you can get arrested @ europe too ” demolishing private or state property”
မန္တလေးတွင် ဗ.က.သ အဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံရ
———————————-
• လွန်ခဲ့သည့် မိနစ်သုံးဆယ်ခန့်က မန္တလေးမြို့မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ကိုရဲရင့်ပိုင်မှူး နှင့် ကိုရှိုင်းမင်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည်။
• ၄င်းတို့နှစ်ဦးကို မန္တလေး အမှတ် ၁ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်များက ၆၆ လမ်းကျုံး အရှေ့ဘက် အလုပ်သမားဆေးရုံရှေ့တွင် ပိတ်ဆို့ဖမ်းဆီးခဲ့ပြီး လက်ထိပ်ခတ် ခေါ်ဆောင်သွားခြင်းဖြစ်သည်။
• ဦးသိန်းစိန် အစိုးရသည် လက်ပံတန်း မြို့တွင် ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲ၍ ဆန္ဒပြကျောင်းသားနှင့် ပြည်သူကို ဖမ်းဆီးခဲ့ပြီးနောက်ကျန်ရှိနေသေးသည့် ဗ က သ အဖွဲ့ဝင်များကို ပိုက်စိတ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိသည်။
Photo by Ah Mai Ni
Breaking News
မန္တလေးတွင် ဗ.က.သ အဖွဲ့ဝင်နှစ်ဦးဖမ်းဆီးခံရ
မတ် ၂၀
လွန်ခဲ့သည့် မိနစ်သုံးဆယ်ခန့်က မန္တလေးမြို့မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်မှ ကိုရဲရင့်ပိုင်မှူးနှင့် ကိုရှိုင်းမင်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား ခဲ့သည်။
၎င်းတို့နှစ်ဦးသည် ည ၈ နာရီခန့်က ဖမ်းဆီးခံကျောင်းသားများ လွတ်မြောက်ရေး နံရံတွင်စာရေးသား ဆန္ဒပြခဲ့သဖြင့် ၈ နာရီ ခွဲခန့်တွင် မန္တလေး အမှတ် ၁ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်များက ၆၆ လမ်းကျုံး အရှေ့ဘက် အလုပ်သမားဆေးရုံရှေ့တွင် ပိတ်ဆို့ဖမ်းဆီး ခဲ့ပြီး လက်ထိပ်ခတ် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ဦးသိန်းစိန် အစိုးရသည် လက်ပံတန်း မြို့တွင် ကျောင်းသားသပိတ်ကို အကြမ်းဖက် ဖြိုခွဲ၍ ဆန္ဒပြကျောင်းသားနှင့် ပြည်သူကို ဖမ်းဆီးခဲ့ပြီးနောက်ကျန်ရှိနေသေးသည့် ဗ က သ အဖွဲ့ဝင်များကိုပိုက်စိတ်တိုက် လိုက်လံရှာဖွေ ဖမ်းဆီးလျက်ရှိသည်။
photocredit originaluploader fb
You must be logged in to post a comment.