#Zayah #Oo #လက်ရှိဖြစ်ပွားနေသော ကျေင်းသားများ၏ #ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးပါသည်။

Myo Yan Naung Thein
ဆရာဇေယျာဦးသည် DSA Engineer တက်နေစဉ် လက်နက်ဝိုင်းကာ မေမြိုတွင် စစ်အစီုးရကိုဆန့်ကျင်ဆန္တပြခဲ့သဖြင့် ပထမအကြိမ် ထောင်ကျခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် ထာင်ကပြန်လွတ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကျောင်းသားသမဂ္ဂဖွဲ့စည်းမှုဖြင့် ထောင်ထပ်ကျခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်ထောင်ကပြန်လွတ်ခဲ့ပြီး ဘာသာပြန်စာရေးဆရာအဖြစ် နိုင်ငံရေးစာပေများကို အဖွဲ့အစည်းများအတွက်ဘာသာပြန်ပေးခဲ့သည်။ထို့အပြင် နိုင်ငံရေးလေ့လာသုံးသပ်သူ နိုင်ငံရေးပညာသင်ကြားပို့ချသူအဖြစ် လုပ်ကိုင်လျှက်ရှိသည်။ BAYDA Institute တွင် ( Director – Political Education ) အဖြစ် တာဝန်ယူထားပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလုပ်ငန်းအဖွဲ့၏ အဖွဲ့ခေါင်းဆောင်လည်းဖြစ်သည်။ ဆရာဇေယျာဦး၏ အဖွဲ့ချုပ်၊ ဒေါက်တာသိန်းလွင်နှင့် ကျောင်းသားလှုပ်ရှားမှုအကြောင်းရေးသားထားမှုကို Share လိုက်ပါသည်။အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အဖွဲ့ချုပ်စည်းမျဉ်းစည်းကမ်းအတိုင်း ခွင့်တိုင်ကြားသည့် စာကိုလည်း ပူးတွဲဖော်ပြလိုက်ပါသည်။
——————————————————————- ဆရာဇေယျာဦး ၏အမြင်
——————————- လက်ရှိဖြစ်ပွားနေသော ကျေင်းသားများ၏ ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုကို လှိုက်လှိုက်လှဲလှဲ ထောက်ခံအားပေးပါသည်။ ဒီလှုပ်ရှားမှုကို အကြောင်းပြုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၀ိုင်းဝန်းတိုက်ခိုက်နေကြသူများကိုတော့ အနည်းငယ်ဝေဖန်လိုပါသည်။ ယခုကျောင်းသားများချီတက်ရာလမ်းတလျှောက်ရှိမြို့နယ်အသီးသီးမှာရှိကြသော NLD အဖွဲ့ချုပ်အဖွဲ့ဝင်တွေ တတ်စွမ်းသမျှ ကူညီဝန်းရံပေးဖို့ ဗဟိုကညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဒေါက်တာသိန်းလွင်ကိစ္စက ပါတီတွင်း ကိစ္စဖြစ်ပါသည်။ ကျောင်းသားလှုပ်ရှားမှုနှင့် မဆိုင်ပါ။ ပါတီဝင်တစ်ယောက်ဖြစ်လာရင် ပါတီကချမှတ်တဲ့ စည်းမျဉ်းဥပဒေတွေ၊ မူဝါဒတွေကို လိုက်နာရတယ်ဆိုတာ အခြေခံအားဖြင် ပါတီဝင်တိုင်း လုပ်ရတဲ့အလုပ်ပါ။ ပါတီဝင်ဆိုတာ သက်ဆိုင်ရာပါတီရဲ့ ရပ်တည်ချက်တွေ၊ စံတန်ဖိုးတွေ၊ မူတွေကို ကိုယ်တိုင်သက်ဝင်ယုံကြည်လက်ခံလို့ သာ ၀င်ရောက်ခြင်းဖြစ်ပါတယ်။ အဲဒီအတွက် ကိုယ့်မှာရှိတဲ့ ကိုယ်စွမ်း ဥာဏ်စွမ်းတွေကို ပါတီအတွက် တည့်ဝင်အသုံချစေဖို့ဝင်လာခြင်းလို့နားလည်ပါတယ်။ ပါတီကို Platform လုပ်ပြီး ကိုယ်လုပ်ချင်ရာလုပ်ဖို့ မဟုတ်ပါဘူး။ ကိုယ့်နာမည်တည်ဆောက်ဖို့မဟုတ်ပါဘူး၊ အခုဖြစ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာသိန်းလွင်ကို ပါတီက အကြိမ်ကြိမ်သတိပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါကို ကိုယ်တိုင်က လက်မခံနိုင်ရင် ဒေါက်တာသိန်းလွင်အနေနဲ့ အစောကြီးကတည်းက ပါတီနဲ့ကင်းကင်းရှင်းရှင်းဖြစ်အောင် ရပ်တည်ထားရမှာ၊ အဲဒါကို မပြတ်မသားလုပ်ခဲ့လို့ အခု ပါတီက ထပြီးဖြေရှင်းရတော့ ပါတီအပေါ်ဝိုင်းဝေဖန်ကြတယ်။ တစ်ချိန်တည်းမှာ ဒေါက်တာသိန်းလွင်က Hero ဖြစ်သွားတယ်။ ပါတီရဲ့ပုံရိပ်ကိုနင်းပြီးဒေါက်တာသိန်းလွင် က Hero ဖြစ်စ်သွားတာပါ။ ပါတီက ကျောင်းသားအေ၇းကို မထောက်ခံဘူးလို့စွပ်စွဲကြတယ်။ကျောင်းသားများချီတက်ရာလမ်းတလျှောက်ရှိမြို့နယ်အသီးသီးမှာရှိကြသော NLD အဖွဲ့ဝင်တွေ လှိုက်လှိုက်လှဲလှဲ ကြိုဆို အားပေးကူညီးကြတဲ့ ပုံရိပ်ကို ကြည့်ရင် ထောက်ခံလား၊ မထောက်ခံဘူးလား ဆိုတဲ့အဖြေက ၇ှင်းပါတ.ယ်။ တချိဲ့က NLD ၀င်မပါရမလားလို့တောင် အပြစ်တင်ပါတယ်။ နိုင်ငံရေးပါတီဆိုတာ single issue based movement နဲ့သွားလို့မရပါဘူး၊ issue တိုင်းးအပေါ်မှာ ခြုံ ရပ်တည်ချက်နဲ့ပဲ သွားလို့ရပါတယ်။ NLD လို ပါတီတစ်ရပ်က issue တစ်ခုတည်းအတွက်နဲ့ လမ်းပေါ်လိုက်ထွက်လို့မရပါဘူး၊ ၀န်းရံ ပေးရုံပဲရပါတယ်။ အခုကျောင်းသားတွေကိစ္စမှာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေ ဒိလောက်ရပ်တည်ပေးထားတာ လုံလောက်ပါတယ်။ တစ်ခုပဲပြောချင်ပါတယ်၊ ရိုးသားစွာအထင်လွဲနေသူများအတွက် ယခုလိုလေးစားစွာ ရှင်းပြရခြင်းဖြစ်ပါသည်။ ကိုယ့်နာမည်တစ်လုံးတက်ဖို့အတွက် ပါတီကို အသုံးချချင်နေသူများကိုလည်း ဆက်မလုပ်ဖို့တောင်းဆိုလိုပါသည်။ ဒါပေမယ့် ပြသနာတစ်ခုပေါ်တိုင်း NLD ကို တိုက်ခိုက်ဖို့ အမြဲ ကြိုးစားနေသူများအတွက်တော့ ဘာမှဆက်မပြောလိုပါ။

(ဆရာဇေယျာဦး

10685377_410674009110794_6344091097870340710_n-1

#အရှင်ဦးဝီရသူမှ. #အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်ကို. #ကြိုဆိုပါကြောင်း နှင့်

အရှင်ဦးဝီရသူမှ. အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ်ကို. ကြိုဆိုပါကြောင်း နှင့် အဖွဲ့ချုပ်အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန်၏ ဆွေးနွေးမှုသည် နိုင်ငံတကာစံချိန်စံညွန်း များ အရလည်းကောင်း လူ့အခွင့်အရေးနှင် တရားမျတမှုရှုထောင့်မှလည်းကောင်း. အမျိုးဘာသာသာသနာရှုထောင့်မှလည်းကောင်း မျတကောင်းမွန် လျော်ကန်သင့်မြတ်စွာ မျတမှုရှိစွာဆွေးနွေးသဖြင့်. ကြိုဆိုပါကြောင်း. ရေးသားထားသည်.

ဝီရသူ – မစိုးရိမ်

“ကြိုဆိုပါသည် NLD”
==============
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်(NLD) ပါတီရဲ့ ဆွေးနွေးချက်ပါ။
25.1.2015 ရက်နေ့မှာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
စီးပွားရေးကြောင့်ပဲဖြစ်ဖြစ်၊
လူမှုရေးကြောင့်ပဲဖြစ်ဖြစ်၊
အိမ်ထောင်ရေးစတဲ့ အကြောင်းတစ်မျိုးမျိုးကြောင့် မူလကိုးကွယ်ရာဘာသာကို လွယ်လွယ်ကူကူ စွန့်လွှတ်လိုက် ရတဲ့ အနေအထားမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတဲ့ ဥပဒေမျိုးပိုပြီးတော့ ဖြစ်သင့်တယ်လို့ သဘောရိုးနဲ့ တင်ပြပါတယ်။(ဦးအောင်ကြည်ညွန့်)
ဦးပဉ္စင်းတို့လိုလားတာလည်း အဲဒီပုံစံမျိုးပါပဲ။
ဦးပဉ္စင်းတို့ တွေ့ကြုံနေရတာလည်း အဲဒီအခက်အခဲပါပဲ။
တစ်ခြားဘာသာတွေ ဗုဒ္ဓဘာသာထဲ ရောက်လာအောင် စည်းရုံးသိမ်းသွင်းတဲ့ ဥပဒေမဟုတ်ပါဘူး။
ဦးပဉ္စင်းတို့ မိခင်ဘာသာကို စိတ်မပါဘဲ မစွန့်ချင် စွန့်ချင်နဲ့ စွန့်လွှတ်လိုက်ရတာတွေကို ကာကွယ်ဖို့သာ ဖြစ်ပါတယ်။
အဂတိတရားကင်းရှင်းပြီး အနှစ်သာရပြည့်ဝတဲ့ ဥပဒေတစ်ရပ်ဖြစ်စေဖို့ ကျယ်ပြန့်စွာ ညှိနှိုင်းသုံးသပ်ရေးဆွဲပြီး တော့ အတည်ပြုခြင်းဟာ ပိုပြီးတော့ ကောင်းမယ်လို့ အပြုသဘောနဲ့ အလေးအနက် အကြံပြုဆွေးနွေးသွား တာကို တွေ့ရပါတယ်။
ဦးပဉ္စင်းတို့မျှော်လင့်တာ အဲဒါပါပဲ။
ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုမည့်အစား ပြည်သူ့ဆန္ဒကို လူ့အခွင့်အရေးနှင့်ညီအောင် ဘယ်လိုညှိပေးမယ်၊ တရားဥပဒေနှင့်ညီအောင် ဘယ်လိုပြုပြင်ပေးမယ်ဆိုတာမျိုးကိုပဲ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။
ဒါမှ ပြည်သူကို ကိုယ်စားပြုတဲ့ ပါတီ
ပြည်သူကို ကိုယ်စားပြုတဲ့အမတ်
ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားကောင်းတစ်ယောက် ဖြစ်မှာပါ။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်နှင့်အတူ NLD ပါတီဝင်အားလုံး ပြည်သူ့ကိုယ်စားပြု နိုင်ငံရေးသမားကောင်းများဖြစ်ကြပါစေဗျာ…….။
ဝီရသူ(မစိုးရိမ်)
(27.1.2015 DEMOCRACY Today သတင်းစာကို ပူးတွဲတင်းပြလိုက်ပါတယ်။)
==========================================================
“ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ(၁)”
ဇန်နဝါရီ ၂၅ ရက်က ကျင်းပသော အမျိုးသားလွှတ်တော်(၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အမျိုးစောင့် ဥပဒေကြမ်းလေးခုထဲမှ တစ်ခုဖြစ်သည့်ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လေးဦး၏ ဆွေးနွေးချက်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဦးအောင်ကြည်ညွှန့်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ဒီဥပဒေ (ကိုးကွယ်ရာဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ) ပြဋ္ဌာန်းတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မှာ ပြဋ္ဌာန်းထားတဲ့ အခြေအနေတွေနဲ့ ဒီဥပဒေမှာပါရှိတဲ့ ဥပဒေတွေနဲ့ ဘယ်လောက်လိုက်လျောညီထွေဖြစ်ဖို့ လိုမလဲ သေသေချာချာစဉ်းစား စိစစ်ပြီးတော့ စနစ်တကျလေ့လာသုံးသပ်ပြဋ္ဌာန်းသင့်တယ်လို့ အကြံပြုချင်ပါ တယ်။ နောက်တစ်ပိုင်းကတော့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မို့ လိုက်နာရန်ရှိ တဲ့လူ့အခွင့်အရေးဆိုင်ရာစာတမ်းတွေနဲ့ ညီညွတ်မှုရှိဖို့လည်း လိုပါတယ်။ စီးပွားရေးကြောင့်ပဲဖြစ်ဖြစ်၊ လူမှုရေး ကြောင့်ပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေး စတဲ့အကြောင်းတစ်မျိုးမျိုးကြောင့် မူလကကိုးကွယ်နေတဲ့ ဘာသာကို လွယ် လွယ်ကူကူစွန့်လွှတ်လိုက်ရတဲ့ အနေအထားမျိုးမဖြစ်အောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတဲ့ ဥပဒေမျိုး ပိုပြီး တော့ ဖြစ်သင့်တယ်လို့ ကျွန်တော် သဘောရိုးနဲ့တင်ပြပါတယ်။ ကျွန်တော်တို့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေကြာင့်ပဲ ဘာသာကူးပြောင်းဖို့ သွားပြီးတွန်းအားပေးလိုက် သလိုဖြစ်နေမှာကိုလည်း စိုးရိမ်ရပါတယ်။ အဂတိတရား ကင်းရှင်းပြီး အနှစ်သာရပြည့်ဝတဲ့ ဥပဒေတစ်ရပ်ဖြစ်စေဖို့ ကျယ်ပြန့်စွာညှိနှိုင်းသုံးသပ်ရေးဆွဲပြီးတော့ အတည်ပြု ခြင်းဟာ ပိုပြီးတော့ကောင်းမယ်လို့ အပြုသဘောနဲ့ အလေးအနက်အကြံပြုဆွေးနွေးရင်း နိဂုံးချုပ်ပါတယ်။

10686726_407035929474602_5422991077006508803_n

10428634_407036102807918_2505647047600126968_n10943844_407036146141247_800940694236222436_n10933766_407036229474572_5032487741584831044_n

သတင်းအမှားလုပ်ကြံမှုလို့ကြားသိ ရပါတယ်

10649507_407055249472670_4855729092795460673_n

 

#မြန်မာသံတော်ဆင့်၏ အင်တာဗျူးဖတ်ပြီးနောက် ပြန်ကြားရေးဒုညွှန်မှူး မူပိုင်ခွင့်ဌာနက #သမ္မတကို #အကြည်ညိုပျက်သွားကြောင်း သက်သေထွက်ဆို

မြန်မာသံတော်ဆင့်၏ အင်တာဗျူးဖတ်ပြီးနောက် ပြန်ကြားရေးဒုညွှန်မှူး မူပိုင်ခွင့်ဌာနက သမ္မတကို အကြည်ညိုပျက်သွားကြောင်း သက်သေထွက်ဆို
——————————————————————————————

10801659_406278302883698_7255965719716856643_n

 
နိုင်ငံတော်သမ္မတနှင့်အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟူသော စွပ်စွဲချက်ဖြင့် ပြန်ကြား ရေးဝန်ကြီးဌာနက တရားလိုပြုလုပ်၍ မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာချုပ်အပါအဝင် (၁၁) ဦးကို မီဒီယာဥပဒေပုဒ်မ ၂၅ (ခ)ဖြင့် တရားစွဲဆိုခြင်း၏ ဆဋ္ဌမအကြိမ်ရုံးချိန်းတွင် တရားလိုပြသက်သေ ၂ ဦးကို စစ်ဆေးခဲ့ရာ မြန်မာသံတော်ဆင့်ရှေ့နေဦးဇော်လင်းက မေးမြန်ရာတွင် တရားလိုပြသက်သေ ၁ ဦးဖြစ်သူ ပြန်ကြားရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းက အင်တာ ဗျူးကိုဖက်ရသည့်အတွက် သမ္မတကို အကြည်ညိုပျက်သွားကြောင်း ထွက်ဆိုခဲ့သည်။

မြန်မာသံတော်ဆင့်ဂျာနယ်၏ ဇန်နဝါရီလ (၁၉) ရက်က ပြုလုပ်သည့် ဆဋ္ဌမအကြိမ်ရုံးချိန်းသို့ မြန်မာသံတော်ဆင့်ဂျာနယ်မှ အယ်ဒီတာချုပ်အပါအဝင် ၉ ဦးလာရောက်ခဲ့ပြီး တရားလိုဘက်မှ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တရားလိုပြသက်သေ ၂ ဦးဖြစ်သည့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယုယုဝင်းနှင့် လက်ထောက်ညွှန် ကြားရေးမှူး ဦးကျော်ဌေးတို့ လာရောက်ထွက်ဆိုသည်။

အမှုစစ်ဆေးမှုတွင် တရားလိုပြသက်သေ ဒေါ်ယုယုဝင်းထွက်ဆိုချက်နှင့်ပတ်သက်၍ “အံ့ခေါင်မင်း နဲ့ဦးမျိုးရန်နောင်သိမ်း အင်တာဗျူးဖတ်ပြီးတော့ သမ္မတနှင့်သူ့အစိုးရအဖွဲ့ကို အကြည်ညိုတော့ ပျက်မသွား ဘူးမဟုတ်လားလို့မေးတာ၊ အကြည်ညိုပျက်သွားတယ်တဲ့။ ငါကဆက်မေးတယ်။ အကြည်ညိုပျက်တယ် ဆိုရင် ဦးမျိုးရန်နောင်သိမ်း ပြောတာတွေကို ခင်ဗျားလက်ခံလို့၊ ယုံလို့ အကြည်ညိုပျက်တာလားဆိုတော့ အဲဒီလိုတော့ မဟုတ်ပါဘူးလို့ဖြေတယ်။ အကြည်ညိုပျက်တယ်ဆိုရင် တို့ကမေးတာက ရေးတာတွေကိုယုံ လို့လား၊ လက်ခံလို့လား။ ရေးတာတွေကို မယုံကြည်ရင် အကြည်ညိုပျက်စရာမှ မရှိတာ”ဟု မြန်မာသံ တော်ဆင့်ရှေ့နေဦးဇော်လင်းက ပြောသည်။ Continue reading “#မြန်မာသံတော်ဆင့်၏ အင်တာဗျူးဖတ်ပြီးနောက် ပြန်ကြားရေးဒုညွှန်မှူး မူပိုင်ခွင့်ဌာနက #သမ္မတကို #အကြည်ညိုပျက်သွားကြောင်း သက်သေထွက်ဆို”

#Myo #Yan #Naung #Thein #နာဂရိုးရာနှစ်သစ်ကူးပွဲတော် ၂၅ နှစ်ပြည့်အခမ်းအနားအမှတ်တရပုံရိပ်များ #naga #25year #anniversary

Myo Yan Naung Thein
နာဂရိုးရာနှစ်သစ်ကူးပွဲတော် ၂၅ နှစ်ပြည့်အခမ်းအနားအမှတ်တရပုံရိပ်များ (၁) attending Naga traditional New Year 25-year anniversary

10915080_405486082962920_8831974607235462363_onaga land myanmar burmanagaland

naga myanmar  anniversary 25NAGA LAND -MYANMAR BURMA10887349_405487339629461_8785941404088308968_o10866018_405486299629565_2350808218816705092_o

#ဆရာ မောင်စွမ်းရည် ၏ စစ်သားနဲ့ နိုင်ငံရေး – #ဖတ်သင့်သောစာပါ ။ #soldiers and #politic

Myo Yan Naung Thein
ဆရာ မောင်စွမ်းရည် ၏ စစ်သားနဲ့ နိုင်ငံရေး – ဖတ်သင့်သောစာပါ ။

စစ်သားနဲ့ နိုင်ငံရေးလို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် စစ်တပ်နဲ့ နိုင်ငံရေးလို့ အဓိပ္ပာယ်ကောက်ချင်လည်း ရပါတယ်။ “စစ်သား” ဆိုတာက “စစ်တပ်” ဆိုတဲ့ အဖွဲ့အစုထဲမှာမှာပါတဲ့ စစ်မှုထမ်းတဦးချင်းကို ပြောလိုတာပါ။ စစ်မှုထမ်းဆိုရာမှာလည်း စစ်သား၊ စစ်ဗိုလ်၊ စစ်ဗိုလ်ချုပ် စတဲ့ စစ်မှုထမ်းတွေကို ဆိုလိုတာပါ။ ဒီလိုဆိုပြန်တော့ စစ်ဗိုလ်ချုပ်ဆိုတဲ့ အရာရှိတွေက သူတို့ကို စစ်သားတွေနဲ့ ရောနှောပြောတာ ကြိုက်မှာမဟုတ်ပါ။ သူတို့က စစ်သားဆိုတာ စစ်တပ်ရဲ့ “အစေခံ”၊ “အသေခံ” လို့သာ မှတ်ယူလေ့ရှိပါတယ်။ ဒါကလည်း အင်္ဂလိပ်နဲ့ ဂျပန်နယ်ချဲ့နဲ့ ဖက်ဆစ်တို့ဆီက အမွေခံစိတ်ဓာတ်တွေ ဖြစ်ပုံရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ စစ်ဗိုလ်၊ စစ်သား မခွဲခြားတဲ့ တိုက်ဖော်တိုက်ဖက်၊ ရဲဘော်ရဲဘက် စိတ်ဓာတ်ကို အခြေခံပြီး စစ်တပ်ဖွဲ့ခဲ့ပေမယ့် သိတဲ့အတိုင်း။

10520641_401387010039494_4351066252459982545_n10402524_401387690039426_5956513639074462854_n10931324_401387363372792_3491008244412381317_n

 

စစ်သားဆိုတာ နိုင်ငံသားတဦးပဲဖြစ်ပါတယ်။ အိမ်သားတိုင်း အိမ်တလုံးရဲ့ ကိစ္စမှာ သက်ဆိုင်သလိုပါပဲ။ ကျောင်းသား၊ ဈေးသား၊ အလုပ်သမား၊ လယ်သမား၊ စစ်သား အားလုံးဟာ နိုင်ငံသားတွေဖြစ်ကြတဲ့အတိုင်း နိုင်ငံရေးကို စိတ်ဝင်စားကြရမှာပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားပြီး ဒါဟာ ငါတို့အရေး၊ နိုင်ငံသားတိုင်းရဲ့ အရေးဆိုတဲ့ အသိနဲ့ အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်တဲ့ အဆုံးအဖြတ်ကို ပေးနိုင်ပါတယ်။ စစ်သားဟာ စစ်တပ်အဖွဲ့ဝင်ဖြစ်လို့ စစ်စည်းကမ်း၊ စစ်ဥပဒေကို လိုက်နာရမှာတပိုင်းပါ။ စစ်ဆင်ရေးတရပ်နဲ့ပဲ ဆိုင်ပါတယ်။ မလိုက်နာရင် စစ်ရှုံးမှာပေါ့။ ဒါက အဖွဲ့အစည်းသဘောပါ။ ကျောင်းသားက ကျောင်းစည်းကမ်း၊ အလုပ်သမားက အလုပ်ရုံစည်းကမ်း၊ သံဃာက သံဃာ့ဝိနည်း စသဖြင့် ဆိုင်ရာ အဖွဲ့အစည်းရဲ့စည်းကမ်းတွေကို လိုက်နာကြရမြဲပါ။ ဒါပေမယ့် သူတို့အားလုံးဟာ နိုင်ငံထဲမှာ နေကြလို့ နိုင်ငံရဲ့အရေးကို စိတ်ဝင်းစားကြရမှာပါ။ ဒါကြောင့် စစ်သားလည်း နိုင်ငံရေးကို မျက်ခြည်မပြတ် သိရှိနေရမှာပါ။ ဒါမှာသာ နိုင်ငံတနိုင်ငံလုံး ကိစ္စအတွက် အဆုံးအဖြတ်ပေးကြရတဲ့အခါ မှန်ကန်မှာပါ။ ဥပမာ မဲပေးဖို့ကိစ္စ။ လူတဦးကို တမဲသာပေးခွင့်ရှိပေမယ့် ဒီ “တမဲ” တွေကပဲ နိုင်ငံရဲ့ ကံကြမ္မာကို အဆုံးဖြတ်ပေးသွားမှာ မဟုတ်လား။ ဒီမိုကရေစီနိုင်ငံအတွက် မဲတမဲဟာ အရေးကြီးပါတယ်။ ပုဂ္ဂိုလ်စွဲ၊ ပါတီစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေနဲ့ ကြည့်ပြီးဆုံးဖြတ်ရင် တိုင်းပြည် ငါးပါးမှောက်မှာပါ။ စစ်သားဟာ စစ်စည်းကမ်း လိုက်နာရုံနဲ့ စစ်သားဖြစ်ပြီလို့ သဘောထားလို့မရပါ။ အဲဒါက ကျွန်စိတ်ပါ။ သာမန်အချိန်မှာတော့ ဒီလိုပဲ စစ်စည်းကမ်းနဲ့ပဲ မှေးပြီး နေလို့ရပါတယ်။ သူ့တာဝန်က နိုင်ငံတော်ကပေးတဲ့ တာဝန်ဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးသာ အဓိကပါ။

စစ်သားက စစ်တပ်ရဲ့ စည်းကမ်းဥပဒေလိုက်နာရသလို စစ်တပ်ဟာလည်း နိုင်ငံတော်ရဲ့ ဥပဒေကို လိုက်နာရပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေက အထက်ကပါ။ အစိုးရအဖွဲ့အစည်းက အထက်ကပါ။ စစ်တပ်ဟာ အစိုးရအဖွဲ့အစည်းခိုင်းတာ လုပ်ရမှာဖြစ်ပြီး စစ်တပ်က အစိုးရအဖွဲ့အစည်းကို ခိုင်းဖို့မဟုတ်ပါ။ နိုင်ငံရဲ့ အန္တရာယ်ကာကွယ်တယ်ဆိုတဲ့ကိစ္စက နယ်ချဲ့အန္တရာယ်၊ ဖက်ဆစ်အန္တရာယ်၊ ကျူးကျော်သူအန္တရာယ်၊ သူပုန်အန္တရာယ်လိုဟာမျိုးပါ။ တရုတ်ဖြူကျူးကျော်မှုလို၊ ဘိန်းဘုရင်လွှမ်းမိုးမှုလိုကိစ္စတွေကို ကာကွယ်ရမှာပါ။ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားအစ သံဃာအဆုံး (လက်နက်မဲ့) ဥပဒေဘောင်အတွင်းက ဆန္ဒပြတောင်းဆိုတာမျိုးကို “တပ်မတော်က ကယ်တင်တယ်” ဆိုပြီး နှစ်ပေါင်း သုံးလေးဆယ် “ကယ်တင်” နေတာမျိုးဟာ စစ်တပ်တာဝန်မဟုတ်ပါ။ ဒီလို ပိုင်းခြားသိဖို့ဆိုတာလည်း နိုင်ငံရေးအသိထဲမှာ ပါဝင်ပါတယ်။ ဥပဒေတွင်းမှာ လက်နက်မဲ့ဆန္ဒပြတာ လူ့အခွင့်အရေးပါပဲ။ စစ်သားဟာ နိုင်ငံရေးအသိရှိရပါမယ်။

နိုင်ငံရေးအသိဆိုရာမှာ တနိုင်ငံလုံးရဲ့ နေ့စဉ်အခြေအနေနဲ့ မျက်မှောက်ခေတ်တခုလုံးကို ခြုံပြီး ဖော်ပြတဲ့ အခြေအနေတွေကို သိဖို့ရယ်၊ နောက်တပိုင်းကတော့ တရုတ်၊ ရုရှ၊ ဥရောပ၊ အာရှ၊ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်း စတဲ့ဒေသဆိုင်ရာ နိုင်ငံရေးတွေရယ် မျက်ခြည်မပြတ် သိနေဖို့ လိုပါတယ်။ (ဒါတွေကို သေချာနားလည်သဘောပေါက်ဖို့ ပထ၀ီနဲ့ သမိုင်းလည်း နောက်ခံပြုဖို့ လေ့လာရပါတယ်။ ဒါထက်မြင့်ပြီး လေ့လာချင်ရင် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ၊ အရှင်းရှင်ဝါဒ၊ အမျိုးသားရေးဝါဒ စတဲ့ နိုင်ငံရေးဝါဒတွေကိုလည်း အနည်းအကျဉ်း သိရပါအုံးမယ်။

ဗမာ့တပ်မတော်ဟာ ဖက်ဆစ်တော်လှန်ရေးကာလမှာ ပေါက်ဖွားလာခဲ့ပါတယ်။ တပ်မတော်ရယ်လို့ မဖွဲ့ခင်ကတည်းက နိုင်ငံရေးသဘောတရားသင်တန်းတွေကို ပေးထားပါတယ်။ တော်လှန်ရေးလုပ်တော့ တိုင်းအလိုက် “စစ်ရေးတာဝန်ခံတဦး” နဲ့အတူ “နိုင်ငံရေးတာဝန်ခံတဦး” စီတွဲပြီး တာဝန်ယူရပါတယ်။ ရဲဘော်သုံးကျိပ်ဝင်တွေက စစ်ပညာသင်ပေးပြီး ကွန်မြူနစ်တွေက နိုင်ငံရေးသဘောတရားတွေ ပို့ချပေးပါတယ်။ ပြည်ပ (အိန္ဒိယမှာ ကွန်မြူနစ် သခင်သိန်းဖေ- ဦးသိန်းဖေမြင့်) က နိုင်ငံရေးသင်တန်းပေးပြီး မဟာမိတ်စစ်တပ်က အမေရိကန်၊ အင်္ဂလိပ်စစ်ဗိုလ်တွေက စစ်သင်တန်းပေးခဲ့ပါတယ်။ အဲဒီအချိန် စစ်တပ်မှာ ပို့ချတဲ့ နိုင်ငံရေး တပါတီ နိုင်ငံရေးမဟုတ်ပါဘူး။ မြန်မာ့မျက်မှောက်နိုင်ငံရေးအခြေအနေ၊ ကမ္ဘာနိုင်ငံရေးအခြေအနေနဲ့ ဖက်ဆစ်ဝါဒသရုပ်၊ နယ်ချဲ့အရင်းရှင်ဝါဒသရုပ်တွေ ဖြစ်ပါတယ်။ မဆလ ဆိုရှယ်လစ်အတု ခေတ်မှာတောင် နိုင်ငံရေးတက္ကသိုလ်လို၊ ဖောင်ကြီးသင်တန်းလိုဟာတွေနဲ့ စစ်မှုထမ်း အပါအ၀င် ၀န်ထမ်းတွေကို နိုင်ငံရေးသိပ္ပံပညာတွေ ပို့ချပေးခဲ့ပါသေးတယ်။ ပညာရေးတက္ကသိုလ် ဆရာအတတ်သင်ကျောင်းတွေနဲ့ တက္ကသိုလ်အသီးသီးမှာတောင် နိုင်ငံရေးသိပ္ပံဌာနတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာရေးရာ စာစောင်ဟာ အတော်ကောင်းပါတယ်။ နိုင်ငံရေးသိပ္ပံဆိုတဲ့ စာအုပ်ပြာလေးလည်း (ဘာသာပြန်) ထုတ်ခဲ့ဖူးပါတယ်။ လူတိုင်း ဖတ်သင့်တာတွေပါ။ စစ်တပ်တွေမှာလည်း စာဖတ်ခန်း၊ စာကြည့်တိုက်တွေ ရှိပါတယ်။ အစဉ်အလာပါ။

ဗိုလ်ချုပ်အောင်ဆန်းက စစ်တပ်က နိုင်ငံရေးလုပ်တာကို မလိုလားခဲ့ပါ။ သူကိုယ်တိုင် စစ်တပ်ရဲ့ အမြင့်ဆုံးရာထူးကို စွန့်လွှတ်ပြီးမှ နိုင်ငံရေးလုပ်ပါတယ်။ နမူနာပြခဲ့ပါတယ်။ သူဖယ်ပေးပြီးနောက် စစ်တပ်ထဲက ပါတီနိုင်ငံရေးသမားတွေက ခြေပုန်းခုတ်ပြီး စစ်တပ်အကြီးအကဲ ရာထူးကို လုခဲ့ကြပါတယ်။ စစ်သားတယောက်ဟာ သူ့ဘာသာ နိုင်ငံရေးခံယူချက် ကိုယ်ပိုင်ရှိနိုင်ပေမယ့် နိုင်ငံရေးပါတီတွေရဲ့ အာဏာလုရေးကိစ္စကို စစ်တပ်ထဲကို သွင်းမလာရပါဘူး။ လွတ်လပ်ရေး ရစကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့စကားကို နားမထောင်ဘဲ စစ်တပ်ထဲမှာ နိုင်ငံရေးလုပ်လို့ စစ်အာဏာရှင်စနစ်ကြီး ပေါ်ပေါက်လာခဲ့တဲ့အတွက် စစ်တပ်က အစိုးရဖြစ်ပြီး ဥပဒေရဲ့ အထက်က ရောက်သွားခဲ့ပါတယ်။ တည်ဆဲဥပဒေဆိုတဲ့ စကားကို တွင်တွင်သုံးပြီး အခြေခံဥပဒေကိုတော့ အကြိမ်ကြိမ် ချိုးဖောက်ဖျက်ဆီးခဲ့ပါတယ်။ နိဂုံးချုပ်ရရင် စစ်တပ်က နိုင်ငံရေးမလုပ်ရဘူး။ အစိုးရမလုပ်ရဘူး။ အစိုးရပေးတဲ့တာဝန်ကို စစ်တပ်က လုပ်ရမယ်။ စစ်သားက နိုင်ငံရေးအသိရှိရမယ်။ နိုင်ငံရေးအသိ မြင့်မားလေ ကောင်းလေပါပဲ။

နိုင်ငံရေးပါတီတခုခုမှာ ၀င်ထားသည့်တိုင်အောင် ပါတီကိစ္စတွေကို စစ်တပ်ထဲ ဆွဲသွင်းမလာရပါ။ ပါတီကိစ္စလုပ်ချင်ရင် စစ်တပ်က ထွက်ရပါမယ်။ သို့မဟုတ် ခုလို နိုင်ငံရေးလုပ်စားပြီး စစ်တပ်သမိုင်းကို အိုးမဲသုတ်ခဲ့တဲ့ သန်းကြွယ်သူဌေး ဗိုလ်ချုပ်တွေကို စစ်သားတွေက ဖယ်ရှားပစ်ရပါမယ်။ နာမည်ပျက်စစ်တပ်ထဲမှာ စစ်ကျွန်ဘ၀နဲ့ နေကြရပါတကားဆိုတာကို “နိုင်ငံရေးအသိ” က နားလည်စေပါလိမ့်မယ်။ ဒါကြောင့် စစ်သားတိုင်း ပြည်သူနဲ့ ခံစားမှုတူအောင် နိုင်ငံရေးအသိနဲ့ ချင့်ချိန်နိုင်ဖို့ လိုအပ်ပါတယ်။ တပ်နဲ့ပြည်သူ ကြည်ဖြူရပါမယ်။ ပြည်သူ့မျက်နှာ၊ အခြေခံဥပဒေရဲ့မျက်နှာ (ကိုယ့်ဘာသာရေးဆွဲတဲ့ ဥပဒေမဟုတ်ရပါ) ကို ကြည့်ရပါမယ်။ အာဏာလိုချင်တဲ့ စီးပွားရေးလုပ်စားတဲ့ ဗိုလ်ချုပ်တွေရဲ့ မျက်နှာကို မကြည့်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

#MYANMAR #Myo #Yan #Naung #Thein #facing #unfair #trial

Last month, Myo Yan Naung Thein went to Teedam, Chin State in North Western Burma in order to conduct training regarding election, election monitoring and voter education. Part of his mission was, I think, to raise awareness about change article 436 of constitution. There, he went to government’s village (ward) election commission office which is only a tiny hut and where he can’t find anyone in the office. He found voters list exposing of with rain and sun outside the village’s election commission office. He tried his best to find someone to get permission to copy these said documents but there was none. So, as a responsible citizen who concerned so much that these documents will be weary off due to the weather, Myo Yan Naung Thein photo-copied them and returned original documents to its previous place. But, Myo Yan Naung Thein has been very vocal about sincerity of U Thein Sein’s quasi-civilian regime so-called reform process and so Burmese government charged him with draconian law accusing him of with destroying public property. But, he didn’t destroy the document or there is no intention that he would destroy the document. Rather, he just borrow momentarily to get the copy and return it to its original place. He also made every efforts to seek permission to copy the document but no avail. So, for our opinion, Burmese government is just trying to imprison him so as to silence the opposition before 2015 general elections. We believe that Myo Yan Naung Thein is charged because he criticizes Burmese president, U Thein Sein and military generals for their insincerity in Burma’s politics. ‪#‎Myanmar‬ ကျတော်အခုတီးတိန်မှာ ဒီနေ့တရားရုံးကအမိန့်ချမယ် ဒီနေ့အမိန်က ထောင်ဒဏ်ဆိုရင် မိန့်ခွန်းသွားပြောလို့မရတောဘူး ငွေဒဏ်ဆို. ဒီနေ့ တီးတိန်ကနေပြန်ဆင်းနိင်မှ မနက်ဖြန်လေယဉ်စီး ရန်ကုန်ကို ညရောက်. ၂၅၊၉၊၂၀၁၄မှာသွားဖိုပြင်၂၆၊၉၊၂၀၁၄ လေယဉ်စီး ကိုရီးယားသွား ကျွန်တော်ပြောရမယ့်မိန့်ခွန်းက. ၂၀၁၅ ရွေးကောက်ပွဲနှင့်ရှေ့အလားအလာအကြောင်း သြော်ဒုက်ခပေးထားအုန်းပေါ့အာဏာပိုင် အာဏာရူးတွေရေ (မျိုးရန်နောင်သိန်း) We are worrying for Myo Yan Naung Thein, the Secretary of Central Committee for Research and Strategy Studies of the National League for Democracy (NLD) & Executive Director of BAYDA Institute, who is now facing unfair trial in ‪#‎Burma‬. U Thein Sein quasi-civilian government charged and accused him of with unjust and undemocratic laws so as to silence opposition. [Burma Democratic Concern (BDC)] 10392403_10152288665245899_4049889629714538325_n10665083_10204053733056403_7841793588199431671_n

#အချိုးကျ ကိုယ်စားပြုစနစ် #PR/ #Proportional #Representation #System

Proportional Representation System / အချိုးကျ ကိုယ်စားပြုစနစ် (PR)
——————–
အချိုးကျ ကိုယ်စားပြုစနစ်၏ သွင်ပြင်လက္ခဏာရပ်များ
၁။ပြိုင်ဆိုင်မှုသည် ပါတီများအပေါ်တွင်သာ ဗဟိုပြု၍ ရရှိသောမဲပမာဏအလိုက် အမတ်နေရာ အရေအတွက်ကို ထားရှိရမည်ဟူသော သဘောတရားကို အခြေခံခြင်း
၂။မဲဆန္ဒတစ်နယ်လျှင် ကိုယ်စားလှယ်အများအပြား ထားရှိခြင်း
၃။မဲရေတွက်၍ အမတ်နေရာ သတ်မှတ်ခြင်းဖြစ်စဉ်သည် ယေဘုယျအားဖြင့် ရှုပ်ထွေးပြီး ပွင့်လင်းမြင်သာမှု အားနည်းနိုင်ခြင်း
၎။ပါတီက ရရှိသော စုစုပေါင်းမဲရာခိုင်နှုန်းအပေါ်မူတည်၍ ကိုယ်စားလှယ်များ ရွေးချယ်သတ်မှတ်ခြင်း
——————————————-
အချိုးကျ ကိုယ်စားပြုစနစ်အုပ်စုတွင် ပါဝင်သော စနစ်များ –
၁။List;
၂။Mixed Member Proportional;
၃။Single Transferable Vote;
၎။ Single Non-Transferable Vote;
၅။ Parallel
——————————–
၁။ပါတီစာရင်းအခြေပြုမဲပေးစနစ်(Party List System)
အသုံးပြုသည့်နိင်ငံ – အစ္စရေး၊ ဘယ်လ်ဂျီယံ။ လူဆင်းဘတ်၊ ဆွစ်ဇာလန်၊ EUပါလီမန်
———–
အခြေခံသရုပ်လက္ခဏာများ
— တစ်နိုင်ငံလုံးအား မဲဆန္ဒနယ်တစ်ခုတည်းအဖြစ် သတ်မှတ်ခြင်း
— ဒေသအခြေပြုပါတီစာရင်းစနစ်တွင် ကိုယ်စားလှယ်အများအပြားထားရှိသော မဲဆန္ဒနယ်များသတ်မှတ်ခြင်း။
— ပါတီများသည် မိမိတို့ပါတီမှ ဦးစားပေးမှုအစဉ်လိုက် ကိုယ်စားလှယ်လောင်းစာရင်းကို မဲဆန္ဒရှင်များအားချပြခြင်း။
– -မဲဆန္ဒရှင်များသည် ကိုယ်စားလှယ်များအတွက်မဟုတ်ဘဲ ပါတီအတွက် မဲပေးကြခြင်း။
— ရွေးကောက်ပွဲတွင် ရရှိသော ထောက်ခံမဲ အမျိုးအစားပေါ်မူတည်၍ ပါတီများအား အမတ်နေရာခွဲဝေပေးပြီး ပါတီစာရင်းမှ ကိုယ်စားလှယ်များဖြင့် ထိုနေရာများအားဖြည့်စွက်ခြင်း။ Continue reading “#အချိုးကျ ကိုယ်စားပြုစနစ် #PR/ #Proportional #Representation #System”

I am a #Burmese #patriot and I am the #Director of the #Burma #Democratic #Concern (BDC)

Myo Htike Tan Thein
I am a Burmese patriot and I am the Director of the Burma Democratic Concern (BDC) which is the global campaigning and lobbying organisation based in London, UK to restore democracy, human rights and rule of law in Burma. I support Arakan and I support Buddhist monks. I support federal union and I support unity in harmony and unity in diversity. Myo Yan Naung Thein is my brother and he loves Burma more than I do. He has been working tirelessly for the betterment of the nation for many years and he will continue to do so many years to come. He scarified his life in the battle of fight against military junta and he got to spend many years in prisons for his opposition to injustice system in Burma. I am solidarity with him and I truly believe that he will do everything he can to help driving Burma to build Burma as a genuine democratic society.

10557401_10152158846605899_8354001756593733122_n

 

Buddhist monks are very revered in Burma. Buddhist monks have always been at the forefront of the public from the nation building; society building; religious teaching; peace building; language and literature to fight against British and Japanese invader to liberate Burma. They were also at the very forefront of the public fighting against General Ne Win, General Than Shwe and General Khin Nyunt led military juntas and until today Buddhist monks are working tirelessly for the best interest of the citizens, religion and nation. We all are very grateful for the leadership, sacrifices and patriotism of Burmese Buddhist monks.

#BURMA #MYANMAR #ELECTION #NEWS :Myo Yan Naung Thein, general-secretary of #monitoring #commission for free and fair elections..

mar15-asean-1

“It is required to monitor the whole elections from the start to end,” said Myo Yan Naung Thein, general-secretary of monitoring commission for free and fair elections in Myanmar.

“We were not allowed to monitor the elections in 2010. If someone does not have the right to cast the vote, he or she is not allowed to go in the polling station. Despite monitoring groups were in 2012, there was no one to inspect polling functions. Monitoring was not allowed since then. Those who would monitor the polling activities need to have the permission of the chairman of the UEC. Registration is not OK in Nay Pyi Taw. Registration must be easy at the respective sub-commissions in the states and regions. Officially-recognised cards must have been acquired before the start of collecting eligible voters,” Myo Yan Naung Thein said.

Yangon-The Union Election Commission will issue an identification cards to election observers from various civil society organisations (CSO’s) who will be monitoring the work of polling station members whether they carry out polling functions in accord with the law for enabling political parties to compete in the upcoming 2015 elections.

The move came from Tun Aye, chairman of the Union Election Commission, told the reporters at the coordination meeting organised between the UEC and CSO’ representatives in Yangon.

“It is required to monitor the whole elections from the start to end,” said Myo Yan Naung Thein, general-secretary of monitoring commission for free and fair elections in Myanmar.

“We were not allowed to monitor the elections in 2010. If someone does not have the right to cast the vote, he or she is not allowed to go in the polling station. Despite monitoring groups were in 2012, there was no one to inspect polling functions. Monitoring was not allowed since then. Those who would monitor the polling activities need to have the permission of the chairman of the UEC. Registration is not OK in Nay Pyi Taw. Registration must be easy at the respective sub-commissions in the states and regions. Officially-recognised cards must have been acquired before the start of collecting eligible voters,” Myo Yan Naing Thein said. Continue reading “#BURMA #MYANMAR #ELECTION #NEWS :Myo Yan Naung Thein, general-secretary of #monitoring #commission for free and fair elections..”

Myo Yan Naung Thein’s Perspective on Burma-Germany Relation briefing with German President Joachim Gauck

Yesterday, the Director of BAYDA Institute of Burma which is the very first education institution teaching politics and social science established unofficially under repressive military regime, Myo Yan Naung Thein met with the President of the Federal Republic of Germany

at the reception hosted by the president and his wife.

He talked to him about People’s Network for Constitutional Reform (PNCR) which he is the instrumental establishing and what they are doing.

He mentioned what people want about the constitution (2008), No Military in Parliament, No Minister from Military except for the Defense Minister; People want a genuine federal union for that a Genuine National Convention in which all ethnic groups and stakeholders including CSOs can take part is needed; Majority of Myanmar people want the 2008 constitution to be amended in order that they will have the president whom they want and all citizens shall have their right to elect and be elected.

Myo Yan Naung Thein met with the President of the Federal Republic of Germany
Myo Yan Naung Thein met with the President of the Federal Republic of Germany