(HRW)အစီရင်ခံစာရဲ့တစ်ဘက်သတ်ဆန်နေမှုကို လက်မခံ 88 GENERATION PUBLIC RELATION

88 PUBLIC RELATION
88 Generation Position on Current Situation of Burma Regarding Arakan Conflict, Meikhtila Conflit, OIC & HRW Report
ကျွန်တော်တို့ ကတော့ –
– ဒီ( HRW)အစီရင်ခံစာမှာပါတဲ့ တစ်ဖက်သတ်ဆန်နေတဲ့ အချက်
တွေကို သဘောမတူပါဘူး။
– မျိုးတုန်းသတ်ဖြတ်မှုလည်း လုံးဝမရှိပါဘူး။
– မူဆလင်ဘာသာဝင်များကို ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ
အပါအ၀င် ဗုဒ္ဓဘာသာဝင်များကပင် ကယ်တင်စောင့်ရှောက်
ပေးခဲ့တဲ့အထောက်အထားများ အခိုင်အလုံရှိပါတယ်။
– ပဋိပက္ခတွေကြာင့် တစ်ဘက်တည်းနစ်နာခဲ့သည်
မဟုတ်ပဲ နှစ်ဖက်စလုံးမှာ နစ်နာမှုများရှိခဲ့ပါတယ်။
– ယခုဖြစ်ပွားခဲ့တဲ့ပဋိပက္ခတွေအား သာမန်ရာဇ၀တ်မှုဖြစ်ပွား
မှုတို့ကို ဘာသာရေး၊ လူမျိုးရေးကြောင့် မျိုးတုန်းသတ်ဖြတ်သည့်
အသွင် နိုင်ငံတကာသို့ ပုံဖော်ဝါဒဖြန့်ဆောင်ရွက်မှုများရှိနေပြီး အဲလိုမမှန်မကန်ဝါဒဖြန့်နေမှုများကို လုံးဝလက်မခံပါဘူး။
“ စနေကောက်နုတ်ချက် ( တစ်ပတ်အတွင်း အပြန်အလှန်ဆွေးနွေးမျှဝေခြင်း ) ”
…………………………………………………………………………“ ကျွန်တော်တို့ ၈၈-မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့
အစည်းဟာ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီ ၊ ၁၃ရက်မှုာ အကျဉ်းထောင်
အသီးသီးကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် တစ်နှစ်
ကျော်ကာလအတွင်း ဒေသခံပြည်သူတွေရဲ့ဖိတ်ကြားချက်အရ
မြန်မာနိုင်ငံတနံတလျားကို ခရီးထွက်ခဲ့ပါတယ်။ ဒီခရီးစဉ်တွေကို
“ ပွင့်လင်းခရီးစဉ် ” တွေလို့ခေါ်ပါတယ်။ အဲဒီခရီးစဉ်တွေမှာ
ဒုက္ခ၊သုက္ခခံစားနေရတဲ့ ပြည်သူလူထုတွေနဲ့ ပွင့်ပွင့်လင်းလင်း
အပြန်အလှန်ဆွေးနွေးမှုတွေကို ရင်းရင်းနှီးနှီလုပ်လေ့ရှိပါတယ်။
ပွင့်လင်းခရီးစဉ်တွေရဲ့ရည်ရွယ်ချက်အရ –
– အကြောက်တရားကင်းရေး၊
– ကိုယ့်အခွင့်အရေးကိုယ်သိသူ ဖြစ်ရေး၊
– ကိုယ့်အခွင့်အရေးကို တောင်းဆိုရဲသူ ဖြစ်ရေး၊
– ရရှိလာသောအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်
နိုင်သူဖြစ်ရေး၊
– တာဝန်ယူ၊ တာဝန်သိစိတ်ရှိသောသူဖြစ်ရေးဆိုသည့်
အချက်များကို အခြေခံပြီး အပြန်အလှန်ဆွေးနွေးမှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။ Continue reading “(HRW)အစီရင်ခံစာရဲ့တစ်ဘက်သတ်ဆန်နေမှုကို လက်မခံ 88 GENERATION PUBLIC RELATION”