MOI.GOV.MM
( ဩဂုတ်လ၊၂၅ ရက်နေ့၊ ည ၈နာရီ၊ ၁၅ မိနစ်တွင် ရရှိသော သတင်းများကို ဆက်လက်ဖော်ပြအပ်ပါသည်)
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ယမန်နေ့က အမျိုးသမီးတစ်ဦးအား အမျိုးသား တစ်ဦးက ကာအိန္ဒြေ ပျက်ပြားအောင် ပြုလုပ်၍ အနိုင်ကျင့် စော်ကားရန် ကြိုးစားရာမှ အစပြုပြီး မကျေနပ်သူ လူအုပ်စုက စျေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တာဝန်ရှိ သူများက မီးရှို့ဖျက်ဆီးမှုများ ထပ်မံမဖြစ်ပွားစေရေးအတွက် ထိန်းသိမ်းဆောင်ရွက်လျက် ရှိပြီး မီးရှို့ဖျက်ဆီးသူဟု ယူဆရသူများအား ဖမ်းဆီးထိန်းသိမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိ ရသည်။
ယမန်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ် ထန်းကုန်းကျေးရွာရှိ ဆံပင်ရောင်း/ဝယ်ဆိုင် မှ ပြန်လာစဉ် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာကြား အရောက် ထန်းတော ကျေးရွာနေ ဆန်းမင်းဦး(ဘ) ဦးဆန်းဝင်းက လက်ဆွဲပြီး ဖက်လုံးကာ အနိုင်ကျင့် စော်ကားရန် ကြိုးစားခဲ့ကြောင်း၊ ထိုအချိန်တွင် ဇီးပင်သာ ကျေးရွာဖက်မှ အမျိုးသားတစ်ဦး ရောက်ရှိလာ သဖြင့် ဆန်းမင်းဦးသည် ထန်းကုန်းကျေးရွာဘက်သို့ ထွက်ပြေးခဲ့သော်လည်း ဝိုင်းဝန်းဖမ်းဆီး သဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ ဆန်းမင်းဦးအား ထန်းကုန်းရဲစခန်းမှ တစ်ဆင့် ကန့်ဘလူမြို့မ ရဲစခန်းသို့ ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရန် အတွက် ညပိုင်းတွင် ရွှေဘိုထောင်သို့ ပို့ဆောင်ခဲ့ကြောင်း။
ည ၇ နာရီခွဲခန့်တွင် ထန်းကုန်းကျေးရွာနှင့် ဇီးပင်သာ ကျေးရွာတို့မှ ရွာသူရွာသား ၁၅၀ ခန့်သည် ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ဆန်းမင်းဦးအား ထုတ်ပေးရန် တောင်းဆိုခဲ့ ကြောင်း၊ ထို့နောက် လူအုပ်စုသည် သံလမ်းဘေးရှိ စျေးဆိုင်နှင့် နေအိမ်အချို့အား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ် စီမခံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများသည် ည ၈ နာရီခန့်တွင် ရောက်ရှိပြီး ဆူပူအကြမ်းဖက်မှုများ ထပ်မံမဖြစ်ပွား စေရန် ထိန်းသိမ်းဆောင်ရွက်နေသည့်ကြားမှ အဆိုပါ လူအုပ်စုသည် ည ၉ နာရီခန့်တွင် ကြက်ခြံတစ်ခြံ၊ စျေးဆိုင် နှစ်ဆိုင်နှင့် ဆန်ပွဲရုံ တစ်ခု၊ လူနေအိမ်တစ်လုံးတို့အား ဆက်လက် ဖျက်ဆီးမီးရှို့ခဲ့ကြသည်။
ထို့နောက် ည ၁၀ နာရီခွဲခန့်တွင် ရပ်ကွက် ၁ မှ လက်ဖက်ရည်ဆိုင်နှင့် ဆန်ပွဲရုံ၊ ကွမ်းယာဆိုင် တို့အား မီးရှို့ခဲ့ရာ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ ရောက်ရှိပြီး ဆူပူမှုအား ထိန်းသိမ်း ဆောင်ရွက်ခဲ့သည်။ Continue reading “U YE HTUT:ကန့်ဘလူမြို့နယ်၊ ထန်းကုန်းရွာ ပဋိပက္ခဖြစ်စဉ်နဲ့ ပတ်သက်ပြီး ယနေ့ည ၈ နာရီ ၁၅ မိနစ်အချိန်ထိနောက်ဆုံးရရှိတဲ့သတင်းများကို ပြန်လည်စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။”
You must be logged in to post a comment.