#Myanmar #Press #Council #statement #condemning #BURMA #Police #Force’

The police is violently cracking down the protesting students, monks and people; making unlawful arrest of journalists.State media: 127 are arrested in Letpadan.

11044543_810843998953225_2924433043422762560_n Yangon-Myanmar Press Council (Interim) issued a statement condemning Myanmar Police Force’s hostile action of beating and arresting the journalists covering news as to the main students’ column of democracy education, disrespecting for local and international laws. The full text of the statement issued by the MPC (Interim) is as follows: (1) The MPC expresses much concern over the riot police’s beating and arresting the journalists covering news to make it known to the public, keeping a close watch on the situations of the student protesters arriving in Letpadan, Bago Region. (2) The journalists are reporting on actual situations without supporting or objecting to the protest of the students. Moreover, they are not participating in the demonstration of the students. Laws, rules and regulations are prescribed for the reporters regarding the riots and protests in the world. The MPC (Interim) has an opinion about the riot police’s crackdown and arrest of the journalists, disrespect for local and international laws, going against the rights of the reporters stipulated in the Media Law approved by the Union parliament and the fundamental rights of the citizens in the Constitution. (3) Now is the second time the journalists have been arrested in Letpadan. The MPC (Interim) strongly objected to the improper action of the riot police. Moreover, the MPC (Interim) demands an immediate release of the arrested journalists.

MEDIA ON THE RUN @STUDENT CRACKDOWN 10.MARCH MYANMAR BURMA
MEDIA ON THE RUN @STUDENT CRACKDOWN 10.MARCH MYANMAR BURMA
Photocredit Student union - not use for commercial
Photocredit Student union – not use for commercial

1546280_927295447334665_2975778986224940576_n 11047106_1589742521268501_486009891_n

#MPC #PRESS #မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ #ထုတ်ပြန်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မလေးမစားပြုသည့်သဘောရောက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ထုတ်ပြန်

11044543_810843998953225_2924433043422762560_n

ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်စစ်ကြောင်းတွင် သတင်းရယူနေသည့် သတင်းထောက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ ယခုလုပ်ဆောင်မှုသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မလေးမစားပြုသည့်သဘောရောက်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ ထုတ်ပြန်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ရောက်ရှိနေသော သပိတ်မှောက်ကျောင်းသားများနှင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်၍ ပြည်သူလူထုထံ သတင်းတင်ပြပေးနေသော သတင်းမီဒီယာသမားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က များစွာ စိုးရိမ်မကင်း ဖြစ်မိပါသည်။

၂။ကျောင်းသားများ၏ သပိတ်မှောက်ဆန္ဒပြမှုကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းမပါဘဲ ဖြစ်စဉ်များအတိုင်း သတင်းတင်ပြနေသည့်အပြင် ကိုယ်တိုင်ပါဝင်ဆန္ဒပြခြင်းလည်း မရှိသည့် သတင်းထောက်များကို နိုင်ငံတကာတွင် အဓိကရုဏ်းများ၊ ဆန္ဒပြမှုများအတွက် သတ်မှတ်ပြဋ္ဌာန်းထားသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ၊ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းထားသော သတင်းမီဒီယာဥပဒေပါ သတင်းထောက်များ၏ ရပိုင်ခွင့်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားတို့၏ အခြေခံရပိုင်ခွင့်များနှင့် ဆန့်ကျင်ကာ ယခုကဲ့သို့ နှိမ်နှင်းဖမ်းဆီးခြင်းသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မလေးမစားပြုသည့် သဘောရောက်သည်ဟု ကောင်စီက ရှုမြင်ပါသည်။

၃။လက်ပံတန်းမြို့တွင် ယခုတစ်ကြိမ် သတင်းထောက်များ ဖမ်းဆီးခံရမှုသည် ဒုတိယအကြိမ်ဖြစ်သည့်အတွက် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်ကို မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က ပြင်းထန်စွာ ကန့်ကွက်ကြောင်းနှင့် ဖမ်းဆီးထားသည့် သတင်းထောက်များကို ချက်ချင်းပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း ကောင်စီက အလေးအနက် တောင်းဆိုအပ်ပါသည်။

!! #88 #MPC #ABFSU #ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း #ပင်မ #STATEMENT #DEADLINE #blockages

988945_10206103600377091_5599637905847456992_n https://democracyforburma.wordpress.com/2015/03/10/အောင်ေ%E1%80%BBမဗိမာန်-ဘုန်း%E1%82%80က/ နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မလေးမစားပြုသည့်သဘောရောက်ကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ထုတ်ပြန် 11044543_810843998953225_2924433043422762560_n ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်စစ်ကြောင်းတွင် သတင်းရယူနေသည့် သတင်းထောက်များကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ ယခုလုပ်ဆောင်မှုသည် နိုင်ငံတကာနှင့် ပြည်တွင်းရှိ ဥပဒေများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မလေးမစားပြုသည့်သဘောရောက်ကြောင်း မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က သတင်းထုတ်ပြန်လိုက်ကြောင်း သိရသည်။ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)၏ ထုတ်ပြန်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ၁။ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့တွင် ရောက်ရှိနေသော သပိတ်မှောက်ကျောင်းသားများနှင့် အခြေအနေအရပ်ရပ်ကို စောင့်ကြည့်၍ ပြည်သူလူထုထံ သတင်းတင်ပြပေးနေသော သတင်းမီဒီယာသမားများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)က များစွာ စိုးရိမ်မကင်း ဖြစ်မိပါသည်။ Continue reading “!! #88 #MPC #ABFSU #ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကြောင်း #ပင်မ #STATEMENT #DEADLINE #blockages”

!!! #MNHRC #ကိုအောင်နိုင်(ခ) #ကိုအောင်ကျော်နိုင်(ခ) #ကိုပါကြီး #သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုထုတ်ပြန်ချက

1796414_748959795182621_3856343493957415283_n10425381_10205107284180568_8743526368104146336_n

​၂ ဒီဇင်ဘာ ​၂​၀​၁​၄
၁။ ၂၄-၁၀-၂၀၁၄ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက KKO (Klohhtoobor Karen Organization)မှ ဗိုလ်ကြီးအဆင့်ရှိ ပြန်ကြားရေးတာဝန်ခံ ကိုအောင်နိုင်ဆိုသူ သေဆုံးကြောင်း ၂၅-၁၀-၂၀၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ၎င်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ၂၈-၁၀-၂၀၁၄ ရက်နေ့တွင် မင်းသီဟန်(Education Digest)၏ “နိုင်ငံသားဂျာနယ်လစ်ကိုပါကြီး သေဆုံးမှုအပေါ် အဖြစ်မှန် အတိုင်း စုံစမ်းဖော်ထုတ်ပေးပါရန်” တိုင်တန်းချက် ကိုလည်းကောင်း၊ ရက်စွဲမပါ မသန္တာ၏ လိပ်စာ (၁၇)ခုသို့ “ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း” တိုင်တန်းချက်ကို လည်းကောင်း၊ ၃၁-၁၀-၂၀၁၄ ရက်နေ့တွင် မသန္တာ၏ “ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး မတရား ဖမ်းဆီးညှင်းဆဲ သတ်ဖြတ်ခံရမှုအတွက် မိသားစုမှ တိုင်ကြားတင်ပြခြင်း” တိုင်တန်းချက်ကိုလည်းကောင်း လက်ခံရရှိ ခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ချက်များ

၂။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိ/မရှိ စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည်-

(က) ဦးစစ်မြိုင်

ဒုတိယဥက္ကဋ္ဌ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(ခ) ဦးဇော်ဝင်း

အဖွဲ့ဝင်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(ဂ) ဒေါက်တာဉာဏ်ဇော်

အဖွဲ့ဝင်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁-၁၁-၂၀၁၄ ရက်နေ့မှ ၈-၁၁-၂၀၁၄ ရက်နေ့အထိ မော်လမြိုင် မြို့နှင့်ကျိုက်မရောမြို့များသို့ ပထမအကြိမ်သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် အခြားသော သက်သေများကို တွေ့ဆုံစစ်ဆေးခဲ့ပါသည်။

၄။ ၅-၁၁-၂၀၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး၊ တပ်ရင်းမှူးများနှင့် တပ်မတော်အရာရှိများ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲအရာရှိများ၊ ဥပဒေနှင့် ဆေးပညာဌာန၊ အမှတ်(၂) ဆေးတက္ကသိုလ်၊ ရန်ကုန်မြို့မှ ပါမောက္ခ (ဌာနမှူး)နှင့် မှုခင်းဆရာဝန်ကြီးများ၊ ကျိုက်မရောမြို့နယ် တရားသူကြီး၊ သက်သေအဖြစ် ကျေးရွာ လူကြီးများ၊ ဒေါ်သန္တာနှင့်အဖွဲ့ဝင်များ၊ အလောင်းတူးဖော်ကြမည့်သူများနှင့်အတူ ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးဆိုသူ၏ အလောင်းတူးဖော်မှုကို ကြည့်ရှုလေ့လာရန် ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာသို့ သွားရောက်ခဲ့ကြပါသည်။ နေ့လည် ၁:၄၅ နာရီအချိန်တွင် အလောင်းတူးဖော်မှုပြီးစီးခဲ့ပြီး အလောင်းကို မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်သို့ သယ်ဆောင်၍ ဆေးကြောခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ ဒဏ်ရာဒဏ်ချက်ရှာဖွေခြင်း၊ ရင်ခွဲစစ်ဆေးခြင်း များကို ကြည့်ရှုလေ့လာခဲ့ပါသည်။

၅။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၃-၁၁-၂၀၁၄ ရက်နေ့မှ ၁၆-၁၁-၂၀၁၄ ရက်နေ့အထိ မော်လမြိုင်မြို့သို့ ဒုတိယအကြိမ်သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် အခြားသက်သေများကို ထပ်မံတွေ့ဆုံစစ်ဆေးခဲ့ပါသည်။

၆။ တွေ့ဆုံစစ်ဆေးခဲ့သောသက်သေများမှာ-

(က) မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး (၁) ဦး Continue reading “!!! #MNHRC #ကိုအောင်နိုင်(ခ) #ကိုအောင်ကျော်နိုင်(ခ) #ကိုပါကြီး #သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုထုတ်ပြန်ချက”

#update #25/11 #STATEMENTS #ဒီကနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ #ကချင်လွတ်လပ်ရေး #တပ်မတော်ဌာနချုပ်ရှိရာ…

Joint Statement of UWSP, NDAA, SSPP

1384380_746804432066425_741894910821670326_n10402605_746804452066423_6471807253385804870_n

10268590_746804512066417_6640741642576114732_n

 

ကိုးကန့် တပ်မတော် ( MNDAA ) ကြေညာချက်ထုတ်ပြန်

10703831_746804878733047_6077723384124100365_n

အစိုးရတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော တအောင်းတပ်မတော် ( TNLA ) မှ မျိုးချစ်ဗိုလ်လောင်း များ ။

မဟာမိတ် မျိုးချစ်ဗိုလ်လောင်းများ ကောင်းရာ သုဂတိ လားပါစေ ။

10390034_746805642066304_1618178792510449778_n

ကျဆုံးခဲ့ပြီးတဲ့ ကေအိုင်အို ဗိုလ်သင်တန်းကျောင်းကဗိုလ်လောင်း ၂၃ ဦးကိုရည်စူးပြီး ဘာသာပေါင်းစုံဆုတောင်းပွဲကိုယနေ့ ညနေ က မဟာ ဗန္ဓုလပန်းခြံမှာပြုလုပ်ခဲ့ကြပါတယ်။
Photo ကြည်နူး

10262168_733119670090029_1045973771907160606_n

ကေအိုင်အေ ဗိုလ်လောင်းသင်တန်းကျောင်းအား စစ်အစိုးရ လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ကျဆုံးသွားသော ဗိုလ်လောင်းများနဲ့ပတ်သက်၍
ရခိုင်ပြည်လွတ်မြောက်ရီးပါတီ(ALP)မှ ပီးပို့သောဝမ်းနည်းကြောင်းသဝဏ်လွှာ

1395358_898374853515423_3251444333776769609_n

၁၉၊၁၁၊၂၀၁၄ ရက်နေ့ မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာ ကောက်ကျစ်စဉ်းလဲစွာ ကချင်လွတ်မြောက်ရေးတပ်မတော် ဗိုလ်သင်တန်းကျောင်းအား ၁၀၅မမ ဟော်ဝစ်ဇာ လက်နက်ကြီးဖြင့် ရုတ်တရက်အလစ်ငိုက် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျဆုံးသွားကြရရှာသော ရခိုင့်တပ်မတော်မှ တိုင်းရင်းသား သွေးချင်းညီအစ်ကို ဗိုလ်လောင်းကျောင်းသားများ
photos: ရက္ခိုင့်တပ်မတော် – သတင်းနှင့် ပြန်ကြားရေးဌာန

Yan Linn Soe, a 21 year-old cadet from the Arakan Army, fell as the Burma Army attacked the Kachin Independence Army’s Military Academy on 19.11.2014 with 105mm howitzer.

 

Ye Win Htun, a 23 year-old cadet from the Arakan Army,
Ye Win Htun, a 23 year-old cadet from the Arakan Army,

10687032_732342060192419_1547781911859803024_n

Khaing Htun, a 21 year-old cadet from the Arakan Army
Khaing Htun, a 21 year-old cadet from the Arakan Army
Kyaw Khant, a 21 year-old cadet from the Arakan Army,
Kyaw Khant, a 21 year-old cadet from the Arakan Army,
Thein Than Naing, a 23 year-old cadet from the Arakan Army
Thein Than Naing, a 23 year-old cadet from the Arakan Army
Ko Saw Tin, a 23 year-old cadet from the Arakan Army,
Ko Saw Tin, a 23 year-old cadet from the Arakan Army,
Htet Htet Aung, a 24 year-old cadet from the Arakan Army,
Htet Htet Aung, a 24 year-old cadet from the Arakan Army,
Aung Aung Than, a 23 year-old cadet from the Arakan Army,
Aung Aung Than, a 23 year-old cadet from the Arakan Army,

photo: ရက္ခိုင့်တပ်မတော် – သတင်းနှင့် ပြန်ကြားရေးဌာန

 

 

KIA ဗိုလ်သင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်ခံရမှုအပေါ် ထုတ်ပြန်ကြေညာချက်

10655223_714654741958085_9206280765296251703_o

ကြေညာချက်အမှတ် ၁၃/ ၁၁/ ၂၀၁၄

10440840_1014785651870169_6831827489703485727_n1512813_1014785861870148_8571052323910306596_n

ကချင်ပြည်နယ်လိုင်ဇာမြို့က စစ်သင်တန်းကျောင်းမှာ အစိုးရတပ်ရဲ့လက်နက်ကြီးကျရောက်ထိမှန်မှုကြောင့် ကျဆုံးသွားခဲ့ရတဲ့ တိုင်းရင်းသားဗိုလ်လောင်း ၂၃ဦးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ အစိုးရတပ်ရဲ့ အပြုသဘောမဆောင်သောလုပ်ရပ်ကိုကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ရှိ ငြိမ်းချမ်းရေးလိုလားသူလူငယ်ကျောင်းသားများနဲ့ တက်ကြွလှုပ်ရှားသူများစုပေါင်းကာ ဒီနေ့မနက်မှာ ပန်းခွေချလှုပ်ရှားမှုတခုပြုလုပ်ခဲ့ပါတယ်။
အနက်ရောင် အဝတ်အစားများဝတ်ဆင်ထားပြီး ပန်းပွင့်များကိုင်ဆောင်ထားတဲ့ တက်ကြွလှုပ်ရှားသူများဟာ မြေနီကုန်းလမ်းဆုံအနီးမှာ လူစုကြပြီး မြန်မာ့ငြိမ်းချမ်းရေးပြည်လည်ထူထောင်ရေးဗဟိုဌာန (MPC) ရှေ့မှာ ပန်းခွေချ ဖယောင်းတိုင်ထွန်းဆုတောင်းခြင်းများပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ cr.Moe Thway

10428277_10205316535184058_8785036371139098400_o10270465_10205316536104081_2628250718907315846_n

၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်နေ့  နေ့ လည် (၁၂း၃၅) တွင် အစိုးရစစ်တပ် မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် စစ်ရေးပြလေ့ကျင့်နေစဉ် ကျဆုံးသွားရသော ရက္ခိုင့်တပ်မတော် ဗိုလ်လောင်းများ ။

တော်လှန်ရေး စစ်သည်တော်များအား ဦးညွတ်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ် ။ ကောင်းရာ သုဂတိလားပါစေ ။

10690182_745169445563257_1168194049740289119_n

 

1966773_746132535466948_1554123674330435220_n

 

1461021_796590810401157_9074181651597048243_n10365810_797606786966226_4817845136940815711_n

10393754_797606823632889_5062298897334674241_n

 

အစိုးရတပ်များ လိုင်ဇာ အနီး သို့ လက်နက်ကြီးဖြင့် ထပ်မံပစ်ခတ်
ယနေ့ မနက်အစောပိုင်း (၄း၁၅) နာရီ အချိန်ခန့်  လိုင်ဇာအနီး ဖွန်ပြန်ဘွမ် တွင် စခန်းချနေသော အစိုးရတပ် ခလရ (၅၆) တပ် မှ ကန်တော့ဘွမ် ၊ ဘွမ်တောင်ဘွမ် တစ်ဖက်ခြမ်း လိုင်ဇာမြို့ နှင့် အနီးဆုံးနေရာ များသို့  (၁၂၀) မမ လက်နက်ကြီးဖြင့် (၂)ကြိမ် တိုင်တိုင် ပစ်ခတ်ခဲ့ပါတယ် ။
အလားတူ ယနေ့ မနက် (၄း၂၀)နာရီခန့် က ဗမာအစိုးရတပ် ခမရ ( ၃၈၉)တပ်ရင်း စခန်းချနေသော ခယာဘွမ် ဘက်မှ လိုင်ဇာ အနီးရှိ စစ်ပြေး ဒုက္ခသည်စခန်း မှ ကျောင်းသားများ အား စာသင်ကြားပေးနေသော စာသင်ကျောင်းအများစု ထားရှိရာ အလမ်ဘွမ် အနီးသို့  (၁၂၀)မမ လက်နက်ကြီး (၂)ကြိမ်တိုင်တိုင် ရှေ့ ဆင့် နောက်ဆင့် ပစ်ခတ်ခဲ့ပါတယ်။ ယခုအခါ စာသင်ကြားနေသော ကျောင်းသားအများစု စိုးရိမ်ထိတ်လန့် ကာ စာသင်ကြားရန် စိတ် အနှောင့်အယှက် ဖြစ်နေရကြောင်း သိရပါတယ်။
ဆက်လက်ပြီး ယနေ့ မနက်ပိုင်း တစ်ချိန်ထဲတွင် ဒေါ့ဖုန်းယန် အနီးရှိ လွိုင်ဂျော်ဘွမ်တွင် စခန်း ချနေသော ဗမာအစိုးရတပ် ခမရ (၃၂၀) တပ်မှ လိုင်ဇာ နှင့် ဒေါ့ဖုန်းယန် အကြားရှိ ကေအိုင်အေ ရှေ့ တန်းပို့ စ် ရှိရာများသို့  မှန်းဆကာ (၆၀)မမ အပါအ၀င် လက်နက်ငယ်များဖြင့် ပရမ်းပတာ အကြောင်းမဲ့ လိုက်လံပစ်ခတ်နေကာ ရန်စသည့် သဘော ဖြစ်နေကြောင်း ကေအိုင်အေ ဘက်မှ သုံးသပ်ပြောကြားပါတယ်။
Ref: Knet

10434138_745735952173273_6524947836294250407_n

MOI Webportal Myanmar
လမ်းဖောက်လုပ်နေသည့် စစ်သည်နှင့် မြေထိုးယာဉ်အား ကေအိုင်အေ အဖွဲ့က လက်နက်ကြီးများဖြင့် လာရောက် ပစ်ခတ်မှုကြောင့် လုံခြုံရေး လိုက်ပါနေသော တပ်မတော် စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ သဖြင့် ထိခိုက် ဒဏ်ရာရမှုများ ရှိကြောင်း သိရှိရ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®
နေပြည်တော် နိုဝင်ဘာ ၂၀
တပ်မတော် အနေဖြင့် ပုံမှန် လုပ်ငန်းစဉ် ဖြစ်သော လုံခြုံရေးတာဝန်များ လဲလှယ် ခြင်း၊ ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်းများ ပြုပြင်ဖောက်လုပ်ခြင်းတို့ကို သက်ဆိုင်ရာ နယ်မြေမှ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသို့ အခါ အားလျော်စွာ ကြိုတင် အသိအပေးခြင်း၊ ပုံမှန် ဆောင်ရွက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်ခဲ့သော်လည်း ကေအိုင်အေ (ကချင်) အဖွဲ့သည် ဇွန် ၁ ရက်၊ စက်တင်ဘာ ၁၃ ရက်နှင့် ၂၆ ရက်၊ အောက်တိုဘာ ၂၇ ရက်နှင့် ၂၈ ရက် တို့တွင် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲ၊ လွယ်ရင်း ကျေးရွာအနီးရှိ တပ်မတော် စခန်းများအား လာရောက် နှောင့်ယှက် ပစ်ခတ်ခဲ့မှုများ ရှိခဲ့သဖြင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာ ၁၆ ရက်တွင်လည်း ကချင်ပြည်နယ် မန်စီမြို့နယ် ပလောင်ဒိန်ဆာ ကျေးရွာအနီး နယ်မြေ လုံခြုံရေးအတွက် ပုံမှန်တာဝန် လဲလှယ်ရန် တပ်မတော် စစ်ကြောင်း ချီတက်နေစဉ် လမ်းဘေး တောင်ကုန်းမှ အသင့် စောင့်ဆိုင်းနေသော ကေအိုင်အေ အဖွဲ့တစ်ဖွဲ့က စတင် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ စစ်သည်လေးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်က မြစ်ကြီးနားမြို့ရှိ ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ တစ်ဆင့် ကေအိုင်အေ အဖွဲ့ထံ သတိပေး အကြောင်း ကြား ခဲ့သော်လည်း နိုဝင်ဘာ ၁၇ ရက်တွင် ဆက်လက် ထွက်ခွာစဉ် အဆိုပါ စစ်ကြောင်း မဂျီဂွမ် ကျေးရွာအနီး အရောက် အင်အား ၈၀ ခန့်ရှိ ကေအိုင်အေ အဖွဲ့က အရပ်မျက်နှာ အသီးသီးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သည် တစ်ဦး ထပ်မံ ဒဏ်ရာရခဲ့သည်။
သို့ဖြစ်ရာ မိမိဘက်မှ စတင်ပစ်ခတ်တိုက်ခိုက်မှု မဖြစ်ပွားစေရန် အဆင့်ဆင့် ထိန်းသိမ်း ကြပ်မတ် လုပ်ဆောင်၍ ထာဝရ ငြိမ်းချမ်းမှု ရရှိစေရေး၊ ဒေသခံပြည်သူ များ လုံခြုံစိတ်ချစွာ သွားလာ နိုင်စေရေးနှင့် အထက်ပါ လုပ်ရပ်များ ထပ်မံ မဖြစ်ပွားစေရေးတို့ အတွက် လက်အောက်ခံ တပ်ဖွဲ့ဝင်များသို့ ထိန်းသိမ်း ကြပ်မတ်နိုင်ရန် ပြည်နယ် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှ တစ်ဆင့် ပဋိပက္ခ ညှိနှိုင်း ဖြေရှင်းရေး အဖွဲ့ (ကေအိုင်အို) ထံ နိုဝင်ဘာ ၁၈ ရက်တွင် ထပ်မံ အကြောင်း ကြားခဲ့သည့်အပြင် နယ်မြေခံ လှုပ်ရှား စစ်ကြောင်းကလည်း နယ်မြေ အတွင်း ပုံမှန်ရိက္ခာ တင်ပို့ရန် လမ်းကြောင်း ဖောက်လုပ် နေမှုအပေါ် နှောင့်ယှက် ပစ်ခတ်မှု မပြုရေးနှင့် နှောင့်ယှက် လာပါက လိုအပ်သလို တန်ပြန် အရေးယူ ဆောင်ရွက် သွားမည်ဟု အသိပေး အကြောင်း ကြားခဲ့ကြောင်း သိရှိရသည်။
သို့သော် ကေအိုင်အေ အဖွဲ့ အနေဖြင့် နိုဝင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့် တွင် တပ်မတော်မှ ပုံမှန် ပြုလုပ် ဆောင်ရွက်မှု ဖြစ်သည့် ရိက္ခာ ပို့ဆောင်ရေး လမ်းကြောင်း အတွက် ဆမားလမ်းခွဲ – ဂဂမ်လမ်းပိုင်း လမ်းဖောက် လုပ်နေသော စစ်သည်နှင့် မြေထိုးယာဉ်အား လက်နက်ကြီးများဖြင့် ထပ်မံ လာရောက် ပစ်ခတ်ခဲ့ရာ လုံခြုံရေး လိုက်ပါနေသော တပ်မတော်စစ်ကြောင်းက ပြန်လည် တုံ့ပြန် ပစ်ခတ်ခဲ့ရကြောင်း သိရှိရသည်။
တပ်မတော် အနေဖြင့် ဒေသခံ ပြည်သူများ လုံခြုံ စိတ်ချစွာ သွားလာနိုင်ရေး အတွက် နိုင်ငံတော် ကာကွယ်ရေး လုပ်ငန်းစဉ်များ ဖြစ်သော နယ်မြေ လုံခြုံရေး ဆောင်ရွက်ခြင်း၊ လုံခြုံရေး တာဝန် လဲလှယ်မှု ဆောင်ရွက်ခြင်းနှင့် လမ်းပြုပြင် ဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှုအား နှောင့်ယှက်မှုများ မလုပ်ရန် အကြိမ်ကြိမ် ဆက်သွယ် သတိ ပေးခဲ့သော်လည်း ကေအိုင်အေ အဖွဲ့အနေဖြင့် လက်အောက် အဖွဲ့များအား ထိန်းသိမ်း ကြပ်မတ်မှုမရှိဘဲ ဒေသအတွင်း စစ်ရှိန် မြင့်မား စေသော လုပ်ရပ်များ တိုးမြှင့် လုပ်ဆောင် လာသဖြင့် အဆိုပါဖြစ်စဉ်နှင့် တစ်ပြိုင်နက် တပ်စခန်းမှ လက်နက်ကြီးဖြင့် တန်ပြန် သတိပေး ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ကေအိုင်အေ စခန်းအတွင်း ကျရောက် ပေါက်ကွဲ၍ ထိခိုက်ဒ ဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း သိရသည်။
တပ်မတော် အနေဖြင့် တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နေမှုကို အာမခံနိုင်မည့် နိုင်ငံရေး သဘော တူညီချက်များ ထွက်ပေါ် လာစေရေး၊ ဒေသ အတွင်း စစ်ရှိန် လျော့ချရေးနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားစေရေးတို့ အတွက် နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်နှင့် အညီ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) ၊ တစ်တိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး ကော်မတီ (NCCT) တို့နှင့် ပူးပေါင်း ဆောင်ရွက် လျက် ရှိကြောင်း၊ တစ်ဖက်ကလည်း တပ်မတော် အနေဖြင့် တိုင်းပြည် ကာကွယ်ရေး လုပ်ငန်းစဉ် အတွက် လုံခြုံရေး တာဝန် ထမ်းဆောင်ခြင်းနှင့် အထောက်အကူ လမ်း ဖောက်လုပ်ခြင်းများကို ပုံမှန်ဆောင်ရွက် လျက်ရှိရာ ကေအိုင်အေ အဖွဲ့အနေဖြင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် စစ်ကြောင်း များအား ချောင်းမြောင်း တိုက်ခိုက်ခြင်း၊ လမ်းဖောက်လုပ်သော စစ်သည်၊ ၀န်ထမ်းများအား နှောင့်ယှက် တိုက်ခိုက်မှုများ ထပ်မံပြုလုပ်ခြင်း မရှိစေရေး သတိပေး အကြောင်း ကြားထားပြီး ဖြစ်ကြောင်း သတင်း ရရှိသည်။

 

လိုင်ဇာမြို့တွင် ကျဆုံးခဲ့ပြီးသော မျိုးချစ်ရဲဘော်များအတွက်အောက်မေ့ဖွယ်ဆုတောင်းပွဲ အခမ်းအနားပြုလုပ်

10806440_795946050465633_5406454082645753070_n10402694_795945857132319_8787202690457186456_n10690279_795945997132305_7207951733106852221_n

နိုဝင်ဘာ ၂၀ ရက်နေ့ တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်တို့ တစ်ရက်အတွင်း တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွါး Continue reading “#update #25/11 #STATEMENTS #ဒီကနေ့ နေ့လယ်ပိုင်းက ကေအိုင်အေ #ကချင်လွတ်လပ်ရေး #တပ်မတော်ဌာနချုပ်ရှိရာ…”

11 political parties included 7 ethnic and 4 democratic parties arrived for meeting at Chiang Mai

11 political parties included 7 ethnic and 4 democratic parties arrived to have a historic meeting with armed ethnic organizations in Chiang Mai tomorrow 11 political parties included 7 ethnic and 4 democratic parties arrived to have a historic meeting with armed ethnic organizations in Chiang Mai tomorrow .CREDIT NYO OHN MYINT

 

 

MPC CHIANG MAIMPC CHIANG MAI

EMG : Twelve political parties from Myanmar have been invited to meet with social organizations in Thailand and the United Nationals Federal Council (UNFC), and so far all but one of the parties have submitted their names to attend the meeting, according to an official at the Myanmar Peace Centre.

Among the parties listed to attend the meeting in Chiang Mai, the ruling Union Solidarity and Development Party is included. The meeting will last from November 21-24.

“The main reason for holding this meeting is that political meetings will soon be held in Myanmar. Ethnic armed forces and political parties are also dialogue partners. To know more about each other and gain understanding among them, to realize each other’s difficulties, is an important part of learning how to work together to change the entire nation,” said Aung Naing Oo of the Myanmar Peace Centre, concerning the trip.

Union Minister Aung Min invited the political parties to attend the meeting after discussions with Union Ministers and political parties on November 10 in Yangon. He said the political parties can discuss any topic without any limits during the meeting with ethnic armed groups and social organizations.

U WIRA THU : “ဦးဝီရသူထံ လိုင်ဇာ ငြိမ်းချမ်းရေးအဖွဲ့ လာရောက်တွေ့ဆုံ ဂါရဝပြု”

“ဦးဝီရသူထံ လိုင်ဇာ ငြိမ်းချမ်းရေးအဖွဲ့ လာရောက်တွေ့ဆုံ ဂါရဝပြု”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
လိုင်ဇာထိပ်သီးဆွေးနွေးပွဲမှ ပြန်လာကြသော ငြိမ်းချမ်းရေးအဖွဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယ ကျောင်းသို့ ယနေ့ 6.11.2013 ညနေ 3:00 နာရီတွင် ရောက်ရှိကာ ဆရာတော် ဦးဝီရသူအား ဂါရဝပြုကြပြီး သြဝါဒစကား နာယူခဲ့ကြကြောင်း သိရသည်။
ငြိမ်းချမ်းရေးအဖွဲ့တွင် ဦးညိုအုန်းမြင့် (M.P.C) မွန်ပြည်သစ်ပါတီနှင့် UNFC အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာ၊ KNPP ဥက္ကဋ္ဌနှင့် UNFC ဥက္ကဋ္ဌ ဦးအေးဆက်တွိဒ်၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်၊ ရခိုင်ပြည်တပ်မတော် တပ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်း၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) ဝ-အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ပါဝင်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးအဖွဲ့မှ တင်ပြလျှောက်ထားချက်များကို နားထောင်ပြီး၊ ငြိမ်းချမ်းရေးရလိုက ဘုရားတရားတော် အတိုင်း လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။

1467486_351698768306971_1937658622_n1395950_351698771640304_1565714591_n1426595_351698744973640_1328832974_n1391924_351698748306973_347327742_n1426327_351698728306975_825899009_n1395387_351698741640307_745206605_n1467316_351700728306775_50271567_n1451578_351700741640107_1805337770_n

Press Conference by KNU at Myanmar Peace Center-နောက်ကွယ်က စီစဉ်ညွှန်ကြားချက်ရှိ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ဟုဆို video

“He [bombing suspect Saw Myint Lwin] is just a township-level member, the superviser of a regional KNU business enterprise – but he does not belong to the KNU HQ’s business enterprise. We assessed that they carried out the bombings because they were only concerned for their own businesses interests, and were following orders from businessmen and politicians behind the scenes. We will be cooperating with the government on this.”

—Mahn Nyein Maung, KNU central executive committee member, speaking at a press conference in Rangoon on Sunday.

နောက်ကွယ်က စီစဉ်ညွှန်ကြားချက်ရှိ နိုင်ငံရေးရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာဖြစ်ဟုဆို

 

photo credit nyo ohn myint

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံထား ရသူများနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

“အခုမနက်ပိုင်းမှာ ဖမ်းမိထားတဲ့ စောမြင့်ငွေ၊ KNU ရဲ့ တပ်သားဟောင်း၊ KNU ရဲ့ တပ်မတော်သား မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ် အဆင့်လောက်ပဲ ရှိပါတယ်။ သုံးလေးနှစ် အမှုထမ်းခဲ့တယ်။ ကျွန်တော်တို့ သူ့ကိုလေ့လာ ကြည့်တယ်။ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ သူက အထက်ကခိုင်းလို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူလည်း ရိုးရိုးသားသားပဲ ၀န်ခံတယ်။ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဒီလိုဆောင်ရွက် မှုတွေဟာ KNU ရဲ့ သဘောထား မဟုတ်ဘူး။ အောက်ခြေသူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းထားပြီး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်လေး တစ်ခုကို KNU ရဲ့ သဘောထား အနေနဲ့ မမှတ်ယူစေချင်ဘူး” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

“ဒီကောင်လေးတွေကို ပြန်မေးကြည့်တဲ့ အခါကျတော့ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေဟာ သာသနိက အဆောက်အအုံတွေကို အဓိက သွားလေ့လာတယ်။ သာသနိက အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဖောက်ခွဲမယ့် နေ့ရက်ကလည်း မွတ်စလင် ဘာသာဝင်တွေရဲ့ အိဒ်နေ့မှာလုပ်ဖို့ ရွေးချယ်ပါတယ်။ ဆိုတဲ့ အခါကျတော့ တော်တော်ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစပြုနေတဲ့ ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေကို ပြန်လည်ဆူပူဖို့ ရည်ရွယ်တယ်။ တစ်ခုက KNU ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်” ဟု မန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

ဗုံးဖောက်ခွဲသူများသည် ပုဂံသို့ နှစ်ကြိမ်သွားရောက်ပြီး အာနန္ဒာ ဘုရား၌ ဖောက်ခွဲရန်ပါ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကားပြီး ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။ ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း သူများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။

“သူတို့ရဲ့ နောက်ကွယ်က ညွှန်ကြားတဲ့ ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖော်ထုတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာပြီး ဒီတွေ့ဆုံခဲ့ရတဲ့ ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပဲ။ သူတို့မှာ ဘာရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘူး။ ခိုင်းလို့သာ လုပ်ရတယ် ဆိုတဲ့အခါကျတော့ နောက်ကွယ်က စီစဉ်ညွှန်ကြားချက် ရှိတယ်လို့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်မို့ ဒါကိုတော့ ကျွန်တော်တို့က လေ့လာစုံစမ်းပြီးတော့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့အပြင် KNU အဖွဲ့အတွင်း သဘောထား ကွဲမှုများ ရှိကြောင်းကိုလည်း ၎င်းက၀န်ခံ ပြောကြားသွားခဲ့ပြီး အဖွဲ့အစည်းတိုင်းတွင် ဖြစ်တတ်သည့် သဘောသာဖြစ်ကြောင်း ဆိုပါသည်။ “ဘယ်အဖွဲ့အစည်းမဆို လုံးဝဥဿုံ ထိန်းချုပ်လို့ရတဲ့ အဖွဲ့အစည်းဆိုတာ မရှိဘူး။ ကျွန်တော်တို့လို တောတွင်းက အဖွဲ့အစည်း မပြောနဲ့ နိုင်ငံတော် အစိုးရတောင် အကျင့်ပျက် ခြစားမှုတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ အခုထက်ထိကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ဒီလိုအဖွဲ့အစည်းမှာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူတွေ အနည်းနဲ့အများ ရှိမှာပဲ။ ဒါကျွန်တော် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းကို ယုံကြည်တဲ့သူတွေ ရှိတယ်။ လက်မခံတဲ့သူတွေ ရှိတယ်။ သံသယရှိတဲ့သူတွေ ရှိတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

KNU အဖွဲ့အစည်းဝင်များက ယခုကိစ္စကို ပါဝင်ကျူးလွန်သည် ဆိုပါက တရားနည်းလမ်းကျစွာဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် KNU ဗဟို၏ လုပ်ဆောင်ချက် မဟုတ်သော်လည်း KNU နှင့် ဆက်နွှယ်နေသည့်အတွက် ဗုံးဖောက်ခွဲမှုများကြောင့် သေကျေထိခိုက် နစ်နာခဲ့ရသည့် ကာယကံရှင်များကို တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။ “ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်” ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ယခင်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် KNU ပါဝင်ပတ်သက်သည်ဆိုသော အစိုးရ၏ စွပ်စွဲချက်များ ရှိခဲ့သည့်အတွက် ထိုစွပ်စွဲချက်များ မှန်၊ မမှန်နှင့် KNU အနေဖြင့် ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းကိုမူ ပဒိုမန်းငြိမ်းမောင်က အတိအကျ ရှင်းပြခဲ့ခြင်း မရှိဘဲ မွန်-မြန်မာ နှစ်လေးဆယ်စစ် သမိုင်းနှင့် ဆက်စပ်ပြီး စစ်၏ သဘောသဘာဝများကိုသာ ရှင်းပြသွားခဲ့ပါသည်။

အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ခုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် စသည့်မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ၊ သံသယရှိသူများမှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် KNU ဘက်က ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူဟု ဖမ်းဆီးခံထားရသော စောမြင့်လွင်သည် KNU ၏ တပ်သားဟောင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ် အဆင့်သာရှိကာ KNU အဖွဲ့မှ အနားယူထားသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဓိက ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုထားသည့် စောနေတိုးမှာ KNU တပ်မဟာ ၅ ၏ မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

945212_10151998002398594_1777546501_n1384131_10151998002348594_635900685_n

တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ယခုလကုန် ဆုံးဖြတ်မည် 2013-09-16

UNFC_01

 

တစ်ပြည်လုံး အပစ်ရပ်စဲရေး လက်မှတ်ထိုးဖို့ ယခုလကုန် ဆုံးဖြတ်မည်
2013-09-16

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ပြီး လာမယ့် အောက်တိုဘာ လမှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးဖို့ကိစ္စကို စက်တင်ဘာလကုန်မှာ ကျင်းပမည့် အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်မယ်လို့ မနေ့ကကျင်းပခဲ့တဲ့ UNFC အဖွဲ့က အရေးပေါ်အလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စအပါအ၀င် ဖွဲ့စည်းပုံ ပြန်လည်ရေးဆွဲရေးကိစ္စတွေနဲ့ပတ်သက်ပြီး ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က အလုပ်အမှုဆောင် ခေါင်းဆောင်တွေ စက်တင်ဘာ ၁၄ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အရေးပေါ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အခုလိုသတ်မှတ်ခဲ့ကြတာ ဖြစ်တယ်လို့ UNFC အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက RFA ကို ပြောပါတယ်။

UNFC ခေါင်းဆောင်တွေအနေနဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စနဲ့ ပတ်သက်ပြီး အခုလို အရေးပေါ်အစည်းအဝေးကျင်းပရတာဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ အရေးကြီးတဲ့ အချိန်ရောက်နေပြီး မကြာခင်ရက်ပိုင်းအတွင်းမှာ UNFC က ခေါင်းဆောင်တွေကို ရန်ကုန်မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC ကနေပြီး ဒီလက်မှတ်ထိုးဖို့ကိစ္စ ခေါ်ယူဆွေးနွေးဖို့ရှိနေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၈ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံခဲ့ချိန်ကလည်း ဝန်ကြီး ဦးအောင်မင်းက နေပြည်တော်မှာ တိုင်းရင်းသားအားလုံး ပါဝင်လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ခဲ့ပြီး လက်မှတ်လာမထိုးတဲ့ တိုင်းရင်းသားအဖွဲ့တွေကိုတော့ နောက်တဆင့် ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ဆက်ပါနိုင်မှာမဟုတ်တော့ဘူးလို့ ပြောခဲ့ကြောင်းလည်း သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့ပြီး ချင်းအမျိုးသားတပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KIO၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP၊ ကရင်အမျိုးသားအစည်းအရုံးKNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချူပ်PNLO၊ ရခိုင်ပြည်အမျိုးသားကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်ပါတီ LDP၊ ဝ အမျိုးသားအဖွဲ့ချူပ် WNO၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF အဖွဲ့တွေ ပါဝင်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။