#RCSS/SSA #အဖွဲ့၏ ပစ်ခတ်မှုကြောင့် လင်းခေးခရိုင် #သစ်တောဦးစီးမှူး အပါအ၀င် ၄ ဦး သေဆုံး

RCSS / SSA အဖွဲ့၏ ပစ်ခတ်မှုကြောင့် လင်းခေးခရိုင် သစ်တောဦးစီးမှူး အပါအ၀င် ၄ ဦး သေဆုံး

29.12.2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် သစ်တောဦးစီးမှူးအပါအ၀င် သစ်တောအရာရှိ ၆ ဦး အဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် ၀မ်ဆလောင်းကျေးရွာသို့ သစ်ထုတ်လုပ်မှုအား သွား
ရောက်စစ်ဆေးပြီး ပြန်လာစဉ် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီနှင့် ရှမ်းပြည် တပ်မတော်(RCSS/SSA)အဖွဲ့၏ ပစ်ခတ်မှုကြောင့် အဖွဲ့ဝင် ၄ ဦး သေဆုံးသွားခဲ့ ကြောင်း ယင်းသစ်တောဦးစီးဌာနမှ သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ခရိုင်သစ်တောဦးစီးမှူး ဦးလှမင်း၊ မြို့နယ်ဦးစီးမှူး ဦးခိုင်မွန်၊ တောအုပ် ဦး ၀င်းလွင်၊ မိုးနဲမြို့နယ် သစ်တောဦးစီးဌာနမှ တောခေါင်း ဦးဘိုမင်းနှင့် တောခေါင်း ဦးစစ်ထွေး၊ လင်းခေးခရိုင် သစ်တောဦးစီးဌာနမှ တောခေါင်း ဦးသန်းထိုက်အောင် တို့သည် ပါရာဒိုယာဉ်နှင့် ဆိုင်ကယ် ၂ စီးဖြင့် ၀မ်ဆလောင်းကျေးရွာရှိ သစ်ထုတ်လုပ်မှု အခြေအနေ အား သွားရောက် စစ်ဆေးပြီး ပြန်လာစဉ် ယခုကဲ့သို့ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

“ ၀မ်ဆလောင်းကနေ လင်းခေးကိုအပြန် လမ်းမှာအပစ်ခံရတာ၊ ကျွန်တော်လည်း ကြောက် အားလန့်အားနဲ့ ပြေးလာပြီး တပ်မတော်စစ်ကြောင်းနဲ့တွေ့လို့ ကံကောင်းသွားတာ၊ သူတို့ အကူ အညီနဲ့ အပစ်ခံရတဲ့နေရာကို သွားကြည့်တော့ ခရိုင်ဦးစီးမှူးနဲ့ လေးယောက်က ဒဏ်ရာတွေ နဲ့ သေနေပြီ၊ တစ်ယောက်ကိုတော့ အသက်မသေဘဲ ပြန်တွေ့ခဲ့တယ် ” ဟု တောအုပ် ဦးဝင်းလွင်က ပြောသည်။

RCSS/SSA ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ခရိုင်ဦးစီးမှူး ဦးလှမင်း၊ တောခေါင်း ဦးဘိုမင်း၊
တောခေါင်း ဦးစစ်ထွေးနှင့် တောခေါင်း ဦးသန်းထိုက်အောင်တို့သည် နေရာ၌ ပွဲချင်းပြီး
သေဆုံးသွားပြီး မြို့နယ်ဦးစီးမှူး ဦးခိုင်မွန်ကမူ အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရ သည်။

“ အစိုးရ ၀န်ထမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်တာဟာ တော်တော်အောက်တန်း ကျတဲ့ လုပ်ရပ် ဖြစ်ပါ တယ်၊ ဒီနယ်မြေဟာ ငြိမ်းချမ်းရေးယူသည်ဖြစ်စေ၊ မယူသည်ဖြစ်စေ လက် နက်ကိုင်အဖွဲ့တွေ လှုပ်ရှားခွင့်ပြုထားတဲ့ နေရာမဟုတ်ပါဘူး၊ တကယ်လို့ နယ်မြေခံတပ်တွေ၊
ရှေ့တန်းတပ်တွေသာ မရှိရင် ဒီထက်ပိုပြီး ဆိုးလာဖို့ပဲ ရှိပါတယ်၊ ဒီကိစ္စကို နိုင်ငံတော်အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားပါတယ်ဆိုတဲ့ RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ် ကိုယ်တိုင် ဘယ်လိုဖြေရှင်း
ပေးမလဲဆိုတာ စောင့်ကြည့်ပါ့မယ်၊ ဖြစ်နိုင်ရင် တရားဥပဒေအရ ဆက်လက်ဆောင်ရွက် သွားမှာပါ ” ဟု ခရိုင်သစ်တော ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားသည်။

မြင့်နိုင် (လင်းခေး)
Shan News

10897108_1510931625833630_2841607390520400886_n10881526_1510931515833641_9060070118349312438_n10881917_1510931599166966_6689539015037470535_n1526572_1510931689166957_5067201256184815798_n

President and RCSS/ SSA Chairman U Yawd Serk MEETING-VIDEO

Vice President (1) hosts dinner for U Ywad Serk

Vice President'Dinner Yadanartheinkha Hotel Naypyitaw 10.6.13
Vice President’Dinner Yadanartheinkha Hotel Naypyitaw 10.6.13

Press Conference

7454_404432223003719_865849612_n

အချိန်မှီသတင်းရေး President &
RCSS/SSA10 6 13

Government ministers meet with RCSS/ SSA delegation at 1500.

967201_404379116342363_1050634901_o

U Yawd Serk gives Buddha stupa and Shan traditional dress to President.935798_404280963018845_591028496_n1005951_404299849683623_1758848952_n