်များ လဲလှယ် ခြင်း၊ ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင်ဖောက်လုပ်ခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အခါ အားလျော်စွာ ကြိုတင် အသိအပေးခြင်း၊ ပုံမှန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့သည် ဇွန် ၁ ရက်၊ စက်တင်ဘာ ၁၃ ရက်နှင့် ၂၆ ရက်၊ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ လွယ်ရင်း ကျေးရွာအနီးရှိ တပ်မတော် စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၆ ရက်တွင်လည်း ကချင်ပြည်နယ် မန်စီမြို့နယ် ပလောင်ဒိန်ဆာ ကျေးရွာအနီး နယ်မြေ လုံခြုံရေးအတွက် ပုံမှန်တာဝန် လဲလှယ်ရန် တပ်မတော် စစ်ကြောင်း ချီတက်နေစဉ် လမ်းဘေး တောင်ကုန်းမှ အသင့် စောင့်ဆိုင်းနေသော ကေအိုင်အေ အဖွဲ့တစ်ဖွဲ့က စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည်လေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မြစ်ကြီးနားမြို့ရှိ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ တစ်ဆင့် ကေအိုင်အေ အဖွဲ့ထံ သတိပေး အကြောင်း ကြား ခဲ့သော်လည်း နိုဝင်ဘာ ၁၇ ရက်တွင် ဆက်လက် ထွက်ခွာစဉ် အဆိုပါ စစ်ကြောင်း မဂျီဂွမ် ကျေးရွာအနီး အရောက် အင်အား ၈၀ ခန့်ရှိ ကေအိုင်အေ အဖွဲ့က အရပ်မျက်နှာ အသီးသီးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သည် တစ်ဦး ထပ်မံ ဒဏ်ရာရခဲ့သည်။
သို့ဖြစ်ရာ မိမိဘက်မှ စတင်ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားစေရန် အဆင့်ဆင့် ထိန်းသိမ်း ကြပ်မတ် လုပ်ဆောင်၍ ထာဝရ ငြိမ်းချမ်းမှု ရရှိစေရေး၊ ဒေသခံပြည်သူ များ လုံခြုံစိတ်ချစွာ သွားလာ နိုင်စေရေးနှင့် အထက်ပါ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရေးတို့ အတွက် လက်အောက်ခံ တပ်ဖွဲ့ဝင်များသို့ ထိန်းသိမ်း ကြပ်မတ်နိုင်ရန် ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ တစ်ဆင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) ထံ နိုဝင်ဘာ ၁၈ ရက်တွင် ထပ်မံ အကြောင်း ကြားခဲ့သည့်အပြင် နယ်မြေခံ လှုပ်ရှား စစ်ကြောင်းကလည်း နယ်မြေ အတွင်း ပုံမှန်ရိက္ခာ တင်ပို့ရန် လမ်းကြောင်း ဖောက်လုပ် နေမှုအပေါ် နှောင့်ယှက် ပစ်ခတ်မှု မပြုရေးနှင့် နှောင့်ယှက် လာပါက လိုအပ်သလို တန်ပြန် အရေးယူ ဆောင်ရွက် သွားမည်ဟု အသိပေး အကြောင်း ကြားခဲ့ကြောင်း သိရှိရသည်။
သို့သော် ကေအိုင်အေ အဖွဲ့ အနေဖြင့် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့် တွင် တပ်မတော်မှ ပုံမှန် ပြုလုပ် ဆောင်ရွက်မှု ဖြစ်သည့် ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်း အတွက် ဆမားလမ်းခွဲ – ဂဂမ်လမ်းပိုင်း လမ်းဖောက် လုပ်နေသော စစ်သည်နှင့် မြေထိုးယာဉ်အား လက်နက်ကြီးများဖြင့် ထပ်မံ လာရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး လိုက်ပါနေသော တပ်မတော်စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ရကြောင်း သိရှိရသည်။
တပ်မတော် အနေဖြင့် ဒေသခံ ပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာနိုင်ရေး အတွက် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်း၊ လုံခြုံရေး တာဝန် လဲလှယ်မှု ဆောင်ရွက်ခြင်းနှင့် လမ်းပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား နှောင့်ယှက်မှုများ မလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ် သတိ ပေးခဲ့သော်လည်း ကေအိုင်အေ အဖွဲ့အနေဖြင့် လက်အောက် အဖွဲ့များအား ထိန်းသိမ်း ကြပ်မတ်မှုမရှိဘဲ ဒေသအတွင်း စစ်ရှိန် မြင့်မား စေသော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင် လာသဖြင့် အဆိုပါဖြစ်စဉ်နှင့် တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန် သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ၍ ထိခိုက်ဒ ဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
တပ်မတော် အနေဖြင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နေမှုကို အာမခံနိုင်မည့် နိုင်ငံရေး သဘော တူညီချက်များ ထွက်ပေါ် လာစေရေး၊ ဒေသ အတွင်း စစ်ရှိန် လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးတို့ အတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့နှင့် ပူးပေါင်း ဆောင်ရွက် လျက် ရှိကြောင်း၊ တစ်ဖက်ကလည်း တပ်မတော် အနေဖြင့် တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ် အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်ခြင်းနှင့် အထောက်အကူ လမ်း ဖောက်လုပ်ခြင်းများကို ပုံမှန်ဆောင်ရွက် လျက်ရှိရာ ကေအိုင်အေ အဖွဲ့အနေဖြင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် စစ်ကြောင်း များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်သော စစ်သည်၊ ၀န်ထမ်းများအား နှောင့်ယှက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိစေရေး သတိပေး အကြောင်း ကြားထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။
လိုင်ဇာမြို့တွင် ကျဆုံးခဲ့ပြီးသော မျိုးချစ်ရဲဘော်များအတွက်အောက်မေ့ဖွယ်ဆုတောင်းပွဲ အခမ်းအနားပြုလုပ်
နိုဝင်ဘာ ၂၀ ရက်နေ့ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွါး Continue reading “#update #25/11 #STATEMENTS #ဒီကနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ #ကချင်လွတ်လပ်ရေး #တပ်မတော်ဌာနချုပ်ရှိရာ…”
You must be logged in to post a comment.