10.November 2012
မေသင်္ကြန်ဟိန်(မြစ်မခ)
နိုဝင်ဘာ ၁၀ ၊ ၂၀၁၂၊ ရန်ကုန်မြို့။
အပိုင်း(၄)
ဦးစီးလွှမ်းမိုးက ထွန်းနွယ်အောင်ကိုဖမ်းထားတဲ့အချိန်က အမှတ်စဉ် ၅ သင်တန်းကာလလား သင်တန်းပြီးကာစလား သိပ်မမှတ်မိတော့ဘူး။ ထွန်းနွယ်အောင်မသေခင် ထွန်းနွယ်အောင်ကို ဖမ်းချုပ်ထားတဲ့ ကာလမှာဘဲ ABSDF ၇၀၁ ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြောင်းဖို့ လုပ်ကြတယ်။
အဲဒီထဲမှာ ကိုရဲ(ရဲလင်း) တို့ပါတယ်။ ညီညီကျော်၊လေးစိန်(ဦးစိန်)၊သန်းထွန်းစိုးတို့လည်း ပါတယ်။
အဲလို ဖွဲ့စည်းပုံပြောင်းဖို့ကိစ္စတွေလုပ်နေကြပြီ ဆိုတော့ အဲ့ဒါ ၁၉၈၉ နိုဝင်္ဘာ – ဒီဇင်ဘာ လောက်ဖြစ်နေပြီ ။
အဲ့ဒီကာလတွေမှာ ကျမတို့ ABSDF ( ၇၀၁) ဗဟို လိုင်စင်မှာ ပြသနာတွေ အဖြစ်အပျက်တွေက ရှုပ်ရှက်ခတ်နေတာဘဲ ။
အဲဒီနောက်မှာ ထွန်းနွယ်အောင်က သေတာပါ။ အဲဒီအချိန်မှာက ကျမက ဦးစီးလွှမ်းမိုးရဲ့ ရုံးမှာ အလုပ်လုပ်တယ်။ ထွန်းနွယ်အောင်သေပြီး တော်တော်များများ ရှေ့တန်းထွက်ကုန်ကြတယ် ။ ထွန်းနွယ်အောင်သေ တော့မျိုးဝင်းတော်တော် ဒေါကန်တာ ။သူ့လူ သူသိပ်အားကိုးတဲ့လူလေ ။
တကယ်တော့ ကျမက ဦးစီးလွှမ်းမိုးနဲ့ ရင်းနှီးတာတော့မရှိဘူး။ အလုပ်လုပ်ရတဲ့ အနေအထားကလည်း သူက ကိုယ့်ရဲ့ အထက်လူကြီး ဆိုတော့ သူခိုင်းတာ လုပ်ရတဲ့ ရဲမေ ပဲလေ။ Continue reading “ABSDF -ကျောင်းသူရဲမေဟောင်း နန်းအောင်ထွေးကြည်ရဲ့ မြောက်ပိုင်း ခရီး(၄) by May Thingyan Hein”