သက်ဆိုင်ရာမိဘများထံသို့ ထိန်းသိမ်းခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အား ပြန်လည်အပ်နှံခဲ့ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® နေပြည်တော် မတ် ၁၂ ၂၀၁၅ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့်အဖွဲ့၏ အကြမ်းဖက် လုပ်ဆောင်မှုများကြောင့် ဥပဒေနှင့်အညီ ခေါ်ယူ ထိန်းသိမ်း စစ်မေးခဲ့သည့် သူများထဲမှ တက္ကသိုလ်၊ ကောလိပ်များ၌ အမှန်တကယ် ပညာသင်ကြားနေ သော ကျောင်းသား၊ ကျောင်းသူများအား ပညာဆက်လက် သင်ကြားနိုင်ရေး အတွက်လည်းကောင်း၊ မိဘများအပေါ် စာနာ ထောက် ထားသော အားဖြင့် လည်းကောင်း ကျူးလွန်သည့်ပြစ်မှုများ အပေါ် သက်ညှာသောအားဖြင့် သက်ဆိုင်ရာ မိဘ အုပ်ထိန်းသူများအားခေါ်ယူ၍ စနစ်တကျ ပြန်လည်အပ်နှံပေးလျက်ရှိရာ မတ်လ(၁၂)ရက်နေ့ (ယနေ့)တွင် ကျောင်းသား၊ ကျောင်းသူ(၁၇)ဦးတို့အား သက်ဆိုင်ရာက ဆုံးမ စကားပြောကြားပြီး မိဘ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေး ခဲ့ပြီးဖြစ်ကြောင်းနှင့် အပ်နှံမှု များကိုလည်း ဆက်လက်၍ စိစစ် ဆောင်ရွက်လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းရရှိပါသည်။
သက်ဆိုင်ရာမိဘအုပ်ထိန်းသူများထံသို့ လက်ပံတန်းမြို့တွင် ဆန္ဒပြခဲ့သော ထိန်းသိမ်းခဲ့ သည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်အပ်နှံသည့် ဓာတ်ပုံများ (၂)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
You must be logged in to post a comment.