ပြည်သူ့စစ်တွေကိုပါ KIO အသင့်ပြင်ထား

WEDNESDAY, 01 JUNE 2011 17:12 သျှမ်းသံတော်ဆင့်
E-mailPrint

မြန်မာစစ်တပ်နှင့်စစ်မက်ဖြစ်ပွားလာပါက တုန့်ပြန် တိုက်ခိုက်နိုင်ရန်အတွက်ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO မှ အရံ အ ရပ်သား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ပြည်သူ့စစ်တပ်ဖွဲ့ များကိုပါအသင့်ပြင်ထား ကြောင်း သိရသည်။
ယခုအခါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များ တပ်ဆင်၍ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင် စေကာ အချို့ကို ရှေ့တန်းနယ်မြေများသို့ စေလွှတ်ထားကြောင်း ကေအိုင်အိုသတင်းရပ်ကွက်တစ်ခုမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

 

KIOကေအိုင်အိုတပ်ဖွဲ့ဝင်များ တောတွင်းလေ့ကျင်းရေးပြုလုပ်နေပုံ

“ဒီနေ့အထိ တပ်အသင့်အနေအထား ပြင်ထားသေးတယ်၊ နှစ်နေရာခွဲပြီး စစ်သင်တန်းပေးတယ်၊ ပြည်သူ့စစ် သင်တန်း က တစ်လတစ်ကြိမ် ပုံမှန်ပေးနေတာပေါ့၊ သဘောတရားအနေနဲ့ လေ့ကျင့်ဖို့ ရှေ့တန်းကို တစ်ပတ် ၁၀ ရက်ပို့တာ မျိုးရှိတယ်၊ အဓိကကတော့ နယ်မြေလုံခြုံရေးတာဝန်ယူခိုင်းတယ် ” ဟုကေအိုင်အိုနှင့်နီးစပ်သူ က ဆိုသည်။ 
ကချင်ပြည်နယ်အတွင်း ကေအိုင်အို ထိန်းချုပ်နယ်မြေ ကျေးရွာများမှ သာမန်အရပ်သားများအားဆင့်ခေါ်၍ စစ်သင်တန်းပို့ ချခြင်း ဖြစ်ပြီး ယခုအခါ ပြည်သူ့စစ်အင်အား တစ်သောင်းဝန်းကျင်ခန့်နှင့်အမြဲတမ်းစစ်သည် အင်အား ၈ ထောင်ဝန်း ကျင်ခန့် ရှိကြောင်း ခန့်မှန်းပြောဆိုကြသည်။
လွန်ခဲ့သည့်လ ၁၈ ရက်နေ့က မြန်မာစစ်တပ်က ကေအိုင်အိုလက်အောက်ခံကေအိုင်အေတပ်စခန်းများအားဝင် ရောက် ပစ် ခတ်ခဲ့အပြီး ကေအိုင်အေတပ်ဖွဲ့များ တပ်လှန့်ထားကြောင်းသိရသည်။ Continue reading “ပြည်သူ့စစ်တွေကိုပါ KIO အသင့်ပြင်ထား”