ဟားဗတ်တက္ကသိုလ်(Schlor)များဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် Tran Nhan Tong Academy မှကိုယ်စားလှယ် Mr.Dam Duc Anh
prize,2012အား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ပေးအပ်မည့်အကြောင်း လာရောက်ဆွေးနွေးခဲ့သည်။
Mr.Dam Duc Anh က ယခုပေးအပ်မည့်ဆုသည် နိုဘယ်(လ်)ငြိမ်းချမ်းရေးဆုနှင့် ကွာခြားကြောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုသည်မှာ တစ်ဦးတစ်ယောက်တည်းလုပ်၍ မရနိုင်ကြောင်း၊ ထို့ကြောင့် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးအား အဆိုပါဆုကို ပေးအပ်ရန် ဆုံးဖြတ်ချက်ချလိုက်ကြောင်း ရှင်းပြခဲ့သည်။
Tran Nhan Tong Reconciliationဆုပေးပွဲအခမ်းအနားကို စက်တင်ဘာ(၂၁)ရက်၊၂၀၁၂တွင် အမေရိကန်နိုင်ငံ၊ မန်ဆာချူးဆက်ပြည်နယ်၊ ဘော့စတွန်မြို့ရှိ အမှတ် ၂၀, Quincy လမ်းရှိ Harvard Faculty Clubတွင်ကျင်းပမည်ဖြစ်သည်။
Tran Nhan Tong Academy၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတွင်းနှင့်နိုင်ငံများကြား စေ့စပ်ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် လူမှုဘ၀တိုးတက်မြင့်မားရေးနှင့်ကမ္ဘာ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်စေရေးဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါဆုကို လက်ခံမည်၊ လက်မခံမည်ကို အတည်မပြုသေးပါ။
You must be logged in to post a comment.