MYANMAR BURMA MINISTRY OF INFORMATION YE HTUT မအူပင်ခရိုင်၊ မလက်တိုကျေးရွာ ဖြစ်စဉ်သတင်း

28.FEBRUARY 2013

နေပြည်တော် ဖေဖော်ဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီးမအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာအနီးရှိ အော့ချက် (ဒ်) ကုမ္ပဏီပိုင် ဧက ၅၅ဝရှိ ငါးမွေးမြူရေးကန် အနီး၌ ဒေသခံလူတစ်စုနှင့် လုံခြုံရေး တာဝန်ယူထားသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းတွင် ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဖေဖော်ဝါရီ ၂၆ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် တိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပလောင်ကျေးရွာ အမက၌ ရွာသူရွာသား ၁၅ဝ ခန့်ကို တွေ့ဆုံပြီး ငါးကန် ပြုလုပ်ထားသည့် မြေများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြသည်။

ထို့နောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အခြေအနေအရ လိုအပ်၍ ခရိုင်အုပ်ချုပ်ရေးမှူးက တားမြစ်မိန့် ပုဒ်မ(၁၄၄) ကို ထုတ်ပြန်ခဲ့သည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် တာဝန်ရှိသူများက ကန်ပေါင်ပေါ်တွင် ရောက်ရှိနေသည့် အင်အား ၁၅ဝ ခန့်ရှိ လူအုပ်စုနှင့် ထပ်မံတွေ့ဆုံ ဆွေးနွေးခဲ့ကြသဖြင့် အဆိုပါ လူအုပ်စုမှာ ပြန်လည်ထွက်ခွာ သွားခဲ့ကြသည်။

သို့ရာတွင် ညနေ ၅ နာရီခွဲခန့်တွင် လူအင်အား ၁၅ဝ ခန့်သည် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်၍ ပြန်လည် ရောက်ရှိလာကြသဖြင့် ကန်ပေါင်တွင် လုံခြုံရေးတာဝန် ယူထားသော ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့များက အေးချမ်းစွာ ပြောဆို၍ တားဆီးခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ ရဲတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခြောက်လှန့်ပစ်ခတ် လူစုခွဲ သော်လည်း လူစုကွဲမသွားဘဲ ညနေ ၆ နာရီမှ ၆ နာရီ မိနစ် ၅၀ ခန့်အထိ ဆက်လက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်မှ အရာရှိနှစ်ဦး၊ အခြားအဆင့် ၂၈ ဦးနှင့် အရပ်သား ၁၅ ဦးတို့ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဆေးဝါးကုသမှုခံယူ

အဆိုပါ ဒဏ်ရာရရှိသူများ အနက်မှ ရဲတပ်သား ရဲကျော်သူမှာ ဒဏ်ရာပြင်းထန်သဖြင့် မအူပင်မှ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူစဉ် ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၉ နာရီတွင် ကွယ်လွန်သွားခဲ့သည်။

အလားတူ အရပ်သား ၁၅ ဦးတို့သည် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများဖြင့် မအူပင်ဆေးရုံသို့ ဖေဖော်ဝါရီ ၂၆ ရက် ည ၇ နာရီခွဲတွင် ရောက်ရှိလာခဲ့ပြီး ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

တည်ငြိမ်မှုရှိ

ယခုအခါ အဆိုပါနယ်မြေတွင် တည်ငြိမ်မှု ရှိနေပြီဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

(သတင်းစဉ်)

ကြားဖြတ် ရွေးကောက်ပွဲတွင် သတင်းထောက်၏ ၀တ္တရားများ

Media_law_02မီဒီယာ သမားများသည် အောက်ပါ ဥပဒေ ပုဒ်မ များကိုလည်း ကြိုတင်လေ့လာ သိရှိထားပြီး တိကျစွာ သတိပြု လိုက်နာကြရန် လိုအပ်သည်။

(က) ပုဒ်မ ၆၀။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင် တစ်ဦးဦးအား နှောက်ယှက်ခြင်း။
(ခ) ပုဒ်မ ၆၁။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦး တစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း။
(ဂ) ပုဒ်မ ၆၃။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှူး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ ၀င်ရောက်ခြင်း။
(ဃ) ပုဒ်မ ၆၄။ ရွေးကောက်ပွဲပြစ်မှုများကို မဟုတ်မမှန် စွပ်စွဲတိုင်တန်းခြင်း တို့ပါဝင်သည်။ Continue reading “ကြားဖြတ် ရွေးကောက်ပွဲတွင် သတင်းထောက်၏ ၀တ္တရားများ”