RCSS/SSA ၏ သီပေါမြို့ နယ် အုပ်ချုပ်ရေးမှုးနှင့် ဇနီးအား အစိုးရတပ်ပစ်သတ်

သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ခေါ် RCSS/SSA ၏ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး နှင့် ဇနီးအား အစိုးရတပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများပြောပါသည်။

RCSS_logoRCSS/SSA အမှတ်တံဆိပ် (ဓါတ်ပုံ- သျှမ်းသံတော်ဆင့်)

“သျှမ်းတပ်ရဲ့ သီပေါမြို့နယ် အုပ်ချုပ်ရေးမှူးလေ၊ စစ်ယူနီဖေါင်းနဲ့ ဈေးသွားဝယ်တဲ့အချိန် ခလယ ၂၃ သီပေါ က ပစ်သတ် လိုက်တယ်၊ သူ့ဇနီးက  ယောကျာ်းရဲ့ အလောင်းကိုဖက်ပြီး အော်ငိုနေတဲ့အချိန်မှာဘဲ  သူ့ဇနီးကို ထပ်ပစ်သတ်လိုက်တာ။ လင်မယားနှစ်ယောက်စလုံး သေတာဘဲ” – ဟု ကျောက်မဲ ဒေသခံတဦးက ပြောပါ သည်။ Continue reading “RCSS/SSA ၏ သီပေါမြို့ နယ် အုပ်ချုပ်ရေးမှုးနှင့် ဇနီးအား အစိုးရတပ်ပစ်သတ်”

မိုင်းတုံမြို့နယ်ဦးစီးမှူးမှတဆင့် ထပ်မံညွှန်ကြားသည့်စာ

 

FRIDAY, 03 FEBRUARY 2012 18:58 သျှမ်းသံတော်ဆင့်

 

ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည့်ဒေသခံများအား ထိုင်းနိုင်ငံအာဏာပိုင်နှင့် လူပွဲစားများ၏အလိမ်မခံရအောင် မိမိ ခရီးသွားအထောက်အထားယူဆောင်သွားနိုင်ရေးအတွက် ဆိုင်ရာအာဏာပိုင်များ ကွင်းဆင်းပညာပေးရန် မိုင်းဆတ် ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားထားကြောင်း ဒေသခံဝန်ထမ်းများပြောပြချက်အရသိရပါသည်။

“အဲဒီစာထဲမှာက ခရီးသွားရင် အမျိုးသား စိစစ်ရေးကဒ် (မိတ္တူ)၊ အိမ်ထောင်စုစာရင်း(မိတ္တူ)၊ ရဲထောက်ခံစာတွေ ယူဆောင်သွားတတ်ဖို့ပေါ့။ အဆင်ပြေချောမွေ့ဖို့လဲ အစိုးရကနေ အဖွဲ့ ၅ ဖွဲခွဲပြီး လုပ်ခိုင်းနေတယ်ပြောတယ်။ ဘယ်လိုအဖွဲ့လဲတော့မသိဘူး။ ကျနော်တို့ ပုံပါကျင်မှာတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဟောပြောတာပညာပေးတာ ဘာတခုမှမရှိသေးဘူး” – ဟု ပုံပါကျင် သားတစ်ဦးကပြောပါသည်။
အဆိုပါ ညွှန်ကြားစာတွင် အချက်သုံးချက်ပါရှိကြောင်း – ထိုင်းနိုင်ငံသို့ရောက်ရှိ အလုပ်လုပ်ကိုင်နေသော မြန်မာ အလုပ် သမား သုံးသန်းခန့်ရှိကြောင်း၊ စက်တင်္ဘာလက ရေကြီးမှုကြောင့် မြန်မာနိုင်ငံသို့ပြန်လာသော လူတစ်သိန်းကျော် သည် ယခု အခါရေများလျှော့ကျသွားပြီဖြစ်၍ မြန်မာထိုင်းနယ်စပ်တလျှောက်မှ ထိုင်းနိုင်ငံသို့ပြန်လည်ဝင်ရောက် အလုပ်လုပ် ကိုင်လျှက်ရှိပြီး၊ အဆိုပါ အလုပ်သမားများအား ထိုင်းနိုင်ငံအာဏာပိုင်အချို့နှင့် လူမှောင်ခို များမှ နည်းမျိုးစုံ ဖြင့် ခေါင်းပုံဖြတ် အမြတ်ထုတ်လျှက်ရှိကြောင်း။
အထောက်အထားမရှိသော မြန်မာအလုပ်သမားများအား အထောက်အထားများရရှိအောင် မြန်မာနိုင်ငံမှလုပ်ငန်းအဖွဲ့ ၅ ဖွဲ့ စေလွှတ်ဆောင်ရွက်ပေးလျက်ရှိပြီး၊ မိမိဒေသအတွင်းမှ ထိုင်းနိုင်ငံသို့သွားရောက်မိသူများအား နိုင်ငံသားစိစစ် ရေးကဒ် အိမ်ထောင်စုဇယား ရဲထောက်ခံစာ စသည့်အထောက်အထားများ ယူဆောင်သွားနိုင်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
သို့ဖြစ်ပါ၍ မိမိမြို့နယ်ခွဲနှင့် ကျေးရွာအုပ်စုအတွင်း အသိပညာပေးမှုများ ဆောင်ရွက်သွားရန် ထပ်မံ ညွှန်ကြားခြင်းဖြစ် ကြောင်း စသဖြင့်ပါရှိပါသည်။
“မိုင်းဆတ်ခရိုင်မှူးညွှန်ကြားတာက ဂျန္နဝါရီ ၁ ရက်၊ မိုင်းတုံမြို့နယ်မှူး ထပ်ဆင့်ညွှန်ကြားတာက ဂျန္နဝါရီ ၂၀ ရက်၊ အဲဒီစာကိုကြည့်ခြင်းအားဖြင့်  ထိုင်းနိုင်ငံကို တရားဝင်သွားဖို့ခွင့်ပေးလိုက်တဲ့သဘောဘဲ။ ဒါပေမယ့် ကျနော်တို့ နားကောင်းမူးမှာလဲ အဲဒီပညာပေးရေးကိစ္စတွေ အခုထိ  လုပ်ပေးတာမကြားမိသေးဘူး” – ဟု မုန်းထား မြို့ခံတဦးကလဲ ပြောပါသည်။
သျှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်းမှဒေသခံများမှာ နမ့်ဇန်၊ မိုးနဲ၊ လင်းခေး၊ မိုင်းပန်၊ မိုင်းတုံ၊ ပုံပါကျင်လမ်း မှ နယ်ခြား ဂိတ် BP 1 – ထိုင်းနိုင်ငံသို့ နေ့စဉ်ဝင်နေကြသည်။ မြန်မာစစ်တပ်၊ ရဲ၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေး၊ သစ်တော၊ မူးယစ် နှင့် တခြားအစိုးရဝန်ထမ်းများ ဂိတ်ကြေးအများအပြားကောက်ယူသဖြင့် ခရီးသွားတဦးလျှင် ကျပ်နှစ်သိန်းခွဲ ထက်မနည်း ကုန်ကျနေကြောင်း ကားဆရာများက မကြာသေးခင်က သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။
၀၀၁- မိုင်းတုံမြို့နယ်ဦးစီးမှူးမှတဆင့် ထပ်မံညွှန်ကြားသည့်စာ

http://www.mongloi.org/burmese/news/96-2008-08-03-06-49-23/2905-2012-02-03-12-02-47.html

Burma, China, Laos and Thailand, will begin a joint patrol of the Mekong next month_လာမည့် ဒီဇင်ဘာလလယ်၌ တရုတ်၊ လောဝ်၊ မြန်မာ၊ ထိုင်းရဲများ

Xinhua reported yesterday, quoting a statement by Beijing, that police forces from 4 nations: Burma, China, Laos and Thailand, will begin a joint patrol of the Mekong next month. The exact date is not mentioned, but it is expected to begin before 15 December. The move follows what the Chinese press calls “the 5 October case”, the day 13 Chinese crewmen and women were brutally killed near the Golden Triangle. (ASTV Manager Online)

———

လာမည့် ဒီဇင်ဘာလလယ်၌ တရုတ်၊ လောဝ်၊ မြန်မာ၊ ထိုင်းရဲများ ပူပေါင်းကာ မဲခေါင်မြစ်ဝှမ်းတလျှောက်  ကင်းလှည့်မည်ဖြစ်ကြောင်းရှင်းဟွာသတင်းကို ကိုးကား ၍ ထိုင်း  ASTV  မန်နေဂျာအွန်လိုင်းသတင်းစာက ရေးသားဖော်ပြထားသည်။
ရဲတပ်ဖွဲ့အင်အားဖြင့် ကင်းလှည့်ကြမည်ဖြစ်ပြီး   ဥပဒေနှင့်မလွတ်ကင်းသည့်လုပ်ငန်း များကို ရှင်းလင်း ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက်  ပူပေါင်း လှုပ်ရှားကြမည်ဖြစ် ကြောင်း  ရေးသားဖော်ပြထားသည်။
Naw_Kham_001ဒီဇင်ဘာ လလယ်ဟုဆိုသော်လည်း ဒီဇင်ဘာ ၁၅ ရက်မတိုင်မီ ကင်းလှည့်မှုစ နိုင်ကြောင်း၊ မဲခေါင်မြစ်အတွင်း လှေအသွားအလာကိုလည်း ထိုမှစ၍ ခွင့်ပြုမည်ဖြစ်ကြောင်း ထိုင်းအရာရှိတဦးကလည်း သျှမ်းသံတော်ဆင့် အား ပြောပြသည်။
အောက်တိုဘာ ၅ ရက် အမှုဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် မဲခေါင်မြစ်အတွင်း ၄ နိုင်ငံ အစိုးရပူးပေါင်း ဆောင်ရွက်မှုဖြစ်သည်။
အောက်တိုဘာ ၅ ရက်က တရုတ်လှေ ၂ စီးအား အမည်မသိ လက်နက်ကိုင်တစုက  တိုက်ခိုက်၍ လှေလုပ်သား ၁၃ ဦး အသတ်ခံရသည့်အမှုဖြစ်ပွါးခဲ့သည်။ အဆိုပါ အမှု၏ လက်သည်မှာ ရွှေတြိဂံဒေသ၌ လှုပ်ရှားနေသော နော်ခမ်းဦးဆောင် သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း တရုတ်နှင့်ထိုင်းအာဏာပိုင်များက ပြောဆို ခဲ့ကြသည်။
သို့သော် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်စိုင်းနော်ခမ်းမှာ မိမိလက်ချက်မဟုတ်ကြောင်း ၎င်း၏မိတ်ဆွေ ကုန်သည်ကြီးများ အားလည်းကောင်း နယ်စပ် ထိုင်းလုံခြုံရေးအာဏာပိုင်တဦးအားလည်းကောင်းပြောဆို ခဲ့သည် ။
တဖက်တွင်လည်း အောက်တိုဘာ ၂၈ ရက်က ထိုင်း ရဲအဖွဲ့က ထိုင်းစစ်သည် ၉ ဦးအား ခေါ်ယူ၍လူသတ်မှု နှင့်အလောင်းရွှေ့ ပြောင်း မှုဖြင့် စွဲချက်တင်ခဲ့သည်။
ရွှေတြိဂံဒေသတွင် လက်နက်ကိုင်လှုပ်ရှားနေသော နော်ခမ်းအကြောင်းတစေ့တစောင်း Continue reading “Burma, China, Laos and Thailand, will begin a joint patrol of the Mekong next month_လာမည့် ဒီဇင်ဘာလလယ်၌ တရုတ်၊ လောဝ်၊ မြန်မာ၊ ထိုင်းရဲများ”

ပျောက်ဆုံးမည်ကို UNFC စိုးရိမ်

THURSDAY, 10 NOVEMBER 2011 15:30 သျှမ်းသံတော်ဆင့်
E-mailPrint

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ တဖွဲ့ချင်းစီခွဲ ၍ အစိုးရကိုယ်စားလှယ်အား ဆွေးနွေးနေမှုအပေါ် – အနာဂတ်တွင် တိုင်းရင်းသားများ၏ စစ်မှန်သော အခွင့်အရေး ပျောက်ဆုံးပျက်စီးသွားမည်ကိုစိုးရိမ်ရ ကြောင်း ညီညွတ်သော တိုင်းရင်း သားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ (United nationality Federal Council) UNFC ၏ သုတေသနနှင့် ဥပဒေရေးရာ ဌာန ဒုတိယတာဝန်ခံ ကပြောသည်။

 

khun-okkerUNFC ၏ သုတေသနနှင့် ဥပဒေရေးရာဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဥက္ကာ

“UNFC အဖွဲ့ဝင်တွေ တဖွဲ့ချင်းစီခွဲပြီး အစိုးရကိုယ်စားလှယ်ကိုဆွေးနွေးနေတယ်ဆိုတာ အဖွဲ့ခေါင်းဆောင်တွေ ရဲ့ အတွေး အခေါ် နဲ့ သမိုင်းအတွေ့အကြုံကြောင့်ဖြစ်တယ်ဆိုပေမယ့် မြန်မာစစ်တပ်ကျောထောက်နောက်ခံပြု ထားတဲ့ အစိုးရသစ်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကိုခွဲခြားချဉ်းကပ်မှုနည်းအသုံးပြုနေတော့  တိုင်းရင်းသားတွေရဲ့ စစ်မှန်တဲ့ အခွင့် အရေး ပျောက်ဆုံးပျက်စီးသွားမှာကို စိုးရိမ်တယ်” UNFC ၏ သုတေသန နှင့် ဥပဒေရေးရာဌာန ဒုတိယတာဝန်ခံ ဗိုလ်မှူးကြီး ခွန်ဥက္ကာက သျှမ်းသံတော် ဆင့်အား ပြောသည်။ 
ထိုအခြေအနေမရောက်အောင်  ယခုနှစ်ဆန်းပိုင်းက ဖွဲ့စည်းလိုက်သည့် UNFC က အစုအဖွဲ့ခိုင်မာအောင် ကြားဝင်ချဉ်း ကပ်ပေးသည်ကို အစိုးရအဖွဲ့၏ နယ်စပ်ရေးရာ ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး သိန်းဌေးက  ငြိမ်းချမ်း ရေးဖော်ဆောင်ရာ၌  UNFC  သည် အဓိက အဟန့်အတား ဖြစ်နေသည်ဟု ပြောခြင်းဖြစ်ကြောင်း ခွန်ဥက္ကာက ဆက်လက်ပြောပြသည်။ Continue reading “ပျောက်ဆုံးမည်ကို UNFC စိုးရိမ်”

Mongloi news:သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း လှုပ်ရှား

WEDNESDAY, 19 OCTOBER 2011 18:11 သျှမ်းသံတော်ဆင့်
သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း လှုပ်ရှား နေသည့် မြန်မာစစ်တပ် စစ်ကြောင်းတကြောင်းလူစု ခွဲပြီး ကျေးရွာ အတွင်းဝင်ရာ အချင်းချင်းပြန်လည် တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်းဒေသခံသတင်းရပ်ကွက် မှ သိရပါသည်။
“ သူတို့တွေ နှစ်ဖွဲခွဲပြီး ရွာထဲဝင်တယ်။ တဖွဲ့ကမြောက်ဘက်က  တဖွဲ့ကတောင်ဘက်က ဝင်ကြတယ်။မြောက်ဖက် က ဝင်လာတဲ့ တဖွဲ့က ရွာထဲအရင်ရောက်တယ်၊ ရွာက ဘုန်းကြီးကျောင်းမှာလဲ သီတင်းကျွတ်ပွဲ လုပ်နေတာလေ။ တောင် ဖက်ကဝင်လာတဲ့အဖွဲ့  မိုင်းဆိန်ချောင်းကူးတံတား နားရောက်တော့ ကေအိုင်အေ ထောင်ထားတဲ့ မိုင်း နင်းမိတာ။ နှစ်ဖွဲ့လုံးလှန့်ပြီး အချင်းချင်းပြန်တိုက်တာ။ ကချင်တပ် တော့ ရွာထဲမှာ မရှိပါဘူး” – ဟု ဒေသခံစိုင်းခွန် ကပြောပါသည်။

 

 

army-postမြန်မာစစ်သား

အောက်တိုဘာ ၁၂ ရက် သျှမ်းပြည်မြောက်ပိုင်း နမ္မတူ မြို့နယ် မိုင်းတတ်ကျေးရွာအုပ်စုဝင် မိုင်းဆိန်ရွာဘက် (နမ္မတူမြို့ နှင့် ၄ မိုင်အကွာ) နယ်လှည့်သည့် ခလရ ၁၄၇ လက်အောက်ခံ စစ်ကြောင်းမြန်မာ့စစ် ကြောင်း တကြောင်း က နှစ်ဖွဲ့ခွဲပြီးရွာ အတွင်း ဝင်ကြောင်း၊ တဖွဲ့က မိုင်းဆိန်ချောင်းကူး တံတားအနီး KIA တပ်ဖွဲ့ ထောင်ထားသော မှိုင်း ၂  လုံးကို နင်းမိ ရာမှရွာအတွင်း အရင်ရောက်သည့်အဖွဲ့နှင့်အပြန်အလှန်မှား ပစ်ခတ် တိုက်ခိုက် ခဲ့ကြောင်း၊ ထိုတိုက်ပွဲကြောင့် ၆ ယောက် ပွဲချင်းပြီးသေဆုံးပြီး အရာရှိနှစ်ဦးအပါဝင် ၇ ဦး ဒဏ်ရာ ရှိကြောင်း – အမည် မဖေါ် လိုသူ ရပ်မိရပ်ဖတဦးကပြော ပါ သည်။ Continue reading “Mongloi news:သျှမ်းပြည်မြောက်ပိုင်းနမ္မတူမြို့နယ်အတွင်း လှုပ်ရှား”

အစိုးရနှင့်ဆွေးနွေးနိုင်ရေး ဝ တပ်ဖွဲ့အတွင်းအစည်းအဝေးလုပ်

အစိုးရနှင့်ဆွေးနွေးနိုင်ရေး ဝ တပ်ဖွဲ့အတွင်းအစည်းအဝေးလုပ်

အစိုးရသစ်နှင့်ဆွေးနွေးနိုင်ရေးအတွက် ၁၅ ရက်နှင့် ၁၆ ရက်က ဝ တပ်ဖွဲ့အတွင်း အစည်းအဝေး တရပ် ကျင်းပ။ သိန်းစိန် အစိုးရ ကိုယ်စားလှယ် တင်ပြ သော အချက် ၄ ချက်အား လက်မှတ်ထိုးကြခြင်း မှာလက်နက်နှင့် ငြိမ်းချမ်း ရေး လဲလှယ်ခြင်း မဟုတ်။ ငြိမ်းချမ်းရေးကို လက်နက်နှင့် ကာကွယ်ဖို့အတွက် သာဖြစ်ကြောင်း ဝ အရာ ရှိပြော။

အစိုးရသစ်နှင့်ဆွေးနွေးနိုင်ရေးအတွက် ၁၅ ရက်နှင့် ၁၆ ရက်က ဝ တပ်ဖွဲ့အတွင်း အစည်းအဝေး တရပ်ကျင်းပ။ သိန်းစိန် အစိုးရ ကိုယ်စားလှယ် တင်ပြသော အချက် ၄ ချက်အား လက်မှတ်ထိုးကြခြင်း မှာလက်နက်နှင့်ငြိမ်းချမ်း ရေး လဲလှယ်ခြင်း မဟုတ်။ ငြိမ်းချမ်းရေးကို လက်နက်နှင့် ကာကွယ်ဖို့အတွက်သာဖြစ်ကြောင်း ဝ အရာရှိပြော။ ၂ ဖက် ဝန်ထမ်းများ ရုံးပြန်စိုက်ရေးဟူသည့်အချက်တွင် အစိုးရ၏  ပညာ ရေးနှင့် ကျန်းမာရေး ဝန်ထမ်းများသာ လက်ခံမည်ဖြစ်ကြောင်း အစည်းအဝေးဆုံးဖြတ်ချက် တွင်ပါရှိ။ လူ ၂၀၀ ခန့် တက်ရောက်။
သံဃာတော်များပါမကျန် မြန်မာစစ်တပ်၏ ကာဗာအဖြစ် အသုံးချခံရ

၁၇ ရက်နေ့က ခိုလမ်မှလာသော မြန်မာစစ်တပ် ခလရ ၁၃၁ ၏ ရိက္ခာတင်ကား ၈ စီးကျေးသီးမြို့နယ် မိုင်းနောင်-မိုင်းနန်း-ဝမ့်ဖိန်း-နောင်ဆွမ်းဖက်သို့ အတက် ဒေသခံများအားဖမ်းဆီးခေါ်ဆောင်သွား။ သံဃာတော်များပါ မကျန် ၎င်းတို့စစ်ယာဉ် တန်းကြားညှပ် ကာဗာအဖြစ်အသုံးပြု။ ဘုန်းကြီးကျောင်းကားကိုပါ ချောဆွဲရိက္ခာတင် ပေးခိုင်း။
ယာခင်းခုတ်သည့်ရွာသားအား မြန်မာစစ်တပ်ပစ်သတ်

၀၀၅- ပစ်သတ်ခံရသည့် စိုင်းပန်တဝ ( ဓါတ်ပုံ- ZM)
၁၅ ရက် နေ့ခင်းပိုင်းက ယာခင်းသွားခုတ်သူ တန့်ယန်းမြို့နယ် တောင်ဟျိုးအုပ်စုဒေသခံရွာသားစိုင်းပန်တဝ အား အင် အား ၈၀ ခန့်ရှိ မြန်မာစစ်တပ် ခလရ ၂၄၈ က ပစ်သတ်။  အဆိုပါ မြန်မာစစ် ကြောင်းမှာ မိုင်းရှူး- မိုင်းအောတ်မှ ထွက်လာ ှသည့် စစ်ကြောင်းဖြစ်ကာ စိုင်းပန်တဝ နေထိုင်သည့် နားဟုန်းရွာ၏ တောင်ဖက်၌ ပစ်သတ်ခြင်းဖြစ်။ စိုင်းပန်တဝ (အသက် ၃၆ နှစ်) တွင် ဇနီး နန်းစိန်ထွန်းနှင့် သားသမီး ၃ ယောက်ကျန်ရှိ။

သျှမ်းပြည်မြောက်ပိုင်း သိန္နီရေပူစစ်ဆေးရေးဂိတ်၌

သျှမ်းပြည်မြောက်ပိုင်း သိန္နီရေပူစစ်ဆေးရေးဂိတ်၌ တရုပ်နယ်စပ်ဖက်မှလာသည့် ဆိုင်ကယ်တစီးထံမှ ပစ္စတို သေနတ် အလက်ပေါင်း ၃၀ နီးပါး ဖမ်းဆီး ရမိကြောင်း အာဏာပိုင်များနှင့်နီးစပ်သူ သိန္နီသား တဦးကပြော သည်။
“ဆိုင်ကယ်တစီး က ကွန်ပြူတာ ကြပ်ဖါတခု သယ်လာတယ်။ ဂိတ်စောင့်တွေက တားတယ်။ ဘာတွေလဲ လို့မေးတော့ ကလေးသုံးဖို့ကွန်ပြူတာပါ- စစ်ဆေးမနေနဲ့ဗျာ လို့ပြန်ပြောတယ်။ နောက်ဆုံး ပြောမရ တော့  အစစ်ဆေးခံတယ်။ စစ်ဆေးနေတုန်း ဆိုင်ကယ်မောင်းသူက  ဒေါက်ထောက်ရပ်ထားပြီး လစ်ထွက်သွားတာ။  မဖမ်းမိလိုက်ဘူး”

 

Pistolsပစ္စတို သေနတ်များ

ဂျွန် ၆ ရက်က ဆိုင်ကယ်သမားတဦး ကွန်ပြူတာကြပ်ဖါထဲ၌  ပစ္စတို  လက်နက် ငယ် ၂၈ လက် တင်ဆောင် လာသည်ကို  ဌာနဆိုင်ရာများက တားဆီးစစ်ရေးရမိသော်လည်း ပိုင်ရှင်မှာမူထွက် ပြေးလွတ်မြောက် သွားကြောင်း အာဏာပိုင်များနှင့် နီးစပ်သည့်ကုန်သည်တဦးက ပြောပါသည်။
 

အဆိုပါလက်နက်ငယ်များဖမ်းဆီးရမိသည့်နောက်ပိုင်း ဌာနပေါင်းစုံချထားသည့် ရေပူဂိတ်၌အစစ်အဆေး ပိုထူပြောလာကြောင်း၊ ခရီးသွားများအတွက် နှောင့်နှေးကြန့်ကြာမှု  ကြုံတွေ့နေရကြောင်း အဆိုပါကုန်သည် ကပြောသည်။
“အဲဒီသေနတ်တွေက ဘယ်အဖွဲ့အစည်းဟာလဲ၊ ဘယ်သူ့ဟာလဲ မသိဘူး။ ထောက်လှမ်းရေးတွေ လိုက်နေ တုန်း။   အဲဒီကိစ္စကြောင့် အခု ဆိုင်ကယ် ကယ်ရီတွေကို ဂိတ်ပေးမဖြတ်တော့ဘူး။ ခရီးသွားတွေ၊ကုန်သည် တွေကိုလဲ အရမ်းစစ်တယ်”

သိန္နီရေပူဂိတ်သည်   လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လားရှိုး အေတီ ဌာနပေါင်းစုံ စစ်ဆေးရေးဂိတ်မှ သိန္နီမြို့ ရေပူစမ်းကျေးရွာသို့ ပြောင်းရွေ့ချထားသည့်ဂိတ်ဖြစ်သည်။

http://www.mongloi.org/burmese/index.php

မိုင်းလားတပ်ဖွဲ့ ရုပ်ပေးလိုက်ရသည့်ဒေသ မြန်မာစစ်တပ် လူ့အခွင့်အရေးချိုးဖောက်

WEDNESDAY, 25 MAY 2011 17:13 သျှမ်းသံတော်ဆင့်
E-mailPrint

ပြီးခဲ့သည့်လက မိုင်းယောင်းမြို့နယ်အတွင်းမိုင်းလား တပ်စခန်းအချို့ရုပ်သိမ်း၍ မြန်မာစစ်တပ် ဝင်ရောက် အခြေချလာသည့် နောက်ပိုင်း ဒေသခံများလူ့အခွင့် အရေးအမျိုးမျိုးချိုးဖောက်ခံနေကြောင်းဒေသခံများ ပြောပြ ချက်အသိရပါသည်။
“ကျနော်တို့  စစ်တပ်အတွက် လုပ်အားပေးရတာ၊ အိမ်မွေးတိရိစ္ဆာန်တွေ  ဖမ်းစားတာ အခုမှ ကြုံဖူးတယ် ” – ဟု တာချီလိတ်ရောက် ဝမ့်ခိုးဒေသခံတဦးကပြောပြပါသည်။

Map_of_Monglမိုင်းလားတပ်ဖွဲ့ထိန်းချုပ်နယ်မြေနှင့် တပ်စခန်းတချို့ပြ မြေပုံ

သံလွင်အရှေ့ခြမ်း မိုင်းယောင်းမြို့နယ် မဲခေါင်မြစ်အနောက်ဖက်ကြောရှိ ဝမ့်ခိုးတပ်စခန်း နှင့် ပုံဟက် တပ်စခန်းအား မိုင်းလားတပ် ဖွဲ့ ရုပ်သိမ်းပေးပြီး နောက် ပိုင်း မိုင်းဖြတ်အခြေစိုက် စကခ ၁၈ လက်အောက်ခံ ခမယ ၅၇၀ နဲ့ ၅၇၃ တို့ ရောက်တပ်ချထား၏။ ထိုမြန်မာတပ်များကပင် ဒေသခံလူထုအပေါ် တပ်စခန်း တည်ဆောက်ရေး နေ့စဉ်ရက် ဆက် လုပ်အားပေးဆင့်ခေါ်နေသည့်အပြင် ဒေသခံများ၏ အိမ်မွေး ကြက်၊ ဝက်၊ ဘဲ၊ နွားများလည်း ဖမ်းယူ သတ်ဖြတ်စားသောက်ကြောင်း  နောက်တဦးက ဤကဲ့သို့ပြောပြ ပါသည်။
“ဝမ့်ခိုးကျေးရွာအုပ်စုထဲက ကြက်ဝက်တွေ အဓမ္မ အလကားယူစားတာ မရေမတွက်နိုင်တော့ဘူး။ ပုံဟက်ရွာက နွားတွေ ဗမာတွေ ယူစားတာ ၇ ကောင်ရှိပြီ၊   ဗမာတပ် ရောက်လာတာ  သူခိုးဓါးပြရောက်လာတဲ့ အတိုင်းဘဲ” – ဟု ဆို၏။
မိုင်းလားတပ်ဖွဲ့၏ နမ့်လွေမြစ်ဝ (ဆွပ်လွေ) တောင်ဖက်ရှိ မိုင်းဖှန် တပ်စခန်း ထပ်မံဆုတ်ပေးရန် မြန်မာ စစ်တပ်  ဖိအားမပေးသေး သော်လည်း မိုင်းလားဖက်မှတပ်ဆုပ် ပေး မည့်အလားအလာမရှိကြောင်း၊ မိုင်းလားနှင့် ဝ ပူးပေါင်းတပ်ဖွဲ့တို့ ထပ်မံအင် အား ဖြည့် တပ်ချဲ့ထားကြောင်း မိုင်းယောင်း ပြည်သူ့ စစ်တပ်ဖွဲ့ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် ပုဂ္ဂိုလ်တဦးက ပြောပါသည်။
ထို့အတူ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့  လှုပ်ရှားနေသည်ဆိုသည့်သတင်းကြောင့် စကခ ၁၈ လက်အောက်ခံ ခမယ ၃၃၅ (မိုင်းဖြတ်) အင်အား ၃၀ ခန့်က (မိုင်းဖြတ်မြို့နယ်ရှိ နမ့်ယုံး၊ ဝမ့်မုန့်၊ မိုင်း ဖြတ်) လားဟူပြည်သူ့စစ်အဖွဲ့ စုပေါင်း အင်အား ၇၀ ကျော်အားဆင့်ခေါ်၍ မိုင်းဖြတ်မြို့ အရှေ့ မြောက်ဘက်( မိုင်းဖြတ် – မိုင်းယောင်း ကားလမ်းမြောက်ဘက်ခြမ်း)  မိုင် ၂၀ ခန့်ဝေး သည့် မိုင်းတင်း၊ လန်း ဆတ်၊ မိုင်းကာယီ၊ မိုင်းငွမ်း ကျေးရွာဘက်သွားရောက်လှုပ်ရှားခဲ့သည်ဟုဆို၏။ Continue reading “မိုင်းလားတပ်ဖွဲ့ ရုပ်ပေးလိုက်ရသည့်ဒေသ မြန်မာစစ်တပ် လူ့အခွင့်အရေးချိုးဖောက်”

SSPP/SSA အား ဆွေးနွေးရန် ရမခ တိုင်းမှူးဟန်ပြ ကမ်းလှမ်းချိန် တိုက်ပွဲများဆက်လက်ဖြစ်ပွါး

MONDAY, 18 APRIL 2011 17:10 သျှမ်းသံတော်ဆင့်
E-mailPrint

အပစ်ရပ်စဲရေးအတွက် စိန်ကျော့ပြည်သူ့စစ် တပ်ဖွဲ့ ခေါင်းဆောင်အား ရမခ တိုင်းမှူးစေလွှတ် ဆွေးနွေး ခိုင်းစဉ် တပ် အင်အားဖြည့်တင်းမှု မရပ်ဘဲ သျှမ်းပြည် အလယ်ပိုင်း၊တောင်ပိုင်းတွင် တိုက်ပွဲများဆက်လက် ဖြစ်ပွားနေ သေးကြောင်း သျှမ်း ပြည်တပ်မတော် SSPP/SSA သတင်း ရပ်ကွက်က ဆိုပါသည်။

“၁၁ ရက်က မိန်းခေးမှာတွေ့ဆုံဖို့ စိန်ကျော့က ကမ်းလှမ်းလာတယ်။ ကျနော်တို့ဖက်က ဗိုလ်မှူးခေးမောဝ်း ဦးဆောင် တဲ့ အဖွဲ့သွားတွေ့တယ်။ စိန်ကျော့ဖက်က ဦးကိုင်ဖှနဲ့ ဦးလှမြင့်တို့ပေါ့။ မန္တလေး- လားရှိုး ကားလမ်းအထက်ပိုင်း သီပေါ၊ ကျောက်မဲ၊ လားရှိုး၊ မိုးမိတ်၊ နမ့်ဆန် ဖက်မှာလှုပ်ရှားနေတဲ့ SSPP/SSA တပ်သားတွေ ဝမ့်ဟိုင်းဌာနချုပ်ကို ပြန်ဆုတ်ပေးရင် သီပေါ မြို့နယ် နမ့်မ မောက်တောင်း နဲ့ တန့်ယန်းမြို့နယ် နမ့်လောဝ်း ဒေသဘက်မှာ (လက်နက် မကိုင် ယူနီဖောင်းမဝတ်ဘဲ) ပုံမှန် ပြန်နေခွင့် အခြေချခွင့်ပြုမယ်။ မဆုတ်ပေးရင်တော့ ဆက်လက်တိုက်ခိုက်သွား မယ်လို့ပြောလာတယ်။ ကျနော်တို့ ကတော့ ပြည်သူလူထု ဆန္ဒကိုမေးမြန်းကြည့်ရ ဦးမယ်လို့ဘဲ ပြန်ဖြေခဲ့တယ်” – ဟု SSPP/SSA ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

နယ်မြေလေ့လာနေသော သျှမ်းပြည်တပ်မတော် SSPP/SSA တပ်မဟာ ၃၆ မှအရာရှိများ

Continue reading “SSPP/SSA အား ဆွေးနွေးရန် ရမခ တိုင်းမှူးဟန်ပြ ကမ်းလှမ်းချိန် တိုက်ပွဲများဆက်လက်ဖြစ်ပွါး”