Mon Youth Progressive Organization (MYPO) by Kaowao news

မင်းချမ်း(အောက်တိုဘာ-၂၁)။ ။ လာမည့်နိုဝင်ဘာလ(၇) ရက်နေ့တွင်ကျင်းပမည့် (၂၀၁၀) ရွေးကောက်ပွဲအား ဆန့်ကျင်ကြရန် မွန်မြန်မာနှစ်ဘာသာဖြင့် မွန်လူငယ်များသို့တိုက်တွန်းသည့် အိပ်ဖွင့်ပေးစာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

MYPOMon Youth Progressive Organization (MYPO) ခေါ် တိုးတက်သောမွန်လူငယ်များအစည်းအရုံးမှ အဆိုပါရွေးကောက်ပွဲဆန့်ကျင်သည့်အိပ်ဖွင့်ပေးစာကို ယမန်နေ့ရက်စွဲဖြင့် ပေးပို့ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။

“ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ကျမတို့မွန်လူငယ်တွေကိုလည်း အဲဒီအိပ်ဖွင့်ပေးစာရွက်တွေကို ဖြန့်ဝေနေပါတယ်၊ ပြည်တွင်းကိုဆက်သွယ်တဲ့အခါ ဒီရွေးကောက်ပွဲကိုလက်မခံဖို့နဲ့ မဲသွားမပေးကြဖို့ သူတို့မိသားစုတွေကို တိုက်တွန်းပြောဆိုနိုင်မှာပါ” ဟု လက်ရှိ MYPO ဥက္ကဌမိအိုင်စွန်းကယုံကြည်ကြောင်း ဆက်သွယ်မေးမြန်းချက်တွင် ပြောသည်။

ထို့နောက် “ပြည်တွင်းမှာ အင်တာနက်သုံးစွဲတဲ့မွန်လူငယ်တွေကတဆင့် လူငယ်အချင်းချင်းတွေအကြား ဒီအိပ်ဖွင့်ပေးစာကို ဆက်ပြီးဖြန့်ဝေသွားကြမယ်” ဟုလည်း မိအိုင်စွန်းက ပြောသည်။
“သင်၏မဲတစ်မဲကြောင့် နအဖအသက်မရှည်ပါစေနှင့်”၊ “မဲမပေးခြင်းသည် ကျန်ုပ်တို့၏အခွင့်အရေးဖြစ်သည်” ဟု အဆိုပါပေးစာ၌ အဓိကအသားပေး ဖေါ်ပြခဲ့သည်။

(၂၀၁၀) ရွေးကောက်ပွဲကို လက်နက်ကိုင်မွန်ပြည်သစ်ပါတီ NMSPနှင့် (၁၉၉၀) ရွေးကောက်ပွဲဝင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF တို့က လက်မခံဟု အကြိမ်ကြိမ်အတိအလင်းထုတ်ဖေါ်ပြောကြားခဲ့သည်။
ထို့အတူ ပြီးခဲ့သည့်လတွင်လည်း Mon Affair Union (MAU) ခေါ် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်ကလည်း (၂၀၁၀)ရွေးကောက်ပွဲ ဆန့်ကျင်ရေးကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ပြည်ပအခြေစိုက် မွန်အမျိုးသားကောင်စီမှလည်း (၂၀၁၀) ရွေးကောက်ပွဲတွင်ပါဝင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMRDP အား ကန့်ကွက်သည့် အိပ်ဖွင့်ပေးစာများ Monnet အွန်လိုင်းကွန်ယက်မှတဆင့် ပေးပို့ခဲ့သည်။ Continue reading “Mon Youth Progressive Organization (MYPO) by Kaowao news”