Quote:
ကျောင်းသားတွေကို Hijack လုပ်ပြီး လွှတ်တော်ကို Challenge လုပ်လိုက်တဲ့ NNER
Answer:
ဖေ့စ်ဘွတ်ခ်မှာ ပြောချင်ရာပြောတဲ့သူတွေ၊ သတင်းစာထဲ စာဝင်ရေးလောက်တဲ့ အဆင့်ရှိသူတွေဆီကနေ ဒီလို ကောက်ချက်မျိုးကို ကြားရတာ မဆန်းပေမယ့် သမ္မတ အကြံပေးတစ်ယောက်ဆီကနေ ကြားရတာကတော့ စိတ်မကောင်းစရာပါ… အင်းပေါ့လေ… စစ်တပ်ထွက်ဆိုတော့လည်း ဒီလောက်ပဲ လာမှာပေါ့…
Quote:
NNER ရဲ့ မတ်လ ၄ ရက်နေ့ ကြေညာချက် ထွက်လာတာ တွေ့ရှိရပါတယ်။ စိတ်မကောင်းဖွယ်ရာ ဆုံးဖြတ်ချက် တစ်ရပ် လို့ပဲ ဆိုပါရစေ။ ဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်ကို ကောင်းစွာ ဆောင်ရွက်နေတဲ့ ဥပဒေပြုလွှတ်တော်ရဲ့ အခန်းကဏ္ဍကို မျက်ကွယ် ပြုလိုက်ခြင်းဟာ ဘယ်သူမှ အကျိုးဖြစ်ထွန်းမှု မရှိတဲ့ လမ်းကြောင်းကို ရွေးချယ်လိုက်တာလို့ ဆိုနိုင်ပါတယ်။
Answer:
ကဲ… ဒီစကားမျိုး ဘယ်တုန်းက ကြားဖူးပါလိမ့်… မှတ်မိပြီ အမျိုးသား ညီလာခံကို နိုင်ငံရေးပါတီတွေက သပိတ်မှောက်တုန်းကပေါ့… သူတို့မပါဘဲ ငါတို့သဘောနဲ့ငါတို့ ရေးကြမယ်ဆိုပြီး ရေးလိုက်ကြတာ အခုတော့ နိုင်ငံတကာမှာ ဟာသဖြစ်စရာ စစ်သာ ၂၅ ရာနှုန်း အချောင်ဝင်ထိုင်နေတဲ့ နိုင်ငံရေစနစ်ကြီးကို ရတာပေါ့… လွှတ်တော်ကြီးကသာ အမှန်တကယ် ရိုးသားရင် ညှိနှိုင်းဆောင်ရွက်ဖို့ စဉ်းစားမှာပါ…
Quote:
ဒါဟာ NNER အနေနဲ့ ကျောင်းသားအစစ်တွေကို ဓါးစာခံပြပြီး လွှတ်တော်ကို Challenge လုပ်လိုက်တဲ့ သဘော ဖြစ်ပါတယ်။ ဒီမိုကရေစီပညာရေးကို ဒီမိုကရေစီနည်းနဲ့ ပြင်ဆင်ရမယ့်အစား တော်လှန်ရေးနဲ့ ပြင်ချင်တဲ့သဘောပါပဲ။ ဒီလိုပဲ နားလည်မိပါတယ်။
Answer:
တော်တော်အားနည်းတဲ့ နားလည်မှုတစ်ရပ်ပါပဲ… ကောင်းကောင်းမွန်မွန် အကြောင်းပြချက်နဲ့ မတက်ဘူးလို့ ပြောတာကို စိန်ခေါ်တယ်လို့ ပြောတာကိုက ကြီးကျယ်တဲ့ စကားအမှားကြီး ဖြစ်သလို ကျောင်းသားတွေကို ဓားစာခံလုပ်တယ်ဆိုတာကလည်း မယုံကြည်နိုင်ဖွယ်ရ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်ကြီးပါပဲ… သပိတ်မှောက်တာ၊ ကန့်ကွက်တာ ကိုယ်တိုင်ကိုက ဒီမိုကရေစီစနစ်တွေမှာ တရားဝင်အသုံးပြုကြတဲ့ ဆန္ဒထုတ်ဖော်နည်းတွေဆိုတာကိုလည်း သတိချပ်စေချင်ပါတယ်… နောက်ပြီး အေးအေးချမ်းချမ်း ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲနဲ့ သွားခြိမ်းခြောက်တာကလည်း ဘာသဘောပါလဲ…
Quote:
ဗကသ ၆ ယောက် ကြားနာပွဲ မတက်တာ နားလည်လို့ ရပါတယ်။ လွှတ်တော်မှာ ရှင်းလင်းနိုင်ဖို့ ပညာရေးဆိုင်ရာ ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံတွေ အများကြီး လိုပါတယ်။ ဒီအပေါ်မှာ ယုံကြည်မှု ရှိရှိ ဆွေးနွေးနိုင်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်တွေ လက်ခံလာအောင် ရှင်းလင်းနိုင်ဖို့ လိုအပ်ချက် တွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့် သူတို့ မတက်ဘူး ဆိုတာကို လက်ခံနိုင်ပါတယ်။
ဒါပေမယ့် NNER မှာ ပညာရေးနယ်ပယ်က ကျွမ်းကျင်သူတွေ ပါဝင်နေပါတယ်။ ဒီပုဂ္ဂိုလ်တွေက လက်ရှိ ပြင်ဆင်ချက်ကို စတင်ရေးဆွဲခဲ့သူတွေ ဖြစ်ပါတယ်။ ကိုယ်ရေးထားတဲ့ ပြင်ဆင်ချက်တွေ ဘာကြောင့် ဘယ်လို ဆိုတာက ဥပဒေပြုပေးမယ့် လွှတ်တော်ကို မဖြစ်မနေ ရှင်းကို ရှင်းရမှာ ဖြစ်ပါတယ်။
Answer:
NNER က ပြင်ဆင်ဥပဒေကြမ်းကို တင်ပြရာမှာ အသုံးပြုခဲ့တဲ့ presentation slide တွေကို အဲဒီအစည်းအဝေးမှာ ပါဝင်ခဲ့ပြီး လဒကြီး မိုင်သလို ဘာမှ ဝင်မပြောခဲ့တဲ့ ပညာရေးဝန်ကြီးဌာနက နလပြိန်းတုန်းတွေဆီကနေ တောင်းယူကြည့်ရှုနိုင်ပါတယ်… NNER အနေနဲ့ သူ့ကို ထောက်ခံတဲ့ ကျောင်းသားတွေ ဒီမိုကရေစီနည်း ကင်းမဲ့စွာ အနှိပ်ကွပ် ခံနေရချိန်မှာ အခန့်သားနဲ့ လွှတ်တော်ထဲ ဝင်မဆွေးနွေးနိုင်တာကို ခေါင်းကောင်းသူတိုင်း နားလည်နိုင်ပါတယ်… Continue reading “!! #ကျောင်းသားတွေကို #Hijack လုပ်ပြီး လွှတ်တော်ကို #Challenge လုပ်လိုက်တဲ့ #NNER”
You must be logged in to post a comment.