U WIRA THU 15.JANUARY 2014: “အတုမရှိသံဃာ့ညီလာခံတော်ကြီး ၏ သ ဘောထား ကြေငြာချက်”

“အတုမရှိသံဃာ့ညီလာခံတော်ကြီး ၏ သ ဘောထား ကြေငြာချက်”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရက်စွဲ။ ။ သာသနာတော်နှစ်(၂၅၅၇) ၁၃၇၅ ပြာသိုလပြည့်(15.1.2014) ဗုဒ္ဓဟူးနေ့
မန္တလေးတိုင်းဒေသကြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ)ခေါ် ဝံသပါလအဖွဲ့ ဖွဲ့စည်းခြင်း အခမ်းအနားနှင့် ဂိုဏ်းပေါင်းစုံ သြဝါဒခံယူပွဲ သံဃာတော် အရှင်သူမြတ်(၃)သောင်းခန့် တက်ရောက်သည့် အတုမရှိ သံဃာ့ညီလာခံတော်ကြီး၏ သဘောထား ကြေငြာချက်ကို ထုတ်ပြန် ကြေငြာအပ်ပါသည်။

(၁)။မြန်မာနိုင်ငံတော်နှင့် နိုင် ငံသားများ အကျိုးစီးပွါးအတွက်(၁၉၈၂)ခုနှစ် မြန်မာနိုင် ငံသားဥပ ဒေကို ဆက်လက်ကာ ကွယ်စောင့်ရှောက် ရန်တိုက်တွန်း သည် ။

(၂)။နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်ရေးဆွဲရာ၌ ပုဂ္ဂလ အဓိဌာန်နှင့် လတ်တ လော အ ခြေ နေကို မကြည့်ဘဲ နိုင် ငံနှင့် နိုင် ငံသားများ၏ ရေရှည်အကျိုးစီးပွါး ကိုသာ ကြည့်ရှုဆောင် ရွက် ရန် တိုက်တွန်းသည်။

(၃)။လက် ရှိ ဖွဲ့စည်းအုပ်ချုပ်ပုံစနစ်၌ တိုင်းရင်းသားစာရင်းမပါဝင် သောလူ မျိုးစုနှင့် အဖွဲ့အစည်းများအား ကူ ညီပံ့ပိုး အားပေးအားမြှောက်ပြုနေကြ သည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်း များ၏ လုပ် ရပ်မှန်သမျှကို နိုင် ငံတော် ၏ အချုပ်အခြာအာဏာ ထိပါးစေ နိုင် သဖြင့် ကန့်ကွက်သည်။

(၄)။တည်ဆဲဥပ ဒေနှင့် မညီညွတ်သော တိုင်းရင်းသားစာရင်း၌ မပါဝင် သည့် လွှတ်တော်ကိုယ်စားလှယ်များ အား ပြန်လည်စိစစ်၍ ဥပဒေနှင့် အညီသာ ဆောင်ရွက်ပေးရန်တိုက်တွန်း သည်။

(၅)။တိုင်းရင်းသားအခွင့်အ ရေးနှင့် နိုင် ငံသားအခွင့်ရေးများကို ကာကွယ် စောင့်ရှောက်နိုင် ရန် ရွေးကောက်ပွဲ တိုင်းတွင် ဥပ ဒေနှင့်မညီညွတ် သည့် ယာယီသက်သေခံ လက် မှတ်ကိုင် ဆောင် ထားသူများ၏ ဆန္ဒမဲပေးပိုင် ခွင့်ကို ပြန်လည် ရုပ် သိမ်းသင့်ကြောင်း အကြံပြု တိုက်တွန်းသည်။

(၆)။အမျိုးဘာသာသာသနာ အဖွဲ့အစည်း (မ.ဘ.သ)ခေါ် သာသနဝံသပါလ အဖွဲ့အတွက် အင် အားဖြစ်စေ သော အားပေးစကားများကို ပြော ကြားခဲ့သည့် နိုင် ငံတော် အကြီး အကဲများ နိုင်ငံခေါင်းဆောင် များ လွှတ်တော်ကိုယ်စားလှယ်တော် ကြီး များအား ကျေးဇူးတင် ကြောင်းမှတ် တမ်းတင် သည်။

(၇)။သတင်းမီဒီယာများသည် နိုင် ငံ တော်၏ စတုတ္ထမဏ္ဌိုင် ဖြစ်သည့် အ လျောက် သတင်းမီဒီယာကျင့် ဝတ်နှင့်အညီ နိုင် ငံတော်နှင့် အ မျိုးဘာသာသာသနာ၏ အကျိုးစီး ပွါးကို မထိခိုက်အောင် မှန်ကန်မျှတ စွာ ဖော်ပြကြရန်နှင့် မမှန်မကန်ဖော် ပြမှု အဂတိလိုက်စားမှုများ ရှောင် ကြရန် အထူးတိုက်တွန်းသည် ။

(၈)။မြန်မာနိုင် ငံသူ နိုင် ငံသားများသည် မိမိ/သူတစ်ပါး အမျိုးဘာသာကို ထိခိုက်စေမည့် ဟောပြောမှု၊ အကြမ်းဖက်မှုများကို ရှောင် ကြဉ်ကြရန် အထူးတိုက်တွန်းသည်။

(၉)။အမျိုးဘာသာသာသနာစောင့်ရှောက် ရေးအဖွဲ့ (မဘသ)ခေါ် သာသနဝံသပါလအဖွဲ့သည် သာသနာ့ ဥသျှောင် သံဃာ့ဥသျှောင် ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူလျက် အမှီအခိုကင်းပြီး လွတ်လပ်သည့် အမျိုးသားရေး အင်အားစုကြီးတစ် ရပ်သာဖြစ်ကြောင်းသိစေအပ်သည် ။

(၁၀)။အကာအကွယ်မဲ့နေကြသည့် မြန် မာ့အမျိုးကောင်းသား အမျိုးကောင်း သမီးများအား ကာကွယ်စောင့် ရှောက်နိုင် မည့် အမျိုးစောင့် ဥ ပ ဒေ အတည်ပြုပြဌာန်းပေးနိုင် သည်အထိ ဆက်လက်ဆောင် ရွက်သွားမည် ဟု ဤညီလာခံ ကြီးကအဓိဌာန်ပြုသည် ။။
(၁၁)။ ကိုးကွယ်ရာမဲ့နေကြသည့် မြန်မာနိုင်ငံသူ နိုင်ငံသားများအား ကူညီပံ့ပိုးစောင့်ရှောက်နိုင်ရေးအတွက် တရားဒေသနာဟောကြားမှုနှင့် ပရဟိတလုပ်ငန်းများကို အတူပူးတွဲဆောင်ရွက်ကြရန် သံဃာတော်များအား ဝံသပါလ(အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့)က တိုက်တွန်းသည်။

ဘဒ္ဒန္တတိလောကာဘိဝံသ နိုင်တော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မဘသ(ဗဟို)။
ဘဒ္ဒန္တတိက္ခိ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဌိတ ဥက္ကဌ မ.ဘ.သ(မန္တလေးတိုင်းဒေသကြီး)။