Nai Rotsa, the joint chairman of the New Mon State Party (NMSP)PASSED AWAY_မင်းသုတ – မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ရော့စ အသက် ၆၇ နှစ်သည် ထိုင်းနိုင်ငံ၊ စံခလပူရီဆေးရုံ၌ ဇွန် ၁၅ ရက် ည ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

Nai Rotsa, the joint chairman of the New Mon State Party (NMSP) and a key architect of the ethnic rebel group’s landmark ceasefire agreement with the government, passed away on Saturday evening at the age of 67.

He is survived by his wife Mi Tanaing Bloi, four daughters and one son.

His father Nai Maung Maung and mother Mi Paw Sein raised Nai Rotsa in the village of Kawpehtaw, in Mudon Township. He was one of five children born into the farming family, but a political calling would see him leave that life behind to one day take the reins of one of the armed ethnic groups fighting for self-determination in Burma.

သူ၏ကြွင်းကျန်သောရုပ်ကလာပ်ကို မွန်ပြည်သစ်ပါတီထိန်းချုပ်ဒေသ ဘုရားသုံးဆူအနီး ဂျပန်ရေတွင်းရွာရှိ မြို့နယ်ရုံးသို့ ယမန်နေ့တွင် ယူဆောင်လာခဲ့ပြီး ဖြစ်သည်။

1015920_581811578525741_321006535_o-1-300x199

လာမည့်ဇွန်လ ၂၁ ရက်နေ့၊ မွန်းလွဲပိုင်းတွင် စစ်အခမ်းအနားဖြင့် ဂျပန်ရေတွင်းရွာ၌ နိုင်ရော့စ၏ဈာပနအခမ်းအနားအား မီးသင်္ဂြိုလ်မည်ဟု သိရသည်။

၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ရော့စ၏ အဆုတ်လေပြွန်၌ ကင်ဆာရောဂါလက္ခဏာစမ်းသပ်တွေ့ရှိခဲ့ပြီး ရန်ကုန်မြို့၊ သင်္ကန်းကျွန်းဆေးရုံ၊ ထိုမှတဆင့် ဖေဖေါ်ဝါရီလဆန်းပိုင်းတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Bomrongrat Hospital, Christian Hospital ဆေးဝါးကုသခံခဲ့ပြီးနောက်ပိုင်းတွင် ဧပြီလ၌ စံခလပူရီဆေးရုံသို့ ပြောင်းရွေ့လာခဲ့သည်။

နိုင်ရော့စအား မုဒုံမြို့နယ်၊ ကလော့သော့ရွာနေ ဖခင် ဦးမောင်မောင်၊ မိခင်ဒေါ်ဖွားစိန်တို့မှ ကောဇာသက္ကရာဇ် ၁၃၀၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် သောကြာနေ့တွင် ဖွားမြင်ခဲ့ရာ ငယ်နာမည် မင်းဆွေရင် ဖြစ်ပြီး မွေးချင်း ၅ ဦးအနက် စတုတ္ထမြောက်သားဖြစ်သည်။

မူလတန်းမှစ၍ အဌမတန်းအထိ ကလော့သော့ကျေးရွာ အလယ်တန်းတွင်၄င်း၊ နဝမတန်းကို ကမာဝက်အထက တွင်၄င်း၊ ၁၀ တန်းကို မုဒုံမြို့ အထက(၁) တွင်ဂုဏ်ထူးဖြင့်နှစ်ချင်းပေါက် ထူးချွန်စွာအောင်မြင်ခဲ့ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ပညာဆက်လက်ဆည်းပူး၍ B.Com, RA ဘွဲ့တို့ရရှိခဲ့သည်။

ရန်ကုန်စီပွားရေးတက္ကသိုလ်တွင် ပညာဆည်းပူးနေစဉ် ၁၉၆၆-၆၇ ခုနှစ်များ၌ မွန်စာပေယဉ်ကျေးမှုကော်မတီ၊ ရန်ကုန်တက္ကသိုလ်တွင် အထွေထွေအတွင်းရေးမှူးတာဝန် ၂ နှစ်ထမ်းဆောင်ခဲ့သည်။

ကျောင်းပြီးသည့်နောက် မွန်ပြည်သစ်ပါတီ၏မြေအောက်လုပ်ငန်းများကို ထမ်းဆောင်ခဲ့ပြီး ၁၉၇၀ ခုနှစ်တွင် မွန်ပြည်သစ်ပါတီသို့ အပြီးအပိုင်ဝင်ရောက်ခဲ့သည်။

၁၉၇၁ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၏ ဗဟိုကော်မတီဝင်၊ ၁၉၇၅ ခုနှစ်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ၁၉၈၁ ခုနှစ် မွန်ပြည်သစ်ပါတီနှစ်ခြမ်းကွဲခဲ့သည့်ကာလအတွင်း ဥက္ကဌနိုင်ရွေကျင်အဖွဲ့တွင် အထွေထွေအတွင်းရေးမှူး၊ ၁၉၈၇ ခုနှစ် မွန်ပြည်သစ်ပါတီနှစ်ခြမ်းပြန်လည်ပေါင်းစည်းသောအခါ တွဲဖက်အထွေထွေအတွင်းရေးမှူး၊ ၁၉၈၉ ခုနှစ်တွင် အထွေထွေအတွင်းရေးမှူး၊ ၂၀ဝ၃ ခုနှစ်တွင် ဒုဥက္ကဌ(၂)၊ ၂၀ဝ၆ ခုနှစ်တွင် ဒုဥက္ကဌအဖြစ် ကွယ်လွန်သည်အထိတာဝန်ထမ်းဆောင်ခဲ့သည်။

ကွယ်လွန်ချိန်၌ ဇနီးဖြစ်သူ မိတနိုင်းပုလဲ၊ သမီး ၄ ဦးနှင့် သားတစ်ဦးတို့ မော်လမြိုင်မြို့၊ မြိုင်သာယာနေအိမ်တွင် ကျန်ရစ်ခဲ့သည်။

မွန်ပြည်သစ်ပါတီ ဒုက္ကဌ နိုင်ရောစ ကွယ်လွန် ကြောင်းကြား သိရသဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းရင်းသား အဖွဲ့ အစည်းများနှင့် ဆက်ဆံရေး ကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ၀မ်းနဲကြောင်း သ၀ဏ်လွှာ ပေးပို့ လိုက်ကြောင်း သိရပါသည်။

IMG22 copy

UNITED NATIONALITIES ALLIANCE (UNA) STATEMENT 19.NOVEMBER -ENGLISH

နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု UNA ကြေညာချက်ထုတ်ပြန်

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – တိုင်းရင်းသားပါတီ ၇ ပါတီ ပါဝင်ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA မှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရန်လိုဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်နေ့က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

SNLD ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က “အဓိက အချက်နှစ်ချက်ပေါ့နော် နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့နဲ့ စီးပွားရေးရုပ်သိမ်းတာ စောသေးတယ်ဆိုတဲ့ ဒီနှစ်ခုကို အဓိကထားပြီးတော့ ကျနော်တို့ ဒီထုတ်ပြန်ချက်ကိုထုတ်လိုက်တာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အစပြုရုံသာရှိ၍ ပြီးပြည့်စုံရန် မရှိသေးကြောင်း၊ နိုင်ငံရေးအကျဉ်းသားအချို့ ထောင်ထဲကျန်ရှိနေသေးကြောင်းနှင့် မြန်မာပြည်အပေါ် သတ်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုအကုန်လုံးနီးပါး ရုပ်သိမ်းခြင်းသည် အချိန်စောလွန်းနေသေးသည်ဟု ၎င်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

http://burmese.monnews.org/?p=5862

CRPP ခေါင်းဆောင်များနှင့် ဟီလာရီကလင်တန်တွေ့ဆုံ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ – အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ခေါင်းဆောင်များတို့ ယနေ့ နံနက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်၌ နာရီဝက်ကြာ တွေ့ဆုံခဲ့ကြသည်ဟု မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဌနိုင်ငွေသိမ်းက ပြောသည်။

CRPP အဖွဲ့ဝင် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြစဉ် (ဓာတ်ပုံ - အင်တာနက်)
CRPP အဖွဲ့ဝင် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြစဉ် (ဓာတ်ပုံ – အင်တာနက်)

၄င်းတွေ့ဆုံပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDမှ ဦးတင်ဦး၊ ဦးဝင်းတင်၊ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်Arakan League for Democracy(ALD)မှ ဦးအေးသာအောင်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)မှ နိုင်ငွေသိမ်း၊ ဇိုမီအမျိုးသားကွန်ကရက် Zomi National Congress မှ ဦးပူကျင့်ရှင်းထန်နှင့် ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် Shan National League for Democracy SNLDမှ စိုင်းစောအောင်တို့ ပါဝင်သည်ဟုသိရသည်။

“ဖမ်းထားတဲ့လူတွေကို လွှတ်ပေးဖို့၊ အနှစ် ၆၀ လောက်ရှိတဲ့ တိုင်းရင်းသားဒေသက တိုက်ပွဲတွေ ရပ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးရေးဖြစ်ဖို့ အဲဒါတွေကို တင်ပြကြတာပေါ့” ဟု မစ္စစ် ကလင်တန်နှင့် တွေ့ဆုံခဲ့သူ ဥက္ကဋ္ဌနိုင်ငွေသိမ်းက ပြောသည်။

ယခုတွေ့ဆုံမှုသည် ၁၉၉၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP အနေနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငွေသိမ်းက ပြောသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ အမတ်များဖြင့် လွှတ်တော် ခေါ်ယူနိုင်ရေး ဟူသော ရည်ရွယ် ချက်နှင့် NLDနှင့် ရှမ်း၊ မွန်၊ ရခိုင်၊ ဇိုမီး၊ ကိုးကန့် တိုင်းရင်းသားပါတီများ၊ တသီးပုဂ္ဂလ အမတ်များဖြင့် CRPP ကို ၁၉၉၈ ခု စက်တင်ဘာလတွင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဟီလာရီ ကလင်တန်သည် သူမ၏ နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့ထိ ခရီးစဉ်းအတွင်း နိုင်ငံတော်သမ္မတ၊ လွှတ်တော်ကိုယ်စားပြု ကိုယ်စားလှယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်တို့နှင့် တွေ့ဆုံခဲ့သည်။

သမ္မတ ဦးသိန်းစိန်သည် ကလင်တန်နှင့် တွေ့ဆုံစဉ် မြန်မာနှင့် အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေးကဏ္ဍသစ် ဖွင့်လှစ်နိုင်ပြီးဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှုသည် အစပြုရုံသာရှိသေးသဖြင့် လုံလောက်မှုမရှိသေးကြောင်း ကလင်တန်က ပြန်လည် အသိပေး ပြောကြားခဲ့သည်။

အနှစ် ၅၀ အတွင်း ပထမဆုံးခရီးစဉ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအဖြစ် ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။

ကလင်တန်သည် နေပြည်တော်ရှိ အစိုးရအဖွဲ့အစည်းများနှင့် ဒီဇင်ဘာ ၁ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ညနေပိုင်းတွင် ရန်ကုန်သို့ ရောက်ရှိကာ ရွှေတိဂုံဘုရားကို သွားရောက်ဖူးမြော်ခဲ့ကြောင်း ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ညစာစားခဲ့သည်ဟု သတင်းများတွင်ဖေါ်ပြကြသည်။

ယနေ့ညနေပိုင်းတွင် ဟီလာရီကလင်တန်သည် သူမ၏လေယာဉ်ခရီးစဉ်ဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

မွန်ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုတည်းသာရှိသင့်ဟု AMDP ကြေညာချက်ထုတ်

မင်းသုတ– အနာဂတ်တွင် မွန်အမျိုးသားတို့ကို ကိုယ်စားပြုသော နိုင်ငံရေးပါတီတစ်ခုတည်းသာ ရှိသင့်သည်ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ All Mon Region Democracy Party (AMDP) (ဗဟို) က သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏သဘောထားကြေညာချက်(၂/၂၀၁၁) (Photo- AMDP)မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၏သဘောထားကြေညာချက်(၂/၂၀၁၁) (Photo- AMDP)

“အဓိကကျနော်တို့လိုလားတာက ကျနော်တို့မွန်တိုင်းရင်းသားတွေအနေနဲ့ တရားဝင်နိုင်ငံရေးတရပ်ပဲရှိသင့်တယ်” ဟု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း(ခေါ်) နိုင်ဂျနူမွန်က Continue reading “မွန်ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုတည်းသာရှိသင့်ဟု AMDP ကြေညာချက်ထုတ်”

ဘုရားသုံးဆူမြို့၌ ဒီကေဘီအေ လက်နက်ကိုင်ဆောင်ခွင့်မရ-Imna News

မင်းသုတ – ယခုလဆန်းပိုင်းတွင် မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်ခဲ့သော ဒီကေဘီအေတပ်ဖွဲ့ဝင်များ  ထိုင်းမြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့နှင့် အနီးပတ်ဝန်းကျင်သို့ လက်နက်ကိုင်ဆောင် သွားလာခွင့်မပြုကြောင်း အမည်မဖေါ်လိုသည့် မြန်မာအရာရှိတဦးက ပြောသည်။

ယမန်နှစ်တွင် ဒီကေဘီအေတပ်ဖွဲ့စီးနင်းတိုက်ခိုက်သဖြင့်ဘုရားသုံးဆူမြို့နေရာအချို့မီးလောင်ပျက်စီးခဲ့ရပုံယမန်နှစ်တွင် ဒီကေဘီအေတပ်ဖွဲ့စီးနင်းတိုက်ခိုက်သဖြင့်ဘုရားသုံးဆူမြို့နေရာအချို့မီးလောင်ပျက်စီးခဲ့ရပုံ

“အရင်ကလို လက်နက်ကိုင်ပြီးမြို့ပေါ်လာခွင့်မပြုဘူး၊ လာရင်ပစ်ခတ်ဖို့အသင့်ပဲ၊ သူတို့အတွက် သတ်မှတ်ထားတဲ့ နေရာမှာပဲနေပေါ့၊ မြို့ပေါ်လာစရာအကြောင်းမှမရှိတာ” ဟု အထက်ပါအရာရှိက ပြောသည်။

၎င်းက ဘုရားသုံးဆူမြို့ပေါ်၌ ခလရ (၃၂) တပ်ရင်းနှင့် မြို့အနီးအနားပတ်ဝန်းကျင်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ခမရ (၅၆၃) တပ်ရင်းတို့ လှုပ်ရှားလျှက်ရှိသည်။

ဘုရားသုံးဆူဒေသအတွင်း လှုပ်ရှားနေသည့် ဗိုလ်ကြီးအေ၀မ်းဦးစီး ဒီကေဘီအေ တပ်ခွဲ (၃) မှ တပ်ဖွဲ့ဝင်များအား လက်နက်အပ်နှံပြီး မြို့တွင်းသို့ ပြန်လည်နေထိုင်ရန် နီးစပ်သူများထံမှ တောင်းဆိုခဲ့သည်ဟု ဗိုလ်ကြီးအေ၀မ်း ပြောကြောင်း KIC ကရင်သတင်းဌာနတွင် ဖေါ်ပြထားသည်။

ထို့အတူ မြဝတီမြို့ပေါ်တွင်လည်း အစိုးရနှင့် ဒီကေဘီအေ အပစ်ရပ်စဲခဲ့သည့် ယခင်နှစ်များကဲ့သို့ လက်နက်ကိုင်ဆောင်သွားလာခွင့်မရှိဟု မြန်မာအာဏာပိုင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီကေဘီအေဆက်ဆံရေးရုံးလာဖွင့်ထားပြီးပြီ၊ တခုပဲစိုးရိမ်နေရတယ်၊ သူတို့က KPF ယူနီဖေါင်းဝတ်ပြီး လက်နက်နဲ့သွားလာရင်တော့ အာဏာပိုင်တွေ ရုတ်တရက်ခွဲခြားနိုင်မှာမဟုတ်ဘူး၊ ဘယ်အဖွဲ့က လူတွေလည်းဆိုတာကို ခွဲခြားဖို့လည်းမလွယ်ဘူးလေ” ဟု ၄င်းကဆက်ပြောသည်။

၂၀၁၀ ရွေးကောက်ပွဲကျင်းပအပြီး နိုဝင်ဘာလ (၈) ရက်နေ့တွင် နယ်ခြားစောင့်တပ်ဖွဲ့ကိုလက်မခံသော ဗိုလ်မှူးချုပ်စောလားပွယ် ဦးဆောင်သည့် ဒီကေဘီအေတပ်ဖွဲ့သည် မြဝတီမြို့နှင့် ဘုရားသုံးဆူမြို့တဝိုက်တွင် အစိုးရတပ်များအား စတင်တိုက်ခိုက်ခဲ့ရာမှ ယခင် ၁၉၉၄ ခုနှစ်ကရရှိခဲ့သော အပစ်ရပ်စဲမှု ပျက်ပြယ်ခဲ့ရသည်။

တဖန် ယခုလ နိုဝင်ဘာ (၃) ရက်နေ့တွင် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နှင့် ဒီကေဘီအေခေါင်းဆောင်အချို့ ဘားအံမြို့တွင် နှစ်ဘက်အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် (၅) ချက်ဖြင့်  လက်မှတ်ရေးထိုးခဲ့ကြသည်။

၎င်းသဘောတူညီချက် ၅ ချက်မှာ (၁) ယခုလ (နိုဝင်ဘာ-၆) ရက်နေ့မှစပြီး နှစ်ဖက်အပစ်ရပ်ရန်သဘောတူသည်။ (၂) အပစ်ရပ်ကာလအတွင်း ဆုံစည်းမြိုင်နှင့်အနီးတဝိုက်တွင် ဒီကေဘီအေတပ်ဖွဲ့များ  ယာယီအခြေပြုရန်သဘောတူညီသည်။ (၃) မြဝတီမြို့ပေါ်တွင် ဒီကေဘီႝအေ ဆက်ဆံရေးရုံးထားရှိခွင့်ပြုသည်။ (၄) လက်နက်ဖြင့် နယ်မြေကျော်လွန်သွားလိုပါက နှစ်ဖက် တပ်ဖွဲ့များ ကြိုတင်ညှိနှိုင်းဆောင်ရွက်ပြီး သဘောတူမှုရယူရပါမည်။ (၅) ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်မှုကော်မတီနှင့် ဒီကေဘီအေခေါင်းဆောင် ဗိုလ်ချုပ်စောလားဘွယ်တို့ နှစ်ဦးနှစ်ဖက် သဘောတူညီသောနေရာ၊ နေ့ရက်အချိန်များတွင် ထာဝရငြိမ်းချမ်းရေးရရှိသည်အထိ ဆက်လက်ဆွေးနွေး သွားနိုင်ရေးများကို နှစ်ဦးနှစ်ဖက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်ဟု နိုဝင်ဘာ (၄) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ထုတ်ပြန်ထားခဲ့သည်။

http://burmese.monnews.org/?p=3512

Commentary:2010 Elections with Non-Politicians Candidates

Burma’s long-standing problems can be traced to its genuine political clashes between the country’s military rulers and its democratic opposition parties, and these same military rulers and the country’s ethnic minority . However, the military regime, the State Peace and Development Council (SPDC) does not want to solve Burma’s political problems, but instead wishes to continue maintaining its power in the upcoming 2010 elections.

The SPDC’s electoral laws and party registration laws have already prohibited active political leaders and political parties from participating in the elections, because they could not tolerated having debates with many political leaders and ethnic minority group leaders, who have long been involved in fighting for democracy and peace within Burma. For example, the laws have restricted the National League for Democracy (NLD), Daw Aung San Suu Kyi, and another ethnic minority political party, the Kachin State Progressive Party (KSPP) from participating in the elections.
This is the regime’s intention, as it does not want politically active parties and those that have political ideas to get involved in this election. This means that now in both the Union Parliament and State/Division Parliaments, there will not be many political discussion and debates. The SPDC does not want opposition parties in the country’s parliaments.
Instead, the SPDC that former government servants, low-profile and new political figures, and retired former political leaders become involved in elections. Some of these new politicians, retired government servants, and military commanders were previously involved in the 2004 – 2008 National Convention, in which many strong and active political parties boycotted.
There will be elections in Burma late in the year 2010. Participating will be elected political parties and members of parliaments from both the Union and State/Division parliaments. However, the parliaments are controlled by active representatives from the Burmese army as well as retired army commanders, and so the parliament representatives will be silent; there will be no debates, no discussions and no agendas for democratic reform in Burma.
If there is no political, social, and economical improvement within Burma in the near future, the country’s people will once again take to the streets, and demand change.

Nai Aung Naing’s MPDF group gives military training in southern Mon state

Sources report that the Mon Peace and Defense Front (MPDF), a Mon splinter group lead by former New Mon State Party (NMSP) Maj. Gen. Aung Naing, is currently leading a Burmese government-sanctioned military training in Thanphyuzayart Township, Mon State.

Allegedly, the MPDF is holding the training in hopes of attracting new members, so that it might increase its ranks enough to qualify as a State Peace and Development Council (SPDC) led Border Guard Force (BGF). IMNA’s field reporter in Thanphyuzayart Township learned that the group has been told by SPDC military authorities that the group needs 500 members to meet BGF standards. Before the commencement of its recruitment campaign in Mon State, military experts estimated that the group was comprised of roughly 20 individuals.

To increase party membership, MPDF member Nai Shwe has been leading recruitment campaigns in Ye township and La-mine sub-township; members are also campaigning in Mudon and Thanphyuzayart townships, a Lamine resident who received recruitment information explained to IMNA.

According to IMNA’s field reporter, the training began since the first week of May and thirty-eight new members attended the course, which is currently being held at a Buddhist temple in Yathaetaung village, Thanphyuzayart Township.

“Currently, the MPDF is campaigning amongst former members of New Mon State Party and graduated students [from university], ” reported the Lamine resident. Continue reading “Nai Aung Naing’s MPDF group gives military training in southern Mon state”

Thai Police seize 90 thousand amphetamine pills from DKBA

7.May

Thai police forces in Bangkok have seized a significant drug stash from traffickers linked to the Democratic Karen Buddhist Army (DKBA), stated the Thai Komchadlueknewspaper today.

The newspaper stated that the 10 DKBA drug traffickers were carrying ninety thousand amphetamine pills, 5 gram of amphetamine powder; they were reportedly arrested at 10 A.M.

yesterday morning in Ayuttaya, Bangkok.

The ten drug traffickers were reportedly holding Thai citizenship cards and smuggled the drugs from the city of Mae Sot, which link with the Burmese city of Myawaddy on the Thai-Burma border.

The DKBA, a splinter group in league with the Burmese government, broke from the Karen National Union (KNU) in 1995. The group has been afforded significant economic concessions by the Burmese military government, which allows them to conduct an array of businesses both inside Burma and on the Thai-Burma border.

Burmese battalion based under area control by ethnic groups

12 FEBRUARY 2010 16:22 Mon News

Burmese battalion MOMC No.19 have been entered into KNU area around Three Pagoda Pass (TPP)-Thanphyuzayart road last 2009 December and battalion MOMC No. 8 entered at Wan-ka-ning village last January.

“We don’t know the authorities plan, we never see like the soldiers enter to our area, I think they have some plan but we don’t know their plan” said a resident.

Most of Burmese authorities enterd that area control by KNU, now KNU brigade No.4, they have combined with the brigade No.6 a resident added.

After the New Mon State Party (NMSP) has refused Border Guard Force (BGF), the Burmese battalion LIB 282 base Tenasserim division entered to the NMSP area (Suwana buu mi village) on January 10.

“If the authorities, they didn’t form their 2010 election yet, maybe they don’t fight with ceasefire groups [like NMSP], after they finished their election if they want they will fight” said resident who close the ceasefire around (TPP) area.

“Burmese battalion have moved under control ceasefire area like guerrilla” said people who close the KNU.

Burmese authorities gave reason for that cause, (1) for security at that area (2) they focus for KNU, but they also focus NMSP.

Burmese authorities collect ration for their battalion, the authorities focus to KNU but that area is under control NMSP area.