NAY MYO ZIN မွန်အမျိုးသားပါတီရုံးမော်လမြိုင်တွင် တွေ့ဆုံဆွေးနွေးနေပါသည်/၄.၁၁.၂၀၁၄ ညနေ (၄း၃၀)အချိန် ကိုပါကြီးဇနီးမသန္တာ၊ကိုနေမျိုးဇင်၊မနီလာသိန်း၊မမီးမီး၊နော်အုံးလှ တို့ မော်လမြိုင်သို့ရောက်ရှိ၊ ညနေ(၅)နာရီအချိန် ကျိုက်မရောမြို့နယ် ရဲစခန်းသို့ သွားရောက်ပြီး ရဲမှုး ခင်မောင်အေးနှင့်တွေ့ဆုံခဲ့၊၊
Tag: MA NILAR
#MA #THANDAR #သူတို.ဘယ်သူတွေလဲ တာဝန်ရှိသူတွေဆိုရင် ယူနီဖောင်းဝတ်လိုက်ပါ
ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ ဇနီးဖြစ်သူ မသန္တာနှင့်အတူ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အမျိုးသမီးဌာနမှ အမျိုးသမီးများ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးအတွင်းသို့ သွားရောက်
============================================
ဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့ရသော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ ဇနီးဖြစ်သူ မသန္တာနှင့် ရှေ့နေ ဦးရောဘတ်ဆန်းအောင်၊ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးဌာနမှ မနီလာသိန်း၊ မမီးမီး တို့သည် ယနေ့ အောက်တိုဘာလ ၃၁ ရက်၊ ၂၀၁၄ ခုနှစ်၊ နေ့လည် ၁း၀၀ နာရီတွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ တိုင်းကြားရန် သွားရောက်ခဲ့သည်။
ထိုသို့ သွားရောက်တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးအတွင်းသို့ မသန္တာနှင့် အတူလိုက်ပါလာသောသူများ အားလုံးဝင် ရောက်ခွင့်မရရှိပဲ မသန္တာနှင့် အဖော်တစ်ဦးသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောကြား လာသဖြင့် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင် ၏ ဇနီးဖြစ်သူ မသန္တာမှ သူမအနေဖြင့် အမှုကိစ္စအမှန်တရားပေါ်ပေါက်ရေးအတွက် လိုက်ပါကူညီဆောင်ရွက်ပေးနေသော ရှေ့နေနှင့် လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် မနီလာသိန်း၊ မမီးမီး အပါအဝင် ငါးဦးလုံး ဝင်ခွင့်ပေးရန် ညှိနှုင်းပြောကြားရာ ခွင့်ပြုချက်မရသဖြင့် ယနေ့ သောကြာနေ့တွင် တာဝန်ကြသော တိုင်စာဌာန (အမည်မေးမြန်း၍မရ) အမျိုးသမီးအား အားလုံး ဝင်ခွင့်မရလျှင် မဝင်နိုင်တော့ကြောင်း ပြောကြားခဲ့ပြီး နေ့လည် ၂း၃၀ နာရီတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးမှ ပြန်လာခဲ့သည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ အမှုကိစ္စ အမှန်တရားပေါ်ပေါက်နိုင်ရေးအတွက် သွားရောက် ခဲ့သော မသန္တာနှင့် လိုက်ပါကူညီဆောင်ရွက်ပေးနေသူများအား ဓါတ်ပုံ၊ ဗွီဒီယို မှတ် တမ်းများရိုက်ကူးနေသော အမည်မသိအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များမှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးသို့ အုပ်စုလိုက် အစစ်အဆေးမရှိ ဝင်ရောက် ခွင့်ရနေသည်ကို တွေ့ခဲ့ရသည်။
ကိုပါကြီးဇနီးမသန္တာအားမြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်မှတွေ့ဆုံလိုကြောင်းအကြောင်းကြား၍ရုံးရှေ့မှာယခုပုံပါအတိုင်းမနီလာသိန်းမမီးမီးတို့နှင့်အတူထိုင့်စောင့်နေစဉ် သွားရောက်သည့်ရုံး မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရုံး CR.Aung San Thway T
You must be logged in to post a comment.