အေးရှားဝေါဆိပ်ကမ်းတွင် ပိုင်ရှင်မဲ့ ကုန်သေတ္တာနှစ်လုံး ဖွင့်ဖောက်ရာ
ကား၇စီး တွေ့ရှိ ။
===============================================
အေးရှားဝေါ ဆိပ်ကမ်းတွင် ရက်ပေါင်း ၆၀၀ နီးပါး ကြာမြင့်နေသော ပိုင်ရှင်မဲ့ ကွန်တိန်နာ
နှစ်လုံးအား မိုဘိုင်းတင်း အဖွဲ့မှ ဇူလိုင် ၂၄ရက်နေ့တွင် ဖွင့်ပေါက် စစ်ဆေးရာ အထဲတွင် ကား(၇)စီး ရှိနေကြောင်း သိရသည်။
အေးရှားဝေါလ် ဆိပ်ကမ်းသို့ ၂၀၁၂ခုနှစ် ဇွန် ၂၂ရက်နေ့တွင် ဆိုက်ကပ်ခဲ့သော M.V
Ossian V-120124M နှင့် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၆ရက်တွင် ဆိုက်ကပ်ခဲ့သော
M.V Bima V-126m သင်္ဘောဖြင့် ၀င်လာခဲ့သော T-S Linesပိုင် ကုန်သေတ္တာအမှတ်
(Crsu 9225703/40 နှင့် Fciub 9616 Fciu 8272 160/40) ကုန်သေတ္တာများမှာ ကုန်ပိုင်ရှင်မဲ့များ ဖြစ်ပြီး တင်ဆောင်လာသော ကုမ္ပဏီအား ဆက်သွယ်ရာတွင်လည်း
မရခဲ့၍ ယနေ့ထက်ထိ ထုတ်ယူခြင်း မရှိကြောင်း သိရသည်။
“အခုရှိနေတဲ့ ပေ၄၀ရှိ ကွန်တိန်နာ နှစ်လုံးကို လာရောက် ထုတ်ယူခြင်း မရှိတဲ့အတွက် အကောက်ခွန် ဦးစီးဌာနမှ ၀န်ထမ်းတွေနဲ့ အေးရှားဝေါလ် ဆိပ်ကမ်းက ၀န်ထမ်းတွေ
ပူးပေါင်းပြီး ဖွင့်ဖောက်ခဲ့တာပါ။ အထဲမှာပါတဲ့ ကား၇စီးကိုတော့ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်က လေလံစာရင်းဝင် ကုန်ပစ္စည်းများ အဖြစ် သတ်မှတ်ထားတယ်။ အဲဒီ
ပစ္စည်းတွေကိုတော့ ဒီဆိပ်ကမ်းမှာပဲ ခဏ ထိန်းသိမ်းထားပြီး ကုန်သေတ္တာ အခွန်တွေ
ကိုတော့ ပိုင်ရှင် Trans Stream Logistic ကုမ္ပဏီကို ပြန်လည် ထုတ်ပေးခဲ့ပါတယ်”ဟု မိုဘိုင်းတင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းကုန်သေတ္တာထဲမှ ပစ္စည်းများကို ထုတ်ယူရန်အတွက် တင်သွင်းလာခဲ့သော Paprgon Machinery Power Group ကုမ္ပဏီသို့ ဆက်သွယ်ရာတွင်လည်း မည်သို့မှ ဆက်သွယ်လို့
မရသည့် အတွက် ကုန်သေတ္တာ ပိုင်ရှင်မှလည်း မိမိတို့၏ ကုန်သေတ္တာများအား ပြန်လည်
တောင်းဆိုနေသောကြောင့် ယခုလို ဖွင့်ဖောက်ခဲ့ကြောင်း ယင်း ကွန်တိန်နာများမှ
တိုက်ကြေတန်၊ ဟွန်ဒါ အော်ဒက်စီ၊ BMW နှင့် နစ်ဆန်း ပရီမီးယာကား စုစုပေါင်း (၇)စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
You must be logged in to post a comment.