ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း စာများများဖတ်ဖိုလိုအပ်..ဘင်္ဂလီဟာ ဘင်္ဂါလီပဲ ရိုဟင်ဂျာ မဖြစ်နိုင်ဘူး
ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းက ဇူလိုင်လ ၁၀ ရက်တွင် ဘင်္ဂါလီလူမျိုးများကို ရိုဟင်ဂျာဟု သုံးနှုန်းပြီး နိုင်ငံသားဖြစ်ခွင့်ပေးရန် ပြောကြားချက်ကို ဦးသာဗန်း (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (နာယက)) က ဘင်္ဂါလီသည် ဘင်္ဂါလီသာဖြစ်ပြီး ရိုဟင်ဂျာဖြစ်
မလာနိုင်ကြောင်း တုံ့ပြန်ပြောကြားလိုက်ပါသည်။“ကျွန်တော်အနေနဲ့ ဘင်္ဂါလီကို အသိအမှတ်ပြုတာ လက်ခံတယ်။ ရိုဟင်ဂျာကို အသိအမှတ်ပြုတာကို လက်မခံဘူး။ ဒါဟာ
လုပ်ဇာတ်ပဲလို့ပြောချင်တယ်။ ဒီဘင်္ဂါလီတွေဟာ မြန်မာပြည်လွပ်လပ်ရေးမရခင်ကတည်း က မောင်တော၊ ဘူးသီးတောင်နဲ့
ရသေ့တောင် နယ်မြေတွေကို အရှေ့ပါကစ္စတန်ထဲမှာ ထည့်သွင်းရမယ်ဆိုပြီးအရှေ့ပါကစ္စတန်ခေါင်းဆောင် အလီဂျန်နားကို
သွားတွေ့ပြီး ပြောကြတယ်။ ဒါပေမဲ့ အလီဂျန်နားက လက်မခံခဲ့ဘူး။ ဒါဟာ ဗမာပိုင်နက် ဗမာတွေပဲ အုပ်စိုးရမယ်လို့ပြောခဲ့တယ်။
အမှန်က ဘင်္ဂါလီတွေက ရခိုင်မျိုးနွေတွေနဲ့ ဘာမှမဆိုင်ဘူး။ ဗမာပြည်ကို ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲပြီးတော့ ဗမာပြည်ကို
သိမ်းယူခဲ့တယ်။အဲဒီအချိန်မှာ လယ်ယာမြေတွေမှာ လုပ်ကိုင်ဖို့အတွက် ဘင်္ဂါလီတွေကို ဘင်္ဂလားနယ်ထဲကနေ ခေါ်လာခဲ့တာ၊
ဗမာပြည်မှာ အလုပ်လုပ်ခိုင်းခဲ့တာပဲ။ သူတို့က ယာယီလာလုပ်တာ။ သူတို့ဟာ နိုင်ငံခြားသားဘဲ။ ဘင်္ဂလီတွေဟာ
တိုင်းရင်းသားမဟုတ်ဘူး။ ဘင်္ဂါလီလို့ သူတို့လူမျိုးကိုခေါ်တာ အသိမှတ်ပြုတယ်။ ဘင်္ဂါလီနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံ (၄၇)
မှာရော (၇၄) မှာရော နောက်ဆုံး ၂၀၀၈ မှာရော အဲ့ဒါတွေပါထားတာပဲ။ နောက်ဆုံးလူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာနမှာ
တိကျပြတ်သားတဲ့ ဥပဒေတွေ ရှိတာပဲ။
အထူးသဖြင့် ၁၉၈၂ ဥပဒေဟာ ဒီလူတွေအတွက် ပိုင်းခြားထားတဲ့ ဥပဒေပဲ။ ဘင်္ဂါလီ
အဖြစ်လက်ခံတာကလည်း ဘိုးစဉ်ဘောင်ဆက် နေလာကြလို့ လက်ခံတာ။ လွပ်လပ်ရေးမရခင်ကတည်းက သူတို့ဟာ မူဂျာဟိုက်
ဆိုပြီးတော်လှန်ကြတာပဲ။ သူတို့ရဲ့ ရည်ရွယ်ချက်က ပါကစ္စတန်နှင့် ပူးပေါင်းဖို့ပဲ။ ပါကစ္စတန်နဲ့ ပေါင်းစည်းရေးပဲ။ သူတို့တွေဟာ
အဲဒီတုန်းက အတိက ကြွေးကြော် ခဲ့တာ “ ပါကစ္စတန် အဓွန်ရှည်ပါစေ” လို့ကြွေးကြော်ခဲ့ကြတာ။ မှုဂျာဟိုက်ကို မြန်မာ
အစိုးရအနေနဲ့ အများကြီး ခုခံတိုက်ခိုက်ခဲ့ရတယ်။ ၁၉၅၈ မှာတော့ ဒီလူတွေလက်နက်ချလာခဲ့တယ်။ အဲဒီမတိုင်ခင်မှာ သူတို့ကို
သူတို့ ရိုဟင်ဂျာလို့ ကြွေးကြော် ခဲ့ကြတယ်။ ဒီဘင်္ဂါလီတွေဟာ မှုဂျာဟိုက်လို့ ပြောင်းတယ်။
မှုဂျာဟိုက်ကနေ ရိုဟင်ဂျာလို့
ကြွေးကြော်ကြတာ။ ဒါတွေဟာ မတရားတဲ့လုပ်ရပ်ပဲ။ သမိုင်းမှာ မရှိဒါကို လုပ်တာဘဲ။ သမိုင်းအစဉ် အလာကိုပြန်ကြည့်ကြပါ။
မြန်မာ့ သမိုင်း၊ ရခိုင်သမိုင်း၊ ကမ္ဘာ သမိုင်းမှာ ရိုဟင်ဂျာဆိုတာမှ မရှိပဲ။ ဒါဟာလုပ်ကြံတဲ့ ဇာတ်လမ်းပဲ။ ရိုဟင်ဂျာကိုလုံးဝလက်မခံဘူး။
ဘက်ကီမွန်းက နိုင်ငံတကာခေါင်းဆောင်လုပ် ပြီးတော့ စာများများမဖတ်တော့ မသိတာပဲလို့ ပြောချင်တယ်။ ဟုတ်တယ်လေ။
သူစာမှ မဖတ်ပဲ။ နိုင်ငံတကာ ခေါင်းဆောင်ဖြစ်နေတာက ဖြစ်နေတာပဲ။ မြန်မာ့အရေးကို ဂဃ နဏ သိရင် ရိုဟင်ဂျာလို့ဘယ်ပြောမလဲ။
သူ ပြောသင့်တာက ဘင်္ဂါလီကို ဘင်္ဂါလီလိုပဲ ပြောသင့်တယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က တုံ့ပြန် ပြောကြားပါသည်။
Bangali is not Rohinja but Bangali
All due to speech by United Nations Secretary Ban Ki Moon on 10th, July such that RohinJa should be nationality
of Myanmar. Rakine Democracy Party’s Principal U Thar Ban reject Ban Ki Moon’s usage mentioned RohinJa in
his speech instead of Bangali.
I accept that regarding Bangali but nor Rohinjar because it is just a fabricate. Those who are Bangali met with Continue reading “ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်း စာများများဖတ်ဖိုလိုအပ်.._Bangali is not Rohinja but Bangali- U THAR BAN-burmese/english” →
You must be logged in to post a comment.