#MNHRC #၂၂-၁၂-၂၀၁၄ #ရက်နေ့ #ဆားလင်းကြီးမြို့နယ်၊ #လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုသတင်းထုတ်ပြန်ချက

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ၂၂-၁၂-၂၀၁၄ ရက်နေ့ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အဓိကရုဏ်းဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုသတင်းထုတ်ပြန်ချက

 

10610878_324095797778024_508560290851959097_n

ဒေါ်ခင်ဝင်း ပြည်သူ့သူရဲကောင်း အသက်(၅၆)နှစ်
ဒေါ်ခင်ဝင်း
ပြည်သူ့သူရဲကောင်း
အသက်(၅၆)နှစ်

၁​၄ ဇန်နဝါရီ ​၂​၀​၁​၅
၁။ ၂၂-၁၂-၂၀၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း တောင်ကြေးနီ စီမံကိန်း ခြံစည်းရိုးကာရံရေး လုပ်ငန်းဆောင်ရွက်စဉ် ကျေးရွာသူ၊ ကျေးရွာသားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အဓိကရုဏ်းဖြစ်ပွားပြီး ဒေါ်ခင်ဝင်း၊ ၅၃ နှစ် မိုးကြိုးပြင် (အလယ်) ကျေးရွာနေသူ သေဆုံးကာ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် ရွာသား ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရသည့်အပြင် အဖြစ်မှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားစာအချို့ကိုလည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်ခံ ရရှိခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်း

၂။ အထက်ပါဖြစ်စဉ်တွင် လူ့အခွင့်အရေးဖောက်ဖျက်မှုများ ကျူးလွန်ခဲ့ခြင်း ရှိ/မရှိ စုံစမ်းစစ် ဆေးရန်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၉-၁၂-၂၀၁၄ ရက်နေ့တွင် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဦးစိုးဘုန်းမြင့်တို့ ပါဝင်သော စုံစမ်း စစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ဆောင်ရွက်ချက်အကျဉ်းချုပ်

၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၃၀-၁၂-၂၀၁၄ ရက်နေ့မှ ၂-၁-၂၀၁၅ ရက်နေ့ထိ မုံရွာမြို့နှင့် ဆားလင်းကြီးမြို့သို့ သွားရောက်၍ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ တိုင်းဆေးရုံအုပ်ကြီး၊ မှုခင်းဆရာဝန်ကြီးနှင့် ပါရဂူများ၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ အထွေထွေမန်နေဂျာ၊ ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှူးနှင့် မြို့နယ်ရဲစခန်းမှူး၊ ရွာသူ၊ ရွာသား ၅ ဦးတို့ကို တွေ့ဆုံ၍ ရှင်းလင်းတင်ပြ ချက်များနှင့် သက်သေထွက်ဆိုချက်များကို ရယူခဲ့ပါသည်။ ၃၁-၁၂-၂၀၁၄ ရက်နေ့တွင် အခင်းဖြစ်ပွား ခဲ့သည့် နေရာအား သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

၂၂-၁၂-၂၀၁၄ ရက်နေ့ အဓိကရုဏ်းတွင် အဓိကထိတွေ့မှုများ

http://www.mnhrc.org.mm/2015/01/မ%E1%80%BCန%E1%80%BAမာနိုင%E1%80%BAငံအမ%E1%80%BBိုးသာ-13/

#Myanmar #National #Human #Rights #Commission (MNHRC) #Letpadaungtaung #REPORT

The cause of death and injuries in Letpadaungtaung copper mine project is due to the police force failed to abide by the rules for using the riot gear,  Myanmar National Human Rights Commission (MNHRC)’s report released on January 14.

 

MNHRC
MNHRC

!!! #MNHRC #ကိုအောင်နိုင်(ခ) #ကိုအောင်ကျော်နိုင်(ခ) #ကိုပါကြီး #သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုထုတ်ပြန်ချက

1796414_748959795182621_3856343493957415283_n10425381_10205107284180568_8743526368104146336_n

​၂ ဒီဇင်ဘာ ​၂​၀​၁​၄
၁။ ၂၄-၁၀-၂၀၁၄ ရက်နေ့တွင် ကာကွယ်ရေးဝန်ကြီးဌာနက KKO (Klohhtoobor Karen Organization)မှ ဗိုလ်ကြီးအဆင့်ရှိ ပြန်ကြားရေးတာဝန်ခံ ကိုအောင်နိုင်ဆိုသူ သေဆုံးကြောင်း ၂၅-၁၀-၂၀၁၄ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် သတင်းထုတ်ပြန်ခဲ့ပါသည်။ ၎င်းကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ၂၈-၁၀-၂၀၁၄ ရက်နေ့တွင် မင်းသီဟန်(Education Digest)၏ “နိုင်ငံသားဂျာနယ်လစ်ကိုပါကြီး သေဆုံးမှုအပေါ် အဖြစ်မှန် အတိုင်း စုံစမ်းဖော်ထုတ်ပေးပါရန်” တိုင်တန်းချက် ကိုလည်းကောင်း၊ ရက်စွဲမပါ မသန္တာ၏ လိပ်စာ (၁၇)ခုသို့ “ဥပဒေမဲ့ မတရားဖမ်းဆီးချုပ်နှောင်ထားခြင်း” တိုင်တန်းချက်ကို လည်းကောင်း၊ ၃၁-၁၀-၂၀၁၄ ရက်နေ့တွင် မသန္တာ၏ “ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး မတရား ဖမ်းဆီးညှင်းဆဲ သတ်ဖြတ်ခံရမှုအတွက် မိသားစုမှ တိုင်ကြားတင်ပြခြင်း” တိုင်တန်းချက်ကိုလည်းကောင်း လက်ခံရရှိ ခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ချက်များ

၂။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိ/မရှိ စုံစမ်းစစ်ဆေးရန်အတွက် စုံစမ်း စစ်ဆေးရေးအဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းခဲ့ပါသည်-

(က) ဦးစစ်မြိုင်

ဒုတိယဥက္ကဋ္ဌ

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(ခ) ဦးဇော်ဝင်း

အဖွဲ့ဝင်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

(ဂ) ဒေါက်တာဉာဏ်ဇော်

အဖွဲ့ဝင်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၃။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁-၁၁-၂၀၁၄ ရက်နေ့မှ ၈-၁၁-၂၀၁၄ ရက်နေ့အထိ မော်လမြိုင် မြို့နှင့်ကျိုက်မရောမြို့များသို့ ပထမအကြိမ်သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များနှင့် အခြားသော သက်သေများကို တွေ့ဆုံစစ်ဆေးခဲ့ပါသည်။

၄။ ၅-၁၁-၂၀၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် တပ်မတော် စုံစမ်းစစ်ဆေးရေးခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်မှ နည်းဗျူဟာမှူး၊ တပ်ရင်းမှူးများနှင့် တပ်မတော်အရာရှိများ၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲအရာရှိများ၊ ဥပဒေနှင့် ဆေးပညာဌာန၊ အမှတ်(၂) ဆေးတက္ကသိုလ်၊ ရန်ကုန်မြို့မှ ပါမောက္ခ (ဌာနမှူး)နှင့် မှုခင်းဆရာဝန်ကြီးများ၊ ကျိုက်မရောမြို့နယ် တရားသူကြီး၊ သက်သေအဖြစ် ကျေးရွာ လူကြီးများ၊ ဒေါ်သန္တာနှင့်အဖွဲ့ဝင်များ၊ အလောင်းတူးဖော်ကြမည့်သူများနှင့်အတူ ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီးဆိုသူ၏ အလောင်းတူးဖော်မှုကို ကြည့်ရှုလေ့လာရန် ကျိုက်မရောမြို့နယ်၊ ရွှေဝါချောင်ကျေးရွာသို့ သွားရောက်ခဲ့ကြပါသည်။ နေ့လည် ၁:၄၅ နာရီအချိန်တွင် အလောင်းတူးဖော်မှုပြီးစီးခဲ့ပြီး အလောင်းကို မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်သို့ သယ်ဆောင်၍ ဆေးကြောခြင်း၊ ဓါတ်မှန်ရိုက်ခြင်း၊ ဒဏ်ရာဒဏ်ချက်ရှာဖွေခြင်း၊ ရင်ခွဲစစ်ဆေးခြင်း များကို ကြည့်ရှုလေ့လာခဲ့ပါသည်။

၅။ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ၁၃-၁၁-၂၀၁၄ ရက်နေ့မှ ၁၆-၁၁-၂၀၁၄ ရက်နေ့အထိ မော်လမြိုင်မြို့သို့ ဒုတိယအကြိမ်သွားရောက်၍ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ နှင့် အခြားသက်သေများကို ထပ်မံတွေ့ဆုံစစ်ဆေးခဲ့ပါသည်။

၆။ တွေ့ဆုံစစ်ဆေးခဲ့သောသက်သေများမှာ-

(က) မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီး (၁) ဦး Continue reading “!!! #MNHRC #ကိုအောင်နိုင်(ခ) #ကိုအောင်ကျော်နိုင်(ခ) #ကိုပါကြီး #သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုထုတ်ပြန်ချက”

#ကိုပါကြီး ကိစ္စ စုံစမ်းဖော်ထုတ်ရာတွင် သက်သေအဖြစ် ဆောင်ရွက်ပေးသူတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖိအားပေးဆင့်ခေါ်မှုများရှိနေ

ကိုပါကြီး ကိစ္စ စုံစမ်းဖော်ထုတ်ရာတွင် သက်သေအဖြစ် ဆောင်ရွက်ပေးသူတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖိအားပေးဆင့်ခေါ်မှုများရှိနေ
10 Nov 2014 | Yamounnar

10616718_882905585075360_4735252980003156985_nMNHRC hreatening with offical letter
ကိုပါကြီး ကိစ္စနဲ့ပတ်သက်ပြီး လူပျောက်အမှုဖွင့်ရာမှာ ကာယကံရှင်ဘက်က သက်သေအဖြစ် လိုက်ပါဆောင်ရွက်ပေးတဲ့ ဘားအံသတင်းထောက် ကိုအောင်ပ အား မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရဲ့ ဆင့်ခေါ်စာထဲတွင် ဖိအားပေးမှုတွေ ပါဝင်နေတာ တွေ့ရှိရတယ်။
ကိုပါကြီ ကိစ္စ စုံစမ်းစစ်ဆေးရန်အတွက် မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ကိုအောင်ပ ကို ဆင်ခေါ်တဲ့ နိုဝင်ဘာ ၇ ရက် ရက်စွဲတပ်ထားတဲ့ စာထဲမှာ ပုဒ်မ ၃၅ အရ စုံစမ်းစစ်ဆေးရေးပတ်သက်လို့ သတင်းအချက်အလက်ပေးနိုင်မည်ဟု ထင်ရသည့် မည်သူ့ကိုမဆို သတ်မှတ်ထားသည့်အချိန်နေရာတွင် လာရောက်သက်သေခံရန် ဆင့်ဆိုခြင်း ကတိသစ္စာပြုခြင်း၊ စစ်မေးမြန်းခြင်းနှင့် ထွက်ဆိုချက်မှာ လက်မှတ်ထိုးခြင်းတွေ ပြုလုပ်ရမှာ ဖြစ်တယ်။ ဆင့်ခေါ်ခြင်းကို အကြောင်းမဲ့ပျက်ကွက်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ် ဖြစ်တယ်လို့ ဆင့်ခေါ်စာမှာ ပါရှိတယ်။
ကိုပါကြီး နဲ့ပတ်သတ်ပြီး ကျိုက်မရောရဲစခန်းမှာ အောက်တိုဘာ ၁၉ ရက်နေ့က လူပျောက်မှုဖွင့်ခဲ့တယ်။ အဲဒီ အမှုဖွင့်ခဲ့တဲ့ ကိစ္စမှာ ကိုအောင်ပ ဟာ သက်သေတဦးအနေနဲ့ ပါဝင်ခဲ့ပါတယ်။ အခု မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဆင့်ခေါ်တာနဲ့ပတ်သက်လို့ ဘားအံအခြေစိုက် အလွတ်သတင်းထောက် ကိုအောင်ပ ကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ …
“ကိုပါကြီးအလောင်းကို မော်လမြိုင်ရင်ခွဲရုံရောက်ပြီး နောက်တနေ့မနက် ကျနော်ဆီ ဖုန်းဆက်ခေါ်တယ်။ လူ့အခွင့်အရေးကော်မရှင်က ကျနော်ကို တွေ့ချင်တယ်တဲ့ Continue reading “#ကိုပါကြီး ကိစ္စ စုံစမ်းဖော်ထုတ်ရာတွင် သက်သေအဖြစ် ဆောင်ရွက်ပေးသူတွေကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ဖိအားပေးဆင့်ခေါ်မှုများရှိနေ”