#ကိုလေးကိုသိုက်သူးဌေးသားနှင့်ရုံးအဖွဲ့အားလုံးကိုဖမ်းလိုက်ပါပြီ #Economic #Crime #Suppression #Division

“ဘတ်ငွေ ငါးဒဿမငါးဘီလီယန်ခန့်လိမ်လည်ထားသည့်ကုမ္ပဏီကိုဖမ်းပြီ”
၂၀၁၄ ခု အောက်တိုဘာလ ၂၄
မြတ်ညို(အလွတ်သတင်းထောက်)…
၅လအတွင်း အကျိုးအမြတ်ဖြစ်မည်ဆိုသည့် ဆွဲဆောင်မှုဖြင့် မြန်မာအလုပ်သမား ထောင်ချီရှိသည့် မြန်မာ အလုပ်သမားများထံမှ ဘတ်ငွေ ဘတ်ငွေ ငါးဒဿမ ငါးဘီလီယံခန့်လိမ်လည်ထားသည့် ကုမ္ပဏီအား ပူးပေါင်းအဖွဲ့များက ယနေ့ နှိမ်နင်းနိုင်လိုက်ကြောင်းသိရှိရသည်။
ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ မူဘန်းDK ၂၆လမ်း တွင်ရှိသော ဆဲဗင်းအလဲဗင်း ဈေးဆိုင် အနီးတွင်ရှိသော စံကျော်ပင် ကုမ္ပဏီ SUNJAOPING.ltd အား ထိုင်းစစ်တပ်၊ ရာဇ၀တ်မှုတိုက်ဖျက် နှိမ်နင်း ရေးအထူး ရဲတပ်ဖွဲ့ Economic Crime Suppression Division မြန်မာသံရုံးအလုပ်သမား ကူညီစောင့် ရှောက် ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လက စတင်၍ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT သို့၊ TIN SAN DAR WIN TE- 036141 WIN WIN KHAING@WIN KHAI KT-045420,THEIN ZAW TUN@AIR KT-326714 ကိုင်ဆောင်ထားသူသုံးဦးတို့က စတင်တိုင်ကြား ခဲ့သည်။ ထိုအလုပ်သမားတို့သည် စန်ကျောင်ပင်ကုမ္မဏီသို့ ၂၀၁၄ ခုဖေဖေါ် ၀ါရီလ ၇ ရက်နေ့က စတင် ဝင်ရောက်ခဲ့သည်။ ၀င်ကြေး ၁၂,၅၀၀ ဘတ်သွင်းရ သည်။ စဝင်သည့်အချိန်မှစ၍ ကုမ္ပဏီမှ ရောင်းချ သည့်ပစ္စည်းများအား တစ်လ လျှင်ဘတ်ငွေ ၁,၀၀၀ ဖိုးစီ၊ ၅လတိုင် တိုင်ဝယ် ယူရမည်ဖြစ်သည်။ ၅လ ပြည့်ပြီး လျှင် ကုမ္ပဏီမှ တစ်ဦးစီ ၄၅,၀၀၀ ဘတ် ပြန်လည်အကျိုးခံစားရမည်ဟု

10520823_555698387909259_1145140984706561437_n10668895_555698354575929_5781883054639798485_o10668932_555698407909257_1674794193793074741_o

မြန်ပြည်သားတို့အားလိမ်ညာနေသောစန်ကျောင်ပင်ကိုထိုင်းနယ်မြေခံဗိုလ်မှုးစစ်လချိုင်ဖန်ထစ်နှင့်Economic Crime Suppression Divisionပူးပေါင်းအဖွဲ့မှဖမ်းစီးလိုက်ပြီ
23.10.2014
3.2မိနစ်
တွဲလက်ညီ

ဒီပွဲဖြစ်မလားဟဟဟ

10689961_1512898122300103_6193536347161370332_n 1619172_1512899078966674_3186850321237450051_n10629581_1512899335633315_7350772862296603506_n

1959485_1513402705582978_1419654285079646427_n65527_1513364475586801_8066392681075297362_n

10380913_1513364202253495_2693116240895409396_n10620603_1513364388920143_5366625494918732326_n10616538_1513364285586820_7407902218895142239_n1010391_1512912178965364_919506361882884464_n397512_1513362188920363_6881894817319503149_n10440851_1513361512253764_7706177648699590422_n1383622_1512896238966958_2670746422044273845_n

#THAI #MYANMAR #MAT #7.10. # နေ့လည် ၃ နာရီခန့်က အလုပ်လုပ်ရင်း စက်ထဲညှပ်ပါသွား၍ သေဆုံးနေပုံပါ။

ထိုင်းနိုင်ငံ ဘန်ကောက် ဘန်ဖီမြို့ ထေဖရပ်လမ်းမ ထိုင်ပကန်ရပ်ကွက်ရှိ အုန်းသီးရုံတွင် အလုပ်လုပ်နေသော ကျောင်းသားအရွယ် ၁၆ နှစ်ခန့် (ပဲခူးတိုင်းဒေသမှဟု ပြောနေကြသည်)

7.10.2014 နေ့လည် ၃ နာရီခန့်က အလုပ်လုပ်ရင်း စက်ထဲညှပ်ပါသွား၍ သေဆုံးနေပုံပါ။
အလုပ်ရှင်မှ ပုလိပ်နဲ့ညှိနှိုင်ပြီးအမှုပိတ်လိုက်ပါသည်။ သေဆုံးသူအတွက် လျော်ကြေးငွေ
ဘတ်80000 Bhatပဲ လျှော်ပေးပါသည်။
လက်ရှိ MATအဖွဲ့မှ အမှုစစ် ကို Ba Khetမှ ဆောင်ရွက်လျက်ရှိပါသည်။
အလုပ်ရုံတည်နေရာ
Thai Agri Foods Public Company Limited.
155/1 Moo 1 TheParak Road.
Bangsaothong, Bangplee,
Samutprakarn 10540
Thailand.
Head Office :
Tel : (662) 315-4171-6
Fax : (662) 315-4169, (662) 315-4188
by အဘ ကိုဖြိုး သစ်ဆန်း

1959509_580904318704250_1445225354199351049_n10155322_580904262037589_7718045938209277756_n

MAT “ငါးဖမ်းလှေမှမြန်မာ၆ဦးအားကယ်တင်”

“ငါးဖမ်းလှေမှမြန်မာ၆ဦးအားကယ်တင်”

၂၀၁၄ မေ ၂ ရက်၊ ကိုတီး

 

10152421_454602841352148_3042556642527061252_n1010369_454602821352150_7856531655879169546_n

ငါးဖမ်းလှေပေါ်တွင် ၈လကြာရောင်းစားခံနေခဲ့ရသည့်အလုပ်သမား ၃ဦးအပါအ၀င် အလုပ်သမား၆ဦးတို့ အား ယမန်နေ့ညနေက ဘန်ကောက်မြို့ အခြေစိုက် MATအဖွဲ့၊ ဖန်ငအေခြစိုက် ပညာရေးဖေါင်ဒေးရှင်းFED နှင့် ချောင်းစမေးစံ ရွာလူကြီးအကူညီဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့သည် ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော် အကွာတွင်ရှိ သောခြုံဘူရီခရိုင်၊ ချောင်းစ မေးစံ ငွေလာစင်တံတားမှ လှေအမှတ်
YC 12 ပေါ်တွင် ရောင်းစားခံခဲ့ရသူများဖြစ်ကြသည်။

ပြန်လည်လွတ်မြောက်လာသူများမှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်မှ၃ဦး၊ ဖျာပုံမှ ၁ဦးနှင့် ပဲခူးမှ ၂ဦး ဖြစ်ကြသည်။ ၎င်းတို့သည် ငါးဖမ်းလှေပေါ်တွင် အများ ဆုံး၈လမှအနည်းဆုံး ဆယ်ရက်ကျော် အထိအလုပ် လုပ်ခဲ့ကြရသူများ ဖြစ်ကြသည်။

လွတ်မြောက်လာသူများထဲတွင် ပါဝင်သည့် ရခိုင်အလုပ်သမား ၃ဦးတို့မှာ ဧပြီလ ၂၅ ရက်နေ့က ဘန်ကောက်မြို့တွင် ၄ရက်နှင့် ၃ည အခန်းပိတ်လှောင် ခံနေခဲ့ရသည့် ရခိုင်အလုပ်သမ၏ ခင်ပွန်းနှင့် ခဲအိုတို့ပါဝင်ကြသည်။ ၎င်းတို့ သုံးဦးအားတစ်ဦးလျှင် ဘတ်ငွေ ၁၆,၀၀၀ ဖြင့်ဘန်ကောက်မှပွဲစား အမျိုးသမီး တစ်ဦးက ရောင်းစားခဲ့ခြင်းဖြစ်သည်။ Continue reading “MAT “ငါးဖမ်းလှေမှမြန်မာ၆ဦးအားကယ်တင်””

MAT: စောစောစီစီး အကူအညီတောင်လာသဖြင့် မိမိကလည်း ထပ်မံပြီး ကူညီ ဆောင်ရွက်ပေးနိုင်သူ များအားအကူအညီ ထပ်မံ တောင်းခံလိုက်ခြင်း ။

စောစောစီစီး အကူအညီတောင်လာသဖြင့် မိမိကလည်း ထပ်မံပြီး ကူညီ ဆောင်ရွက်ပေးနိုင်သူ များအားအကူအညီ ထပ်မံ တောင်းခံလိုက်ခြင်း ။
……………………………………………………………………………………………………………………

30 .11 .2013 ယနေ့  နံနက် (၇ ) နာကျော်က ထိုင်းနိုင်ငံ ပတ္ထယာမြို့ တွင် အလုပ်လုပ်နေသော
မောင်ကျော်လွင်က အကူအညီတောင်းလာပါသည်

မြန်မာနိုင်ငံ မြ၀တီမြို့ မှ ပွဲစားများက ပါတ်စပို့ လုပ်ပေးလိုက်ပြီး မဲဆောက်မြို့ကနေ ယမန်နေ့ ည (၉)
နာရီ ၁၅ မိနစ်က ဘန်ကောက်မြို့ သို့  ထွက်ခွါလာသော ၂ထပ် ခရီးသည် ကါးကြီးတွင် စီနင်းလိုက်ပါလာသူ
ကျောက်ကြီးမြို့ နယ် အောင်းကြီး အုပ်စု ညောင်ပင်သာကျေးရွာ မှ မခိုင်အေး အသက် (၃၂ ) နှစ်သည် ပထမဆုံး မြို့ အထွက်က ဟွေ့ ဟင်ဖွန်
စစ်ဆေးရေးဂိတ်က စစ်ဆေးပြီး ပါတ်စပို့ အတု ဖြစ်နေမှန်း မသိဖြစ်ကါ ကိုင်ဆောင်ကါ တက်လာချိန်တွင်

၎င်းဂိတ်က ဖမ်းဆည်းလိုက်သည် ဟု ပြောပြသဖြင့် နားလည်သူများက မသိသေးသူများကို ထိုင်းနိုင်ငံတွင် ကိုင်ဆောင်နေကြသော ယာယီ သူများ ပါတ်စပို့ ကို တက်လာချင်သူ ၏ ဓါတ်ပုံဖြင့် စကင်ဖတ် ပုံပြောင်းပေးပြီး အတက်ခိုင်းကါ ငွေယူပြီး ဆောင်ရွက်သူများက လုပ်ပေးနေပါသဖြင့်

နောင် ထပ်မံပြီး ဒုက္ခမရောက်ကြစေရန် ၀ိုင်းဝန်းကူညီအသိပေးကြပါရန် ယခု အချိန်တွင် ပါတ်စပို့ များကို နိုင်ငံတော် အစိုးရက လောလောဆယ် မြ၀တီမြို့ တွင် လုပ်ငန်း မစသေးဘူးဆိုတာ သိထားကြရန် နှင့် မဲဆောက်မှာ ရှိနေကြသော ကူညီရေး
အဖွဲ့ များက ကူညီဆောင်ရွက်ပေးနိုင်ပါက ဖြေရှင်း ကူညီဆောင်ရွက်ပေးပါရန် ထပ်မံပြီး အသိပေး တောင်းခံအပ်ပါသည် ။

အသေးစိတ်သိလိုပါက
မောင်ကျော်လွင် ဖုန်း 085 383 6946

မှတ်ချက် … အခု ဖုန်းပြန်ဆက်လာပါသည် ဘတ်ငွေ တထောင်တောင်း လိုက်ပြီး အမှု မဖွင့်ဘဲ မြ၀တီ ဘက် ပြန်ပို့ ပေးလိုက်သည်ဟု ဖုန်းထိုး လာပါပြီ

1426278_367295733416193_1616093191_n

MAT -“နှလုံးရောဂါဖြင့်မြန်မာအလုပ်သမားတစ်ဦးသေဆုံး”

“နှလုံးရောဂါဖြင့်မြန်မာအလုပ်သမားတစ်ဦးသေဆုံး”1476164_364769937002106_2117083150_n-1

နိုဝင်ဘာ ၂၆ မြတ်ညို(အလွတ်သတင်းထောက်

ဘန်ကောက်မြို့ ဘန်ဘော်စံ အရပ်တွင်ရှိသော ကီလိုချိန်ခွင် များထုတ်လုပ်သည့် အလုပ်ရုံအလုပ် သမား တစ်ဦး နှလုံးရောဂါဖြင့် ဘန်မကော်ကောက် (အမှတ်၉) အင်တာနယ်ရှင်နယ် ဆေးရုံကြီးတွင် ကွယ်လွန် သွားခဲ့ရာ ယမန်နေ့ညနေပိုင်းက သဂြိုဟ် လိုက်ပြီးဖြစ်ကြောင်းသိရှိရသည်။

မကွေးတိုင်း ကုန်ကန်ရွာ မှ အဖ ဦးကံရှိန်+ဒေါ်မြစံပယ် တို့၏ သား အသက် ၂၃ နှစ် အရွယ် မောင်ဇော်ဝင်းရှိန် သည် လုပ်ငန်းခွင် အတွင်း အမောဖေါက်လာသဖြင့် ဘန်ကောက်မြို့ အယ်ကချိုင်လမ်း တွင်ရှိသော ဘန်မကော်ပက်(အမှတ်၈)ဆေးရုံ သို့ ဦးစွာတင်ပို့ခဲ့ပါသည်။ ထိုဆေးရုံတွင် တစ်ရက်တစ်ညကု သပြီး၍ အမှတ်(၉) ဆေးရုံကြီးသို့ထပ် မံပြောင်းရွှေ့ ကုသစဉ် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။ အဆင့်မြင့်ဆေးဝါးကုသခံယူရမှု အပါအ၀င် သဂြိုဟ်စရိတ်ပါ ဘတ်ငွေ လေးသောင်း ထက် မနည်း ကုန်ကျခဲ့သည်။ အလုပ်သမားများနှင့်စေတနာရှင်တချို့တို့၏ အရပ်ရပ် အလှူငွေ ဘတ်ငွေ တစ်သောင်း ကျော်ရရှိခဲ့သည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ တရားရုံးအမှုတွဲ ဘာသာပြန် ကိုဘခက် က“ ဒီအလုပ်ရုံက အလုပ် သမား ၈ယောက်က ကျနော်တို့ ဆီမှာ သူတို့သူဌေး ပတ်စပို့သိမ်းထား တယ်ဆိုပြီး အကူညီတောင်းထား တာဖြစ်တယ်။ ခု ကွယ်လွန်သွားတဲ့သူဟာ ဒီအ ထဲ က အပါအ၀င်ဖြစ်တယ်။ ဆေးရုံတင်ရေးကအစ သဂြိုဟ်ပြီးစီးတဲ့အထိ အစအဆုံးကူညီပေး လိုက်ရ တယ်။ ငွေတွေလည်း ကျနော်တို့ပဲ စိုက်ထားရ တယ်။ ဗမာပြည်က မိဘတွေကတော့ ကောင်းကောင်း မွန်မွန် သဂြိုဟ်ပေးပါ။ ငွေပြန်ပေးမယ် လို့ တော့ပြောပါတယ်” ဟု ပြောဆိုသည်။

အလုပ်သမားများမှာ မိမိလုပ်အားခများဖြင့် ပတ်စပို့တစ်ခုအတွက် လုပ်ငန်းရှင် သူဌေးက အလုပ်သမားများထံမှ ပတ်စပို့အတွက် ဘတ်ငွေ ၁၂,၀၀၀မှ ၁၈,၀၀၀ ဖြတ်တောက်၍ လုပ်ကိုင် ထားကြရသော်လည်း ပတ်စပို့ ကိုင်ဆောင်ခွင့်မရ၍ MATအဖွဲ့သို့ အကူညီ တောင်းခံ ထားခြင်းဖြစ်သည်။

သေဆုံးသွားသည့်အလုပ်သမားသည် မိမိပတ်စပို့ ကို ကိုယ်ဆောင်ခွင့်ရချင် သည့်စိတ်ဆန္ဒပြင်ပြစွာရှိ ခဲ့သော် လည်း ကိုင်ဆောင်ခွင့် မရရှိသွားသဖြင့် အထူးစိတ်မကောင်းဖြစ်ရကြောင်း ကိုဘခက် က ပြော သည်။

https://www.facebook.com/pages/ရေ%E1%82%8Aလုပ်သား/294849193994181

လူကုန်ကူးသူများ မဖတ်ရ”

1472070_364570703688696_2138945140_n
မဲဆောက်က လာတဲ့အလုပ်သမား ၁၃ ယောက် ဘန်ကောက်နဲ့ မဟာချိုင်ကို လာကြတယ်။ လမ်းစရိတ် ကို တစ်ချို့က အကျေပေး/ တစ်ချို့က တ၀က်စီ ပေးချေထားပြီးဖြစ်တယ်လို့ မိသားစုတွေက ပြောကြတယ်။
ပင်လယ်ငါးဖမ်းလုပ်ငန်း တည်ရှိရာ နေရာတစ်ခု ဖြစ်တဲ့ ထိုင်းနိုင်ငံ ခြုံဘူရီ ခရိုင် အချောင်လှေဆိပ်မှာပါတဲ့။ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့ က၊ ငါးဖမ်းလှေမှာ ရောင်းစားခံရရင်လည်း အဲဒီငါးဖမ်းလှေရဲ့နံပါတ် လှေနာမည် ထိုင်းလိုရေးထားတာ ကို အတိအကျပြနိုင်ရမယ်။ ပွဲစားဓါတ်ပုံကို ပြနိုင်ရမယ်။ နေရာကိုတိတိကျကျ မြေပုံ ရေးဆွဲပြနိုင်ရမယ် လို့ဆိုပါတယ်။ Continue reading “MAT -“နှလုံးရောဂါဖြင့်မြန်မာအလုပ်သမားတစ်ဦးသေဆုံး””

MAT: လုပ်ငန်းရှင်သိမ်းထားသည့်ပတ်စပို့ပြန်ရပြီ”

ထိုင်းနိုင်ငံ မဟာချိုင်မြို့၌ နိုဝင်ဘာလ၅ရက်နေ့ ည၁၂နာရီဝန်ကျင်အချိန်၌ ယူနီကော့လုံငန်းအနီး၌ မုန့်နှင့်အချိုရည်များရောင်းစားနေသည့် အသက် ၄၀၀န်းကျင်ရှိ ထိုင်းလူမျိုးအဖိုးကြီးတစ်ဦး အသက်ခံရမှု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါလူသက်တရားကို ယမန်နေ့၌ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါသည်။
လူသက်တရားခံမှာ ယူနီကော့အလုပ်ရုံး၌ အလုပ်လုပ်ကိုင်နေပြီး
အဆိုပါအလုပ်ရုံးအနီးရှိ ၀ပ်ထောင်ရပ်ကွက်၌ နေထိုင်သူ မြန်မာနိုင်ငံ သားဖြစ်သူ အသက် ၂၁နှစ်အရွယ်ရှိ စည်သူဆိုသူဟု သိရပါသည်။

သတင်းဓာတ်ပုံ-မဟာချိုင်သတင်းဌာန

MAT

##########################

လုပ်ငန်းရှင်သိမ်းထားသည့်ပတ်စပို့ပြန်ရပြီ”

နိုဝင်ဘာ ၁၃ မြတ်ညို(အလွတ်သတင်းထောက်)

ဘန်ကောက်မြို့၊ ကထုန်ဘန်အနီး စိုင်းစီ ရပ်ကွက် တလာစီစဘို တွင်ရှိသော မော်တော်ဆိုင်ကယ်အပို ပစ္စည်းထုတ်လုပ်သည့် အိမ်တွင်းမှုအလုပ်ရုံ အလုပ် သမား၂ဦးထံမှ ပတ်စပို့အား လုပ်ငန်းရှင်က သိမ်း ထား ခဲ့သည်ကို ယမန်နေ့က ပြန်လည် ရရှိခဲ့ပြီးဖြစ် သည်။

ပဲခူးတိုင်း ဝေါမြို့နယ် ဒလနွမ်းမှ မဖြူဖြူသန်း နှင့် စနေမ တို့ထံမှ အောက်တိုဘာ ၂၉ ရက်ကတည်း တစ်ဦးစီ ဘတ်၂၀၀ စီယူ၍ ရက်၉၀ တံဆိပ်တုံး ထုမည်ဟု ဆိုကာ ယူသွားခဲ့ပြီးနောက် မပေးပဲနေခဲ့သည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MAT သို့ အကူညီတောင်း ခံ ခဲ့သဖြင့် တောင်းခံပေးနိုင် ခဲ့ခြင်းဖြစ်သည်။

မ စနေမ က “ စုစုပေါင်း ၁၂ ရက်ကြာခဲ့တယ်။ ပုလိပ်ကြေးဆိုပြီး တစ်လကိုလည်း ဘတ်ငွေ ၆၀၀ ဖြတ်တယ်။ နင်တို့ တိုင်ချင်ရာမှာတိုင် ပတ်စပို့ပြန်မပေးတော့ဘူးဆိုပြီး လုပ်တာ။ ခုလိုကူညီပေးကြ တဲ့အတွက် ကျေး ဇူးတင် ပါတယ်” ဟုပြောသည်။

ဥပဒေကြောင်းအရ အလုပ်သမားများ၏ ပတ်စပို့မှာ အလုပ်သမားများ ၏ လက်ဝယ်တွင် ထားရှိရ မည်ဖြစ်သော်လည်း ထိုင်းလုပ်ငန်းရှင်အချို့မှာ ပတ်စပို့ကိုသိမ်းထားခြင်း၊ ရက်ပေါင်ယူ ထားခြင်းများဖြင့် အလုပ်သမားများ အလုပ်မထွက်သွားစေရန် ညှင်းဆဲညစ်ပတ်သည့်နည်းကို သုံးလေ့ရှိသည်။

1000278_358447330967700_977324089_nMIGRANTS

MAT- ထိုင်းအမျိုးသမီးကို မြန်မာအလုပ်သမား၂ဦးအဓမ္မပြုကျင့်”

ထိုင်းအမျိုးသမီးကို မြန်မာအလုပ်သမား၂ဦးအဓမ္မပြုကျင့်”

MAT

နိုဝင်ဘာ ၁၁ (ကိုတီး)

ဘန်ကောက်မြို့မြောက်ဘက် ၄၆ကီလို မီတာအကွာတွင်ရှိသော ပထုံဌာနီနယ်မြေ အမှတ်ရ ၇ ရေမြောင်းအမှတ်(၁)ရပ်ကွက်တွင်ရှိသော ချင်လ ဘန်ခန် ကားလမ်းမ နံဘေးတစ်နေရာတွင်ယမန်နေ့ ညဥ့် ၁နာရီခန့်တွင် အလုပ်မှ ပြန်လာသည့် ထိုင်း အမျိုးသမီးငယ် တစ်ဦးအား မြန်မာအလုပ် သမား ၂ဦးက အဓမ္မပြုကျင့်ကြောင်း ထိုင်းရတ်သတင်းစာ တွင် ဖေါ်ပြထားသည်။

အသက် ၁၈နှစ်အောက်အရွယ် apple အမည်ရှိ ထိုင်းအမျိုးသမီး ငယ်တစ်ဦး အား မြန်မာ ၂ဦးက အဓမ္မပြုကျင့်ရာ အော်ဟစ် အကူညီတောင်းသဖြင့် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖမ်းဆီးသဖြင့် အသက် ၂၆နှစ် အရွယ် မောင်ကျော်နိုင် ဆိုသူအားထိုင်းရဲများကဖမ်းဆီးမိခဲ့သည်။ အခြားတစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
appleကသူမအော်ဟစ်သဖြင့်မျက်နှာကိုလက်သီးဖြင့်အထိုးခံခဲ့ရကြောင်းထွက်ဆိုသည်။

မောင်ကျော်နိုင်က အရက်မူ၍ လုပ်ခဲ့မိကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ ရဲစခန်းက ဥပဒေကြောင်းအရ ဆက်လက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းစာတွင်ရေးသားထားသည်။

————–

ထိုင်းအလုပ်သမားတစ်ဦးအား ရခိုင်အလုပ်သမတစ်ဦးက ဓါးဖြင့်ထိုး”

နိုဝင်ဘာ ၁၁ (မင်းဘခက်)

မဟာချိုင်နယ်မြေ CPF ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် စကားအချေအတင်ဖြစ်ရာမှ ထိုင်းယောက်ျားလျှာ အလုပ်သမားတစ်ဦးအား ရခိုင်အလုပ်သမ တစ်ဦးကဓါးဖြင့်ထိုးလိုက်ကြောင်း သိရှိရသည်။

အသက် ၂၃ နှစ်အရွယ် မစောမြနွယ် သည် နိုဝင်ဘာလ ၇ရက်နေ့ နေ့လည် ထမင်းစားနား ခါနီး နေ့လည် ၁၁နာရီခွဲအချိန်တွင် ထိုင်းယောက်ျား လျှာ နှင့် စကားပြောနေသည့် သူငယ်ချင်းဖြစ်သူ မ….. အား ထမင်းအတူတူစားကြရန် သွားခေါ်ခဲ့သည်။ ထိုအခါ ထိုင်းယောက်ျားလျှာက ခေါ်ရကောင်းလား ဟူ၍ မစောမြနွယ် ၏ လည်ပင်းကို ညှစ်ပါသည်။

မစောမြနွယ် က ကြောက်လန့်သွားပြီး ပုဇွန် အသားနွှာသည့် ဓါးဖြင့် ယောက်ျားလျှာ၏ ၀မ်းဗိုက် ကို ထိုးလိုက် မိကြောင်း ရဲစခန်း တွင် ထွက်ဆိုပါသည်။ ယခုအခါ မစောမြနွယ် အား မဟာချိုင် ထောင်ချုပ် တွင် ခံနေရပြီး ထိုင်းယောက်ျားလျှာမှာ အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း၊ ဒဏ်ရာသက် သာသွားပြီြး ဖစ်ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ အဖဦးလှမောင် +ဒေါ်ခင်စန်းရီ တို့၏သမီး မစောမြနွယ် မှာ အပျို တစ်ဦးဖြစ်ပြီး သူမ၏ အမှုကိစ္စအား မှန်ကန်စွာ ဖြစ်တည်နိုင်ရေးအတွက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်းဒေးရှင် FED မှ ရှေ့နေနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ကကူညီနိုင်ရန် ပြင်ဆင်နေကြ ကြောင်း သိရှိရသည်

539752_357959854349781_1282956596_n

MAT-“မြန်မာသံအမတ်ကြီး ဦးတင်ဝင်း မြန်မာအလုပ်သမားများနှင့်တွေ့ဆုံ”

“မြန်မာသံအမတ်ကြီး ဦးတင်ဝင်း မြန်မာအလုပ်သမားများနှင့်တွေ့ဆုံ”
MAT

နိုဝင်ဘာ ၁၀ (မင်းဘခက်)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနှင့် သံအရာရှိများ မဟာချိုင်မြို့ ဘန်ပါ ရပ်ကွက်တွင်ရှိသော ၀ပ်ပါချိုင်လန်စီ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် အလုပ်သမားစာ သင်ကျောင်းတွင် မြန်မာရွှေ့ ပြောင်းအလုပ် သမားများနှင့် တွေ့ဆုံခဲပြီး အလှူငွေများပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ၏ ဖိတ်ကြားချက် အရ မြန်မာ သံအဖွဲ့တို့က လာရောက် ခဲ့ခြင်းဖြစ်သည်။ သံအမတ်ကြီး က ပညာရွှေစင် စာသင်ကျောင်း ရံပုံငွေ အတွက် ဘတ်ငွေနှစ်သောင်း နှင့် MAT အဖွဲ့သို့ ဘတ်ငွေ နှစ်သောင်း လှူဒါန်းသည့်အပြင် ကျောင်းထိုင် ထိုင်းဆရာ တော် ဒေါက်တာ မဟာမာန် ကိုလည်း ၀ထ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
အလုပ်သမားများအား မြန်မာသံအမတ်ကြီးက နုတ်ဆက်စကားပြောကြားရာတွင် ပြည်ပသို့ ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားဟူသမျှ တရားဝင် သည်ဖြစ်စေ မ၀င်သည်ဖြစ်စေ စောင့်ရှောက်ရမည့်တာဝန် မှာ မြန်မာသံရုံး၏တာဝန်ပင်ဖြစ်ကြောင်း၊ သုံးသန်းထက်မနည်းရှိနေ သည့် ရွှေ့ပြောင်းအလုပ်သမားအရေး အတွက်အရ နေတဓူဝ ပြဿနာအားလုံးတို့ကိုရှင်းပေးနိုင်မည်မဟုတ်သော်လည်း လိုအပ်သည့် ကိစ္စရပ် များ အား အချက်အလက်အပြည့်အစုံဖြင့်တင်ပြပါက ထိုင်းပြည်ထဲရေးဝန်ကြီး ဌာနနှင့် အလုပ်သမား ၀န်ကြီးဌာန တို့အား အလျှင်အမြန် အကြောင်းကြားပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“ထိုင်းမှာနေတဲ့အခါမှာ ကိုယ့်နိုင်ငံသားအချင်းချင်း သည်းခံစိတ်နဲ့ပေါင်းသင်း ဆက်ကြရမှာဖြစ်သလို ထိုင်းနိုင်ငံက ပြဌာန်းထားတဲ့ ဥပဒေ တွေကိုလည်းလိုက်နာကြရမယ်။

ငွေစုကြ၊ ပညာရှာကြ၊ မိမိရည်မှန်း ထားသ လောက် စုမိတာနဲ့ မိမိတိုင်းပြည်ကို ပြန်ကြပါ။ မြန်မာနိုင်ငံမှာလည်း အလုပ်အကိုင်အခွင့် အလမ်းတွေဖေါ်ထုတ် နေပြီဖြစ်တာကြောင့် မကြာခင် ကိုယ့်တိုင်းပြည်ကို ပြန်ပြီးအလုပ် လုပ်နိုင်ကြတော့ မှာဖြစ်တယ်။ ၂၀၁၅ ခုနှစ်မှာ လက်ရှိဝင်ငွေထက် ၃ဆတိုးအောင် နိုင်ငံတော်အစိုးရအနေနဲ့ စီစဉ်ဆောင် ရွက်နေကြတယ်။ မကြာ သောကာလမှာ တိုင်ပြည်ဖွံ့ဖြိုးတိုးတက်လာတော့မှာဖြစ်တယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးဟာ တိုင်းပြည် ငြိမ်းချမ်းမှ ဖြစ်မှာဖြစ်တာကြောင့် ယခုဆိုရင် လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့နဲ့ အပစ် ခတ် ရပ်စဲရေး သဘောတူညီ ခဲ့ကြပြီးဖြစ်ပါတယ်” ဟု ရာချီရှိသည့် အလုပ်သမားများ အား ပြောဆိုသွားခဲ့သည်။

မဟာချိုင်အလုပ်သမားများက မေးမြန်းကြသည့် ပတ်စပို့ရှိလျှက်နှင့် ထိုင်းရဲဖမ်းဆီးခြင်းကိစ္စ၊ မဲဆောက်သို့ သွားလျှင် ဂိတ်များတွင် ပိုက်ဆံပေး ရခြင်းကိစ္စ၊ နှင့် လုံခြုံမှုမရှိသည့် ကိစ္စရပ်များအပြင် အလုပ်သမားများ၏ ကလေးငယ်များအတွက် ထိုင်း အစိုးရက တရားဝင်နေထိုင်ခွင့် ဗီဇာမလုပ်ပေး သည့်ကိစ္စရပ်များကိုဖြေကြား ခဲ့သည်။

“ပုလိပ်ဖမ်းတာတို့ မတရားအနိုင်ကျင့်ခံရ တာ တို့ရှိရင်၊ အချက်အလက်အပြည့်အစုံနဲ့ မှတ်တမ်းမှတ်ရာတွေနဲ့ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် နဲ့ တတိယအတွင်းဝန် ဦးထွန်းအေး တို့ဆီကို အကူညီ တောင်းကြပါ။ ကိုကျော်သောင်းတို့ ကူညီစောင့်ရှောက်ကော်မတီဆီကို ပို့ပါ။ အတတ်နိုင်ဆုံး ကူညီ ပေးပါမယ်” ဟု အလေးနက်ပြောဆိုသွားခဲ့သဖြင့် အလုပ်သမားများ အထူးဝမ်းမြောက်ကျေနပ်ကြသည်။

MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “အစိုးရသစ်လက်ထက်မှာ နိုင်ငံတော်လူကြီးတွေ သာမန်အလုပ်သမားတွေနဲ့ အခုလို နီးနီးကပ်ကပ် ထိတွေ့ ဆက်ဆံလာတာဟာ တကယ့်အပြောင်း အလဲကြီး ဖြစ်ပါတယ်။ ကျနော်တို့လို လူထုအခြေပြု အဖွဲ့အစည်းတွေ၊ အင်ဂျီအိုတွေ ကို သံရုံးထဲကို ဖိတ်ကြားပြီး ကော်မတီဖွဲ့တာတွေ၊ အမှုအခင်းတွေ အတွက် ထိုင်းအစိုးရကိုတင်ပြဖို့လိုအပ်တဲ့ သံရုံး စာရွက်စာတမ်းတွေကို အလျှင်အမြန် ထုတ်ပေး တာတွေဟာ အထူးလေးစားဖို့ကောင်းပါတယ်။ စနစ်တကျဖြစ်ဖို့အတွက်တော့ အလုပ်သမားအရေး အတွေ့ အကြုံရှိတဲ့ သူတွေ၊ မြန်မာအလုပ်သမားအရေးကို နှစ်ပေါင်းများစွာ လုပ်လာခဲ့ကြ တဲ့ ထိုင်းရှေ့နေကြီးတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ စကားစမြည်းပြောပြီး သူတို့တွေဆီက အကြံပြု ချက်တွေကို ရယူစေချင် တယ်။ မြန်မာသံရုံးမှာ ထိုင်းဘာသာစကား ကျွမ်းကျင်တဲ့ အလုပ်သမားသံအရာရှိ တွေ တိုးခန့်ဖို့လည်း လိုအပ် ပါသေးတယ်” ဟု အကြံပြုပြောဆိုသည်။

ပညာရွှေစင် စာသင်ကျောင်းမှ ဥက္ကဌ ဦးစောထူး က “ ကျနော်တို့ ကျောင်းဖွင့်စက မြန်မာ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ကအစစအရာကူညီပေးခဲ့ပါတယ်။ ကျနော်တို့ ကျောင်း ဆက်လက်ရပ်တည်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက တတ်နိုင်သလောက် အကူညီပေးစေချင်ပါတယ်။ ကျနော်တို့ကျောင်းက ဆရာတွေဟာ ကျောင်းသား မိဘတွေရဲ့ အထောက်အပံ့အနည်းငယ်နဲ့ မလောက် မငရပ်တည်နေကြရတာဖြစ်ပါတယ်” တင်ပြပြောဆိုသွားခဲ့သည်။

သံအမတ်ကြီး က ကျောင်းထိုင်ဆရာတော် ဒေါက်တာ မဟာမာန် အား ဖူးမျှော် ဂါရ၀ပြု လျှောက်ထားစဉ် ရာချီ၍ တက်ရောက်သင်ကြားနေကြသည့် ကျောင်းသူကျောင်း သားများ၏ ကျမ္မာရေးနှင့်လုံခြုံရေးတို့အား က တာဝန် ယူထားကြောင်း မိန့်တော်မူသဖြင့် အားလုံးသာဓု ခေါ်ခဲ့ကြကြောင်း သိရှိရသည်။

 

MAT: မြိတ်က တရုတ်သင်္ချိုင်းအရှေ့ ဇရပ်မှာ အသက်မသေသေးတဲ့

1470199_357165191095914_1230825570_n

မြိတ်က တရုတ်သင်္ချိုင်းအရှေ့ ဇရပ်မှာ အသက်မသေသေးတဲ့ လူနာတစ်ဦးကို ဆေးရုံရော၊ အရပ်ကရောလက်မခံလို့ လာပစ်ထားသတဲ့ သင်္ချိုင်းနားနားက ဒေသခံတွေအတွက်ကတော့ ခံပြင်းစရာဖြစ်သလို လူ့ကျင့်ဝတ်အရဆိုရင်လည်းမလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုဖြစ်ပါတယ် တစ်ကယ်လို့သေသွားလို့လာထားပစ်ခဲ့ရင်လည်းကိစ္စမရှိပါ..ဘိတ်ကနာရေးကူညီမှုအသင်းတွေက အသုဘအတွက်တာဝန်ယူသွား
လိမ့်မယ်..အခုကတော့အသက်မသေသေးတဲ့လူနာတစ်ဦးပါ….

လာပစ်သွားတဲ့အုပ်ချုပ်ရေးမှူးဘက်စဉ်းမယ်ဆိုရင်.ရက်ရှည်လများ ဆွေးမျိုးမရှိတဲ့သူတစ်ဦးကိုငွေသိန်းချီကုန်ကျခံပြီး ဆေးရုံမှာကုသပေးထားတယ် နေ့တာဝန်။ ညတာဝန်ကိုခွဲပြီး ဝေယျဝစ္စလုပ်ဖို့လူဌါးပေးထားတယ် ကြာလာတော့ လုပ်ပေးတဲ့သူလည်းမရှိတော့..

အစိုးရဆေးရုံ ဘက်ကကြည့်ရင်လည်း ဒီလိုချေးကျုံးသေးကျုံးလု ပ်ပေးမယ့် သူမရှိလို့ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုခေါ်အပ်ပြန်တယ်..ဘယ်ရပ်ကွက်..အုပ်ချုပ်ရေးမှူးဘယ်သူဆိုတာမဖော်ပြတော့ပါဘူး..နောက်ဆုံးမှာ လူနာက ဓာတ်ပုံထဲမှာမြင်ရတဲ့အတိုင်း သင်္ချိုင်းရှေ့ကဇရပ်မှာ သေဖို့လာစောင့်နေ ရတဲ့ဘ၀ ရောက်သွားပြီ..ကဲအုပ်ချုပ်ရေးအာဏာပိုင်များကပဲ ဒီကိစ္စကို ဆက်လက်ဆောင်ရွက်ကြဖို့ ပြောလိုပါတယ်..ဒီတစ်ကြိမ်တည်းမ
ဟုတ်တော့ဘူးနော်.

.၃ ကြိမ်ရှိပြီတဲ့..ကဲအခုဘယ်လိုဆောင်ရွက်မလဲဆိုတာစောင့်ကြည့်
နေမယ်.. လောလောဆယ်သတင်းမှာတော့မရေးသေးဘူး..တစ်စုံတစ်ခုဖြစ်သွားပြီဆိုရင်ဖြင့်..

———

မင်းကွန်းဆရာတော်ဘုရားကြီးအား ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကလောင်းလျာ သုံးထပ်ကွန်း လူရည်ချွန် မောင်ဇော်သိန်း ဖူးမျှော်နေပုံ။

(၁၉၈၄)

Shweparami.NET

မင်းကွန်းဆရာတော်ဘုရားကြီးအား ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကလောင်းလျာ သုံးထပ်ကွန်း လူရည်ချွန် မောင်ဇော်သိန်း ဖူးမျှော်နေပုံ။  (၁၉၈၄)  Shweparami.NET
မင်းကွန်းဆရာတော်ဘုရားကြီးအား ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကလောင်းလျာ သုံးထပ်ကွန်း လူရည်ချွန် မောင်ဇော်သိန်း ဖူးမျှော်နေပုံ။
(၁၉၈၄)
Shweparami.NET

Embassy Leads Prosecution-Myanmar Migrant Worker Attacked

Ven. Zawtika
Ven. Zawtika

1451609_355104321302001_903071572_n1460034_355104401301993_545061789_n

https://democracyforburma.wordpress.com/2013/11/06/%E1%80%BBမန်မာအလုပ်သမတစ်ဦးအဓမ%E1%81%BC/

According to Kyaw Kyaw Lwin, the labor attaché at the Myanmar Embassy in Bangkok, a man who attempted to rape a Myanmar migrant worker in Samut Prakan Province on November 3 was intercepted by police the same evening, and is now being held at the Bang Phli police office.

The attack happened at approximately 5:30 PM on Sunday, November 3, after the Myanmar woman finished her shift at the Summit Foot Wear factory. Once she retired to her room in the factory’s residence quarters, the suspect broke in and forced himself upon her, but she was able to escape and ran to a neighbor for help.

“We filed a report with the local police the same evening, after we were informed of the attack. Once police speak with the victim to get her report, we will then move forward with the prosecution,” said Kyaw Kyaw Lwin.

The suspect is a Thai man whose wife works as an office worker at the Summit Foot Wear factory where the migrant woman is employed.

Nearly 800 Myanmar migrant workers gathered in front of the factory at 8 PM the same evening. The crowd demanded that the Thai man be fully prosecuted, and destroyed some of the factory’s equipment during their protest.

Kyaw Kyaw Lwin, officials from the Myanmar Migrant Worker Rights Network, and Buddhist monk Asan Zaw Ti Ka from the Aung Tapyay monastery visited the factory during the unrest to help alleviate migrant workers’ concerns.

“We want to prevent people from pointing fingers at one another. The embassy will take care of the prosecution in this case. I would like to make sure the workers are satisfied,” said Asan Zaw Ti Ka.

According to one migrant worker at the Summit Foot Wear Company, this isn’t the first time attacks against migrant workers have occurred, and that suspects in previous incidents were never properly prosecuted. In the future, the source suggested, governments from both countries should participate to ensure criminals who attack migrant workers are put through the judicial process.

The worker also mentioned that because of past examples, many migrant workers are skeptical this case will be fully prosecuted.

There are about 3000 Myanmar migrants working at the Summit Foot Wear company, with most working at the company’s location in Samut Prakan Province. Most Myanmar migrants in Thailand are working in the fisheries, salt, agriculture, trading and factory industries.