Press Conference by KNU at Myanmar Peace Center-နောက်ကွယ်က စီစဉ်ညွှန်ကြားချက်ရှိ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ဟုဆို video

“He [bombing suspect Saw Myint Lwin] is just a township-level member, the superviser of a regional KNU business enterprise – but he does not belong to the KNU HQ’s business enterprise. We assessed that they carried out the bombings because they were only concerned for their own businesses interests, and were following orders from businessmen and politicians behind the scenes. We will be cooperating with the government on this.”

—Mahn Nyein Maung, KNU central executive committee member, speaking at a press conference in Rangoon on Sunday.

နောက်ကွယ်က စီစဉ်ညွှန်ကြားချက်ရှိ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ဟုဆို

 

photo credit nyo ohn myint

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံထား ရသူများနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

“အခုမနက်ပိုင်းမှာ ဖမ်းမိထားတဲ့ စောမြင့်ငွေ၊ KNU ရဲ့ တပ်သားဟောင်း၊ KNU ရဲ့ တပ်မတော်သား မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ် အဆင့်လောက်ပဲ ရှိပါတယ်။ သုံးလေးနှစ် အမှုထမ်းခဲ့တယ်။ ကျွန်တော်တို့ သူ့ကိုလေ့လာ ကြည့်တယ်။ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ သူက အထက်ကခိုင်းလို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူလည်း ရိုးရိုးသားသားပဲ ၀န်ခံတယ်။ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဒီလိုဆောင်ရွက် မှုတွေဟာ KNU ရဲ့ သဘောထား မဟုတ်ဘူး။ အောက်ခြေသူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းထားပြီး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်လေး တစ်ခုကို KNU ရဲ့ သဘောထား အနေနဲ့ မမှတ်ယူစေချင်ဘူး” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

“ဒီကောင်လေးတွေကို ပြန်မေးကြည့်တဲ့ အခါကျတော့ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေဟာ သာသနိက အဆောက်အအုံတွေကို အဓိက သွားလေ့လာတယ်။ သာသနိက အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဖောက်ခွဲမယ့် နေ့ရက်ကလည်း မွတ်စလင် ဘာသာဝင်တွေရဲ့ အိဒ်နေ့မှာလုပ်ဖို့ ရွေးချယ်ပါတယ်။ ဆိုတဲ့ အခါကျတော့ တော်တော်ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစပြုနေတဲ့ ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေကို ပြန်လည်ဆူပူဖို့ ရည်ရွယ်တယ်။ တစ်ခုက KNU ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်” ဟု မန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

ဗုံးဖောက်ခွဲသူများသည် ပုဂံသို့ နှစ်ကြိမ်သွားရောက်ပြီး အာနန္ဒာ ဘုရား၌ ဖောက်ခွဲရန်ပါ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကားပြီး ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။ ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း သူများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။

“သူတို့ရဲ့ နောက်ကွယ်က ညွှန်ကြားတဲ့ ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖော်ထုတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာပြီး ဒီတွေ့ဆုံခဲ့ရတဲ့ ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပဲ။ သူတို့မှာ ဘာရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘူး။ ခိုင်းလို့သာ လုပ်ရတယ် ဆိုတဲ့အခါကျတော့ နောက်ကွယ်က စီစဉ်ညွှန်ကြားချက် ရှိတယ်လို့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်မို့ ဒါကိုတော့ ကျွန်တော်တို့က လေ့လာစုံစမ်းပြီးတော့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့အပြင် KNU အဖွဲ့အတွင်း သဘောထား ကွဲမှုများ ရှိကြောင်းကိုလည်း ၎င်းက၀န်ခံ ပြောကြားသွားခဲ့ပြီး အဖွဲ့အစည်းတိုင်းတွင် ဖြစ်တတ်သည့် သဘောသာဖြစ်ကြောင်း ဆိုပါသည်။ “ဘယ်အဖွဲ့အစည်းမဆို လုံးဝဥဿုံ ထိန်းချုပ်လို့ရတဲ့ အဖွဲ့အစည်းဆိုတာ မရှိဘူး။ ကျွန်တော်တို့လို တောတွင်းက အဖွဲ့အစည်း မပြောနဲ့ နိုင်ငံတော် အစိုးရတောင် အကျင့်ပျက် ခြစားမှုတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ အခုထက်ထိကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ဒီလိုအဖွဲ့အစည်းမှာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူတွေ အနည်းနဲ့အများ ရှိမှာပဲ။ ဒါကျွန်တော် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းကို ယုံကြည်တဲ့သူတွေ ရှိတယ်။ လက်မခံတဲ့သူတွေ ရှိတယ်။ သံသယရှိတဲ့သူတွေ ရှိတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

KNU အဖွဲ့အစည်းဝင်များက ယခုကိစ္စကို ပါဝင်ကျူးလွန်သည် ဆိုပါက တရားနည်းလမ်းကျစွာဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် KNU ဗဟို၏ လုပ်ဆောင်ချက် မဟုတ်သော်လည်း KNU နှင့် ဆက်နွှယ်နေသည့်အတွက် ဗုံးဖောက်ခွဲမှုများကြောင့် သေကျေထိခိုက် နစ်နာခဲ့ရသည့် ကာယကံရှင်များကို တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။ “ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ယခင်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် KNU ပါဝင်ပတ်သက်သည်ဆိုသော အစိုးရ၏ စွပ်စွဲချက်များ ရှိခဲ့သည့်အတွက် ထိုစွပ်စွဲချက်များ မှန်၊ မမှန်နှင့် KNU အနေဖြင့် ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းကိုမူ ပဒိုမန်းငြိမ်းမောင်က အတိအကျ ရှင်းပြခဲ့ခြင်း မရှိဘဲ မွန်-မြန်မာ နှစ်လေးဆယ်စစ် သမိုင်းနှင့် ဆက်စပ်ပြီး စစ်၏ သဘောသဘာဝများကိုသာ ရှင်းပြသွားခဲ့ပါသည်။

အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ခုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် စသည့်မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ၊ သံသယရှိသူများမှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် KNU ဘက်က ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူဟု ဖမ်းဆီးခံထားရသော စောမြင့်လွင်သည် KNU ၏ တပ်သားဟောင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ် အဆင့်သာရှိကာ KNU အဖွဲ့မှ အနားယူထားသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဓိက ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုထားသည့် စောနေတိုးမှာ KNU တပ်မဟာ ၅ ၏ မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

945212_10151998002398594_1777546501_n1384131_10151998002348594_635900685_n

MYANMAR-BURMA: Press Conference by Karen National Union (KNU) Sunday October 20, 2013

“He [bombing suspect Saw Myint Lwin] is just a township-level member, the superviser of a regional KNU business enterprise – but he does not belong to the KNU HQ’s business enterprise. We assessed that they carried out the bombings because they were only concerned for their own businesses interests, and were following orders from businessmen and politicians behind the scenes. We will be cooperating with the government on this.”

—Mahn Nyein Maung, KNU central executive committee member, speaking at a press conference in Rangoon on Sunday.

1384131_10151998002348594_635900685_n
update
ဗုံးဖောက်ခွဲသူများရဲ့ ရည်ရွယ်ချက်အပေါ် အစိုးရနှင့် KNUတို့ ကွဲလွဲနေဆိုတဲ့ မီဒီယာမှာ ရေးသားချက်တစ်ချို့တွေ့နေရတယ်။ ဒီသတင်းစာရှင်းလင်းပွဲနှစ်ခုလုံးတက်ရောက်နားထောင်ခဲ့ပါတယ်။ ရဲချုပ်က ရှင်းပြတာက လက်ရှိ ထိမ်းသိမ်းထားသူတွေရဲ့ ထွက်ဆိုချက်တွေအရ နိုင်ငံခြားသားတွေလာရောက်စီးပွားရေးလုပ်တာတွေကို တားဆီးဖို့လို့ဆိုပါတယ်။ ဒါကထွက်ဆိုချက်ကို ပြောတာပါ။ စုံစမ်းတွေ့ရှိလို့ နိဂုံးချုပ်ချက်မဟုတ်ပါဘူး။ ဒါကြောင့် “on going case”စုံစမ်းဆဲအမှုလို့ ပြောတာဖြစ်ပါတယ်။ KNUက ဖဒိုမန်းငြိမ်းမောင် ရှင်းပြတာက ” နိုင်ငံခြားသားတွေ လာရောက် စီးပွားရေး လုပ်တာတွေကို တားဆီးဖို့” ဆိုတဲ့ ထွက်ဆိုချက်ဟာ အပေါ်ယံ အကြောင်းပြချက်သာ ဖြစ်တယ်၊ အဲဒီနောက်ကွယ်မှာ နိုင်ငံရေးရည်မှန်းချက်တွေ ရှိတယ်လို့ သုံးသတ်တာပါ။
အဲဒီ ၂ခုမှာ ရဲချုပ်က လက်ရှီထွက်ချက်ကို ပြောတယ်။ ဖဒို မန်းငြိမ်းက သုံးသတ်ချက်ကို ပြောတယ်။
ရှင်းတာတွေကို ရှုပ်အောင်မရေးကြဖို့ပါပဲ။

Press Conference by Karen National Union (KNU) tomorrow Sunday October 20, 2013

ယခုရက်ပိုင်းများအတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များအပေါ်KNU၏ သဘောထားရှင်းလင်းချက်ကို သတင်းစာရှင်းလင်းပွဲပြုလုပ်ပါမည်။

အချိန်။ နေ့ခင်း ၃ နာရီ မှ ၅ နာရီ၊ တနင်္ဂနွေ၊ အောက်တိုဘာ ၂၀၊ ၂၀၁၃၊ (Time: 3 p.m. Sunday, October 20, 2013)
နေရာ။ Myanmar Peace Center (အမှတ် ၁၁၊ ရွှေလီလမ်း၊ ရန်ကုန်မြို့)

လုံခြုံရေးအစီအစဉ်များကြောင့် စောစောဝင်လိုသူများ အနဲဆုံး တစ်နာရီခန့် ကြိုတင်ရောက်ရှိကြပါရန် ပန်ကြားအပ်ပါသည်။

CREDIT MIN ZAW Oo

KNU_Logo_thumb

Chief of Myanmar Police Force at Press conference-ပါက်ကွဲမှု ဖြစ်စဉ်များ နှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကျင်းပvideo

 

http://www.president-office.gov.mm/?q=briefing-room/news/2013/10/18/id-4571

ယနေ. ဗုံးပေါက်ကွဲမှုသတင်းစာရှင်းလင်းပွဲ
=====================
ရန်‌ကုန်‌ မန္တလေး စစ်‌ကိုင်း ‌တောင်‌ငူ ဖြူးမြို့.များ၌ ချိန်‌ကိုက်‌ဗုံး‌ပေါက်‌ကွဲများ
ဖြစ်‌စဉ်‌များအား ထုတ်‌‌ဖော်‌ရရှိသည့်‌သတင်းမှတမ်းဓာတ်‌ပုံများ ‌ပေါက်‌ကွဲမှုဖြစ်‌စဉ်‌ နှင့်‌
ပတ်‌သက်‌ပြီး သတင်းစာရှင်းလင်းပွဲတွင်‌ပြသထားသည်‌ကို‌တွေ့ရသည်‌။
1383212_10200195413088187_344071849_n
Posted by Khin Mg Win Ap.

ဗုံးပေါက်ကွဲမှုမှတ်တမ်းများကို ပြသထားစဉ်
ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ

Credit: ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ

ဗုံးကောက်ကွဲမှုတိုင်းလိုလိုတွင်အသုံးပြုခဲ့သည့် M-67 လက်ပစ်ဗုံးကို ပြသထားစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ဗုံးကောက်ကွဲမှုတိုင်းလိုလိုတွင်အသုံးပြုခဲ့သည့် M-67 လက်ပစ်ဗုံးကို ပြသထားစဉ်
ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ
ဗုံးပေါက်ကွဲမှုမှတ်တမ်းများကို ပြသထားစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
ဗုံးပေါက်ကွဲမှုမှတ်တမ်းများကို ပြသထားစဉ်
ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ
ဗုံးပေါက်ကွဲမှုမှတ်တမ်းများကို ပြသထားစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီjpaing
ဗုံးပေါက်ကွဲမှုမှတ်တမ်းများကို ပြသထားစဉ်
ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီjpaing

U YE HTUT: မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ-Bomb attacks related press conference will be held tomorrow

Series of bomb attacks in myanmar related press conference will be held tomorrow – Government official announced today

U YE HTUT

YE HTUT
YE HTUT

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ

ရက်စွဲ၊ အချိန်။ ၁၈-၁၀-၂၀၁၃ ရက်၊ သောကြာနေ့၊ ၁၄း ၀၀ နာရီ

နေရာ။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

သတင်းထောက်များ ဂိတ် (၃) တွင် နေ့လည် ၁၂း၄၅ နာရီ မှ ၁၃း၄၅ နာရီအတွင်း မှတ်ပုံတင်ဝင်ရောက်ပါရန်

အသေးစိတ်သိရှိ လိုပါက ဦးအောင်ကျော်ဦး၊ ညွှန်ကြားရေးမှူး၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာန နှင့် ဆက်သွယ်ပါရန်။

PRESS CONFERENCE INVITATION :CONFLICT & VIOLENCE IN ARAKAN (RAKHINE) STATE

988286_251649231626452_2097030533_n972095_183164835188384_52299181_n

UPDATED 1 AUGUST

Full report:https://docs.google.com/file/d/0B5x_WQ8boBL7VXlfY1BjWVRaNms/edit
By: Kyaw H Aung

ရခိုင်ပြည်နယ်တွင် ပဋိပက္ခ စစ်တမ်း ရှင်းမည်

“Conflict & Violence in Arakan (Rakhine) State, Myanmar (Burma)”
What is Happening, Why and What To Do
ခေါင်းစဉ်ဖြင့် ရခိုင်ပြည်နယ် ပဋိပက္ခအကြောင်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ်လ ၁ရက်နေ့တွင် Arakan
Human Rights and Development Organisation (AHRDO) က ဦးဆောင် ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါရှင်းလင်းပွဲကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ (ဆူးလေအနီး) Central Hotel တွင် နံနက် ၁၁နာရီမှ မွန်းလွဲ ၁နာရီအထိ ကျင်းပ မည်ဖြစ်သည်။

AHRDO မှ ရခိုင်ပြည် အကြမ်းဖက်မှုပဋိပက္ခ စာအုပ်ထုတ်ဝေမည်

မိုးဇော် (သတင်း)

ရခိုင်ပြည်တွင် လွန်ခဲ့သော ၂၀၁၂ ခုနှစ်က ဇွန်လနှင့် အောင်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် ဘင်္ဂလီ-ရခိုင်တို့အကြား အကြမ်းဖက် ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်၍ ရခိုင်လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (AHRDO)မှ သုတေသနပြုရေးသားထုတ်ဝေမည့် “ ရခိုင်ပြည်အကြမ်းဖမ်းမှု ပဋိပက္ခ အစီရင်ခံစာ ” အား သြဂုတ်လ ၁ ရက်နေ့တွင် စာအုပ်အဖြစ် ထုတ်ဝေသွားမည်ဖြစ်ကြောင်း ၄င်းအဖွဲ့၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်၍ ၄င်းနေ့တွင် သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ရန် ရန်ကုန်မြို့ Central Hotel (ပထမအထပ်)၌ စီစဉ်ထားကြောင်းလည်း သိရသည်။ Continue reading “PRESS CONFERENCE INVITATION :CONFLICT & VIOLENCE IN ARAKAN (RAKHINE) STATE”

Rakhine Issue Investigation Commission will hold a press conference

update:

 

EMG 26.APRIL 2013

Rakhine Issue Investigation Commission will hold a press conference the last week of this month to make public its findings from the Rakhine conflict, according to the commission.

The commission issued a press statement on April 23 saying the conference will be held at Myanmar Peace Center (MPC).

The commission members had paid several field visits to Rakhine State in September and October last year to look into the problem and submitted an interim report to the President on November 16.

The commission also visited the Rakhine frequently to conduct investigations and interviews about the conflict from December 2012 to March 2013.

The deadly communal violence which started on June 8 last year in the state had displaced tens of thousands of people, killing 50 people and injuring 54 people. It also destroyed 2230 houses and 14 religious buildings, according to official figures from President’s office.

And another violence which was occurred again in last October killed 89 people and injured 136, destroying 5151 houses to displace 32231 people in the state, according to official figures released on October 31 by the office.

The commission was set up on August 17 last year by the President’s office with 27 members to investigate the deadly communal clashes that began in the state in June last year.

BURMA: Press Conference at China Ambassador’s Residence in Yangoon-engl/ video burmese

DSC09805Vice Minister for Commerce Ministry of PRC and the China Ambassador for Myanmar, the persons concerned with some companies which have invested in Myanmar and journalists attended the press.

“I do not believe that recent events which have come out could affect the trust of Chinese investors. It is natural that any enormous business has difficulty. All causes need to be carefully considered. Bilateral cooperation can cope with the hardships. I think it is no point of harming economic development of both China and Myanmar,” said Vice Minister Mr. H.E Chen Jian.

“ The CNPC has implemented the installation of gas-pipe in accordance with international standards and gas-pipe has been buried at the depth of 1.2 m underground. Compensation for locals has been made by the company after it has negotiated with local authorities, local farmers,” explained one of the representatives of CNPC Company invested in gas excavation in Kyaukphyu – Rakhine State

“Chinese companies in Myanmar need to obey the Myanmar law and the local customs and make sure that locals could benefit from all projects. Action will be taken against the company which takes no heed of them. There are certain rumor and exaggeration which have had some repercussions on the firm. The CNPC should invite journalists to study their worksites,” said Vice Minister.

“Myanmar economy is looking up despite the fact that there are some difficulties that any country often faces. We see Myanmar Government is making efforts to over come them. Those difficulties are impermanent. Myanmar rich in natural resources has good opportunities,” Continue reading “BURMA: Press Conference at China Ambassador’s Residence in Yangoon-engl/ video burmese”